Viber ကနေ စတစ်ကာ ဒေါင်းလုတ်ဆွဲရင်း အိပ်မက်တွေအသက်ဝင်လာခဲ့သူ မသက်သက်မွန်










“လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဝါသနာအလျောက်သာ အလှပြင်သင်တန်းကို တက်ခဲ့ဖူးတယ်။ ဒါပေမယ့် စိတ်ထဲမှာ တော့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အလှဖန်းတီးရှင်တစ်ယောက်အဖြစ် ပုံဖော်မှန်းဆမိတယ်။ တကယ်လို့ အလှပြင်ဆိုင် ဖွင့်ဖြစ်ခဲ့လို့ရှိရင်လည်း ကိုယ်တိုင်အောင်မြင်အောင် ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်ရုံသာမက ကိုယ်သမီးလေး အတွက်လည်း လက်ဆင့်ကမ်းအမွေပေးနိုင်ခဲ့နိုင်ဖို့အထိ ရည်ရွယ်ပါတယ်။ ကျွန်မကိုယ်တိုင် အောင်မြင်အောင်လုပ် ဆောင် နိုင်လို့ရှိရင် ကျွန်မသမီးလည်း ဆက်လက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သမီးလေး လောကအလယ်မှာ အောင်မြင်စွာ ရပ်တည် နိုင်ဖို့က ကျွန်မအတွက် အရေးအကြီးဆုံးပါပဲ” ဟု မသက်သက်မွန်က ပြောကြားခဲ့ပါသေးတယ်။

သူမအနေနဲ့ ဒီအရာအတွက် ဆုံးဖြတ်ချက်တစ်စုံတစ်ရာချ ပြီးမပြီး မေးမြန်းသည့်အခါ “အခုအချိန်မှာတော့ ကျွန်မ ဘာလုပ်ရမယ်ဆိုတာ ဝေခွဲလို့မရသေးပါဘူး။ နောက်နှစ်ပတ်နေမှ ကားထုတ်လို့ရမယ်ဆိုတော့ စဉ်းစားဖို့အချိန် ရပါသေး တယ်လေ။ ဘယ်လိုပဲ ဆုံးဖြတ်မိပါစေ၊ Viber နဲ့ Ford ကိုတော့ အခုလို အခွင့်အလမ်းလေး ပေးခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။” ဟု သူမက ပြောကြားခဲ့သည်။

ကားထုတ်တဲ့နေ့မတိုင်ခင်ထိ မသက်သက်မွန်တစ်ယောက် အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ဘယ်လောက်ထိဆုံးဖြတ်ရခက်နေမလဲဆိုတာ ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့တင် ခန့်မှန်းလို့ရနေပါပြီ။ သူ(မ)ဘယ်လိုဆုံးဖြတ်ချမလဲ မသိပေမဲ့ သူ(မ)ဘဝအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ပါစေလို့ ကြိတ်ဆုတောင်းနေမိပါတော့တယ်။

<<<Unicode>>>

Viber စတစ်ကာများကို ကြိုက်နှစ်သက်မိရာမှ ရင်ခုန်စိတ်လှုပ်ရှားဖွယ်တွေ ကြုံတွေ့ခဲ့ရတဲ့ မသက်သက်မွန်

Single Mom တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အပ်ချုပ်ဆိုင်လေးဖွင့်ထားတဲ့ မသက်သက်မွန်ဟာ Viber ရဲ့ ပင်တိုင် ပရိသတ်တစ်ယောက်ဖြစ်သလို Viber စတစ်ကာတွေကို အထူးကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ Viber ကို ၁၀ စုနှစ် နီးပါး စွဲစွဲမြဲမြဲအသုံးပြုခဲ့ရင်း ချစ်စရာကောင်းပြီး ထူးခြားတဲ့ ဒီဇိုင်းရုပ်ပုံ စတစ်ကာလေးတွေနဲ့ Viber ပေါ်က  သူငယ်ချင်းတွေဆီ သူမခံစားချက်တွေ ပုံဖော်ပြရတာကို အကြိုက်ဆုံးဖြစ်ပါတယ်။  ၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းမှာတော့ Viber ကနေ Ford စတစ်ကာများ ထွက်လာပြီး ကံထူးရှင်အဖြစ် ရွေးချယ်ခံရဖို့ဆိုတာ သူမအိပ်မက်တောင် ထည့်မမက်ဖူးခဲ့တဲ့အရာတစ်ခုပါ။

“ကျွန်မကိုယ် ကျွန်မ ကံကောင်းတဲ့ သူလို့ မထင်ထားတဲ့အတွက် အဲ့ဒီလို အွန်လိုင်းကံစမ်းတာတွေ၊ ပြိုင်ပွဲတွေမှာ ဘယ် တုန်းကမှ ဝင်မပါခဲ့ဘူး။ Ford စတစ်ကာလေးတွေ တွေ့တဲ့အခါမှာတော့ ကျွန်မ ချက်ချင်းပဲ ဒေါင်းလုတ် လုပ်ချင်ခဲ့တယ်။ အဲဒီ စတစ်ကာလေးတွေက အရမ်းချစ်ဖို့ကောင်းပြီး စာသားလေးတွေကလည်း ကျွန်မမှာ ရှိတဲ့ တခြားစတစ်ကာတွေနဲ့ မတူဘူး။ တကယ်ကို ဆုရဖို့အတွက်ဆိုပြီး မစဉ်းစားမိခဲ့ဘူး” ဟု မသက်သက်မွန်က ဆိုခဲ့ပါတယ်။

Related article>>>ကုမ္ပဏီတစ်ခုထောင်ဖို့ဆိုတာ ငွေတွေအများကြီးရှိနေမှ ဖြစ်တာမဟုတ်ဘူး လို့ ဆိုလာတဲ့ မစန္ဒီစိန်သိဏ်း

ဒီကမ်ပိန်းကိုတော့ Viber နှင့် Ford တို့ပူးပေါင်း ပြုလုပ်ခဲ့တာဖြစ်ပြီး Ford စတစ်ကာကို ဒေါင်းလုပ်လုပ်ကာ ပါဝင်သူတွေထဲက ကံစမ်းရွေးချယ်ပေးခဲ့ပြီး Ford Fiesta ကား လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အခုလို ကျပန်းရွေးချယ်ခဲ့ရာကနေ မသက်သက်မွန်ကတော့ အသစ်စက်စက် Ford Fiesta ကားရဲ့ပိုင်ရှင်ဖြစ်သွားခဲ့ပါတယ်။ “ပထမဦးဆုံး ကြားကြားချင်းတော့ တကယ့်ကို မယုံနိုင်အောင်ပါပဲ။ Viber ကနေတစ်ဆင့် လာရောက်အကြောင်းကြားတဲ့သူကိုတောင် Block လိုက်မိတယ်။ နောက်တော့မှ အလိမ်အညာမဟုတ်ဘဲ တကယ်ဟုတ်တယ်ဆိုတာသိတော့ ကျွန်မနဲ့ သမီးလေးရော အတိုင်းမသိဝမ်းသာ သွားတာ ပြောမပြတတ်အောင်ပါပဲ။ ခုထက်ထိ တစိမ့်စိမ့်တွေးရင်နဲ့ကို ပျော်နေတာ” ဟု မသက်သက်မွန်က သူမရဲ့ ပီတိကို ဝေမျှပေးခဲ့ပါတယ်။

မသက်သက်မွန်ဟာ ကံစမ်းမဲပေါက်တဲ့ ကားသစ်နဲ့ မြို့ပတ်လျှောက်လည်ဖို့ ရင်ခုန်နေသလို၊ အခုလို ကံတရားကမျက်နှာသာ ပေးပေမယ့်လည်း သူမ စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေးတွေလည်း ခံစားနေရပါတယ်။ ဒီကားလေးက သူ(မ)နဲ့ သမီးလေးအတွက် အလွန်မြတ်နိုးတဲ့အရာဖြစ်ပေမယ့်လည်း အနာဂတ်လမ်းခရီး ဆက်လျှောက်လှမ်းတဲ့အခါ ပိုမိုအဆင်ပြေဖို့အတွက် သူမဘဝရဲ့ အိပ်မက်တစ်ခုကရှိနေပါသေးတယ်။ နှစ်အတော်ကြာ စိတ်ကူးယဉ်ခဲ့ရတဲ့ အလှပြင်ဆိုင်လေးတစ်ခု ဖွင့်ရန်အတွက် အခွင့်အရေးတစ်ရပ်လည်း ဖန်တီးလာပြီမို့ သူ(မ)စိတ်တွေ ဒွိဟဖြစ်နေရပါတယ်။

“ကျွန်မ ခုလို အပ်ချုပ်ဆိုင်လေး ဖွင့်လာတာ နှစ်အနည်းကြာပါပြီ။ ဒါပေမယ့်လည်း အလှပြင်ဆိုင်လေးဖွင့်ချင်လွန်းလို့ အမြဲတစေ အရင်းအနှီးအတွက် ကြံစည်စဉ်းစားနေခဲ့တာပါ။ ခုလို ကံကောင်းလာတော့ ကိုယ်လုပ်နိုင်ပြီ၊ ကိုယ်တကယ်ဖွင့်ဖို့ တတ်နိုင်ပြီလို့ ခံစားရတယ်။ တစ်ဖက်မှာလည်း ဒီကားလေးနဲ့ အရင်းအနှီး ပြုရမယ်ဆိုတော့ ရောင်းရတော့မှာပေါ့နော်။ အဲဒါကြောင့် ကျွန်မ ဇဝေဇဝါနဲ့ ရင်ထဲဝေခွဲမရ ဆုံးဖြတ်ရခက်နေတာပေါ့နော်” ဟု မသက်သက်မွန်က ရင်ဖွင့်ခဲ့ပါတယ်။

Related article>>>ဒေါက်တာကျော်ဟန်သာမြင့် (သို့) မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို ဖော်ထုတ်ပြသူလူငယ်တစ်ဦးနဲ့တွေ့ဆုံခြင်း

Single Mom တစ်ယောက်အနေနဲ့ သူမ ညီမရဲ့အိမ်ဆိုင်လေးမှာ စတင် အရင်းအနှီး ထည့်ဝင်လုပ်ကိုင်ခဲ့ပြီး နောက်ဆုံးမှာ ကိုယ်ပိုင်လုပ်ငန်းလေး ဦးဆောင်ထူထောင်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာ သူ(မ) မိသားစု စားဝတ် နေရေးအတွက် လုပ်ငန်းတွေ လုပ်ကိုင်နေရပေမဲ့ ရေရှည်မိသားစုရပ်တည်နိုင်ရေးအတွက် ဒီလုပ်ငန်းတွေလောက်နဲ့ မလုံလောက်သေးဘူးလို့ သူ(မ)ခံစားနေရပါတယ်။ အရေးကြီးဆုံးကတော့ သူမအတွက် အလှအပရေးရာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာရေးထက် ဘယ်အရာကမှ စိတ်လှုပ်ရှားစရာမကောင်းခဲ့ပါဘူး။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဝါသနာအလျောက်သာ အလှပြင်သင်တန်းကို တက်ခဲ့ဖူးတယ်။ ဒါပေမယ့် စိတ်ထဲမှာ တော့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အလှဖန်းတီးရှင်တစ်ယောက်အဖြစ် ပုံဖော်မှန်းဆမိတယ်။ တကယ်လို့ အလှပြင်ဆိုင် ဖွင့်ဖြစ်ခဲ့လို့ရှိရင်လည်း ကိုယ်တိုင်အောင်မြင်အောင် ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်ရုံသာမက ကိုယ်သမီးလေး အတွက်လည်း လက်ဆင့်ကမ်းအမွေပေးနိုင်ခဲ့နိုင်ဖို့အထိ ရည်ရွယ်ပါတယ်။ ကျွန်မကိုယ်တိုင် အောင်မြင်အောင်လုပ် ဆောင် နိုင်လို့ရှိရင် ကျွန်မသမီးလည်း ဆက်လက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သမီးလေး လောကအလယ်မှာ အောင်မြင်စွာ ရပ်တည် နိုင်ဖို့က ကျွန်မအတွက် အရေးအကြီးဆုံးပါပဲ” ဟု မသက်သက်မွန်က ပြောကြားခဲ့ပါသေးတယ်။

သူမအနေနဲ့ ဒီအရာအတွက် ဆုံးဖြတ်ချက်တစ်စုံတစ်ရာချ ပြီးမပြီး မေးမြန်းသည့်အခါ “အခုအချိန်မှာတော့ ကျွန်မ ဘာလုပ်ရမယ်ဆိုတာ ဝေခွဲလို့မရသေးပါဘူး။ နောက်နှစ်ပတ်နေမှ ကားထုတ်လို့ရမယ်ဆိုတော့ စဉ်းစားဖို့အချိန် ရပါသေး တယ်လေ။ ဘယ်လိုပဲ ဆုံးဖြတ်မိပါစေ၊ Viber နဲ့ Ford ကိုတော့ အခုလို အခွင့်အလမ်းလေး ပေးခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။” ဟု သူမက ပြောကြားခဲ့သည်။

ကားထုတ်တဲ့နေ့မတိုင်ခင်ထိ မသက်သက်မွန်တစ်ယောက် အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ဘယ်လောက်ထိဆုံးဖြတ်ရခက်နေမလဲဆိုတာ ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့တင် ခန့်မှန်းလို့ရနေပါပြီ။ သူ(မ)ဘယ်လိုဆုံးဖြတ်ချမလဲ မသိပေမဲ့ သူ(မ)ဘဝအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ပါစေလို့ ကြိတ်ဆုတောင်းနေမိပါတော့တယ်။

 

No Comments Yet

Comments are closed