“ဓမၼတာလာတယ္ဆိုတာ လူတိုင္းမွာ မျဖစ္ဘဲ အမ်ိဳးသမီးေတြမွာမွ ျဖစ္တာမို႔ ဒါကို ဂုဏ္ယူသင့္တယ္” လို႔ ဆိုလာတဲ့ ပန္းကေလးရဲ႕ ပဲ့ကိုင္ရွင္ “Henriette Ceyrac”

အယူအဆအလြဲေတြနဲ႔ ဓမၼတာလာျခင္းဟာ ရွက္စရာလို႔ ထင္ျမင္ေနၾကတဲ့အေပၚ သူ(မ)ရဲ႕ အျမင္ေတြက… 

ေယာင္းတို႔ေရ … လြန္ခဲ့တဲ႔ ႏွစ္ပတ္ေလာက္က ျပင္သစ္ယဥ္ေက်းမႈဌာနမွာ ျပဳလုပ္တဲ့ ႏိုင္ငံတကာအမ်ိဳးသမီးမ်ားေန႔အထိမ္းအမွတ္ “So What !?” ဆိုတဲ့ campaign ေလးကို Stella သြားျဖစ္ခဲ့ပါတယ္။ ဒီ campaign ကေ ဓမၼတာ လာတာ သဘာဝပဲ..အဲ့ေတာ့ ဘာျဖစ္လဲ ဆိုတဲ့ အျမင္ကို ေဖာ္ျပတဲ့ Campaign ပါ ေယာင္းတို႔ေရ… ဒီႏိုင္ငံက လူေတာ္ေတာ္မ်ားမ်ား ရွက္စရာလို႔ျမင္ၾကတဲ့ ရာသီလာျခင္းကို လူအမ်ားႀကီးရွိတဲ့ေနရာမွာ ပြင့္ပြင့္လင္းလင္းေဆြးေႏြးတာျမင္ေတာ့ Stella လည္း စိတ္ဝင္စားတာေၾကာင့္ ေနာက္တစ္ေန႔မွာ campaign ကို ဦးေဆာင္သူ တစ္ျဖစ္လဲ “ပန္းကေလး” ေဖာင္ေဒးရွင္းရဲ႕ founder ျဖစ္တဲ့ Henriette Ceyrac နဲ႔ အေမးအေျဖေလးလုပ္ျဖစ္ခဲ့ပါတယ္။ ဘာေတြ ေျပာျဖစ္ခဲ့ၾကလဲ ဆိုေတာ့…

Q : Henriette အေၾကာင္းေလးနည္းနည္းေလာက္ မိတ္ဆက္ေပးလို႔ ရမလား ?

A : ကၽြန္မနာမည္ကေတာ့ Henriette Ceyrac လို႔ေခၚပါတယ္။ ကၽြန္မက ျပင္သစ္္လူမ်ိဳးတစ္ေယာက္ပါ။ ျပင္သစ္နဲ႔ လန္ဒန္က Unilever ကုမၼဏီရဲ႕ ေဈးကြက္ျမွင့္တင္ေရးအဖြဲ႔မွာ ေတာ္ေတာ္ၾကာေအာင္ အလုပ္လုပ္ခဲ့သူေပါ့။ လြန္ခဲ့တဲ့ သံုးႏွစ္ေလာက္က ဖြံၿဖိဳးဆဲႏိုင္ငံတစ္ခုျဖစ္တဲ့ ျမန္မာျပည္ကိုေရာက္လာၿပီး NGO အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ PSI မွာ အလုပ္လုပ္တယ္။ အဲ့မွာ အလုပ္လုပ္ေနတုန္း ျမန္မာႏိုင္ငံအေၾကာင္းေတြ ျမန္မာ့ရိုးရာယဥ္ေက်းမႈဓေလ့ေတြကို အမ်ားႀကီး သိလာရတာပါ။ အခုေတာ့ “ပန္းကေလး” ေဖာင္ေဒးရွင္းရဲ႕ တာဝန္ရွိသူအေနနဲ႔ ျမန္မာအမ်ိဳးသမီးေတြအတြက္ “So What !?” campaign လႈပ္ရွားမႈေတြ လုပ္ေနပါတယ္။

Related Article >>> အမ်ိဳးသမီးေတြ ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္ဖို႔ မသႏာၱလႈိင္ေျပာျပတဲ့ အႀကံျပဳခ်က္ (၃) ခ်က္

Q : “So What !?” Campaign ကို စလုပ္ျဖစ္ခဲ့တဲ့အေၾကာင္းေလး ရွင္းျပေပးပါဦး။

A : ကၽြန္မအလုပ္ကိစၥနဲ႔ ရန္ကုန္ကေန ေက်းလက္ေဒသေတြကို သြားရေတာ့ အဲ့ဒီမွာေတြ႔ခဲ့တဲ့ မိန္းကေလးတစ္ေယာက္က သူ(မ) ဓမၼတာလာေနလို႔ ေခါင္းေလွ်ာ္လို႔မရဘူးလို႔ ေျပာတယ္။ ဒီလိုမ်ိဳးၾကားဖူးတာ ကၽြန္မအတြက္ ပထမဆံုးပဲ။ ဘာလို႔ ဓမၼတာလာေနတုန္း ေခါင္းေလွ်ာ္လို႔မရတာလဲလို႔ သူ(မ)ကိုေမးေတာ့ ဓမၼတာလာေနတုန္း ေခါင္းေလွ်ာ္မိရင္ ေသြးခဲၿပီး ေသတတ္တယ္လို႔ ကၽြန္မကို ေျပာျပတယ္။ အစကေတာ့ ကၽြန္မအတြက္ သူ(မ)အေျဖက ရယ္စရာေကာင္းတယ္။ ေနာက္ေနတယ္ထင္တာကိုး။

ဒါေပမဲ့ သူ(မ)ကို ၾကည့္လိုက္ေတာ့ တကယ္ကို ေသြးခဲေသမွာေၾကာက္ၿပီး အတည္ေျပာေနတာ။ ဒါရယ္စရာမဟုတ္ေတာ့ဘူးေလ။ ဒီအေၾကာင္းနဲ႔ ပက္သက္ၿပီး ေသခ်ာလိုက္ေမးၾကည့္ေတာ့မွ ဓမၼတာလာေနတုန္းဆို ဟိုဟာမစားရဘူး ဒီဟာမစားရဘူး ဘာမလုပ္ရဘူး ညာမလုပ္ရဘူးဆိုတာေတြ အမ်ားႀကီးထြက္လာတယ္။ အဲ့ေတာ့ ကၽြန္မစိတ္ထဲ ဒါေတြကို ျမန္မာအမ်ိဳးသမီးအမ်ားစုက ယံုၾကည္ေနတယ္ဆိုရင္ ဓမၼတာလာတာ ဘာလဲဆိုတာ သူတို႔ေသခ်ာနားမလည္လို႔ျဖစ္မွာပဲဆိုတဲ့ အေတြးဝင္လာတယ္။ ျမန္မာမိန္းကေလးအမ်ားစုက သူတို႔ဓမၼတာလာတဲ့အေၾကာင္းကို သူတို႔မိခင္အရင္းနဲ႔ေတာင္ တိုင္ပင္ရမွာ ရွက္ၾကတယ္ဆိုပဲ။ အဲ့အတြက္ ကၽြန္မစိတ္ပူတယ္။ ထိတ္လန္႔မိတယ္။ ဒါေၾကာင့္ ကၽြန္မ ဒီအယူအဆအမွားေတြကို ဖယ္ရွားပစ္ဖို႔၊  အမ်ိဳးသမီးေတြကို ဓမၼတာလာျခင္းနဲ႔ ပက္သက္ၿပီး ပညာေပးဖို႔နဲ႔ ဓမၼတာလာတယ္ဆိုတာ ရွက္စရာမဟုတ္ဘူးဆိုတာ နားလည္လာေအာင္ ရွင္းျပေပးဖို႔ ႀကိဳးစားေနတာပါ။

Q : Henriette အေနနဲ႔ ဓမၼတာလာျခင္းအေပၚမွာထားတဲ့အျမင္ေလးကို ေျပာျပေပးပါဦး။

A : ကၽြန္မအတြက္ေတာ့ ဓမၼတာလာတယ္ဆိုတာ ရွက္စရာတစ္ခုမဟုတ္ခဲ့ဘူး။ ဓမၼတာလာတယ္ဆိုတာ မိန္းကေလးေတြအတြက္ သူ(မ) အရြယ္ေရာက္တဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္လာေၾကာင္း သက္ေသပဲ။ ကၽြန္မကေတာ့ ရာသီပန္းပြင့္တယ္ဆိုတာ အမ်ိဳးသမီးတစ္ေယာက္အတြက္ အရမ္းအံ့ဩဖို႔ေကာင္းတဲ့ အျဖစ္အပ်က္တစ္ခုလို႔ျမင္တယ္။ စဥ္းစားၾကည့္ေလ…သေႏၶသားေလာင္းအတြက္ လိုအပ္တဲ့အာဟာရေတြေပးဖို႔ တည္ေဆာက္ထားတဲ့ သားအိမ္နံရံကြာက်သြားလို႔သာ ရာသီေသြးအျဖစ္ဆင္းသြားရတာ။ တကယ္လို႔မ်ား သေႏၶေအာင္တယ္ဆို ဒီေသြးေတြကပဲ သေႏၶသားေလာင္းကို အာဟာရေတြေပးမွာ။ ဒီေသြးဟာ လူသားေတြမ်ိဳးဆက္ျပန္႔ပြားဖို႔ လိုအပ္တဲ့ အသက္ေသြးပဲ။ လူသားတစ္ေယာက္ျဖစ္လာဖို႔ ဒီေသြးကို လိုအပ္တယ္ဆိုတဲ့ ဒီလိုလွပအံ့ဩစရာအခ်က္ကို ဘယ္သူမွ ျငင္းပယ္လို႔မရဘူး။ ဓမၼတာလာတယ္ဆိုတာကလည္း လူတိုင္းမွာ ျဖစ္တာမွ မဟုတ္ပဲ။ ကၽြန္မတို႔အမ်ိဳးသမီးေတြမွာပဲျဖစ္တာ။ ဒါေၾကာင့္ အမ်ိဳးသမီးေတြအေနနဲ႔ ဓမၼတာလာတာကို သိပ္ဂုဏ္ယူသင့္တာေပါ့။

Q : ဓမၼတာလာတာကို ရွက္စရာတစ္ခုလို ျမင္ေနၾကတဲ့ လူအမ်ားစုအတြက္ ပညာေပးဖို႔ အစီအစဥ္ကေရာ ဘယ္လိုရွိလဲ?

A : ဟုတ္တယ္…အခုခ်ိန္ထိ ဓမၼတာလာတာကို ရွက္စရာအျဖစ္ျမင္ေနၾကတဲ့သူေတြရွိတယ္။ ေက်းလက္ေဒသေတြမွာ မေျပာနဲ႔။ ၿမိဳ႕ႀကီးျပႀကီးေတြမွာေတာင္ ရာသီလာတာနဲ႔ ပက္သက္ၿပီး အသိဉာဏ္မရွိၾကေသးတာေတြ ေတြ႔ရတယ္။ ရာသီေသြးကို ညစ္ပတ္တယ္ ထင္ၾကတယ္၊ ဓမၼတာလာတဲ့အေၾကာင္းကို ေျပာရမွာ ရွက္ေၾကာက္ၾကတယ္။ တကယ္ေတာ့ ရာသီေသြးက ညစ္ပတ္ရြံရွာစရာေကာင္းတဲ့ေသြးမဟုတ္ဘူး။ အနံ႔ထြက္တယ္ဆိုတာေတြကလည္း ရာသီေသြးမွမဟုတ္ဘူး ဘယ္ေသြးမဆို ေလနဲ႔ဓာတ္ျပဳရင္ ေသြးနံ႔ထြက္မွာပဲ။

လူသားတစ္ေယာက္ျဖစ္လာဖို႔ လိုအပ္တဲ့အာဟာရေတြ ပါဝင္တဲ့ ရာသီေသြးက တျခားေသြးေတြထက္ေတာင္ သန္႔ေသးတယ္။ ဒါကို လူေတြနားလည္လာေအာင္ဆိုရင္ ကၽြန္မတို႔အေနနဲ႔ အရင္ဆံုးဆယ္ေက်ာ္သက္အရြယ္ လူငယ္ေတြကို ပညာေပးဖို႔လိုတယ္။ အယူအဆအမွားေတြ ေခါင္းထဲစြဲေနတဲ့ လူႀကီးေတြကို ဒါမွားပါတယ္လို႔ေျပာျပၿပီး သင္ဖို႔က ခက္ခဲတယ္ေလ။

ဒါေၾကာင့္ ဆယ္ေက်ာ္သက္အရြယ္ေတြကေန တျဖည္းျဖည္းခ်င္း သက္လတ္ပိုင္း သက္ႀကီးပိုင္းေတြကို ပညာေပးသြားမယ္။ မိန္းကေလးတစ္ေယာက္ ဓမၼတာလာၿပီဆို အရင္ဆံုးတိုင္ပင္ျဖစ္တာ မိခင္ျဖစ္တဲ့အတြက္ မိဘေတြကိုလည္း သမီးမိန္းကေလးရာသီလာရင္ ဘာေတြဘယ္လိုညႊန္ၾကားသင္ျပေပးရမယ့္အေၾကာင္းေတြ သင္ေပးရမယ္။ ေနာက္တစ္ခုက ေက်ာင္းေတြေပါ့။ မ်ိဳးဆက္သစ္ေတြကို သင္ၾကားေပးေနတာ အေျခခံေက်ာင္းေတြျဖစ္တဲ့အတြက္ ေက်ာင္းေတြမွာလည္း ဓမၼတာလာျခင္းနဲ႔ ပတ္သက္တဲ့ဗဟုသုတေတြကို ေသခ်ာရွင္းလင္းသင္ျပေပးဖို႔လိုတယ္။ အႏုပညာရွင္ေတြကလည္း လူထုကို ေတာ္ေတာ္ေလးလႊမ္းမိုးမႈရွိတာေၾကာင့္ သူတို႔ကတစ္ဆင့္လည္း ပညာေပးမယ္။ ေဆးရုံေတြ က်န္းမာေရးေဆးေပးခန္းနဲ႔လည္း ပူးေပါင္းသြားမွာပါ။

ကၽြန္မသိသေလာက္ေတာ့ ျမန္မာအမ်ိဳးသမီးေတြအမ်ားဆံုးယံုၾကည္တဲ့ အယူအဆအမွားေတြက ရာသီလာေနတုန္း ေခါင္းမေလွ်ာ္ရဘူး၊ လက္ဖက္မစားရဘူး၊ အေအးစာေတြ မစားရဘူးဆိုတာေတြေပါ့။ ဒါေတြကို ျမန္မာႏိုင္ငံမွာရွိတဲ့ လူစံုတက္စံုဆီက ေဖ်ာက္ဖ်က္ဖို႔ဆိုရင္ UN လို အဖြဲ႕အစည္းေတြ၊ မိဘေတြ၊ ဆရာဆရာမေတြ၊ ဆရာဝန္ေတြဆီက အကူအညီေတြလည္း ယူရမွာေပါ့။ တစ္ဦးတစ္ေယာက္ခ်င္းက ပညာေပးတာကို လက္ခံမယ္ဆိုရင္ေတာ့ ဒီထက္ပိုအက်ိဳးသက္ေရာက္မႈရွိမွာပါ။

Related Article >>> ေဒါက္တာ ၿဖိဳးသီဟ ေျပာျပတဲ့ ဓမၼတာလာျခင္း နဲ႔ လြဲမွားေနတဲ့ အယူအဆမ်ားအေၾကာင္း

Q : ဓမၼတာလာတဲ့အေၾကာင္းနဲ႔ ပတ္သက္ၿပီး မွန္ကန္တဲ့ ဗဟုသုတမရွိရင္ ဘယ္လိုဆိုးက်ိဳးေတြျဖစ္လာႏိုင္လဲ ?

A : အရင္ဆံုးကေတာ့ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈနည္းလာတာေပါ့။ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈမရွိရင္ ဘာမွလုပ္လို႔မရေတာ့ဘူးေလ။ ျမန္မာႏိုင္ငံက အမ်ိဳးသမီးေတြက ဓမၼတာလာတာနဲ႔ ပက္သက္ၿပီး အရမ္းစိတ္ဖိစီးမႈမ်ားတာကို ေတြ႔ရတယ္။ ဓမၼတာလာေနတဲ့အခ်ိန္ေတြမွာ ေက်ာင္းေတြ လုပ္ငန္းခြင္ေတြကို သြားခ်င္စိတ္မရွိၾကဘူး။ ျမန္မာအမ်ိဳးသမီးေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္က ဓမၼတာလာၿပီဆိုတာနဲ႔ အိမ္ထဲမွာပဲ ေနၾကေတာ့တယ္။ အလုပ္မလုပ္ခ်င္ေတာ့ဘူး။ Self esteem မရွိေတာ့ဘူး။

ေနာက္တစ္ခုက ဓမၼတာလာတာနဲ႔ ပတ္သက္ၿပီး တစ္ခါသံုး pad ေတြကို ေလးနာရီျခားတစ္ခါလဲရမယ္၊ မိန္းမကိုယ္ကို သန္႔ရွင္းေအာင္ထားရမယ္ဆိုတဲ့ က်န္းမာေရးဗဟုသုတမရွိတဲ့အခါ ဆီးလမ္းေၾကာင္းေရာဂါေတြ၊ သားအိမ္နဲ႔ပတ္သက္တဲ့ေရာဂါေတြ ျဖစ္တတ္တာေပါ့။ အမ်ိဳးသမီးေတြရဲ႕ ေလးပံုတစ္ပံုေလာက္က ဆီးလမ္းေၾကာင္းပိုးဝင္တဲ့ေရာဂါေတြကို ခံစားေနရတယ္။ မိနစ္တိုင္းမွာ သားအိမ္ေခါင္းကင္ဆာေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္ေသဆံုးေနရပါတယ္။ ဒါေတြရဲ႕ အဓိကအေၾကာင္းခံက ဓမၼတာနဲ႔ပတ္သက္ၿပီး က်န္းမာေရးအသိမရွိလို႔ပါပဲ။ ဒါေၾကာင့္ လူေတြဓမၼတာလာျခင္းအေပၚအာရုံစိုက္လာၿပီး က်န္းမာေရးဗဟုသုတရွိလာေအာင္ အတတ္ႏိုင္ဆံုး ပညာေပးကာကြယ္ႏိုင္ဖို႔ ကၽြန္မတို႔အားလံုးႀကိဳးစားရမွာပါ။

Q : ျမန္မာအမ်ိဳးသမီးေတြျဖစ္တဲ့ For Her Myanmar ပရိသတ္ေတြကိုေကာ ဘာမ်ားေျပာခ်င္တာရွိလဲ ?

A : ဓမၼတာလာတာ ရွက္စရာမဟုတ္ပါဘူး။ အယူအဆအမွားေတြကို ေခါင္းထဲကထုတ္လိုက္ပါ။ တကယ္တမ္း ဓမၼတာလာတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး က်န္းမာေရးအသိရွိေအာင္လုပ္ပါ။ ဓမၼတာလာတယ္ဆိုတာ ညစ္ပတ္ရြံရွာစရာမဟုတ္ဘဲ အင္မတန္ထူးျခားအံ့ဩဖြယ္ေကာင္းတဲ့ျဖစ္စဥ္မို႔ အမ်ိဳးသမီးတိုင္းဂုဏ္ယူသင့္ပါတယ္လို႔ ေျပာခ်င္ပါတယ္။

ကဲ…ေယာင္းတို႔ေရ

ဒါကေတာ့ Henriette ေျပာျပသြားတဲ့ ဓမၼတာအယူအဆအမွားေတြနဲ႔ သူ(မ)ရဲ႕ “So What !?” campaign က ဒီအယူအဆအမွားေတြကို ဘယ္လိုတိုက္ဖ်က္ဖို႔ ႀကိဳးစားေနတယ္ဆိုတဲ့အေၾကာင္းေတြပါပဲ။ ေနာက္ၿပီး Tedx Yangon မွာ “We need to talk about Menstruation” (ဓမၼတာလာျခင္းအေၾကာင္းကို ကၽြန္မတို႔ ေျပာဖို႔ လိုေနပါၿပီ) ဆိုတဲ့ ေခါင္းစဥ္နဲ႔ Henriette ေျပာျပသြားခဲ့တဲ့ ဗီဒီယိုေလးကိုလည္း ေယာင္းတို႔ ၾကည့္ရႈႏုိင္ဖို႔ တစ္ခါတည္း ေဖာ္ျပေပးလိုက္ပါတယ္။

ေယာင္းတို႔ေရာ.. ဓမၼတာလာတယ္ဆိုတာကို ဘယ္လို ျမင္ၾကလဲ? ေယာင္းတို႔ရဲ႕ အျမင္ေလးေတြ ကြန္မန္႔မွာ ေဆြးေႏြးေပးသြားဦးေနာ္..

Stella (For Her Myanmar)

<<< Unicode >>>

အယူအဆအလွဲတွေနဲ့ ဓမ္မတာလာခြင်းဟာ ရှက်စရာလို့ ထင်မြင်နေကြတဲ့အပေါ် သူ(မ)ရဲ့ အမြင်တွေက…

ယောင်းတို့ရေ … လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ပြုလုပ်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အထိမ်းအမှတ် “So What !?” ဆိုတဲ့ campaign လေးကို Stella သွားဖြစ်ခဲ့ပါတယ်။ ဒီ campaign ကေ ဓမ္မတာ လာတာ သဘာဝပဲ..အဲ့တော့ ဘာဖြစ်လဲ ဆိုတဲ့ အမြင်ကို ဖော်ပြတဲ့ Campaign ပါ ယောင်းတို့ရေ… ဒီနိုင်ငံက လူတော်တော်များများ ရှက်စရာလို့မြင်ကြတဲ့ ရာသီလာခြင်းကို လူအများကြီးရှိတဲ့နေရာမှာ ပွင့်ပွင့်လင်းလင်းဆွေးနွေးတာမြင်တော့ Stella လည်း စိတ်ဝင်စားတာကြောင့် နောက်တစ်နေ့မှာ campaign ကို ဦးဆောင်သူ တစ်ဖြစ်လဲ “ပန်းကလေး” ဖောင်ဒေးရှင်းရဲ့ founder ဖြစ်တဲ့ Henriette Ceyrac နဲ့ အမေးအဖြေလေးလုပ်ဖြစ်ခဲ့ပါတယ်။ ဘာတွေ ပြောဖြစ်ခဲ့ကြလဲ ဆိုတော့…

Q : Henriette အကြောင်းလေးနည်းနည်းလောက် မိတ်ဆက်ပေးလို့ ရမလား ?

A : ကျွန်မနာမည်ကတော့ Henriette Ceyrac လို့ခေါ်ပါတယ်။ ကျွန်မက ပြင်သစ်လူမျိုးတစ်ယောက်ပါ။ ပြင်သစ်နဲ့ လန်ဒန်က Unilever ကုမ္မဏီရဲ့ ဈေးကွက်မြှင့်တင်ရေးအဖွဲ့မှာ တော်တော်ကြာအောင် အလုပ်လုပ်ခဲ့သူပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖွံဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာပြည်ကိုရောက်လာပြီး NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PSI မှာ အလုပ်လုပ်တယ်။ အဲ့မှာ အလုပ်လုပ်နေတုန်း မြန်မာနိုင်ငံအကြောင်းတွေ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့တွေကို အများကြီး သိလာရတာပါ။ အခုတော့ “ပန်းကလေး” ဖောင်ဒေးရှင်းရဲ့ တာဝန်ရှိသူအနေနဲ့ မြန်မာအမျိုးသမီးတွေအတွက် “So What !?” campaign လှုပ်ရှားမှုတွေ လုပ်နေပါတယ်။

Related Article >>> အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ မသန္တာလှိုင်ပြောပြတဲ့ အကြံပြုချက် (၃) ချက်

Q : “So What !?” Campaign ကို စလုပ်ဖြစ်ခဲ့တဲ့အကြောင်းလေး ရှင်းပြပေးပါဦး။

A : ကျွန်မအလုပ်ကိစ္စနဲ့ ရန်ကုန်ကနေ ကျေးလက်ဒေသတွေကို သွားရတော့ အဲ့ဒီမှာတွေ့ခဲ့တဲ့ မိန်းကလေးတစ်ယောက်က သူ(မ) ဓမ္မတာလာနေလို့ ခေါင်းလျှော်လို့မရဘူးလို့ ပြောတယ်။ ဒီလိုမျိုးကြားဖူးတာ ကျွန်မအတွက် ပထမဆုံးပဲ။ ဘာလို့ ဓမ္မတာလာနေတုန်း ခေါင်းလျှော်လို့မရတာလဲလို့ သူ(မ)ကိုမေးတော့ ဓမ္မတာလာနေတုန်း ခေါင်းလျှော်မိရင် သွေးခဲပြီး သေတတ်တယ်လို့ ကျွန်မကို ပြောပြတယ်။ အစကတော့ ကျွန်မအတွက် သူ(မ)အဖြေက ရယ်စရာကောင်းတယ်။ နောက်နေတယ်ထင်တာကိုး။

ဒါပေမဲ့ သူ(မ)ကို ကြည့်လိုက်တော့ တကယ်ကို သွေးခဲသေမှာကြောက်ပြီး အတည်ပြောနေတာ။ ဒါရယ်စရာမဟုတ်တော့ဘူးလေ။ ဒီအကြောင်းနဲ့ ပက်သက်ပြီး သေချာလိုက်မေးကြည့်တော့မှ ဓမ္မတာလာနေတုန်းဆို ဟိုဟာမစားရဘူး ဒီဟာမစားရဘူး ဘာမလုပ်ရဘူး ညာမလုပ်ရဘူးဆိုတာတွေ အများကြီးထွက်လာတယ်။ အဲ့တော့ ကျွန်မစိတ်ထဲ ဒါတွေကို မြန်မာအမျိုးသမီးအများစုက ယုံကြည်နေတယ်ဆိုရင် ဓမ္မတာလာတာ ဘာလဲဆိုတာ သူတို့သေချာနားမလည်လို့ဖြစ်မှာပဲဆိုတဲ့ အတွေးဝင်လာတယ်။ မြန်မာမိန်းကလေးအများစုက သူတို့ဓမ္မတာလာတဲ့အကြောင်းကို သူတို့မိခင်အရင်းနဲ့တောင် တိုင်ပင်ရမှာ ရှက်ကြတယ်ဆိုပဲ။ အဲ့အတွက် ကျွန်မစိတ်ပူတယ်။ ထိတ်လန့်မိတယ်။ ဒါကြောင့် ကျွန်မ ဒီအယူအဆအမှားတွေကို ဖယ်ရှားပစ်ဖို့၊  အမျိုးသမီးတွေကို ဓမ္မတာလာခြင်းနဲ့ ပက်သက်ပြီး ပညာပေးဖို့နဲ့ ဓမ္မတာလာတယ်ဆိုတာ ရှက်စရာမဟုတ်ဘူးဆိုတာ နားလည်လာအောင် ရှင်းပြပေးဖို့ ကြိုးစားနေတာပါ။

Q : Henriette အနေနဲ့ ဓမ္မတာလာခြင်းအပေါ်မှာထားတဲ့အမြင်လေးကို ပြောပြပေးပါဦး။

A : ကျွန်မအတွက်တော့ ဓမ္မတာလာတယ်ဆိုတာ ရှက်စရာတစ်ခုမဟုတ်ခဲ့ဘူး။ ဓမ္မတာလာတယ်ဆိုတာ မိန်းကလေးတွေအတွက် သူ(မ) အရွယ်ရောက်တဲ့ အမျိုးသမီးတစ်ဦးဖြစ်လာကြောင်း သက်သေပဲ။ ကျွန်မကတော့ ရာသီပန်းပွင့်တယ်ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် အရမ်းအံ့ဩဖို့ကောင်းတဲ့ အဖြစ်အပျက်တစ်ခုလို့မြင်တယ်။

စဉ်းစားကြည့်လေ…သန္ဓေသားလောင်းအတွက် လိုအပ်တဲ့အာဟာရတွေပေးဖို့ တည်ဆောက်ထားတဲ့ သားအိမ်နံရံကွာကျသွားလို့သာ ရာသီသွေးအဖြစ်ဆင်းသွားရတာ။ တကယ်လို့များ သန္ဓေအောင်တယ်ဆို ဒီသွေးတွေကပဲ သန္ဓေသားလောင်းကို အာဟာရတွေပေးမှာ။ ဒီသွေးဟာ လူသားတွေမျိုးဆက်ပြန့်ပွားဖို့ လိုအပ်တဲ့ အသက်သွေးပဲ။ လူသားတစ်ယောက်ဖြစ်လာဖို့ ဒီသွေးကို လိုအပ်တယ်ဆိုတဲ့ ဒီလိုလှပအံ့ဩစရာအချက်ကို ဘယ်သူမှ ငြင်းပယ်လို့မရဘူး။ ဓမ္မတာလာတယ်ဆိုတာကလည်း လူတိုင်းမှာ ဖြစ်တာမှ မဟုတ်ပဲ။ ကျွန်မတို့အမျိုးသမီးတွေမှာပဲဖြစ်တာ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာတာကို သိပ်ဂုဏ်ယူသင့်တာပေါ့။

Q : ဓမ္မတာလာတာကို ရှက်စရာတစ်ခုလို မြင်နေကြတဲ့ လူအများစုအတွက် ပညာပေးဖို့ အစီအစဉ်ကရော ဘယ်လိုရှိလဲ?

A : ဟုတ်တယ်…အခုချိန်ထိ ဓမ္မတာလာတာကို ရှက်စရာအဖြစ်မြင်နေကြတဲ့သူတွေရှိတယ်။ ကျေးလက်ဒေသတွေမှာ မပြောနဲ့။ မြို့ကြီးပြကြီးတွေမှာတောင် ရာသီလာတာနဲ့ ပက်သက်ပြီး အသိဉာဏ်မရှိကြသေးတာတွေ တွေ့ရတယ်။ ရာသီသွေးကို ညစ်ပတ်တယ် ထင်ကြတယ်၊ ဓမ္မတာလာတဲ့အကြောင်းကို ပြောရမှာ ရှက်ကြောက်ကြတယ်။ တကယ်တော့ ရာသီသွေးက ညစ်ပတ်ရွံရှာစရာကောင်းတဲ့သွေးမဟုတ်ဘူး။ အနံ့ထွက်တယ်ဆိုတာတွေကလည်း ရာသီသွေးမှမဟုတ်ဘူး ဘယ်သွေးမဆို လေနဲ့ဓာတ်ပြုရင် သွေးနံ့ထွက်မှာပဲ။လူသားတစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့အာဟာရတွေ ပါဝင်တဲ့ ရာသီသွေးက တခြားသွေးတွေထက်တောင် သန့်သေးတယ်။

ဒါကို လူတွေနားလည်လာအောင်ဆိုရင် ကျွန်မတို့အနေနဲ့ အရင်ဆုံးဆယ်ကျော်သက်အရွယ် လူငယ်တွေကို ပညာပေးဖို့လိုတယ်။ အယူအဆအမှားတွေ ခေါင်းထဲစွဲနေတဲ့ လူကြီးတွေကို ဒါမှားပါတယ်လို့ပြောပြပြီး သင်ဖို့က ခက်ခဲတယ်လေ။

ဒါကြောင့် ဆယ်ကျော်သက်အရွယ်တွေကနေ တဖြည်းဖြည်းချင်း သက်လတ်ပိုင်း သက်ကြီးပိုင်းတွေကို ပညာပေးသွားမယ်။ မိန်းကလေးတစ်ယောက် ဓမ္မတာလာပြီဆို အရင်ဆုံးတိုင်ပင်ဖြစ်တာ မိခင်ဖြစ်တဲ့အတွက် မိဘတွေကိုလည်း သမီးမိန်းကလေးရာသီလာရင် ဘာတွေဘယ်လိုညွှန်ကြားသင်ပြပေးရမယ့်အကြောင်းတွေ သင်ပေးရမယ်။

နောက်တစ်ခုက ကျောင်းတွေပေါ့။ မျိုးဆက်သစ်တွေကို သင်ကြားပေးနေတာ အခြေခံကျောင်းတွေဖြစ်တဲ့အတွက် ကျောင်းတွေမှာလည်း ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ဗဟုသုတတွေကို သေချာရှင်းလင်းသင်ပြပေးဖို့လိုတယ်။ အနုပညာရှင်တွေကလည်း လူထုကို တော်တော်လေးလွှမ်းမိုးမှုရှိတာကြောင့် သူတို့ကတစ်ဆင့်လည်း ပညာပေးမယ်။ ဆေးရုံတွေ ကျန်းမာရေးဆေးပေးခန်းနဲ့လည်း ပူးပေါင်းသွားမှာပါ။ကျွန်မသိသလောက်တော့ မြန်မာအမျိုးသမီးတွေအများဆုံးယုံကြည်တဲ့ အယူအဆအမှားတွေက ရာသီလာနေတုန်း ခေါင်းမလျှော်ရဘူး၊ လက်ဖက်မစားရဘူး၊ အအေးစာတွေ မစားရဘူးဆိုတာတွေပေါ့။

ဒါတွေကို မြန်မာနိုင်ငံမှာရှိတဲ့ လူစုံတက်စုံဆီက ဖျောက်ဖျက်ဖို့ဆိုရင် UN လို အဖွဲ့အစည်းတွေ၊ မိဘတွေ၊ ဆရာဆရာမတွေ၊ ဆရာဝန်တွေဆီက အကူအညီတွေလည်း ယူရမှာပေါ့။ တစ်ဦးတစ်ယောက်ချင်းက ပညာပေးတာကို လက်ခံမယ်ဆိုရင်တော့ ဒီထက်ပိုအကျိုးသက်ရောက်မှုရှိမှာပါ။

Related Article >>> ဒေါက်တာ ဖြိုးသီဟ ပြောပြတဲ့ ဓမ္မတာလာခြင်း နဲ့ လွဲမှားနေတဲ့ အယူအဆများအကြောင်း

Q : ဓမ္မတာလာတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဗဟုသုတမရှိရင် ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲ ?

A : အရင်ဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာတာပေါ့။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိရင် ဘာမှလုပ်လို့မရတော့ဘူးလေ။ မြန်မာနိုင်ငံက အမျိုးသမီးတွေက ဓမ္မတာလာတာနဲ့ ပက်သက်ပြီး အရမ်းစိတ်ဖိစီးမှုများတာကို တွေ့ရတယ်။ ဓမ္မတာလာနေတဲ့အချိန်တွေမှာ ကျောင်းတွေ လုပ်ငန်းခွင်တွေကို သွားချင်စိတ်မရှိကြဘူး။ မြန်မာအမျိုးသမီးတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ဓမ္မတာလာပြီဆိုတာနဲ့ အိမ်ထဲမှာပဲ နေကြတော့တယ်။ အလုပ်မလုပ်ချင်တော့ဘူး။ Self esteem မရှိတော့ဘူး။

နောက်တစ်ခုက ဓမ္မတာလာတာနဲ့ ပတ်သက်ပြီး တစ်ခါသုံး pad တွေကို လေးနာရီခြားတစ်ခါလဲရမယ်၊ မိန်းမကိုယ်ကို သန့်ရှင်းအောင်ထားရမယ်ဆိုတဲ့ ကျန်းမာရေးဗဟုသုတမရှိတဲ့အခါ ဆီးလမ်းကြောင်းရောဂါတွေ၊ သားအိမ်နဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်တတ်တာပေါ့။ အမျိုးသမီးတွေရဲ့ လေးပုံတစ်ပုံလောက်က ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါတွေကို ခံစားနေရတယ်။ မိနစ်တိုင်းမှာ သားအိမ်ခေါင်းကင်ဆာကြောင့် အမျိုးသမီးတစ်ယောက်သေဆုံးနေရပါတယ်။ ဒါတွေရဲ့ အဓိကအကြောင်းခံက ဓမ္မတာနဲ့ပတ်သက်ပြီး ကျန်းမာရေးအသိမရှိလို့ပါပဲ။ ဒါကြောင့် လူတွေဓမ္မတာလာခြင်းအပေါ်အာရုံစိုက်လာပြီး ကျန်းမာရေးဗဟုသုတရှိလာအောင် အတတ်နိုင်ဆုံး ပညာပေးကာကွယ်နိုင်ဖို့ ကျွန်မတို့အားလုံးကြိုးစားရမှာပါ။

Q : မြန်မာအမျိုးသမီးတွေဖြစ်တဲ့ For Her Myanmar ပရိသတ်တွေကိုကော ဘာများပြောချင်တာရှိလဲ ?

A : ဓမ္မတာလာတာ ရှက်စရာမဟုတ်ပါဘူး။ အယူအဆအမှားတွေကို ခေါင်းထဲကထုတ်လိုက်ပါ။ တကယ်တမ်း ဓမ္မတာလာတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိရှိအောင်လုပ်ပါ။ ဓမ္မတာလာတယ်ဆိုတာ ညစ်ပတ်ရွံရှာစရာမဟုတ်ဘဲ အင်မတန်ထူးခြားအံ့ဩဖွယ်ကောင်းတဲ့ဖြစ်စဉ်မို့ အမျိုးသမီးတိုင်းဂုဏ်ယူသင့်ပါတယ်လို့ ပြောချင်ပါတယ်။

ကဲ…ယောင်းတို့ရေ

ဒါကတော့ Henriette ပြောပြသွားတဲ့ ဓမ္မတာအယူအဆအမှားတွေနဲ့ သူ(မ)ရဲ့ “So What !?” campaign က ဒီအယူအဆအမှားတွေကို ဘယ်လိုတိုက်ဖျက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အကြောင်းတွေပါပဲ။ နောက်ပြီး Tedx Yangon မှာ “We need to talk about Menstruation” (ဓမ္မတာလာခြင်းအကြောင်းကို ကျွန်မတို့ ပြောဖို့ လိုနေပါပြီ) ဆိုတဲ့ ခေါင်းစဉ်နဲ့ Henriette ပြောပြသွားခဲ့တဲ့ ဗီဒီယိုလေးကိုလည်း ယောင်းတို့ ကြည့်ရှုနိုင်ဖို့ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။

ယောင်းတို့ရော.. ဓမ္မတာလာတယ်ဆိုတာကို ဘယ်လို မြင်ကြလဲ? ယောင်းတို့ရဲ့ အမြင်လေးတွေ ကွန်မန့်မှာ ဆွေးနွေးပေးသွားဦးနော်..

Stella (For Her Myanmar)

No Comments Yet

Comments are closed