ေဒါက္တာ ၿဖိဳးသီဟ ေျပာျပတဲ့ ဓမၼတာလာျခင္း နဲ႔ လြဲမွားေနတဲ့ အယူအဆမ်ားအေၾကာင္း

လိုင္းေပၚမွာ နာမည္ႀကီးေနတဲ့ အကိုက္အခဲေပ်ာက္ေဆး ကိစၥပါ ပါတယ္ေနာ္.. 

ေဒါက္တာၿဖိဳးသီဟ လို႔ဆိုလိုက္ရင္ မ်ိဳးဆက္ပြား က်န္းမာေရးေတြကို အသိပညာေပးေနတဲ့ ဆရာဝန္တစ္ေယာက္၊ လူငယ္ေလးေတြအတြက္ အသိပညာေပး စာေတြ ေရးသားေပးေနတဲ့ စာေရးဆရာ တစ္ေယာက္ရယ္လို႔ ျမင္မိၾကပါလိမ့္မယ္။ “ဓမၼတာ လာျခင္း” နဲ႔ ပတ္သက္ၿပီးေတာ့ေရာ.. ဆရာ့မွာ ဘယ္လို အျမင္မ်ိဳးေတြ ရွိေနပါလိမ့္…

ရာသီလာျခင္းက ရွက္စရာေကာင္းတယ္လို႔ ျမင္ေနၾကတဲ့ အျမင္ေတြ ေနာက္မွာ

၁။ က်န္းမာေရး ျပႆနာေတြ အမ်ားႀကီး ရွိေနပါတယ္။

“ဒီႏိုင္ငံရဲ႕ ယဥ္ေက်းမႈမွာ ရာသီလာတယ္ဆိုတာႀကီးက ရွက္စရာေကာင္းတယ္လို႔ ျမင္ၾကပါတယ္။ အဲဒီအျမင္ကေန ဘာျဖစ္သြားလဲဆိုေတာ့ မိန္းကေလးေတြက ရာသီလာလို႔ရွိရင္ ဒါ ရွက္စရာေကာင္းတယ္ေပါ့.. ဘယ္သူ႕မွ မေျပာဘူး၊ အေမေတြကိုေတာင္ မေျပာဘူး ဆိုတာမ်ိဳးေတြ ရွိတယ္ေပါ့ေနာ္..

တကယ္တမ္း Menstruation ျဖစ္တယ္ (ရာသီလာတယ္) ဆိုတာက မိန္းကေလးတစ္ေယာက္ရဲ႕ ဘဝတစ္ေလွ်ာက္လံုးမွာ အႀကီးမားဆံုး အေျပာင္းအလဲလို႔ ေျပာလို႔ရတယ္။ ဒါၿပီးရင္ ထပ္ၿပီးေတာ့ ႀကီးႀကီးက်ယ္က်ယ္ ေျပာင္းလဲတယ္ဆိုတာ မရွိေတာ့ဘူး။ အႀကီးမားဆံုး အေျပာင္းအလဲ ျဖစ္တယ္ဆိုတဲ့ေနရာမွာ ဘယ္သူ႕ရဲ႕ အကူအညီ၊ ဘယ္သူ႕ရဲ႕ အၾကံဉာဏ္ေပးမႈ၊ ဘယ္က ဗဟုသုတမွ မရဘဲနဲ႔ သူက ဒီဟာကို ဘယ္လို Handle လုပ္မလဲ။ ဘယ္လိုမွ မျဖစ္ႏိုင္ဘူး။ အဲခါက်ေတာ့ ဘာျဖစ္လာလဲဆိုေတာ့ ေနာက္ဆက္တြဲ က်န္းမာေရး ျပႆနာေတြ အမ်ားႀကီးတက္လာတယ္။”

၂။ ဓမၼတာ လာျခင္းနဲ႔ ပတ္သက္ၿပီး မွန္ကန္တဲ့ အသိပညာ မရၾကပါဘူး။ 

အဲ့အျပင္ ဘာျဖစ္ေသးလဲဆိုေတာ့ တစ္ခုခု သိခ်င္လို႔ ေမးမယ္ဆိုရင္လည္း သူ႕ပတ္ဝန္းက်င္မွာ ရွိတဲ့သူေတြက မွန္ကန္တဲ့ အေျဖမေပးႏုိင္ဘူး။ ဘာလို႔ မေပးႏုိင္လဲဆိုေတာ့ သူတို႔ကိုယ္တိုင္ကလည္း မွန္မွန္ကန္ကန္ အသိပညာ မရွိဘူး။ ဘာလို႔ မရွိလဲဆိုေတာ့ ခုနက ကၽြန္ေတာ္ေျပာခဲ့သလို ဒါႀကီးက ရွက္စရာေကာင္းတယ္ဆိုတဲ့ အယူေၾကာင့္။ အဲဒီေတာ့ ဆက္ၿပီးေတာ့မွ ေျပာၾကမယ္ဆိုရင္ က်န္းမာေရးအပိုင္းမွာ အားနည္းခ်က္ေတြ ရွိလာတယ္။ က်န္းမာေရးဆိုင္ရာ ဝန္ေဆာင္မႈေတြ မရလာဘူး။ ရာသီေသြးလာရင္ ဘယ္လို လုပ္ရမလဲ မသိေတာ့ဘူူး။

၃။ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားမႈ ေပ်ာက္ဆံုးလာပါတယ္။

ေနာက္ အစားအေသာက္ေတြ ေလွ်ာ့တယ္။ ေလွ်ာ့တဲ့ခါက်ေတာ့ ဆယ္ေက်ာ္သက္ဆိုတာ လူႀကီးတစ္ေယာက္ ျဖစ္ဖို႔အတြက္ အားယူေနတဲ့ကာလေပါ့ေနာ္.. အဲဒီမွာ အဲဒီလိုေတြ ျဖစ္တဲ့ခါက်ေတာ့ ဘာျဖစ္လဲဆိုေတာ့ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေတြ၊ ကိုယ့္ကိုယ္ကိုယ္ ေလးစားမႈေတြ ေပ်ာက္ဆံုးၿပီးေတာ့ ေနာက္ တစ္ေလွ်ာက္လံုးမွာ အဆင္မေျပေတာ့ဘူးေပါ့ေနာ္.. ငါတို႔က ေယာက္်ားေတြထက္ နိမ့္တယ္။ ငါတို႔က ယုတ္ညံ့တဲ့ ကိစၥေတြ ျဖစ္ေနတာဆိုတဲ့ အစြဲနဲ႔ တစ္သက္လံုး ပါသြားေတာ့တာပါပဲ။

ယုတ္ညံ့တယ္လို႔ ထင္ေနတဲ့အတြက္ ဒါကို လူသိမွာစိုးတယ္။ ရွက္တယ္။ ရွက္ေတာ့ ဘယ္မွ မသြားဘူး။ အိမ္မွာေနတယ္။ ဘယ္သူ႕မွ ေပးမသိဘူး။ ဒီလိုမ်ိဳးေတြ ျဖစ္လာတယ္။ ျဖစ္လာေတာ့ အဲဒီကေန တစ္ဆင့္ ခုနက ေျပာတဲ့ ေနာက္ဆက္တြဲ ျပႆနာေတြ ျဖစ္လာတယ္။

Related Article >>> “မိန္းကေလးေတြဆိုတာ ကၽြန္ေတာ္တို႔နဲ႔ ခႏၶာကိုယ္တည္ေဆာက္ပံုခ်င္း ကြာေပမဲ့ အရာရာမွာအားႏြဲ႔ေနတာမ်ိဳးေတာ့မဟုတ္ပါဘူး။” ဆိုတဲ့ ေဒါက္တာ ၿဖိဳးသီဟ

[For Her Myanmar ႕ က်င္းပမယ့္ Women of Tomorrow ပြဲအေၾကာင္း အေသးစိတ္ ကို ဒီမွာ ၾကည့္လို႔ ရၿပီး ပြဲတက္ေရာက္ဖုိ႔ စာရင္းသြင္းမယ္ဆိုရင္ေတာ့ ဒီမွာ သြင္းလို႔ ရပါတယ္။]

အယူအဆ အလြဲအမွားေတြေၾကာင့္

၁။ ပိုၿပီး နာက်င္ကိုက္ခဲေစပါတယ္။

ေနာက္ ေရမခ်ိဳးရဘူး၊ ေခါင္းမေလွ်ာ္ရဘူးဆိုတာေတြက ရွိေသးတယ္။ လူက ဖုန္ေတြ ေပၿပီးေတာ့မွ ညစ္ပတ္ေနတဲ့အခ်ိန္မွာ ဘယ္သူမဆို ေရခ်ိဳးခ်င္တယ္၊ ေခါင္းေလွ်ာ္ခ်င္တယ္ေလ။ အဲဒါကို မေလွ်ာ္ရ၊ မခ်ိဳးရဘူးဆိုရင္ ေခါင္းေတြကိုက္ၿပီးေတာ့ ေနလို႔ထိုင္လို႔ မေကာင္းဘူး။ ဒါ ဖုန္ေပတာ၊ ေခၽြးထြက္တာေလာက္ပဲ ရွိေသးတယ္။

ဒီလို ရာသီေသြးဆင္းေနတဲ့အခ်ိန္မွာ ဒါေတြ မလုပ္ရဘူးဆိုေတာ့ လူက ပိုၿပီး စိတ္ညစ္ညဴးတယ္ေလ။ လူရဲ႕ Anxiety စိတ္ပူပန္မႈ၊ စိတ္ဖိစီးမႈ၊ စိတ္ညစ္တာနဲ႔ နာတာကို တံု႔ျပန္တာနဲ႔က တိုက္ရိုက္အခ်ိဳးက်တယ္။ ဆိုလိုတာက လူက စိတ္ပူပန္ေလေလ၊ နာတာကို ပိုၿပီးေတာ့ တံု႔ျပန္ေလေလ၊ ပိုနာေလေလ ေပါ့ေနာ္..

ဆိုေတာ့ ခုနက အယူအဆ အလြဲအမွားေတြ၊ ေရမခ်ိဳးရဘူး၊ ေခါင္းမေလွ်ာ္ရဘူး ဆိုတာေတြေၾကာင့္ စိတ္ညစ္ညဴးတယ္၊ ဘယ္မွလည္း မထြက္ရဘူး၊ အိမ္မွာပဲေန၊ အခန္းထဲမွာပဲေန၊ ဒီပတ္ဝန္းက်င္ထဲမွာပဲဆိုေတာ့ စိတ္ ပို ညစ္ညဴး၊ စိတ္ပိုညစ္ေတာ့ ပိုၿပီးေတာ့ ကိုက္ခဲနာက်င္.. ဆိုေတာ့.. ဒါႀကီးက သံသရာလည္ေနတာေပါ့ေနာ္.. အဲဒါေၾကာင့္ ဒါေတြက လြဲမွားပါတယ္ ဆိုတာေလးကိုေတာ့ သိေစခ်င္တယ္။

၂။ လိုအပ္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ မရဘူး။

ေနာက္တစ္ခုက ကိုက္တာ ခဲတာေပါ့။ အဲဒါကလည္း အမ်ိဳးသမီးေတြမွာ အေတာ္ေလး ဒုကၡေပးတယ္။ တခ်ိဳ႕က်ေတာ့လည္း အိပ္ရာထဲ လဲတာေတြထိပါ ျဖစ္တယ္။ တခ်ိဳ႕က်ေတာ့ မသိမသာေလးေပါ့ေနာ္.. မသိမသာေလးဆိုရင္ေတာ့ ျပႆနာ မရွိဘူး။ ေတာ္ေတာ္ကိုက္တယ္ဆို ေဆးေတြ ဘာေတြ ေသာက္လို႔ရတယ္။

ကၽြန္ေတာ္တို႔ Mefenamic Acid ေပါ့ေနာ္.. လြယ္လြယ္ကူကူလည္း ဝယ္လို႔ရတဲ့အကိုက္အခဲေပ်ာက္ေဆးေပါ့။ ေသာက္လိုက္ရင္ ကိုက္တာ၊ခဲတာ နည္းနည္း သက္သာသြားတယ္။ အိပ္ရာထဲ လဲရေလာက္ေအာင္ ျဖစ္တဲ့သူေတြက်ေတာ့ သတိနည္းနည္း ထားရတယ္။ အဲဒါက်ေတာ့ ေရာဂါျဖစ္တာလည္း မဟုတ္ဘူး။ ခႏၶာကိုယ္ရဲ႕ အလိုအေလ်ာက္ တံု႔ျပန္မႈေပါ့။ တစ္ေယာက္နဲ႔ တစ္ေယာက္မတူၾကေတာ့။ သူတို႔က်ေတာ့ ဘာလုပ္လို႔ရလဲဆိုရင္ ေရေႏြးအိတ္ေတြ ဘာေတြ ကပ္လို႔ရတယ္။ အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္လို႔ရတယ္။ သြားသြားလာလာ လႈပ္လႈပ္ရွားရွား၊ စိတ္ကို ေပါ့ပါးလာတဲ့ထိ ေနလို႔ရတယ္။

အကိုက္အခဲေပ်ာက္ေဆးရဲ႕ Side Effect (ေဘးထြက္ဆိုးက်ိဳး) က ဘာရွိတတ္လဲဆိုေတာ့ အစာအိမ္ ထိတတ္တယ္။ အဲဒါက ဘယ္အကိုက္အခဲေပ်ာက္ေဆးမွာမဆို အစာအိမ္ ထိတယ္။ အကိုက္အခဲေပ်ာက္ေဆး ေပးတုိင္းမွာ ဘာေျပာရလဲဆိုေတာ့ အစားနဲ႔ တြဲေသာက္ေပါ့ေနာ္.. အစားမစားရေသးတဲ့အခ်ိန္မွာ မေသာက္နဲ႔။ သူ႕ရဲ႕သေဘာကိုက အစာအိမ္ ထိတတ္တယ္ဆိုေတာ့ … သူက တစ္ႀကိမ္ေလာက္ေသာက္ရံုနဲ႔ မျဖစ္ဘူး။ ႏွစ္ႀကိမ္ေလာက္ေသာက္လည္း မျဖစ္ေသးဘူး။ အႀကိမ္မ်ားစြာ ေသာက္မွ ျဖစ္တဲ့ဟာမ်ိဳးေပါ့ေနာ္.. ျဖစ္ကို ျဖစ္တတ္တဲ့ဟာ။

လူေတြက အဲဒီ အစာအိမ္ထိတတ္တယ္ ဆိုတဲ့ဟာႀကီးကိုပဲ ျမင္ၿပီး ေၾကာက္လန္႔ၿပီးေတာ့ မေသာက္ၾကတာမ်ိဳးေတြ ရွိၾကတယ္ေပါ့ေနာ္.. တကယ္ေတာ့ ဒါဟာ အကိုက္အခဲေပ်ာက္ေဆး မွန္ရင္ ပါလာတဲ့ ေဘးထြက္ဆိုးက်ိဳးပဲ ေထြေထြထူးထူး ေၾကာက္စရာမလိုဘူး။ အစာနဲ႔ တြဲေသာက္လိုက္ရင္ အဆင္ေျပသြားႏိုင္တယ္။ အဲဒါေၾကာင့္ ဘာမဟုတ္တဲ့ဟာႀကီးကို ေၾကာက္ၿပီးေတာ့မွ တကယ့္ အကိုက္အခဲေပ်ာက္ေစတယ္ဆိုတဲ့ဟာကို မရေတာ့မွာကို နည္းနည္း စိတ္ပူတယ္။

Related Article >>> ရာသီလာျခင္းနဲ႕ ေရွးရိုးစြဲမ်ား

ဒါဆိုရင္ ရာသီလာတဲ့အခါ ဘာေတြ လုပ္ရမွာလဲ?

တကယ္တမ္း ရာသီေသြး လာေနတဲ့အခ်ိန္မွာ ဘာေတြ လုပ္ရမွာလဲဆိုေတာ့ Active Lifestyle ဆိုတာက အေရးႀကီးတယ္။ ဆိုလိုတာက သြက္သြက္လက္လက္ သြားလာလႈပ္ရွားေနရင္ ခံစားၾကံဳေတြ႕ေနရတဲ့ ကိုက္တာခဲတာေတြ၊ စိတ္ခံစားခ်က္ အေျပာင္းအလဲျဖစ္တာေတြအတြက္ ပိုၿပီးေတာ့ သက္သာေစတယ္။

Pad ေတြဆိုရင္ အနည္းဆံုး ၆နာရီတစ္ခါ၊ အေကာင္းဆံုးကေတာ့ ၄နာရီ တစ္ခါ လဲေပးႏိုင္ရင္ ပိုေကာင္းတယ္။ ဒါေလးလည္း အေရးႀကီးတယ္။

ေနာက္ ကိုက္တာ၊ခဲတာ ရွိလာရင္ အကိုက္အခဲေပ်ာက္ေဆး ေသာက္ေပါ့ေနာ္..

Related Article >>> ညီမေလးတို႔ ရာသီလာစဥ္ ကိုက္ခဲတာ သဘာဝပဲလား?

အယူအဆအလြဲေတြကို ေရွာင္ၿပီး မွန္ကန္တဲ့ အသိပညာ ရဖို႔ဆိုရင္..

နည္းနည္းေလး မတူေတာ့တာက အရင္ေခတ္က ကၽြန္ေတာ္တို႔ ငယ္ငယ္ကဆိုရင္ ဒီအေၾကာင္းအရာကို သိဖို႔ဆိုရင္ ကိုယ့္ရဲ႕ အေဖ၊အေမ၊လူႀကီးေတြဆီကပဲ ဒီအသိေတြက လာတယ္။ ဆိုေတာ့ သူတို႔က မသိတဲ့အခါ၊ ဒါမွမဟုတ္လည္း သူတို႔က လြဲမွားေနတဲ့အခါ အဲ့ဟာေတြက ကိုယ့္ဆီေရာက္လာေရာ.. ေရွးရိုးစြဲအယူအဆေတြ၊ လြဲမွားတဲ့ အသိပညာေတြနဲ႔ ႀကီးျပင္းလာတဲ့အခါ ျဖစ္တတ္တာေပါ့ေနာ္…

ဒီေန႔ေခတ္က်ေတာ့ ဒီ Information ကို လက္လွမ္းမီတဲ့ ေနရာေတြကလည္း အရမ္းမ်ားလာတယ္။ သတင္း မီဒီယာေတြရွိတယ္၊ က်န္းမာေရး ဂ်ာနယ္ေတြရွိတယ္။ ဒီေခတ္ဆို Facebook ေပါ့.. အဲဒါေတြကတစ္ဆင့္ ကၽြန္ေတာ္တို႔ ေမးျမန္းလို႔ ရွာေဖြလို႔ရတယ္ေပါ့ေနာ္… ဆိုေတာ့ ကိုယ့္ရဲ႕ က်န္းမာေရး အသိပညာေတြကို လူႀကီးေတြဆီကပဲ မဟုတ္ဘဲ တျခားေနရာေတြကလည္း ရွာေဖြဖို႔ အၾကံေပးခ်င္တယ္။

ႁခြင္းခ်က္အေနနဲ႔ေတာ့ Facebook သံုးတဲ့ေနရာမွာ တာဝန္က ႏွစ္ခု ရွိလိမ့္မယ္။ တစ္ခုကေတာ့ ရွာဖို႔။ သတင္းအခ်က္အလက္နဲ႔ နည္းပညာေတြ၊ ဗဟုသုတေတြ ရွာဖို႔ေပါ့ေနာ္.. ေနာက္တစ္ခုကေတာ့ ေရွာင္ဖို႔။ ေရွာင္ဖို႔ဆိုတာ ခုနကလို ဂ်င္း Message ေတြကို ေရွာင္ႏိုင္ဖို႔ေပါ့ေနာ္.. အဲဒီလို ဂ်င္း message ေတြကို ေရွာင္ႏိုင္ဖုိ႔ကေတာ့ ဘယ္သတင္းမီဒီယာေတြကေန ထုတ္ျပန္တာလဲ၊ ဘယ္သူက ေျပာတာလဲ ဒါေတြကိုပါ အကဲခတ္ၿပီးမွ ယံုၾကည္ဖို႔ေပါ့ေနာ္.. ဒါေလးေတာ့ လိုပါလိမ့္မယ္။

ကဲ.. ဒါကေတာ့ ေဒါက္တာ ၿဖိဳးသီဟက ေယာင္းေယာင္းတို႔အတြက္ အၾကံျပဳသြားတဲ့ စကားေလးေတြပါ။ ပန္းကေလး အဖြဲ႕အစည္းက က်င္းပတဲ့ “So What !?” (အဲ့ေတာ့ ဘာျဖစ္လဲ) ဆိုတဲ့ အမ်ိဳးသမီး ဓမၼတာနဲ႔ ပတ္သက္တဲ့ က်န္းမာေရး အသိပညာေပးေရးနဲ႔ အမ်ိဳးသမီး စြမ္းေဆာင္ရည္ ျမွင့္တင္ေရးအတြက္ က်င္းပတဲ့ ကမ္ပိန္းမွာ ဆရာနဲ႔ေတြ႕လို႔ အက္ဒ္မင္က ကိုယ့္ေယာင္းေယာင္းေတြအတြက္ စပ္စုေပးခဲ့တာပါေနာ္..  ေမးေပးတဲ့ အက္ဒ္မင္ စပ္စုစိန္ေလးကို ေက်းဇူးတင္ရင္ မုန္႔ေကၽြးလို႔ ရပါတယ္လို႔ 😛

အားလံုးကို ခ်စ္တဲ့

Libra (For Her Myanmar)

<<< Unicode >>>

လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ အကိုက်အခဲပျောက်ဆေး ကိစ္စပါ ပါတယ်နော်..

ဒေါက်တာဖြိုးသီဟ လို့ဆိုလိုက်ရင် မျိုးဆက်ပွား ကျန်းမာရေးတွေကို အသိပညာပေးနေတဲ့ ဆရာဝန်တစ်ယောက်၊ လူငယ်လေးတွေအတွက် အသိပညာပေး စာတွေ ရေးသားပေးနေတဲ့ စာရေးဆရာ တစ်ယောက်ရယ်လို့ မြင်မိကြပါလိမ့်မယ်။ “ဓမ္မတာ လာခြင်း” နဲ့ ပတ်သက်ပြီးတော့ရော.. ဆရာ့မှာ ဘယ်လို အမြင်မျိုးတွေ ရှိနေပါလိမ့်…

ရာသီလာခြင်းက ရှက်စရာကောင်းတယ်လို့ မြင်နေကြတဲ့ အမြင်တွေ နောက်မှာ

၁။ ကျန်းမာရေး ပြဿနာတွေ အများကြီး ရှိနေပါတယ်။

ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုမှာ ရာသီလာတယ်ဆိုတာကြီးက ရှက်စရာကောင်းတယ်လို့ မြင်ကြပါတယ်။ အဲဒီအမြင်ကနေ ဘာဖြစ်သွားလဲဆိုတော့ မိန်းကလေးတွေက ရာသီလာလို့ရှိရင် ဒါ ရှက်စရာကောင်းတယ်ပေါ့.. ဘယ်သူ့မှ မပြောဘူး၊ အမေတွေကိုတောင် မပြောဘူး ဆိုတာမျိုးတွေ ရှိတယ်ပေါ့နော်..တကယ်တမ်း Menstruation ဖြစ်တယ် (ရာသီလာတယ်) ဆိုတာက မိန်းကလေးတစ်ယောက်ရဲ့ ဘဝတစ်လျှောက်လုံးမှာ အကြီးမားဆုံး အပြောင်းအလဲလို့ ပြောလို့ရတယ်။ ဒါပြီးရင် ထပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် ပြောင်းလဲတယ်ဆိုတာ မရှိတော့ဘူး။ အကြီးမားဆုံး အပြောင်းအလဲ ဖြစ်တယ်ဆိုတဲ့နေရာမှာ ဘယ်သူ့ရဲ့ အကူအညီ၊ ဘယ်သူ့ရဲ့ အကြံဉာဏ်ပေးမှု၊ ဘယ်က ဗဟုသုတမှ မရဘဲနဲ့ သူက ဒီဟာကို ဘယ်လို Handle လုပ်မလဲ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲခါကျတော့ ဘာဖြစ်လာလဲဆိုတော့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အများကြီးတက်လာတယ်။

 ၂။ ဓမ္မတာ လာခြင်းနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အသိပညာ မရကြပါဘူး။

အဲ့အပြင် ဘာဖြစ်သေးလဲဆိုတော့ တစ်ခုခု သိချင်လို့ မေးမယ်ဆိုရင်လည်း သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက မှန်ကန်တဲ့ အဖြေမပေးနိုင်ဘူး။ ဘာလို့ မပေးနိုင်လဲဆိုတော့ သူတို့ကိုယ်တိုင်ကလည်း မှန်မှန်ကန်ကန် အသိပညာ မရှိဘူး။ ဘာလို့ မရှိလဲဆိုတော့ ခုနက ကျွန်တော်ပြောခဲ့သလို ဒါကြီးက ရှက်စရာကောင်းတယ်ဆိုတဲ့ အယူကြောင့်။ အဲဒီတော့ ဆက်ပြီးတော့မှ ပြောကြမယ်ဆိုရင် ကျန်းမာရေးအပိုင်းမှာ အားနည်းချက်တွေ ရှိလာတယ်။ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ မရလာဘူး။ ရာသီသွေးလာရင် ဘယ်လို လုပ်ရမလဲ မသိတော့ဘူူး။

၃။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု ပျောက်ဆုံးလာပါတယ်။

နောက် အစားအသောက်တွေ လျှော့တယ်။ လျှော့တဲ့ခါကျတော့ ဆယ်ကျော်သက်ဆိုတာ လူကြီးတစ်ယောက် ဖြစ်ဖို့အတွက် အားယူနေတဲ့ကာလပေါ့နော်.. အဲဒီမှာ အဲဒီလိုတွေ ဖြစ်တဲ့ခါကျတော့ ဘာဖြစ်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေ ပျောက်ဆုံးပြီးတော့ နောက် တစ်လျှောက်လုံးမှာ အဆင်မပြေတော့ဘူးပေါ့နော်.. ငါတို့က ယောက်ျားတွေထက် နိမ့်တယ်။ ငါတို့က ယုတ်ညံ့တဲ့ ကိစ္စတွေ ဖြစ်နေတာဆိုတဲ့ အစွဲနဲ့ တစ်သက်လုံး ပါသွားတော့တာပါပဲ။ယုတ်ညံ့တယ်လို့ ထင်နေတဲ့အတွက် ဒါကို လူသိမှာစိုးတယ်။ ရှက်တယ်။ ရှက်တော့ ဘယ်မှ မသွားဘူး။ အိမ်မှာနေတယ်။ ဘယ်သူ့မှ ပေးမသိဘူး။ ဒီလိုမျိုးတွေ ဖြစ်လာတယ်။ ဖြစ်လာတော့ အဲဒီကနေ တစ်ဆင့် ခုနက ပြောတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာတယ်။

Related Article >>> “မိန်းကလေးတွေဆိုတာ ကျွန်တော်တို့နဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံချင်း ကွာပေမဲ့ အရာရာမှာ အားနွဲ့နေတာမျိုးတော့မဟုတ်ပါဘူး။” ဆိုတဲ့ ဒေါက်တာ ဖြိုးသီဟ

အယူအဆ အလွဲအမှားတွေကြောင့်

၁။ ပိုပြီး နာကျင်ကိုက်ခဲစေပါတယ်။

နောက် ရေမချိုးရဘူး၊ ခေါင်းမလျှော်ရဘူးဆိုတာတွေက ရှိသေးတယ်။ လူက ဖုန်တွေ ပေပြီးတော့မှ ညစ်ပတ်နေတဲ့အချိန်မှာ ဘယ်သူမဆို ရေချိုးချင်တယ်၊ ခေါင်းလျှော်ချင်တယ်လေ။ အဲဒါကို မလျှော်ရ၊ မချိုးရဘူးဆိုရင် ခေါင်းတွေကိုက်ပြီးတော့ နေလို့ထိုင်လို့ မကောင်းဘူး။ ဒါ ဖုန်ပေတာ၊ ချွေးထွက်တာလောက်ပဲ ရှိသေးတယ်။ ဒီလို ရာသီသွေးဆင်းနေတဲ့အချိန်မှာ ဒါတွေ မလုပ်ရဘူးဆိုတော့ လူက ပိုပြီး စိတ်ညစ်ညူးတယ်လေ။

လူရဲ့ Anxiety စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ စိတ်ညစ်တာနဲ့ နာတာကို တုံ့ပြန်တာနဲ့က တိုက်ရိုက်အချိုးကျတယ်။ ဆိုလိုတာက လူက စိတ်ပူပန်လေလေ၊ နာတာကို ပိုပြီးတော့ တုံ့ပြန်လေလေ၊ ပိုနာလေလေ ပေါ့နော်.. ဆိုတော့ ခုနက အယူအဆ အလွဲအမှားတွေ၊ ရေမချိုးရဘူး၊ ခေါင်းမလျှော်ရဘူး ဆိုတာတွေကြောင့် စိတ်ညစ်ညူးတယ်၊ ဘယ်မှလည်း မထွက်ရဘူး၊ အိမ်မှာပဲနေ၊ အခန်းထဲမှာပဲနေ၊ ဒီပတ်ဝန်းကျင်ထဲမှာပဲဆိုတော့ စိတ် ပို ညစ်ညူး၊ စိတ်ပိုညစ်တော့ ပိုပြီးတော့ ကိုက်ခဲနာကျင်.. ဆိုတော့.. ဒါကြီးက သံသရာလည်နေတာပေါ့နော်.. အဲဒါကြောင့် ဒါတွေက လွဲမှားပါတယ် ဆိုတာလေးကိုတော့ သိစေချင်တယ်။

၂။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရဘူး။

နောက်တစ်ခုက ကိုက်တာ ခဲတာပေါ့။ အဲဒါကလည်း အမျိုးသမီးတွေမှာ အတော်လေး ဒုက္ခပေးတယ်။ တချို့ကျတော့လည်း အိပ်ရာထဲ လဲတာတွေထိပါ ဖြစ်တယ်။ တချို့ကျတော့ မသိမသာလေးပေါ့နော်.. မသိမသာလေးဆိုရင်တော့ ပြဿနာ မရှိဘူး။ တော်တော်ကိုက်တယ်ဆို ဆေးတွေ ဘာတွေ သောက်လို့ရတယ်။

ကျွန်တော်တို့ Mefenamic Acid ပေါ့နော်.. လွယ်လွယ်ကူကူလည်း ဝယ်လို့ရတဲ့အကိုက်အခဲပျောက်ဆေးပေါ့။ သောက်လိုက်ရင် ကိုက်တာ၊ခဲတာ နည်းနည်း သက်သာသွားတယ်။ အိပ်ရာထဲ လဲရလောက်အောင် ဖြစ်တဲ့သူတွေကျတော့ သတိနည်းနည်း ထားရတယ်။ အဲဒါကျတော့ ရောဂါဖြစ်တာလည်း မဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် တုံ့ပြန်မှုပေါ့။ တစ်ယောက်နဲ့ တစ်ယောက်မတူကြတော့။ သူတို့ကျတော့ ဘာလုပ်လို့ရလဲဆိုရင် ရေနွေးအိတ်တွေ ဘာတွေ ကပ်လို့ရတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရတယ်။ သွားသွားလာလာ လှုပ်လှုပ်ရှားရှား၊ စိတ်ကို ပေါ့ပါးလာတဲ့ထိ နေလို့ရတယ်။

အကိုက်အခဲပျောက်ဆေးရဲ့ Side Effect (ဘေးထွက်ဆိုးကျိုး) က ဘာရှိတတ်လဲဆိုတော့ အစာအိမ် ထိတတ်တယ်။ အဲဒါက ဘယ်အကိုက်အခဲပျောက်ဆေးမှာမဆို အစာအိမ် ထိတယ်။ အကိုက်အခဲပျောက်ဆေး ပေးတိုင်းမှာ ဘာပြောရလဲဆိုတော့ အစားနဲ့ တွဲသောက်ပေါ့နော်.. အစားမစားရသေးတဲ့အချိန်မှာ မသောက်နဲ့။ သူ့ရဲ့သဘောကိုက အစာအိမ် ထိတတ်တယ်ဆိုတော့ … သူက တစ်ကြိမ်လောက်သောက်ရုံနဲ့ မဖြစ်ဘူး။ နှစ်ကြိမ်လောက်သောက်လည်း မဖြစ်သေးဘူး။ အကြိမ်များစွာ သောက်မှ ဖြစ်တဲ့ဟာမျိုးပေါ့နော်.. ဖြစ်ကို ဖြစ်တတ်တဲ့ဟာ။

လူတွေက အဲဒီ အစာအိမ်ထိတတ်တယ် ဆိုတဲ့ဟာကြီးကိုပဲ မြင်ပြီး ကြောက်လန့်ပြီးတော့ မသောက်ကြတာမျိုးတွေ ရှိကြတယ်ပေါ့နော်.. တကယ်တော့ ဒါဟာ အကိုက်အခဲပျောက်ဆေး မှန်ရင် ပါလာတဲ့ ဘေးထွက်ဆိုးကျိုးပဲ ထွေထွေထူးထူး ကြောက်စရာမလိုဘူး။ အစာနဲ့ တွဲသောက်လိုက်ရင် အဆင်ပြေသွားနိုင်တယ်။ အဲဒါကြောင့် ဘာမဟုတ်တဲ့ဟာကြီးကို ကြောက်ပြီးတော့မှ တကယ့် အကိုက်အခဲပျောက်စေတယ်ဆိုတဲ့ဟာကို မရတော့မှာကို နည်းနည်း စိတ်ပူတယ်။

Related Article >>> ရာသီလာခြင်းနဲ့ ရှေးရိုးစွဲများ

ဒါဆိုရင် ရာသီလာတဲ့အခါ ဘာတွေ လုပ်ရမှာလဲ?

တကယ်တမ်း ရာသီသွေး လာနေတဲ့အချိန်မှာ ဘာတွေ လုပ်ရမှာလဲဆိုတော့ Active Lifestyle ဆိုတာက အရေးကြီးတယ်။ ဆိုလိုတာက သွက်သွက်လက်လက် သွားလာလှုပ်ရှားနေရင် ခံစားကြုံတွေ့နေရတဲ့ ကိုက်တာခဲတာတွေ၊ စိတ်ခံစားချက် အပြောင်းအလဲဖြစ်တာတွေအတွက် ပိုပြီးတော့ သက်သာစေတယ်။

Pad တွေဆိုရင် အနည်းဆုံး ၆နာရီတစ်ခါ၊ အကောင်းဆုံးကတော့ ၄နာရီ တစ်ခါ လဲပေးနိုင်ရင် ပိုကောင်းတယ်။ ဒါလေးလည်း အရေးကြီးတယ်။

နောက် ကိုက်တာ၊ခဲတာ ရှိလာရင် အကိုက်အခဲပျောက်ဆေး သောက်ပေါ့နော်..

Related Article >>> ညီမလေးတို့ ရာသီလာစဉ် ကိုက်ခဲတာ သဘာဝပဲလား?

အယူအဆအလွဲတွေကို ရှောင်ပြီး မှန်ကန်တဲ့ အသိပညာ ရဖို့ဆိုရင်..

နည်းနည်းလေး မတူတော့တာက အရင်ခေတ်က ကျွန်တော်တို့ ငယ်ငယ်ကဆိုရင် ဒီအကြောင်းအရာကို သိဖို့ဆိုရင် ကိုယ့်ရဲ့ အဖေ၊အမေ၊လူကြီးတွေဆီကပဲ ဒီအသိတွေက လာတယ်။ ဆိုတော့ သူတို့က မသိတဲ့အခါ၊ ဒါမှမဟုတ်လည်း သူတို့က လွဲမှားနေတဲ့အခါ အဲ့ဟာတွေက ကိုယ့်ဆီရောက်လာရော.. ရှေးရိုးစွဲအယူအဆတွေ၊ လွဲမှားတဲ့ အသိပညာတွေနဲ့ ကြီးပြင်းလာတဲ့အခါ ဖြစ်တတ်တာပေါ့နော်…

ဒီနေ့ခေတ်ကျတော့ ဒီ Information ကို လက်လှမ်းမီတဲ့ နေရာတွေကလည်း အရမ်းများလာတယ်။ သတင်း မီဒီယာတွေရှိတယ်၊ ကျန်းမာရေး ဂျာနယ်တွေရှိတယ်။ ဒီခေတ်ဆို Facebook ပေါ့.. အဲဒါတွေကတစ်ဆင့် ကျွန်တော်တို့ မေးမြန်းလို့ ရှာဖွေလို့ရတယ်ပေါ့နော်… ဆိုတော့ ကိုယ့်ရဲ့ ကျန်းမာရေး အသိပညာတွေကို လူကြီးတွေဆီကပဲ မဟုတ်ဘဲ တခြားနေရာတွေကလည်း ရှာဖွေဖို့ အကြံပေးချင်တယ်။

ခြွင်းချက်အနေနဲ့တော့ Facebook သုံးတဲ့နေရာမှာ တာဝန်က နှစ်ခု ရှိလိမ့်မယ်။ တစ်ခုကတော့ ရှာဖို့။ သတင်းအချက်အလက်နဲ့ နည်းပညာတွေ၊ ဗဟုသုတတွေ ရှာဖို့ပေါ့နော်.. နောက်တစ်ခုကတော့ ရှောင်ဖို့။ ရှောင်ဖို့ဆိုတာ ခုနကလို ဂျင်း Message တွေကို ရှောင်နိုင်ဖို့ပေါ့နော်.. အဲဒီလို ဂျင်း message တွေကို ရှောင်နိုင်ဖို့ကတော့ ဘယ်သတင်းမီဒီယာတွေကနေ ထုတ်ပြန်တာလဲ၊ ဘယ်သူက ပြောတာလဲ ဒါတွေကိုပါ အကဲခတ်ပြီးမှ ယုံကြည်ဖို့ပေါ့နော်.. ဒါလေးတော့ လိုပါလိမ့်မယ်။

ကဲ.. ဒါကတော့ ဒေါက်တာ ဖြိုးသီဟက ယောင်းယောင်းတို့အတွက် အကြံပြုသွားတဲ့ စကားလေးတွေပါ။ ပန်းကလေး အဖွဲ့အစည်းက ကျင်းပတဲ့ “So What !?” (အဲ့တော့ ဘာဖြစ်လဲ) ဆိုတဲ့ အမျိုးသမီး ဓမ္မတာနဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပညာပေးရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ကျင်းပတဲ့ ကမ်ပိန်းမှာ ဆရာနဲ့တွေ့လို့ အက်ဒ်မင်က ကိုယ့်ယောင်းယောင်းတွေအတွက် စပ်စုပေးခဲ့တာပါနော်.. မေးပေးတဲ့ အက်ဒ်မင် စပ်စုစိန်လေးကို ကျေးဇူးတင်ရင် မုန့်ကျွေးလို့ ရပါတယ်လို့ 😛

အားလုံးကို ချစ်တဲ့

Libra (For Her Myanmar)

No Comments Yet

Comments are closed