Interviews

“ကုမၸဏီတစ္ခုေထာင္ဖုိ႔ဆိုတာ ေငြေတြအမ်ားႀကီး႐ွိေနမွ ျဖစ္တာမဟုတ္ဘူး” လို႔ ဆိုလာတဲ့ မစႏၵီစိန္သိဏ္း

အတုယူ အားက်စရာေကာင္းတဲ့ အမ်ိဳးသမီးငယ္ေလးေပါ့ ေယာင္းတို႔ေရ… 

ကမာၻေက်ာ္ Forbes ဆိုတဲ့ မဂၢဇင္းက ႏွစ္စဥ္တိုင္း က႑အသီးသီးက ေအာင္ျမင္သူေတြရဲ႕စာရင္းကို ထုတ္ျပန္ေလ့႐ွိတာကို ေယာင္းတို႔ သိၿပီးသား ျဖစ္မွာပါေနာ္.. အဲဒီ စာရင္းထဲ ပါဖို႔ဆိုတာကလည္း လြယ္တာမွ မဟုတ္တာေလ… တကယ္ကို ထူးခၽြန္ေနမွ၊ တကယ္ကို ေတာ္မွ၊ တကယ္ကို လုပ္ႏုိင္စြမ္းရွိမွ ပါဖို႔ ရာႏႈန္းက နည္းနည္းေလာက္ရွိတာရယ္… ဒါဆို စာရင္းထဲ ပါတဲ့သူေတြဆိုတာ က်ိန္းေသကို ထူးခၽြန္ေနတဲ့သူမို႔လို႔ေပါ့… အက္ဒ္မင္တို႔ ႏုိင္ငံမွာလည္း ဒီစာရင္းထဲ ပါခဲ့ဖူးသူေတြ ရွိပါတယ္ ေယာင္းတို႔ေရ… ေျပာၾကမယ္ဆို ရွိေတာ့ရွိတယ္၊ ရွားတယ္ေပါ့ေနာ္… အဲဒီလို လူေတြထဲကမွ အသက္ သံုးဆယ္ေအာက္မွာ ေအာင္ျမင္ေနတဲ့ အာ႐ွလူငယ္ “30 under 30 Asia” ဆိုတဲ့စာရင္းထဲမွာ ပါဝင္ခဲ့ဖူးတဲ့ မစႏၵီစိန္သိဏ္း နဲ႔ ေယာင္းတို႔ကို မိတ္ဆက္ေပးပါရေစေနာ္…

Q .အစ္မ ရဲ႕ အေၾကာင္းကို အရင္ဆံုး မွ်ေဝေပးပါဦး႐ွင္။

A . အစ္မ နာမည္က မ စႏၵီစိန္သိဏ္း ျဖစ္ပါတယ္။ အစ္မက Digital Kaway ဆိုတဲ့ DiGital Marketing Agency ရဲ႕ CEO ပါ။

Q . Digital Kaway ကိုဘယ္ခုႏွစ္ကေန စၿပီးတည္ေထာင္ျဖစ္ခဲ့တာလဲဆိုတာ သိပါရေစ။

A . အစ္မတို႔ ဒီလုပ္ငန္းကို စခဲ့တာ ၂၀၁၅ ေလာက္ကတည္းကဆိုေတာ့ ေလးႏွစ္ေလာက္႐ွိပါၿပီ။

Q . ဘာေၾကာင့္ Digital Marketing လုပ္ငန္းကို လုပ္ျဖစ္တာလဲဆိုတာေျပာျပေပးပါဦး။

A . အစ္မ ရဲ႕ အရင္ Background ကလည္း Marketing Background က လာတာပါ ။ လုပ္ငန္းစတဲ့ ၂၀၁၅ ႏွစ္ေလာက္တုန္းကခန္႔မွန္းၾကည့္တယ္။ ေနာင္ႏွစ္ေတြမွာ Digital Marketing က ျမန္မာျပည္မွာ တြင္က်ယ္လာႏုိင္တယ္ဆုိၿပီး ဒီလုပ္ငန္းကိုေ႐ြးျဖစ္တာပါ။

Q . ဘာလို႔ Digital Kaway လုိ႔နာမည္ေပးျဖစ္ခဲ့တာလဲ သိပါရေစ။

A . အစ္မ တုိ႔ လုပ္ငန္းက ဝန္ေဆာင္မႈေတြကို ေမွာ္အစြမ္းနဲ႔ ေပးလုိက္သလိုမ်ိဳး ေပးမယ္ဆုိတဲ့ အဓိပၸာယ္နဲ႔ စစခ်င္းက Digital Wizard ဆိုၿပီး စေပးျဖစ္တယ္။ ေနာက္ေတာ့ ဒီနာမည္က ျမန္မာသိပ္မဆန္ဘူး။ အဲ့ဒါေၾကာင့္ Digital Kaway (ဒစ္ဂ်စ္တယ္ ကေဝ) ဆုိၿပီး ေပးျဖစ္တာပါ။

Related Article >>> အဆင္မေျပတာေတြ မ်ားလြန္းလို႔ ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္ဖို႔ ႀကိဳးစားၿပီးမွ ေအာင္ျမင္မႈကို ျပန္ၿပီး ရွာေတြ႕ႏုိင္ခဲ့တဲ့ မဧပရယ္လ္ခင္

Q. ဝန္ထမ္းဘဝကေန ကိုယ္ပိုင္လုပ္ငန္းတည္ေထာင္ျဖစ္ပံုကိုသိပါရေစ။

A . အရင္တုန္းကေတာ့ ကုမၸဏီတစ္ခုကို ဦးေဆာင္မယ့္ အမ်ိဳးသမီးတစ္ဦးျဖစ္လာလိမ့္မယ္လုိ႔ မေမွ်ာ္လင့္ခဲ့မိဘူး။

အဲ့ဒီလုိနဲ႔ ၂၀၁၄ မွာ အစ္မ အဖြဲ႕အစည္းတစ္ခုမွာ အလုပ္လုပ္ျဖစ္တယ္။ သူက အေသးစား အလတ္စား ကုမၸဏီေလးေတြကို ေျမေတာင္ေျမွာက္ေပးတဲ့ အဖြဲ႕အစည္းမ်ိဳးေပါ့။ အဲဒီမွာ လုပ္ရင္း ကုမၸဏီတစ္ခုေထာင္ဖုိ႔ဆိုတာ ေငြေတြအမ်ားႀကီး႐ွိေနမွ ျဖစ္တာမဟုတ္ဘူးဆိုတာ သိသြားတာ။အဲဒီလိုနဲ႔ စိတ္ကူးတစ္ခုရၿပီး လုပ္ျဖစ္သြားတာပါ။

Q . 30 under 30 ကို ဆုကို ရတဲ့ အခ်ိန္မွာ အစ္မအတြက္ ဘာေတြ ေျပာင္းလဲသြားလဲ။

A . ဆုမရခင္ေရာ၊ ဆုရၿပီးေတာ့ေရာ အလုပ္ေတြက လုပ္ေနရတာပါပဲ။ (ရယ္လ်က္) ဒါေပမဲ့ ကိုယ့္ကို လူေတြပိုအသိအမွတ္ျပဳလာၾကတယ္။ ကိုယ့္အတြက္လညး္ တာဝန္ပိုႀကီးလာတယ္။ ကိုယ့္ကိုအထင္ႀကီးလုိ႔ ေပးထားတာဆိုေတာ့ ဒီထက္ပိုၿပီး လုပ္ႏိုင္စြမ္းနည္းမသြားဖုိ႔ ပိုႀကိဳးစားရတယ္။ အေကာင္းဆံုးအခ်က္ကေတာ့ အစ္မ အလုပ္ပိုႀကိဳးစားဖို႔အတြက္ တြန္းအားပိုျဖစ္ေစတယ္။

Q . Digital Kaway အျပင္ေနာက္ထပ္ ဘယ္လိုအဖြဲ႔အစည္းေတြမွာ ဦးေဆာင္ျဖစ္ေသးလဲ။

A . အစ္မက Geek Girl Myanmar ဆိုတဲ့ ျမန္မာအမ်ိဳးသမီးနည္းပညာ႐ွင္မ်ား အဖြဲ႕ကိုလည္း စတင္ တည္ေထာင္ထားပါတယ္။ အဲ့ဒီအဖြဲ႕မွာ အမ်ိဳးသမီးဦးေဆာင္သူေတြ၊ ဦးေဆာင္သူျဖစ္ဖုိ႔ ႀကိဳးစားေနတဲ့ အမ်ိဳးသမီးေလးေတြ႐ွိတယ္။ သူတို႔အတြက္ အစ္မတို႔က Workshop ေတြ၊ Training ေတြ လုပ္ေပးတာမ်ိဳး႐ွိပါတယ္။ ေနာက္ နယ္က အမ်ိဳးသမီးေတြအတြက္ ဒစ္ဂ်စ္တယ္နည္းပညာကို သင္ၾကားေပးတာမ်ိဳး႐ွိပါတယ္။

Q . အသက္ငယ္ငယ္နဲ႔  ဦးေဆာင္သူတစ္ေယာက္ ျဖစ္လာရတာေရာ၊ ေနာက္ၿပီး အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေနတဲ့အတြက္ေရာ ႀကံဳရတဲ့ စိန္ေခၚမႈေတြ႐ွိရင္ေျပာျပပါဦး။

A . အဓိကက အသက္ငယ္တဲ့အတြက္ေပါ့ေနာ္။ လုပ္ငန္းစလုပ္တဲ့အခါတုန္းက ႀကံဳခဲ့ရတာေတြ႐ွိတယ္။ လုပ္ငန္းကိစၥေဆြးေႏြးဖို႔ သြားတဲ့အခါ နင့္ မွာ Boss ပါလာလား လို႔ ေမးၾကတာ႐ွိတယ္။ ေနာက္ ဝန္ထမ္းေခၚတဲ့ အေတြ႕အႀကံဳ႐ွိတဲ့ သူေတြကို အလုပ္ခန္႔ခ်င္တဲ့အခါ ျပႆနာနည္းနည္း႐ွိတယ္။ အသက္ငယ္ငယ္ အမ်ိဳးသမီးတစ္ေယာက္ဆီမွာ အလုပ္ဝင္ဖို႔ဆိုရင္ သူတို႔က စဥ္းစားၾကတာေတြ႐ွိတယ္။ အခုေတာ့ ဒါမ်ိဳးေတြ သိပ္မႀကံဳရေတာ့ပါဘူး။

Q . ကိုယ္လုပ္တဲ့ အလုပ္တစ္ခုကို Passion ရွိဖုိ႔ ဘယ္ေလာက္အထိအေရးႀကီးလဲ။ မ႐ွိရင္ေရာ ဘယ္လုိလုပ္ယူရမလဲ

A . Passion ႐ွိဖုိ႔ (ကိုယ့္အလုပ္ကိုခ်စ္ဖို႔) က တကယ္အေရးႀကီးပါတယ္။ အလုပ္လုပ္တယ္ဆုိတာ ေန႔စဥ္နဲ႔အမွ် ဒီအလုပ္အတြက္ကို ကိုယ့္အခ်ိန္ေတြကို ေပးထားရတယ္။ မနက္ဆို ေစာေစာထ အလုပ္ကို သြားရတယ္။ ညဆို ေနာက္က်မွ ျပန္လာရတယ္။ ဒီလုိ တစ္ေန႔လံုး ကိုယ့္အခ်ိန္ေတြကို ေန႔စဥ္ေပးႏုိင္ဖုိ႔ဆိုတာ အလုပ္ကို ခ်စ္တဲ့ Passion မ႐ွိဘဲ လံုးဝမျဖစ္ႏိုင္ဘူး။ ေနာက္ၿပီး အစ္မထင္တာက Passion ဆိုတာ လုပ္ယူလုိ႔မရဘူး ဒါေပမဲ့ Motivation လုပ္လုိ႔ေတာ့ရမယ္။ ကိုယ့္အလုပ္နဲ႔ ပတ္သက္တဲ့ ရည္မွန္းခ်က္ေတြခ်မယ္။ အဲဒီရည္မွန္းခ်က္ေတြအတိုင္း ျဖစ္လာေအာင္လုပ္မယ္ ဆုိရင္ ျဖစ္လာမွာပါ။

Related Article >>> ျမန္မာ့ရိုးရာအစားအေသာက္ေတြကို အရည္အေသြးမီ၊ စိတ္ခ်ရတဲ့ စားေသာက္ကုန္ ျဖစ္ေစခ်င္တာမို႔ Tree Food ကို လုပ္ျဖစ္ခဲ့တာပါလို႔ ဆိုလာတဲ့ မခ်ိဳလဲ့ေအာင္

Q .  အလုပ္နဲ႔ ဘဝ ညီမွ်ဖို႔ ဘယ္ေလာက္အထိအေရးႀကီးလဲ

A . အလုပ္ နဲ႔ ဘဝ နဲ႔ အခ်ိန္က ညီမွ်မွာ မဟုတ္ဘူးလို႔ေတာ့ ထင္တယ္။ အစ္မ ဘဝမွာဆိုလည္း အလုပ္က ရာခုိင္ႏႈန္း ေတာ္ေတာ္မ်ားမ်ားေနရာယူထားတယ္။

အစ္မအျမင္က လူတစ္ေယာက္ဟာ ေအာင္ျမင္ခ်င္ရင္ အလုပ္က ငါးဆယ္ ရာႏႈန္း၊ ဘဝက ငါးဆယ္ရာႏႈန္း အခ်ိန္ေပးေနလုိ႔မရဘူးလုိ႔ျမင္တယ္။ အလုပ္ကို ၁၀၀ ရာခိုင္ႏႈန္းထားလုိ႔လည္း မျဖစ္ျပန္ဘူး ဒီေတာ့ ၇၀ ၈၀ ရာခုိင္ႏႈန္းေလာက္ေတာ့ ေပးသင့္ပါတယ္။

Q . လူငယ္ေတြက ကိုယ့္အနာဂတ္အတြက္ ဘယ္လုိျပင္ဆင္ထားသင့္တယ္ထင္လဲ?

A . ဘာျဖစ္လာမယ္ဆုိတာ မသိတဲ့အတြက္ အမ်ားႀကီးျပင္ဆင္ထားလုိ႔ေတာ့မရပါဘူး။ ေကာင္းတာကေတာ့ စည္းကမ္းတက်ေလး အလုပ္လုပ္ေစခ်င္တယ္။ ငါ ဒီအခ်ိန္ဆုိ ဒါေလးၿပီးေအာင္လုပ္မယ္။ ဒီေန႔ ဒါေလးၿပီးေအာင္လုပ္မယ္ဆုိတဲ့ စိတ္ေလးနဲ႔ လုပ္ေစခ်င္တယ္။

ေနာက္ၿပီး ေန႔စဥ္တိုင္း စြမ္းအင္ ရာခုိင္ႏႈန္းျပည့္ထည့္ အလုပ္လုပ္ေစခ်င္တယ္။ ဒါဆိုရင္ ေနာက္ေန႔ေတြမွာ ရလာမယ့္ အခြင့္အေရးေတြအတြက္ အဆင္သင့္ျဖစ္ေနမွာပါ။

Q . ကိုယ္ပိုင္အလုပ္ကို ဦးစီးဦးေဆာင္လုပ္ခ်င္တဲ့ အမ်ိဳးသမီးေလးေတြအတြက္ အားေပးစကား။

A . လုပ္ငန္း႐ွင္ဆိုတဲ့ စကားက ၾကားလုိ႔သာေကာင္းတာပါ။ တာဝန္ကလည္း မ်ားပါတယ္။ ျပႆနာလည္း မ်ားပါတယ္။ (ရယ္လ်က္) အမ်ိဳးသမီး၊ အမ်ိဳးသားပဲျဖစ္ျဖစ္ လုပ္ငန္း႐ွင္ျဖစ္ခ်င္တယ္ဆုိရင္ သူတို႔ဆီမွာ ခံႏိုင္ရည္႐ွိလားလို႔ အစ္မက ေမးခ်င္တယ္။ ေငြေၾကးျပတ္လပ္တာကိုလည္း ခံႏိုင္ရည္႐ွိရမယ္။ ျပႆနာေတြကိုလည္း ခံႏိုင္ရည္႐ွိရမယ္။ ကိုယ္က ဒီလို စိန္ေခၚမႈေတြထက္ ဘဝကို ေအးေအးေဆးေဆးပဲ ျဖတ္သန္းခ်င္တယ္ဆုိရင္ေတာ့ လုပ္ငန္းရွင္ျဖစ္ဖို႔ထက္ လုပ္ငန္းခြင္တစ္ခုမွာ ေအာင္ျမင္သူျဖစ္ဖုိ႔ ႀကိဳးစားသင့္တယ္လုိ႔ ျမင္ပါတယ္။

ဒါကေတာ့ မစႏၵီ စိန္သိန္းရဲ႕ အေတြ႕အၾကံဳေတြကို မွ်ေဝေပးခဲ့တာပါ ေယာင္းတို႔ေရ… ဒီေဆာင္းပါးေလးကို ဖတ္ရင္း ႀကိဳးစားခ်င္စိတ္ေတြ ျဖစ္လာမယ္ဆိုရင္ပဲ အက္ဒ္မင္တို႔ ေမးရ၊ ေျဖရက်ိဳး၊ တင္ဆက္ေပးရက်ိဳး နပ္ပါၿပီေနာ္…

ေအာင္ျမင္ထူးခၽြန္တဲ့ အမ်ိဳးသမီးငယ္ေလးေတြ ျဖစ္လာၾကပါေစလို႔…

Sugar Cane (For Her Myanmar)

 

အတုယူ အားကျစရာကောင်းတဲ့ အမျိုးသမီးငယ်လေးပေါ့ ယောင်းတို့ရေ… 

ကမ္ဘာကျော် Forbes ဆိုတဲ့ မဂ္ဂဇင်းက နှစ်စဉ်တိုင်း ကဏ္ဍအသီးသီးက အောင်မြင်သူတွေရဲ့စာရင်းကို ထုတ်ပြန်လေ့ရှိတာကို ယောင်းတို့ သိပြီးသား ဖြစ်မှာပါနော်.. အဲဒီ စာရင်းထဲ ပါဖို့ဆိုတာကလည်း လွယ်တာမှ မဟုတ်တာလေ… တကယ်ကို ထူးချွန်နေမှ၊ တကယ်ကို တော်မှ၊ တကယ်ကို လုပ်နိုင်စွမ်းရှိမှ ပါဖို့ ရာနှုန်းက နည်းနည်းလောက်ရှိတာရယ်… ဒါဆို စာရင်းထဲ ပါတဲ့သူတွေဆိုတာ ကျိန်းသေကို ထူးချွန်နေတဲ့သူမို့လို့ပေါ့… အက်ဒ်မင်တို့ နိုင်ငံမှာလည်း ဒီစာရင်းထဲ ပါခဲ့ဖူးသူတွေ ရှိပါတယ် ယောင်းတို့ရေ… ပြောကြမယ်ဆို ရှိတော့ရှိတယ်၊ ရှားတယ်ပေါ့နော်… အဲဒီလို လူတွေထဲကမှ အသက် သုံးဆယ်အောက်မှာ အောင်မြင်နေတဲ့ အာရှလူငယ် “30 under 30 Asia” ဆိုတဲ့စာရင်းထဲမှာ ပါဝင်ခဲ့ဖူးတဲ့ မစန္ဒီစိန်သိဏ်း နဲ့ ယောင်းတို့ကို မိတ်ဆက်ပေးပါရစေနော်…

Q .အစ်မ ရဲ့ အကြောင်းကို အရင်ဆုံး မျှဝေပေးပါဦးရှင်။

A . အစ်မ နာမည်က မ စန္ဒီစိန်သိဏ်း ဖြစ်ပါတယ်။ အစ်မက Digital Kaway ဆိုတဲ့ DiGital Marketing Agency ရဲ့ CEO ပါ။

Q . Digital Kaway ကိုဘယ်ခုနှစ်ကနေ စပြီးတည်ထောင်ဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ။

A . အစ်မတို့ ဒီလုပ်ငန်းကို စခဲ့တာ ၂၀၁၅ လောက်ကတည်းကဆိုတော့ လေးနှစ်လောက်ရှိပါပြီ။

Q . ဘာကြောင့် Digital Marketing လုပ်ငန်းကို လုပ်ဖြစ်တာလဲဆိုတာပြောပြပေးပါဦး။

A . အစ်မ ရဲ့ အရင် Background ကလည်း Marketing Background က လာတာပါ ။ လုပ်ငန်းစတဲ့ ၂၀၁၅ နှစ်လောက်တုန်းကခန့်မှန်းကြည့်တယ်။ နောင်နှစ်တွေမှာ Digital Marketing က မြန်မာပြည်မှာ တွင်ကျယ်လာနိုင်တယ်ဆိုပြီး ဒီလုပ်ငန်းကိုရွေးဖြစ်တာပါ။

Q . ဘာလို့ Digital Kaway လို့နာမည်ပေးဖြစ်ခဲ့တာလဲ သိပါရစေ။

A . အစ်မ တို့ လုပ်ငန်းက ဝန်ဆောင်မှုတွေကို မှော်အစွမ်းနဲ့ ပေးလိုက်သလိုမျိုး ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ စစချင်းက Digital Wizard ဆိုပြီး စပေးဖြစ်တယ်။ နောက်တော့ ဒီနာမည်က မြန်မာသိပ်မဆန်ဘူး။ အဲ့ဒါကြောင့် Digital Kaway (ဒစ်ဂျစ်တယ် ကဝေ) ဆိုပြီး ပေးဖြစ်တာပါ။

Related Article >>> အဆင်မပြေတာတွေ များလွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားပြီးမှ အောင်မြင်မှုကို ပြန်ပြီး ရှာတွေ့နိုင်ခဲ့တဲ့ မဧပရယ်လ်ခင်

Q. ဝန်ထမ်းဘဝကနေ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ဖြစ်ပုံကိုသိပါရစေ။

A . အရင်တုန်းကတော့ ကုမ္ပဏီတစ်ခုကို ဦးဆောင်မယ့် အမျိုးသမီးတစ်ဦးဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။

အဲ့ဒီလိုနဲ့ ၂၀၁၄ မှာ အစ်မ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ဖြစ်တယ်။ သူက အသေးစား အလတ်စား ကုမ္ပဏီလေးတွေကို မြေတောင်မြှောက်ပေးတဲ့ အဖွဲ့အစည်းမျိုးပေါ့။ အဲဒီမှာ လုပ်ရင်း ကုမ္ပဏီတစ်ခုထောင်ဖို့ဆိုတာ ငွေတွေအများကြီးရှိနေမှ ဖြစ်တာမဟုတ်ဘူးဆိုတာ သိသွားတာ။အဲဒီလိုနဲ့ စိတ်ကူးတစ်ခုရပြီး လုပ်ဖြစ်သွားတာပါ။

Q . 30 under 30 ကို ဆုကို ရတဲ့ အချိန်မှာ အစ်မအတွက် ဘာတွေ ပြောင်းလဲသွားလဲ။

A . ဆုမရခင်ရော၊ ဆုရပြီးတော့ရော အလုပ်တွေက လုပ်နေရတာပါပဲ။ (ရယ်လျက်) ဒါပေမဲ့ ကိုယ့်ကို လူတွေပိုအသိအမှတ်ပြုလာကြတယ်။ ကိုယ့်အတွက်လည်း တာဝန်ပိုကြီးလာတယ်။ ကိုယ့်ကိုအထင်ကြီးလို့ ပေးထားတာဆိုတော့ ဒီထက်ပိုပြီး လုပ်နိုင်စွမ်းနည်းမသွားဖို့ ပိုကြိုးစားရတယ်။ အကောင်းဆုံးအချက်ကတော့ အစ်မ အလုပ်ပိုကြိုးစားဖို့အတွက် တွန်းအားပိုဖြစ်စေတယ်။

Q . Digital Kaway အပြင်နောက်ထပ် ဘယ်လိုအဖွဲ့အစည်းတွေမှာ ဦးဆောင်ဖြစ်သေးလဲ။

A . အစ်မက Geek Girl Myanmar ဆိုတဲ့ မြန်မာအမျိုးသမီးနည်းပညာရှင်များ အဖွဲ့ကိုလည်း စတင် တည်ထောင်ထားပါတယ်။ အဲ့ဒီအဖွဲ့မှာ အမျိုးသမီးဦးဆောင်သူတွေ၊ ဦးဆောင်သူဖြစ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးလေးတွေရှိတယ်။ သူတို့အတွက် အစ်မတို့က Workshop တွေ၊ Training တွေ လုပ်ပေးတာမျိုးရှိပါတယ်။ နောက် နယ်က အမျိုးသမီးတွေအတွက် ဒစ်ဂျစ်တယ်နည်းပညာကို သင်ကြားပေးတာမျိုးရှိပါတယ်။

Q . အသက်ငယ်ငယ်နဲ့  ဦးဆောင်သူတစ်ယောက် ဖြစ်လာရတာရော၊ နောက်ပြီး အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက်ရော ကြုံရတဲ့ စိန်ခေါ်မှုတွေရှိရင်ပြောပြပါဦး။

A . အဓိကက အသက်ငယ်တဲ့အတွက်ပေါ့နော်။ လုပ်ငန်းစလုပ်တဲ့အခါတုန်းက ကြုံခဲ့ရတာတွေရှိတယ်။ လုပ်ငန်းကိစ္စဆွေးနွေးဖို့ သွားတဲ့အခါ နင့် မှာ Boss ပါလာလား လို့ မေးကြတာရှိတယ်။ နောက် ဝန်ထမ်းခေါ်တဲ့ အတွေ့အကြုံရှိတဲ့ သူတွေကို အလုပ်ခန့်ချင်တဲ့အခါ ပြဿနာနည်းနည်းရှိတယ်။ အသက်ငယ်ငယ် အမျိုးသမီးတစ်ယောက်ဆီမှာ အလုပ်ဝင်ဖို့ဆိုရင် သူတို့က စဉ်းစားကြတာတွေရှိတယ်။ အခုတော့ ဒါမျိုးတွေ သိပ်မကြုံရတော့ပါဘူး။

Q . ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို Passion ရှိဖို့ ဘယ်လောက်အထိအရေးကြီးလဲ။ မရှိရင်ရော ဘယ်လိုလုပ်ယူရမလဲ

A . Passion ရှိဖို့ (ကိုယ့်အလုပ်ကိုချစ်ဖို့) က တကယ်အရေးကြီးပါတယ်။ အလုပ်လုပ်တယ်ဆိုတာ နေ့စဉ်နဲ့အမျှ ဒီအလုပ်အတွက်ကို ကိုယ့်အချိန်တွေကို ပေးထားရတယ်။ မနက်ဆို စောစောထ အလုပ်ကို သွားရတယ်။ ညဆို နောက်ကျမှ ပြန်လာရတယ်။ ဒီလို တစ်နေ့လုံး ကိုယ့်အချိန်တွေကို နေ့စဉ်ပေးနိုင်ဖို့ဆိုတာ အလုပ်ကို ချစ်တဲ့ Passion မရှိဘဲ လုံးဝမဖြစ်နိုင်ဘူး။ နောက်ပြီး အစ်မထင်တာက Passion ဆိုတာ လုပ်ယူလို့မရဘူး ဒါပေမဲ့ Motivation လုပ်လို့တော့ရမယ်။ ကိုယ့်အလုပ်နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေချမယ်။ အဲဒီရည်မှန်းချက်တွေအတိုင်း ဖြစ်လာအောင်လုပ်မယ် ဆိုရင် ဖြစ်လာမှာပါ။

Related Article >>> မြန်မာ့ရိုးရာအစားအသောက်တွေကို အရည်အသွေးမီ၊ စိတ်ချရတဲ့ စားသောက်ကုန် ဖြစ်စေချင်တာမို့ Tree Food ကို လုပ်ဖြစ်ခဲ့တာပါလို့ ဆိုလာတဲ့ မချိုလဲ့အောင်

Q .  အလုပ်နဲ့ ဘဝ ညီမျှဖို့ ဘယ်လောက်အထိအရေးကြီးလဲ

A . အလုပ် နဲ့ ဘဝ နဲ့ အချိန်က ညီမျှမှာ မဟုတ်ဘူးလို့တော့ ထင်တယ်။ အစ်မ ဘဝမှာဆိုလည်း အလုပ်က ရာခိုင်နှုန်း တော်တော်များများနေရာယူထားတယ်။

အစ်မအမြင်က လူတစ်ယောက်ဟာ အောင်မြင်ချင်ရင် အလုပ်က ငါးဆယ် ရာနှုန်း၊ ဘဝက ငါးဆယ်ရာနှုန်း အချိန်ပေးနေလို့မရဘူးလို့မြင်တယ်။ အလုပ်ကို ၁၀၀ ရာခိုင်နှုန်းထားလို့လည်း မဖြစ်ပြန်ဘူး ဒီတော့ ၇၀ ၈၀ ရာခိုင်နှုန်းလောက်တော့ ပေးသင့်ပါတယ်။

Q . လူငယ်တွေက ကိုယ့်အနာဂတ်အတွက် ဘယ်လိုပြင်ဆင်ထားသင့်တယ်ထင်လဲ?

A . ဘာဖြစ်လာမယ်ဆိုတာ မသိတဲ့အတွက် အများကြီးပြင်ဆင်ထားလို့တော့မရပါဘူး။ ကောင်းတာကတော့ စည်းကမ်းတကျလေး အလုပ်လုပ်စေချင်တယ်။ ငါ ဒီအချိန်ဆို ဒါလေးပြီးအောင်လုပ်မယ်။ ဒီနေ့ ဒါလေးပြီးအောင်လုပ်မယ်ဆိုတဲ့ စိတ်လေးနဲ့ လုပ်စေချင်တယ်။

နောက်ပြီး နေ့စဉ်တိုင်း စွမ်းအင် ရာခိုင်နှုန်းပြည့်ထည့် အလုပ်လုပ်စေချင်တယ်။ ဒါဆိုရင် နောက်နေ့တွေမှာ ရလာမယ့် အခွင့်အရေးတွေအတွက် အဆင်သင့်ဖြစ်နေမှာပါ။

Q . ကိုယ်ပိုင်အလုပ်ကို ဦးစီးဦးဆောင်လုပ်ချင်တဲ့ အမျိုးသမီးလေးတွေအတွက် အားပေးစကား။

A . လုပ်ငန်းရှင်ဆိုတဲ့ စကားက ကြားလို့သာကောင်းတာပါ။ တာဝန်ကလည်း များပါတယ်။ ပြဿနာလည်း များပါတယ်။ (ရယ်လျက်) အမျိုးသမီး၊ အမျိုးသားပဲဖြစ်ဖြစ် လုပ်ငန်းရှင်ဖြစ်ချင်တယ်ဆိုရင် သူတို့ဆီမှာ ခံနိုင်ရည်ရှိလားလို့ အစ်မက မေးချင်တယ်။ ငွေကြေးပြတ်လပ်တာကိုလည်း ခံနိုင်ရည်ရှိရမယ်။ ပြဿနာတွေကိုလည်း ခံနိုင်ရည်ရှိရမယ်။ ကိုယ်က ဒီလို စိန်ခေါ်မှုတွေထက် ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းချင်တယ်ဆိုရင်တော့ လုပ်ငန်းရှင်ဖြစ်ဖို့ထက် လုပ်ငန်းခွင်တစ်ခုမှာ အောင်မြင်သူဖြစ်ဖို့ ကြိုးစားသင့်တယ်လို့ မြင်ပါတယ်။

ဒါကတော့ မစန္ဒီ စိန်သိန်းရဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့တာပါ ယောင်းတို့ရေ… ဒီဆောင်းပါးလေးကို ဖတ်ရင်း ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ်ဆိုရင်ပဲ အက်ဒ်မင်တို့ မေးရ၊ ဖြေရကျိုး၊ တင်ဆက်ပေးရကျိုး နပ်ပါပြီနော်…

အောင်မြင်ထူးချွန်တဲ့ အမျိုးသမီးငယ်လေးတွေ ဖြစ်လာကြပါစေလို့…

Sugar Cane (For Her Myanmar)

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*

Leave a Reply

Your email address will not be published. Required fields are marked *