ျမန္မာ့ရိုးရာအစားအေသာက္ေတြကို အရည္အေသြးမီ၊ စိတ္ခ်ရတဲ့ စားေသာက္ကုန္ ျဖစ္ေစခ်င္တာမို႔ Tree Food ကို လုပ္ျဖစ္ခဲ့တာပါလို႔ ဆိုလာတဲ့ မခ်ိဳလဲ့ေအာင္

ကိုယ္ေတြဆို ဒီအစ္မလို ေတြးမိမွာ မဟုတ္ဘူးရယ္… 

ေယာင္းတုိ႔ေရ .. For Her Myanmar က တင္ဆက္ေပးေနက် အင္တာဗ်ဴးက႑မွာ ဒီတစ္ေခါက္ ေဖာ္ျပေပးမယ့္သူကေတာ့ Tree Food စားေသာက္ကုန္လုပ္ငန္းကို တည္ေထာင္သူ မခ်ိဳလဲ့ေအာင္ပါပဲ။ အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ လုပ္ငန္းတစ္ခုကို တည္ေထာင္ထားႏုိင္သူ မခ်ိဳလဲ့ေအာင္ ေျပာျပေပးခဲ့တဲ့ အေၾကာင္းအရာေတြကေတာ့ …

Q : အရင္ဆံုး အစ္မရဲ႕အေၾကာင္းေလးမိတ္ဆက္ေပးပါေနာ္။

အစ္မ နာမည္က မခ်ိဳလဲ့ေအာင္ပါ။ အစ္မက စားေသာက္ကုန္လုပ္ငန္းကို ၂၀၁၅ ေလာက္ကတည္းက စတင္လုပ္ကိုင္ခဲ့ပါတယ္။ အစ္မက ေဆးေက်ာင္းကေန ေက်ာင္းၿပီးခဲ့ပါတယ္။ ေဆးေက်ာင္းၿပီးေတာ့ ဝါသနာ မပါတာေရာ၊ ကိုယ္နဲ႔ မကိုက္တာေရာေၾကာင့္ ဆက္မလုပ္ျဖစ္ခဲ့ဘဲ အခုလိုစားေသာက္ကုန္လုပ္ငန္းကို လုပ္ကိုင္ခဲ့တာပါ။

Q : စီးပြားေရးေလာကထဲကို ဘယ္လိုဝင္ခဲ့တာလဲဆိုတာ ႐ွင္းျပေပးပါဦး။

အစ္မ ပထမဆံုး စီးပြားေရးလုပ္ျဖစ္တာ ၂၀၁၁ ခုႏွစ္တုန္းကပါ။ အဲဒီတုန္းက အစ္မတစ္ေယာက္နဲ႔ေပါင္းၿပီး လူငယ္ေတြအတြက္ အက်ႌ brand တစ္ခုလုပ္မယ္ဆုိၿပီးေတာ့လုပ္ျဖစ္ၾကေသးတယ္။ ဒါေပမဲ့ အဲဒီတုန္းက လူငယ္ေတြက ဖက္႐ွင္ေတြကို သိပ္စိတ္မဝင္စားၾကေသးေတာ့ မေအာင္ျမင္ခဲ့ဘူး။ ဒါနဲ႔ ေနာက္ပိုင္းက်ေတာ့ အက်ႌခ်ဳပ္ဆုိင္ပဲလုပ္ျဖစ္သြားတယ္။ အက်ႌခ်ဳပ္ဆိုင္ကေတာ့ အစ္မရဲ႕ အစ္မကိုပဲ support ေပးခဲ့တာ။ အစ္မကေတာ့ သိပ္စိတ္မဝင္စားဘူး။ အဲဒါေၾကာင့္ ကိုယ္ပိုင္တစ္ခုလုပ္ဦးမယ္ဆိုၿပီး စဥ္းစားျဖစ္တာေပါ့။

Q : Tree Food စားေသာက္ကုန္စလုပ္ျဖစ္တာ ကိုလည္းေျပာျပပါဦး။

တစ္ရက္မွာ စားေသာက္ဆိုင္တစ္ခုက အခ်ိဳတည္းဖို႔ ထန္းလ်က္ခ်ေပးတာကို စားၾကည့္တယ္။ စားခ်င္စိတ္႐ွိလုိ႔ စားၾကည့္ေတာ့ စားလို႔ေတာ့ ေကာင္းတယ္ေပါ့ေနာ္။ ဒါေပမဲ့ အတံုးကအရမ္းႀကီးေတာ့ စားလို႔မကုန္ဘူး။ အလဟႆ ျဖစ္ကုန္တာေပါ့။ အဲဒီမွာ စ စဥ္းစားၾကည့္မိတယ္။ ထန္းလ်က္ကို အတံုးေသးေသးေလးေတြ လုပ္လုိ႔ရမလားေပါ့။ အဲဒါကို စိတ္ဝင္စားတာေၾကာင့္ ပဲခူးက ထန္းတက္သမားေတြနဲ႔ ေတြ႔ၿပီး ေမးၾကည့္တယ္။ အတံုးေသးေသးေလးေတြ လုပ္ၾကည့္လို႔ရမလားဆိုေတာ့ သူတုိ႔ကေျပာတယ္ အဆင္မေျပဘူး ၊ လုပ္လုိ႔မရဘူးေပါ့ေနာ္.. အဲဒီမွာ အစ္မက ဘာလို႔မရမွာလဲ။ ငါ့ဘာသာ စမ္းလုပ္ၾကည့္မယ္ဆုိၿပီး လုပ္ၾကည့္တာ။ စလုပ္ကာစကေတာ့ အရည္ေတြ ေပ်ာ္သြားတာမ်ိဳးျဖစ္ေသးတယ္။ အႀကိမ္ႀကိမ္ျပန္စမ္းလုပ္ၾကည့္ၿပီး ေနာက္ပိုင္းေတာ့ေအာင္ျမင္သြားတယ္။

အဲဒီေတာ့ ဟုတ္ၿပီ။ ထန္းလ်က္ေသးေသးေလးေတြ လုပ္လို႔ရတဲ့ နည္းလမ္းကိုေတာ့ သိသြားၿပီ။ အဲဒါဘာလုပ္ရမွာတုန္းလုိ႔ ကိုယ့္ဘာသာျပန္ေမးၾကည့္တယ္။ အေနာက္ႏိုင္ငံမွာဆို ေခ်ာကလက္ကို ႀကိဳက္လုိ႔စားတာ႐ွိတယ္။ ေပ်ာ္လို႔၊ ဝမ္းနည္းစားတာ႐ွိတယ္။ လက္ေဆာင္ေပးၾကတာ႐ွိတယ္၊ သူ႔ရဲ႕ တန္ဖိုးေတြအမ်ားႀကီး႐ွိတယ္။ ထန္းလ်က္ကေရာ ဒီလိုမျဖစ္ႏုိင္ဘူးလားေပါ့။ သူ႔ရဲ႕နဂို ထန္းလ်က္ဆိုတဲ့ Value ကို ထပ္ထပ္ၿပီးေပါင္းလုိ႔ မရႏိုင္ဘူးလားလုိ႔ ေတြးမိတယ္။ အဲဒါနဲ႔ အစ္မ ထန္းလ်က္ထဲကို အရသာေတြ ထပ္ထည့္တယ္။ ထုပ္ပိုးမႈကို အစ္မကိုယ္တုိင္ ဒီဇိုင္းဆြဲတယ္။ အဲဒီလုိနဲ႔ပဲ Tree Food ကေန ထန္းလ်က္ကို အရသာေလးမ်ိဳးနဲ႔ ထုတ္ျဖစ္တယ္။

Related Article >>> ဘယ္ေနရာမဆို ေယာက်ာ္းေလးေတြနဲ႔ယွဥ္ယွဥ္ၿပီး ရင္ေဘာင္တန္းေနရတာမ်ိဳးမဟုတ္ဘဲ ကိုယ္က ေက်ာ္တက္သင့္ရင္လည္း ေက်ာ္တက္ရမယ္ ဆိုတဲ့ sfx မိတ္ကပ္ပညာရွင္ ေစာယုနႏၵာ @ စုန္း

မခ်ိဳလဲ့ေအာင္

Q : Tree Food အေနနဲ႔ ေနာက္ထပ္ စားစရာ အသစ္ေတြ ထပ္ထုတ္ဖုိ႔ စိတ္ကူး႐ွိလား?

အခု ၾကက္သြန္ျဖဴကုလားပဲေခ်ာင္းဆုိၿပီး ထပ္ထုတ္ထားတာ ႐ွိပါတယ္။ အစ္မရဲ႕ ရည္႐ြယ္ခ်က္က ထန္းလ်က္တစ္မ်ိဳးတည္းမဟုတ္ဘဲ ျမန္မာ့႐ိုးရာအစားအေသာက္ေတြကို အရည္ေသြးမီတဲ့ စိတ္ခ်ရတဲ့ စားေသာက္ကုန္ ျဖစ္ေစခ်င္တာပါ။ အစ္မ ပဲေခ်ာင္းလုပ္ဖို႔ လုိက္ေလ့လာတဲ့အခါ ပဲေခ်ာင္းလုပ္တဲ့ ဖိုေတြ ပိတ္ကုန္တာ ေတြ႔ရတယ္။ တခ်ိဳ႕ကလည္း မကိုက္လို႔၊ တခ်ိဳ႕ကလည္း တျခားအလုပ္ကို ေျပာင္းသြားတာမ်ိဳး၊ ပြဲေတာ္႐ွိမွ ဖိုကို ဖြင့္တာမ်ိဳးေတြပဲ လုပ္ျဖစ္ေတာ့တယ္။
အစ္မတို႔ ျမန္မာ့႐ိုးရာမုန္႔ေတြက တျဖည္းျဖည္းနဲ႔ ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနပါၿပီ။ အရည္အေသြးမီတဲ့ မုန္႔ေတြလည္း ေတြရတာနည္းသြားၿပီ။ အဲဒါေၾကာင့္ ႐ိုးရာမုန္႔ေတြကို ျပန္ေဖာ္ထုတ္တဲ့အေနနဲ႔ ငယ္ငယ္တုန္းကစားခဲ့တဲ့။ ၾကက္သြန္ျဖဴပဲေခ်ာင္းကို ထုတ္ျဖစ္တာပါ။

Related Article >>> စိတ္ပိုင္းဆိုင္ရာ၊ ရုုပ္ပိုင္းဆိုင္ရာ ႀကံံ႕ခိုင္မႈေတြနဲ႔အတူ ေရခဲေတာင္ကို တက္ႏိုင္ခဲ့တဲ့ မဖီဘီဟန္ (Phoebe Han)

Q : အစ္မကိုယ္တုိင္ နယ္ကိုသြားၿပီး အညာက ထန္းသမားႀကီးေတြနဲ႔ ကိုယ္တုိင္အလုပ္လုပ္ျဖစ္တဲ့အခါ ႀကံဳရတဲ့ အခက္အခဲေတြ၊ အမွတ္တရျဖစ္ရပ္ေလးေတြ႐ွိရင္လည္းေျပာျပပါဦး

အမ သိနားလည္ထားတာက တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ယံုၾကည္မႈရဖုိ႔ဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ေလးစားမႈ႐ွိဖုိ႔လုိတယ္ ဆိုတာပါပဲ။ ဒါေၾကာင့္ အစ္မ က သူတို႔ေတြကို ေလးေလးစားစား ဆက္ဆံခဲ့ပါတယ္။ စစခ်င္းမွာေတာ့ အဆင္မေျပတာ၊ ကုန္ၾကမ္း ညံ့တာ ကုန္ၾကမ္း လိမ္တာေတြ ႀကံဳခဲ့ရေပမဲ့ ေနာက္ပိုင္းေတာ့ အဆင္ေျပလာပါတယ္။

ခ်စ္ဖုိ႔ေကာင္းတာေတြလည္း ႐ွိတယ္။ အစ္မက သူတုိ႔ေတြနဲ႔ထန္းေတာထဲလိုက္သြားၿပီး ေလွ်ာက္ေမးတယ္။ အဘ ဘာလုိ႔ ထန္းပင္ အဖို နဲ႔ အမ ကြဲရတာလဲေပါ့။ အဲဒီမွာ အဘ က မသိဘူးေလ။ သူ႔ဘာသာသူ အစကတည္းက ျဖစ္ေနတာပဲလုိ႔ ျပန္ေျဖတယ္။ ရိုးသားတာေပါ့ေနာ္။ သူတို႔မွာက စာေတြ႔မ႐ွိဘူး။ အေတြ႕အႀကံဳေတြနဲ႔ပဲ အလုပ္လုပ္ေနၾကတာ။
သူတုိ႔ရဲ႕ ပြဲလမ္းသဘင္ေတြ႐ွိတဲ့အခါလည္း ကိုယ္ေတြကို လာေခၚၾကတာေတြ႐ွိတယ္။ မိသားစုလုိျဖစ္သြားၾကတာေပါ့။

Q : သူတုိ႔ေတြ ႀကံဳေနရတဲ့အခက္အခဲေတြကေရာ ဘာေတြလဲဆိုတာ အစ္မသိခဲ့ရလား

သူတုိ႔အခက္အခဲေတြကေတာ့ အမ်ားႀကီးပါပဲ။ အစ္မနဲ႔ အလုပ္မလုပ္ခင္ကဆုိရင္ သူတုိ႔ေတြက ၾကားခံလူေတြနဲ႔ (ပြဲစားေတြ) အလုပ္လုပ္ရတယ္။ ၿပီးေတာ့ သူတုိ႔ေတြက ၿမိဳ႕မွာ ဘယ္ေဈးေတြေပါက္ေနတယ္ဆုိတာမသိၾကဘူး။ ၾကားခံလူေတြက ဒိုင္က ဘယ္ေဈးေပးတယ္။ အဲဒီေဈးမွ မေပးရင္ မဝယ္ဘူးဆိုတာမ်ိဳးနဲ႔ ႀကံဳရတယ္။ အဲဒီေတာ့ ေပးတဲ့ေဈးနဲ႔ ေရာင္းလုိက္တာမ်ိဳးေတြ ႐ွိတယ္။

Q : အစ္မ ရဲ႕ လုပ္ငန္းတြင္းမွာလုပ္ကိုင္ေနတဲ့ လူငယ္ေတြနဲ႔ေရာ ဘယ္လို ဆက္ဆံေရးတည္ေဆာက္ထားလဲ။

အစ္မက ကိုယ့္လုပ္ငန္းထဲက လူေတြ နဲ႔ ေရတိုဆက္ဆံေရးမ်ိဳးထက္ ေရ႐ွည္ဆက္ဆံသြားၾကတဲ့ ပံုစံမ်ိဳးကိုသေဘာက်တယ္။ အခုပဲ လက္တြဲအလုပ္လုပ္ ေနာက္ေတာ့ လက္တြဲျဖဳတ္ၾကဆိုတာမ်ိဳး မႀကိဳက္ဘူး။ ၿပီးေတာ့ အစ္မ အလုပ္လုပ္တာ ေငြေၾကးတစ္ခုတည္းကို ၾကည့္ၿပီး လုပ္တာမဟုတ္ဘူး။

ကိုယ့္ရဲ႕ ဝယ္ယူသူေတြကိုလည္း စိတ္ခ်မ္းသာေစခ်င္တယ္။ ကုန္ၾကမ္းေပးသူေတြ၊ ဝန္ထမ္းေတြ နဲ႔ ကိုယ္နဲ႔ၾကား အျပန္အလွန္ ၾကည့္႐ႈဆက္ဆံတာမ်ိဳးပဲ ျဖစ္ေစခ်င္တယ္။

Q : အစ္မ အေနနဲ႔ ေက်ာင္းၿပီးတဲ့အခါ ဆရာဝန္တစ္ေယာက္အျဖစ္အလုပ္လုပ္ခဲ့မယ္ဆိုရင္ တည္ၿငိမ္တဲ့လမ္းေၾကာင္းေပၚေလွ်ာက္ရတယ္လုိ႔ ေယဘုယ်အားျဖင့္ ေျပာလုိ႔ရမယ္ထင္တယ္။ အခုလုိမ်ိဳး လံုးဝကြဲျပားတဲ့ လုပ္ငန္းတစ္ခုကိုေျပာင္းလိုက္ေတာ့ အစ္မအတြက္ ပိုၿပီး စိန္ေခၚမႈမ်ားတယ္လုိ႔ ဆုိရမွာေပါ့။ အဲဒီလုိေျပာင္းလဲကာစ က ႀကံဳရတဲ့အျဖစ္ေတြကိုေျပာျပပါဦး

အဲဒီတုန္းက အိမ္ကို ဆရာဝန္မလုပ္ေတာ့ဘူးလုိ႔ ေျပာလိုက္တဲ့အခါ အကုန္လံုး Shock ျဖစ္ကုန္ၾကတယ္။ အဲဒါနဲ႔ ဆရာဝန္မလုပ္ဘူးဆုိရင္ ဘာလုပ္မွာတုန္းလို႔ ေမးၾကေတာ့လည္း ေရေရရာရာမေျဖႏိုင္ဘူး။ မသိဘူးလုိ႔ တစ္ခုခုေတာ့ လုပ္မယ္လုိ႔ပဲ ေျပာလိုက္တယ္။
အဲဒီတုန္းက ကိုယ့္ကိုယ္ေမွ်ာ္မွန္းထားတဲ့လူေတြအကုန္လံုးကိုစိတ္ပ်က္ေအာင္လုပ္ခဲ့သလိုျဖစ္သြားတယ္။ အားလံုးကစိတ္ပ်က္ၾကတယ္။ ေလလြင့္ေနတယ္ေပါ့။ အဲဒီတုန္းက အမလည္း စိတ္ညစ္ညစ္နဲ႔ လမ္းေတြ ပတ္ေလွ်ာက္ေနတယ္။ တခ်ိဳ႕ေတြကဆို အိမ္ကိုေမးတယ္။ နင့္သမီးက ဘာလုပ္ေနတာလဲ ဆိုၿပီးေလ.. စိတ္ထဲမွာေတာ့ တစ္ေန႔က်ရင္ တစ္ခုခုလုပ္ျပမယ္ဆုိတဲ့ စိတ္ေလး ရွိတာေပါ့။

Q : အခုဆိုရင္ အစ္မလည္း ေအာင္ျမင္လာၿပီ။ ဒီလိုမေအာင္ျမင္ခင္က ႀကံဳခဲ့ရတဲ့ အခက္အခဲေတြ႐ွိရင္လည္း ေျပာျပပါဦး။

အခက္အခဲေတြလည္း႐ွိပါတယ္။ အသက္အ႐ြယ္ေၾကာင့္ နဲ႔ မရင့္က်က္ေသးတာေၾကာင့္လုိ႔ အစ္မကေတာ့ျမင္တယ္။ တစ္ခါတစ္ခါက်ရင္ လုပ္ေနတာေတြကို ရပ္လုိက္ေတာ့မယ္လို႔ ေတြးမိလုိက္တာေတြလည္း႐ွိတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ သိလာတာက ကိုယ္က ျပႆနာတစ္ခုကို ေျဖ႐ွင္းလိုက္တိုင္း တစ္ဆင့္ပိုတက္သြားတယ္။ သူမ်ားေတြထက္ ပိုသာသြားတယ္ဆုိတာပါပဲ။ ျပႆနာေတြဆိုတာက ႀကံဳကိုႀကံဳရမွာပဲ။ ဘာပဲျဖစ္ျဖစ္ ကိုယ္ရင္ဆုိင္မယ္ဆုိရင္ တျဖည္းျဖည္းနဲ႔ အေပၚေရာက္လာမွာပါပဲ။

ဒါကေတာ့ မခ်ိဳလဲ့ေအာင္ မွ်ေဝေပးခဲ့တဲ့ သူ႔ရဲ႕ အေၾကာင္း၊ သူ႔ရဲ႕ အားထုတ္မႈေတြ နဲ႔ အလုပ္ကိုျမတ္ႏုိးစိတ္၊ သူ႔ရဲ႕ ခံယူခ်က္ စတာေတြပဲျဖစ္ပါတယ္။ ေယာင္းတုိ႔လည္း သူ႔ရဲ႕စကားေတြကေန ခြန္အားရၾကလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ရင္း…

Sugar Cane (For Her Myanmar)

<<< Unicode >>>

ကိုယ်တွေဆို ဒီအစ်မလို တွေးမိမှာ မဟုတ်ဘူးရယ်… 

ယောင်းတို့ရေ .. For Her Myanmar က တင်ဆက်ပေးနေကျ အင်တာဗျူးကဏ္ဍမှာ ဒီတစ်ခေါက် ဖော်ပြပေးမယ့်သူကတော့ Tree Food စားသောက်ကုန်လုပ်ငန်းကို တည်ထောင်သူ မချိုလဲ့အောင်ပါပဲ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းတစ်ခုကို တည်ထောင်ထားနိုင်သူ မချိုလဲ့အောင် ပြောပြပေးခဲ့တဲ့ အကြောင်းအရာတွေကတော့ …

Q : အရင်ဆုံး အစ်မရဲ့အကြောင်းလေးမိတ်ဆက်ပေးပါနော်။

အစ်မ နာမည်က မချိုလဲ့အောင်ပါ။ အစ်မက စားသောက်ကုန်လုပ်ငန်းကို ၂၀၁၅ လောက်ကတည်းက စတင်လုပ်ကိုင်ခဲ့ပါတယ်။ အစ်မက ဆေးကျောင်းကနေ ကျောင်းပြီးခဲ့ပါတယ်။ ဆေးကျောင်းပြီးတော့ ဝါသနာ မပါတာရော၊ ကိုယ်နဲ့ မကိုက်တာရောကြောင့် ဆက်မလုပ်ဖြစ်ခဲ့ဘဲ အခုလိုစားသောက်ကုန်လုပ်ငန်းကို လုပ်ကိုင်ခဲ့တာပါ။

Q : စီးပွားရေးလောကထဲကို ဘယ်လိုဝင်ခဲ့တာလဲဆိုတာ ရှင်းပြပေးပါဦး။

အစ်မ ပထမဆုံး စီးပွားရေးလုပ်ဖြစ်တာ ၂၀၁၁ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက အစ်မတစ်ယောက်နဲ့ပေါင်းပြီး လူငယ်တွေအတွက် အင်္ကျီ brand တစ်ခုလုပ်မယ်ဆိုပြီးတော့လုပ်ဖြစ်ကြသေးတယ်။ ဒါပေမဲ့ အဲဒီတုန်းက လူငယ်တွေက ဖက်ရှင်တွေကို သိပ်စိတ်မဝင်စားကြသေးတော့ မအောင်မြင်ခဲ့ဘူး။ ဒါနဲ့ နောက်ပိုင်းကျတော့ အင်္ကျီချုပ်ဆိုင်ပဲလုပ်ဖြစ်သွားတယ်။ အင်္ကျီချုပ်ဆိုင်ကတော့ အစ်မရဲ့ အစ်မကိုပဲ support ပေးခဲ့တာ။ အစ်မကတော့ သိပ်စိတ်မဝင်စားဘူး။ အဲဒါကြောင့် ကိုယ်ပိုင်တစ်ခုလုပ်ဦးမယ်ဆိုပြီး စဉ်းစားဖြစ်တာပေါ့။

Q : Tree Food စားသောက်ကုန်စလုပ်ဖြစ်တာ ကိုလည်းပြောပြပါဦး။

တစ်ရက်မှာ စားသောက်ဆိုင်တစ်ခုက အချိုတည်းဖို့ ထန်းလျက်ချပေးတာကို စားကြည့်တယ်။ စားချင်စိတ်ရှိလို့ စားကြည့်တော့ စားလို့တော့ ကောင်းတယ်ပေါ့နော်။ ဒါပေမဲ့ အတုံးကအရမ်းကြီးတော့ စားလို့မကုန်ဘူး။ အလဟဿ ဖြစ်ကုန်တာပေါ့။ အဲဒီမှာ စ စဉ်းစားကြည့်မိတယ်။ ထန်းလျက်ကို အတုံးသေးသေးလေးတွေ လုပ်လို့ရမလားပေါ့။ အဲဒါကို စိတ်ဝင်စားတာကြောင့် ပဲခူးက ထန်းတက်သမားတွေနဲ့ တွေ့ပြီး မေးကြည့်တယ်။ အတုံးသေးသေးလေးတွေ လုပ်ကြည့်လို့ရမလားဆိုတော့ သူတို့ကပြောတယ် အဆင်မပြေဘူး ၊ လုပ်လို့မရဘူးပေါ့နော်.. အဲဒီမှာ အစ်မက ဘာလို့မရမှာလဲ။ ငါ့ဘာသာ စမ်းလုပ်ကြည့်မယ်ဆိုပြီး လုပ်ကြည့်တာ။ စလုပ်ကာစကတော့ အရည်တွေ ပျော်သွားတာမျိုးဖြစ်သေးတယ်။ အကြိမ်ကြိမ်ပြန်စမ်းလုပ်ကြည့်ပြီး နောက်ပိုင်းတော့အောင်မြင်သွားတယ်။

အဲဒီတော့ ဟုတ်ပြီ။ ထန်းလျက်သေးသေးလေးတွေ လုပ်လို့ရတဲ့ နည်းလမ်းကိုတော့ သိသွားပြီ။ အဲဒါဘာလုပ်ရမှာတုန်းလို့ ကိုယ့်ဘာသာပြန်မေးကြည့်တယ်။ အနောက်နိုင်ငံမှာဆို ချောကလက်ကို ကြိုက်လို့စားတာရှိတယ်။ ပျော်လို့၊ ဝမ်းနည်းစားတာရှိတယ်။ လက်ဆောင်ပေးကြတာရှိတယ်၊ သူ့ရဲ့ တန်ဖိုးတွေအများကြီးရှိတယ်။ ထန်းလျက်ကရော ဒီလိုမဖြစ်နိုင်ဘူးလားပေါ့။ သူ့ရဲ့နဂို ထန်းလျက်ဆိုတဲ့ Value ကို ထပ်ထပ်ပြီးပေါင်းလို့ မရနိုင်ဘူးလားလို့ တွေးမိတယ်။ အဲဒါနဲ့ အစ်မ ထန်းလျက်ထဲကို အရသာတွေ ထပ်ထည့်တယ်။ ထုပ်ပိုးမှုကို အစ်မကိုယ်တိုင် ဒီဇိုင်းဆွဲတယ်။ အဲဒီလိုနဲ့ပဲ Tree Food ကနေ ထန်းလျက်ကို အရသာလေးမျိုးနဲ့ ထုတ်ဖြစ်တယ်။

Related Article >>> ဘယ်နေရာမဆို ယောကျာ်းလေးတွေနဲ့ယှဉ်ယှဉ်ပြီး ရင်ဘောင်တန်းနေရတာမျိုးမဟုတ်ဘဲ ကိုယ်က ကျော်တက်သင့်ရင်လည်း ကျော်တက်ရမယ် ဆိုတဲ့ sfx မိတ်ကပ်ပညာရှင် စောယုနန္ဒာ @ စုန်း


မချိုလဲ့အောင်

Q : Tree Food အနေနဲ့ နောက်ထပ် စားစရာ အသစ်တွေ ထပ်ထုတ်ဖို့ စိတ်ကူးရှိလား?

အခု ကြက်သွန်ဖြူကုလားပဲချောင်းဆိုပြီး ထပ်ထုတ်ထားတာ ရှိပါတယ်။ အစ်မရဲ့ ရည်ရွယ်ချက်က ထန်းလျက်တစ်မျိုးတည်းမဟုတ်ဘဲ မြန်မာ့ရိုးရာအစားအသောက်တွေကို အရည်သွေးမီတဲ့ စိတ်ချရတဲ့ စားသောက်ကုန် ဖြစ်စေချင်တာပါ။ အစ်မ ပဲချောင်းလုပ်ဖို့ လိုက်လေ့လာတဲ့အခါ ပဲချောင်းလုပ်တဲ့ ဖိုတွေ ပိတ်ကုန်တာ တွေ့ရတယ်။ တချို့ကလည်း မကိုက်လို့၊ တချို့ကလည်း တခြားအလုပ်ကို ပြောင်းသွားတာမျိုး၊ ပွဲတော်ရှိမှ ဖိုကို ဖွင့်တာမျိုးတွေပဲ လုပ်ဖြစ်တော့တယ်။
အစ်မတို့ မြန်မာ့ရိုးရာမုန့်တွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။ အရည်အသွေးမီတဲ့ မုန့်တွေလည်း တွေရတာနည်းသွားပြီ။ အဲဒါကြောင့် ရိုးရာမုန့်တွေကို ပြန်ဖော်ထုတ်တဲ့အနေနဲ့ ငယ်ငယ်တုန်းကစားခဲ့တဲ့။ ကြက်သွန်ဖြူပဲချောင်းကို ထုတ်ဖြစ်တာပါ။

Related Article >>> စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံံ့ခိုင်မှုတွေနဲ့အတူ ရေခဲတောင်ကို တက်နိုင်ခဲ့တဲ့ မဖီဘီဟန် (Phoebe Han)

Q : အစ်မကိုယ်တိုင် နယ်ကိုသွားပြီး အညာက ထန်းသမားကြီးတွေနဲ့ ကိုယ်တိုင်အလုပ်လုပ်ဖြစ်တဲ့အခါ ကြုံရတဲ့ အခက်အခဲတွေ၊ အမှတ်တရဖြစ်ရပ်လေးတွေရှိရင်လည်းပြောပြပါဦး။

အမ သိနားလည်ထားတာက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မှုရဖို့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်လေးစားမှုရှိဖို့လိုတယ် ဆိုတာပါပဲ။ ဒါကြောင့် အစ်မ က သူတို့တွေကို လေးလေးစားစား ဆက်ဆံခဲ့ပါတယ်။ စစချင်းမှာတော့ အဆင်မပြေတာ၊ ကုန်ကြမ်း ညံ့တာ ကုန်ကြမ်း လိမ်တာတွေ ကြုံခဲ့ရပေမဲ့ နောက်ပိုင်းတော့ အဆင်ပြေလာပါတယ်။

ချစ်ဖို့ကောင်းတာတွေလည်း ရှိတယ်။ အစ်မက သူတို့တွေနဲ့ထန်းတောထဲလိုက်သွားပြီး လျှောက်မေးတယ်။ အဘ ဘာလို့ ထန်းပင် အဖို နဲ့ အမ ကွဲရတာလဲပေါ့။ အဲဒီမှာ အဘ က မသိဘူးလေ။ သူ့ဘာသာသူ အစကတည်းက ဖြစ်နေတာပဲလို့ ပြန်ဖြေတယ်။ ရိုးသားတာပေါ့နော်။ သူတို့မှာက စာတွေ့မရှိဘူး။ အတွေ့အကြုံတွေနဲ့ပဲ အလုပ်လုပ်နေကြတာ။
သူတို့ရဲ့ ပွဲလမ်းသဘင်တွေရှိတဲ့အခါလည်း ကိုယ်တွေကို လာခေါ်ကြတာတွေရှိတယ်။ မိသားစုလိုဖြစ်သွားကြတာပေါ့။

Q : သူတို့တွေ ကြုံနေရတဲ့အခက်အခဲတွေကရော ဘာတွေလဲဆိုတာ အစ်မသိခဲ့ရလား

သူတို့အခက်အခဲတွေကတော့ အများကြီးပါပဲ။ အစ်မနဲ့ အလုပ်မလုပ်ခင်ကဆိုရင် သူတို့တွေက ကြားခံလူတွေနဲ့ (ပွဲစားတွေ) အလုပ်လုပ်ရတယ်။ ပြီးတော့ သူတို့တွေက မြို့မှာ ဘယ်ဈေးတွေပေါက်နေတယ်ဆိုတာမသိကြဘူး။ ကြားခံလူတွေက ဒိုင်က ဘယ်ဈေးပေးတယ်။ အဲဒီဈေးမှ မပေးရင် မဝယ်ဘူးဆိုတာမျိုးနဲ့ ကြုံရတယ်။ အဲဒီတော့ ပေးတဲ့ဈေးနဲ့ ရောင်းလိုက်တာမျိုးတွေ ရှိတယ်။

Q : အစ်မ ရဲ့ လုပ်ငန်းတွင်းမှာလုပ်ကိုင်နေတဲ့ လူငယ်တွေနဲ့ရော ဘယ်လို ဆက်ဆံရေးတည်ဆောက်ထားလဲ။

အစ်မက ကိုယ့်လုပ်ငန်းထဲက လူတွေ နဲ့ ရေတိုဆက်ဆံရေးမျိုးထက် ရေရှည်ဆက်ဆံသွားကြတဲ့ ပုံစံမျိုးကိုသဘောကျတယ်။ အခုပဲ လက်တွဲအလုပ်လုပ် နောက်တော့ လက်တွဲဖြုတ်ကြဆိုတာမျိုး မကြိုက်ဘူး။ ပြီးတော့ အစ်မ အလုပ်လုပ်တာ ငွေကြေးတစ်ခုတည်းကို ကြည့်ပြီး လုပ်တာမဟုတ်ဘူး။

ကိုယ့်ရဲ့ ဝယ်ယူသူတွေကိုလည်း စိတ်ချမ်းသာစေချင်တယ်။ ကုန်ကြမ်းပေးသူတွေ၊ ဝန်ထမ်းတွေ နဲ့ ကိုယ်နဲ့ကြား အပြန်အလှန် ကြည့်ရှုဆက်ဆံတာမျိုးပဲ ဖြစ်စေချင်တယ်။

Q : အစ်မ အနေနဲ့ ကျောင်းပြီးတဲ့အခါ ဆရာဝန်တစ်ယောက်အဖြစ်အလုပ်လုပ်ခဲ့မယ်ဆိုရင် တည်ငြိမ်တဲ့လမ်းကြောင်းပေါ်လျှောက်ရတယ်လို့ ယေဘုယျအားဖြင့် ပြောလို့ရမယ်ထင်တယ်။ အခုလိုမျိုး လုံးဝကွဲပြားတဲ့ လုပ်ငန်းတစ်ခုကိုပြောင်းလိုက်တော့ အစ်မအတွက် ပိုပြီး စိန်ခေါ်မှုများတယ်လို့ ဆိုရမှာပေါ့။ အဲဒီလိုပြောင်းလဲကာစ က ကြုံရတဲ့အဖြစ်တွေကိုပြောပြပါဦး

အဲဒီတုန်းက အိမ်ကို ဆရာဝန်မလုပ်တော့ဘူးလို့ ပြောလိုက်တဲ့အခါ အကုန်လုံး Shock ဖြစ်ကုန်ကြတယ်။ အဲဒါနဲ့ ဆရာဝန်မလုပ်ဘူးဆိုရင် ဘာလုပ်မှာတုန်းလို့ မေးကြတော့လည်း ရေရေရာရာမဖြေနိုင်ဘူး။ မသိဘူးလို့ တစ်ခုခုတော့ လုပ်မယ်လို့ပဲ ပြောလိုက်တယ်။
အဲဒီတုန်းက ကိုယ့်ကိုယ်မျှော်မှန်းထားတဲ့လူတွေအကုန်လုံးကိုစိတ်ပျက်အောင်လုပ်ခဲ့သလိုဖြစ်သွားတယ်။ အားလုံးကစိတ်ပျက်ကြတယ်။ လေလွင့်နေတယ်ပေါ့။ အဲဒီတုန်းက အမလည်း စိတ်ညစ်ညစ်နဲ့ လမ်းတွေ ပတ်လျှောက်နေတယ်။ တချို့တွေကဆို အိမ်ကိုမေးတယ်။ နင့်သမီးက ဘာလုပ်နေတာလဲ ဆိုပြီးလေ.. စိတ်ထဲမှာတော့ တစ်နေ့ကျရင် တစ်ခုခုလုပ်ပြမယ်ဆိုတဲ့ စိတ်လေး ရှိတာပေါ့။

Q : အခုဆိုရင် အစ်မလည်း အောင်မြင်လာပြီ။ ဒီလိုမအောင်မြင်ခင်က ကြုံခဲ့ရတဲ့ အခက်အခဲတွေရှိရင်လည်း ပြောပြပါဦး။

အခက်အခဲတွေလည်းရှိပါတယ်။ အသက်အရွယ်ကြောင့် နဲ့ မရင့်ကျက်သေးတာကြောင့်လို့ အစ်မကတော့မြင်တယ်။ တစ်ခါတစ်ခါကျရင် လုပ်နေတာတွေကို ရပ်လိုက်တော့မယ်လို့ တွေးမိလိုက်တာတွေလည်းရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သိလာတာက ကိုယ်က ပြဿနာတစ်ခုကို ဖြေရှင်းလိုက်တိုင်း တစ်ဆင့်ပိုတက်သွားတယ်။ သူများတွေထက် ပိုသာသွားတယ်ဆိုတာပါပဲ။ ပြဿနာတွေဆိုတာက ကြုံကိုကြုံရမှာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်ရင်ဆိုင်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ အပေါ်ရောက်လာမှာပါပဲ။

ဒါကတော့ မချိုလဲ့အောင် မျှဝေပေးခဲ့တဲ့ သူ့ရဲ့ အကြောင်း၊ သူ့ရဲ့ အားထုတ်မှုတွေ နဲ့ အလုပ်ကိုမြတ်နိုးစိတ်၊ သူ့ရဲ့ ခံယူချက် စတာတွေပဲဖြစ်ပါတယ်။ ယောင်းတို့လည်း သူ့ရဲ့စကားတွေကနေ ခွန်အားရကြလိမ့်မယ်လို့ မျှော်လင့်ရင်း…

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed