“ပိပိတို႔ စကားဝိုင္း”ကို ျမန္မာႏိုင္ငံမွာ စၿပီး မိတ္ဆက္ေပးခဲ့တဲ့ မနႏၵာေျပာျပတဲ့ “ဘုန္း” နဲ႔ Feminism အေၾကာင္း

“Feminist တစ္ေယာက္အေနနဲ႔ အစ္မရဲ႕ အျမင္ေျပာရမယ္ဆိုရင္ အစ္မက ဘုန္းဆိုတဲ့ အရာကို လက္မခံခ်င္ဘူး။”

ေယာင္းတို႔ေရ… ဒီတေလာ Social Media ေပၚမွာ #Womentoohavehpone (အမ်ိဳးသမီးေတြမွာလည္း ဘုန္းရွိတယ္) ဆိုတဲ့ Hashtag ေလးနဲ႔ ပရိုဖိုင္ေတြ ေျပာင္းၾကတာ သတိထားမိၾကမယ္ထင္ပါတယ္ေနာ္… ဒီကမ္ပိန္းကို စတင္ခဲ့တာက မေအးသီရိေက်ာ္၊ မျပံဳးသက္သက္ေက်ာ္၊ ေဒါက္တာ သက္စုေထြးနဲ႔ မနႏၵာ နဲ႔ ေဒါက္တာၿဖိဳးသီဟ တို႔ အဖြဲ႕ကေန စတင္ခဲ့တာလို႔ သိရပါတယ္။ ေယာက္်ားေလးေတြက ဘုန္းပိုႀကီးတယ္ဆိုတဲ့ အယူအဆကို စၿပီး စိန္ေခၚလိုက္တဲ့ ဒီကမ္ပိန္းဟာ ေမလ ၂၀ရက္ေန႔က စတင္ခဲ့ၿပီး ဆယ္ရက္ ကမ္ပိန္းျဖစ္တာမို႔ ၃၀ ရက္ေန႔မွာ အဆံုးသတ္မယ္လို႔ သိရပါတယ္။ အက္ဒ္မင့္အတြက္ေတာ့ ဒီကမ္ပိန္းဟာ ေတာ္ေတာ္စိတ္ဝင္စားစရာေကာင္းပါတယ္။ ဒါေၾကာင့္လည္း ကမ္ပိန္းကို စတင္ခဲ့တဲ့ မနႏၵာနဲ႔ ေတြ႕ဆံုၿပီး ဒီလို အေမးအေျဖေလးေတြ လုပ္ျဖစ္ခဲ့ပါတယ္ ေယာင္းေရ…

Q : အရင္ဆံုး မမအေၾကာင္းေလး မိတ္ဆက္ေပးပါဦးရွင့္..

A : အစ္မနာမည္ နႏၵာလို႔ေခၚတယ္။ အစ္မက ရွမ္းျပည္ေျမာက္ပိုင္း မန္စံဆိုတဲ့ ရြာကေန လာတာေပါ့ေနာ္.. ရန္ကုန္မွာ ရွိေနတာကေတာ့ (၃)ႏွစ္ေက်ာ္ေက်ာ္္ (၄)ႏွစ္ေလာက္ ရွိၿပီ။ ၿပီးေတာ့ အစ္မက စာေတြ ေရးျဖစ္တယ္။ ဘာသာျပန္ျဖစ္တယ္။ စာေရးတယ္ဆိုတာ Feminist Literature လို႔ပဲ ေခၚရမွာေပါ့ေနာ့္.. အဲ့ Category ထဲမွာပဲ ရွိတယ္။ Feminist စာေပ လို႔ေခၚတယ္။ ဒါေပမဲ့ ခု မၾကာမီ အစ္မက အဂၤလိပ္လို တစ္အုပ္ထုတ္ဖို႔ရွိတယ္ေပါ့။ ပံုမွန္အားျဖင့္ အစ္မက ဘာသာျပန္တဲ့ဟာပဲ ထုတ္ထားတာ မ်ားတယ္။ ၿပီးေတာ့ အစ္မ ကိုယ္ပိုင္ Blog လည္း ေရးျဖစ္တယ္။ ေရးတာေတာ္ေတာ္မ်ားမ်ားကလည္း Feminist စာေပေတြ၊ ကဗ်ာေတြပဲ မ်ားတယ္။

 ၿပီးရင္ ဒီလို ျပဇာတ္ေတြမွာ သရုပ္ေဆာင္ျဖစ္တယ္။ ဥပမာ The Vagina Monologue လို Play (ျပဇာတ္) ဆိုရင္ေတာ့ အစ္မက Directing ပိုင္းနဲ႔ Producing ပိုင္းကို တာဝန္ယူခဲ့တယ္ေပါ့ေနာ္.. ျမန္မာႏုိင္ငံမွာ လုပ္ခဲ့တဲ့ဟာ.. ၿပီးရင္ က်န္တဲ့ဟာ ေတာ္ေတာ္မ်ားမ်ားမွာ အစ္မက Fulltime Feminist အေနနဲ႔ ရပ္တည္တယ္။

Vagina Monologue Performance တြင္ အဖြင့္စကား ေျပာခဲ့စဥ္က (Photo – Evelyn Yu Yu Swe)

Q: လတ္တေလာ မမလုပ္ျဖစ္ေနတာက?

A: ေလာေလာဆယ္က အစ္မတို႔ ဒီတစ္ႏွစ္အတြင္းမွာ အဲဒီ အစ္မ ဘာသာျပန္တဲ့ စာေရးဆရာမကို ျမန္မာႏုိင္ငံဖိတ္ဖို႔အတြက္ အစ္မတို႔ ရည္ရြယ္ေနတာေပါ့ေနာ္.. အဲဒါ တစ္ခုရွိတယ္။ အဲဒါၿပီးရင္ ဒီ ကမ္ပိန္းေပါ့ေနာ္… #Womentoohavehpone ဆိုတဲ့ ဖိုဝါဒီကို စိန္ေခၚတဲ့ ကမ္ပိန္းတစ္ခုေပါ့ေနာ္.. အဲဒါကို လုပ္ေနတယ္။ အဲဒါၿပီးရင္ အၾကမ္းဖက္မႈကို storytelling ပံုစံနဲ႔ ရွင္းျပထားတဲ့ စာအုပ္၊ အရမ္းထူထူႀကီးေတာ့ မဟုတ္ဘူး.. ပါးပါးေလးနဲ႔ လူေတြကို မက္ေဆ့ခ်္အမ်ားႀကီးေပးတဲ့ စာအုပ္ေလးကို ျပင္ဆင္ေနတယ္ေပါ့…အဲ့ ၃ခုကို ေလာေလာဆယ္ လုပ္ေနတယ္။

Related Article >>> “ဓမၼတာလာတယ္ဆိုတာ လူတိုင္းမွာ မျဖစ္ဘဲ အမ်ိဳးသမီးေတြမွာမွ ျဖစ္တာမို႔ ဒါကို ဂုဏ္ယူသင့္တယ္” လို႔ ဆိုလာတဲ့ ပန္းကေလးရဲ႕ ပဲ့ကိုင္ရွင္ “Henriette Ceyrac”

Q : လတ္တေလာ လုပ္ျဖစ္ေနတာေတြထဲက  #womentoohavehpone ဆိုတဲ့ ကမ္ပိန္းကို ဘယ္ကစလုပ္ျဖစ္ခဲ့တယ္ဆိုတာေလးလည္း သိပါရေစ မမ။

A : ဟိုးတေလာက Social Media ေပၚမွာ ျဖစ္သြားတဲ့ ထဘီကိစၥေပါ့.. ဒီကိစၥေပၚ အေျခခံၿပီးေတာ့ ျဖစ္လာတဲ့ Discussion ေတြက ဘုန္းဆိုတာနဲ႔ပဲ ကပ္ေနတယ္။ မိန္းမေတြက ဘုန္းမရွိဘူး။ ေယာက္်ားေတြထက္ တစ္ဆင့္နိမ့္ပါတယ္၊ တစ္ဆင့္နိမ့္ပါတယ္ဆိုတဲ့ Comment ေတြ၊ Conversation ေတြေၾကာင့္။ ၿပီးေတာ့ မိန္းမမဝင္ရဆိုတဲ့ ေနရာကို ဝင္သြားတယ္။ ဘာညာေပါ့ေနာ္.. အဓိက အဲဒီ Conversation ေတြက အစ္မတို႔ကို ဒီကမ္ပိန္းစဖို႔အတြက္ Provoke လုပ္လိုက္တာေပါ့ေနာ္.. တြန္းအားေပးလိုက္သလိုပဲေပါ့။

ၿပီးေတာ့ အစ္မ ဘုန္းအေၾကာင္း နည္းနည္းေျပာမယ္ေနာ္.. အစ္မၾကားဖူးသေလာက္ဆိုရင္ ဘုန္းဆိုတာကေလ အစတုန္းက Originally စခဲ့တာကေလ အလုပ္လုပ္တဲ့လူကို ေျပာတာ ညီမေလးရယ္။ ဥပမာ ညီမေလးက အလုပ္လုပ္တယ္။ စြမ္းစြမ္းတမံလုပ္ကိုင္တယ္ဆိုရင္ ဒါ ညီမေလးကို ဘုန္းရွိတဲ့သူ တစ္ေယာက္လို႔ အသိအမွတ္ျပဳတယ္။ အဲဒီစကားလံုးက အဲ့အတြက္ စခဲ့တာ။ ဒါေပမဲ့ တျဖည္းျဖည္းနဲ႔ ျမန္မာႏုိင္ငံမွာက် အဲဒီ အသံုးအႏႈန္းကို ဘာသာေရးနဲ႔ သြားၿပီး စပ္ပစ္လိုက္တယ္။

အမ်ိဳးသမီးကို ဘုန္းနဲ႔မကပ္တာက ဒီဘုန္းသည္ ေယာက္်ားေလးနဲ႔ပဲ ပါလာတဲ့အရာ၊ ေယာက္်ားေလးေတြမွာပဲ ရွိသင့္တဲ့အရာဆိုၿပီးေတာ့ ဘုန္းဆိုတဲ့ ျမင့္ျမတ္တဲ့ Spiritual Power က အမ်ိဳးသားေတြဆီမွာပဲ ကပ္တယ္ဆိုတဲ့ အျမင္ျဖစ္သြားတယ္ေပါ့။ ဥပမာ ျမန္မာေတြ အရမ္းသံုးၾကတဲ့ “ေယာက်ာ္းတို႔ ဘုန္း လက္ရုံး၊ မိန္းမတို႔ ဘုန္း ဆံထံုး” ဆိုတာေတြကး မညီမွ်မႈကို ထင္ရွားစြာ ျပလိုက္တာပဲ။ ဒါက အမ်ိဳးသားေတြမွာသာ လုပ္ႏုိင္ကိုင္ႏိုင္စြမ္း၊ လက္ရုံးရည္ ရွိတယ္ဆိုတဲ့ messageကို ေပးေနတာေလ။ Feminist တစ္ေယာက္အေနနဲ႔ အစ္မရဲ႕ အျမင္ေျပာရမယ္ဆိုရင္ အစ္မက ဘုန္းဆိုတဲ့ အရာကို လက္မခံခ်င္ဘူး။ အမ်ိဳးသားလည္း မရွိဘူး။ အမ်ိဳးသမီးလည္းမရွိဘူး။ ဒါက လူလူခ်င္းပဲ။ ေကာင္းတာလုပ္ရင္ ေကာင္းတဲ့လူ၊ မေကာင္းတာ လုပ္ရင္ မေကာင္းတဲ့လူ ဒါပဲေပါ့ေနာ္.. အဲ့လိုမ်ိဳးပဲ ခံယူထားတယ္။ လူေတြ လက္ခံထားတဲ့ ေကာင္းတယ္ဆိုတဲ့ ဘုန္းဆိုတဲ့အရာကို မိန္းမေတြလည္း ပိုင္ဆုိင္တယ္ဆိုတဲ့ Positive message ကို လူေတြဆီ ပို႔ေပးခ်င္တာေပါ့။

Q : ကမ္ပိန္းအေပၚ Public ရဲ႕ Response ကေရာ ဘယ္လို ရွိလဲ အစ္မ

A : အိုး.. အစ္မတို႔ မထင္ထားဘူး။ ခုနက ညီမေလးကို အစ္မရွင္းျပသလိုပဲ။ တခ်ိဳ႕ေတြက ဒီဘုန္းဆိုတာ ဖိုဝါဒီက ထြင္ထားတဲ့ စကားလံုး၊ ဖိုဝါဒီကို အားေပးတယ္ ဘာျဖစ္တယ္၊ ညာျဖစ္တယ္ဆိုတဲ့ မွတ္ခ်က္ေတြကိုပဲ အစ္မတို႔က ေမွ်ာ္လင့္ထားတာ။ ရွင္းရွင္းေျပာရရင္ Feminist ေတြဆီကပဲ အစ္မတို႔ ေမွ်ာ္လင့္ထားတာေပါ့ေနာ္.. ဒါေပမဲ့ message က အစ္မတို႔က Clear message ေပးထားတယ္။ အစ္မတို႔ ကမ္ပိန္းရဲ႕ Description ကိုလည္း ေသခ်ာေရးထားတယ္။ ဘာေၾကာင့္ ဒီဟာကို လုပ္ရတယ္။ ဒီဟာက ဘာေတြကို အခက္အခဲ ျဖစ္ေစတယ္ဆိုတာ ေရးထားတာ ရွင္းလင္းမႈရွိတယ္ ထင္တယ္။ အမ်ားႀကီး ပါဝင္လာတယ္။  ၃၀၀၀ နီးပါးေလာက္ ပါဝင္လာတယ္… ဒါက ခုနက သီရိကို အစ္မေမးၾကည့္ေတာ့ ေျပာျပတာ။ Page လည္း Like လုပ္တဲ့လူ မ်ားလာတယ္ တစ္ရက္ ႏွစ္ရက္ အတြင္းမွာ… အခုထိေတာ့ ေကာင္းတဲ့ မက္ေဆ့ခ်္ေတြ ရတာေပါ့ေနာ္.. တစ္ခု အစ္မသတိထားမိတာက ေတာ္ေတာ္မ်ားမ်ားေလးကေတာ့ ဒါေပမဲ့ ၃၀ ရက္ေန႔မွာ ပိုၿပီး ေျပာလို႔ရမယ္ထင္တယ္ အဲဒါက.. ပါဝင္တဲ့သူ ေတာ္ေတာ္မ်ားမ်ားက အမ်ိဳးသမီးေတြ ျဖစ္ေနတယ္။ ေတာ္ေတာ္မ်ားမ်ားေလးကေလ အသက္အရြယ္မ်ိဳးစံုေပါ့ေနာ္.. ငယ္ငယ္ေလးကေန ဒီ ၁၅ ေလာက္ကေန အသက္ႀကီးပိုင္းေတြ ၄၀၊ ၅၀ ေလာက္ရွိတဲ့ အမ်ိဳးသမီးေတြ ပါဝင္လာတာကို ေတာ္ေတာ္ေလး ေတြ႕ရတယ္။ သူတို႔ ဒီလို ပါဝင္ေပးတာကို အစ္မလည္း ေတာ္ေတာ္ေလး အံ့ၾသဝမ္းသာတယ္။

ma nandar (1)
INTERNATIONAL WOMEN’S DAY အတြက္ UNOPS တြင္ speech ေပးခဲ့စဥ္ (Photo – Anders Lee)

Q: မသိမသာ ခြဲျခားမႈေတြကို လက္ခံေနၾကတဲ့အေပၚ မမရဲ႕ အျမင္ကေရာ?

A : ဒါကေလ Normalization လို႔ေခၚတယ္။ ကိုယ္ငယ္ငယ္တုန္းက ျမင္တဲ့အရာကို ပံုမွန္လို႔ ထင္လာတတ္တာမ်ိဳးေလ။ ဥပမာ မိသားစုထဲမွာ အစ္ကိုက တစ္မ်ိဳး ဆက္ဆံခံရတယ္၊ ကိုယ္က တစ္မ်ိဳး ဆက္ဆံခံရတယ္။ ဆိုပါစို႔.. ကိုယ့္အေမက ကိုယ့္အေဖေလာက္ ပတ္ဝန္းက်င္မွာ အေရးေပးမခံရဘူးဆိုတာကို ျမင္ၿပီး ႀကီးလာတဲ့ ကေလးတစ္ေယာက္ဆိုရင္ သူကိုယ္တုိင္ကလည္း ႀကီးလာရင္ သူ႕ကို လူေတြက အမ်ိဳးသားတစ္ေယာက္ေလာက္ အေရးမေပးဘူးဆိုုရင္လည္း သူ လက္ခံႏုိင္တယ္။ ဘာလို႔လဲဆို သူကိုယ္တိုင္က အဲဒီလုိ မိသားစုမွာ ႀကီးလာတဲ့အတြက္ေပါ့… တကယ္ေတာ့ေလ ညီမေလး.. အဲဒီလို Gender Issue ေတြကေလ အႀကီးႀကီး ၾကည့္စရာမလုိဘူး.. အိမ္ထဲမွာပဲ ရွိတယ္။ အိမ္ထဲကေနပဲ စလာတာပဲ။ ခြဲျခားဆက္ဆံတယ္ဆိုတာက အိမ္ကေန စတာ။ အိမ္ကေန လမ္းကို ေရာက္သြားတယ္။ လမ္းကေန ေက်ာင္းကို ေရာက္သြားတယ္။ ေက်ာင္းကေန ဘုရားေက်ာင္းေရာက္သြားတယ္။ အဲ့လိုေပါ့။ အႀကီးႀကီးေနရာေတြမွာ ျဖစ္တာမဟုတ္ဘူး။ ေသးေသးေလး ေနရာကေနၿပီး ဒါဟာ ပံုမွန္ပဲဆိုတဲ့ Normalization ျဖစ္ေအာင္ ပံုုသြင္းခံခဲ့ရတာ။ ေယာက္်ားက ရိုက္တာပဲျဖစ္ျဖစ္၊ ကေလးေမြးၿပီး ထိန္းေက်ာင္းရတဲ့ ကိစၥပဲျဖစ္ျဖစ္ မိန္းမဆိုတာ အဲ့လိုပဲ… ခံရတယ္ ဆိုတဲ့ ေျဖသိမ့္မႈ တစ္ခုေအာက္မွာ အစ္မတို႔က ၿငိမ္လိုက္ရတာမ်ိဳးေပါ့။ ဒါက ေျပာင္းလို႔ရတယ္။

Related Article >>> ေဒါက္တာ ၿဖိဳးသီဟ ေျပာျပတဲ့ ဓမၼတာလာျခင္း နဲ႔ လြဲမွားေနတဲ့ အယူအဆမ်ားအေၾကာင္း

Q: Feminist ဆိုတာကို အစ္မ ဘယ္လို ခံယူထားလဲ။

A: အဓိကက Feminist တစ္ေယာက္ျဖစ္ျခင္းဆိုတာက ကိုယ္သင္ယူၿပီးသား ဖိုဝါဒီ အက်င့္စရိုက္ေတြကို ဖယ္ေဖ်ာက္တာ။ ဥပမာ- ကုိယ့္ မိန္းမ ျဖစ္ျခင္းကို အထင္ေသးေစာ္ကားၿပီး နွိမ့္ခ်ေျပာဆိုတဲ့ အသုိင္းအဝုိင္းမွာဆို အသံ တိတ္နားေထာင္တာမ်ိဳး မလုပ္ျဖစ္ေတာ့ဘူး။ ကုိယ့္ ခံယူခ်က္ေပၚမွာ ကိုယ္ မားမားမတ္မတ္ ရပ္တည္တယ္။ ျေပာျဖစ္တယ္။ 

ဒီမွာက ေယာက္်ားေလးေတြကိုဆို Be Nice ဆိုၿပီး သင္တာမ်ိဳး သိပ္မေတြ႕ရဘူး။ ကိုယ့္ကိုယ္ကုိယ္ ေကာင္းေအာင္ေနဆိုတာေလာက္ပဲ။ မိန္းကေလးေတြကိုက်ေတာ့ Constantly(ေတာက္ေလွ်ာက္) ငယ္ငယ္ကတည္းကကို သူမ်ားေတြကို Nice ျဖစ္ဖို႔ သင္ခဲ့ရတယ္။ အဲဒါေၾကာင့္ Rape Case တို႔ Sexual Harassment ျဖစ္တာတို႔ အဲလို ကိစၥေတြဆိုရင္ Public Place မွာ ျဖစ္ေနတာေတာင္မွ မိန္းကေလးေတြက ႀကိတ္ခံေနၾကရတာ။ အသံမထြက္ရဲၾကဘူး။ အဲဒါေလ ေဘးလူကို ထိခိုက္မွာစိုးလို႔။ သူကသာ ေအာ္လိုက္ရင္ အဲဒီ ေဘးလူကို ထိခိုက္မွာ၊ သူမ်ားက တစ္ခုခု လုပ္မွာ ဒါမွမဟုတ္ရင္ သူ႕ကို သူမ်ားက မယံုၾကမွာ အဲဒီေၾကာက္စိတ္ေတြ ေအာက္မွာ မိန္းကေလးေတြ ရွင္သန္လာတာ တအားမ်ားတာေၾကာင့္ပါပဲ။ ေနာက္တစ္ခုက မိန္းကေလးေတြ တိတ္ေနရင္ အစ္မတို႔က အရမ္းသေဘာက်ၾကတယ္။ ဘာလို႔လဲ… မိန္းကေလးဆိုတာကို စကားမေျပာဘဲ ၿငိမ္ၿငိမ္္ေလးေနၿပီး အိမ္အလုပ္ေတြ ႏိုင္ႏုိင္နင္းနင္းလုပ္တယ္ဆိုတာကို မိန္းကေလးေတြမွာ ရွိရမယ့္ အရည္အခ်င္းတစ္ခုလို သတ္မွတ္ထားၾကလို႔ေလ။ ကိုယ့္အျမင္ကိုယ္ ေျပာျပရဲတဲ့ မိန္းကေလးေတြဆို လူေတြက အျမင္ကတ္ၾကတယ္။ ဒါကို ေျပာင္းလဲ ပစ္ရမွာေပါ့။

Ma Nandar
မနႏၵာ

Q : Feminism အေပၚမွာ လူေတြရဲ႕ လက္ခံႏုိင္စြမ္းကေရာ မမ။ ဘယ္လို အေျခအေန ရွိလဲ?

A :Feminist ဆိုတဲ့ စကားလံုးက ျမန္မာႏုိင္ငံမွာ Negative ျဖစ္ေနတဲ့ အရာနဲ႔ attached ျဖစ္ေနတယ္။ ဘာလဲဆိုုရင္ Feminist ဆိုရင္ ေယာက္်ားေတြကို မုန္းၾကတယ္။ ဟို.. သမားရိုးက်နည္းကို မလိုက္ၾကဘူး။ မေလးစားၾကဘူး။ ရိုးရာယဥ္ေက်းမႈကို မေလးစားၾကဘူးဆိုတဲ့ Negative side ေတြကိုပဲ လူေတြက အစာေကၽြးခံေနရတဲ့အခါမွာ ေကာင္းတဲ့ အခ်က္ေတြကို လြတ္သြားတယ္။ Feminist ေတြကိုလက္ခံဖို႔က သူတို႔အတြက္ အရမ္္းကို ခက္ေနတာ။ ျမန္မာႏုိင္ငံ အတိုင္းအတာနဲ႔ေရာ၊ ႏုိင္ငံတကာ အတိုင္းအတာနဲ႔ေရာ ျပန္ၾကည့္မယ္ဆိုရင္ ဒီ Feminism ကို လက္ခံတဲ့အား အရမ္းနည္းေနတယ္။

ဘာလဲဆိုေတာ့ ျမန္မာႏုိင္ငံမွာဆို အေၾကာင္းအမ်ိဳးမ်ိဳးရွိတယ္ ညီမေလးရယ္… နံပါတ္ (၁) ကက်ေတာ့ ခဏကေျပာတဲ့ ဘုန္းဆိုတဲ့ Concept ေပါ့ေနာ္… မိန္းကေလးေတြက ေမြးကတည္းက ေယာက္်ားေလးေတြထက္ တစ္ဆင့္နိမ့္တယ္ဆိုတဲ့ဟာကို ေသြးေတြ၊ သားေတြ၊ အရိုးေတြထဲထိ စြဲေနေအာင္ ယံုၾကည္ထားၾကတဲ့အသိုင္းအဝိုင္းမွာ ႀကီးလာတဲ့အတြက္ အဲဒါကို မေျပာင္းလဲႏုိင္ဘူး။ မိန္းကေလးနဲ႔ ေယာက္်ားေလးက တန္းတူတယ္ဆိုတာကို ေျပာေနတဲ့ Feminist ကို ဘယ္လိုမွ ၾကည့္လုိ႔မရဘူး။ ေနာက္တစ္မ်ိဳးက်ေတာ့ Feminist ဆိုတဲ့ စကားလံုးက အေနာက္တုိင္း စကားလံုး၊ အေနာက္တိုင္း ယဥ္ေက်းမႈဆိုတဲ့ အျမင္မွားမႈေတြ၊ အရိုးစြဲမႈေတြ ရွိေနတယ္။ ေျပာရမယ္ဆို ဒီမိုကေရစီဆိုတာကလည္း အေနာက္တိုင္းက လာတဲ့ Idea ပဲေလ.. ဘာေၾကာင့္ အေနာက္က လာတဲ့ Idea ႀကီးအတြက္ ေပးဆပ္ေနၾကတာလဲ? ဘာေၾကာင့္ ဖက္တြယ္ထားၾကတာလဲ? ျမန္မာႏုိင္ငံႀကီးအတြက္ ပိုမိုေကာင္းမြန္ေအာင္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ေပးဆပ္ေနၾကတာေလ။ Feminism ကလည္း အဲဒီလိုပဲဆိုတာကို ေတာ္ေတာ္မ်ားမ်ားက မခ်ိတ္ဆက္မိဘူး။ အဲဒါက်ေတာ့လည္းတစ္ဖက္ကေန ၾကည့္ရင္ Feminist ေတြရဲ႕ လိုအပ္ခ်က္လို႔ ေျပာလို႔ရတယ္ေပါ့ေနာ္.. တခ်ိဳ႕ Feminist ေတြက်ေတာ့လညး္ Feminism ဆိုတာကို လြဲမွားစြာ အသံုးခ်တာမ်ိဳး ရွိခဲ့တဲ့အခါ အဲဒါကို ျမင္တဲ့သူေတြက Feminist ဆိုတာ ဆိုးရြားတဲ့အရာလို႔ သြားၿပီး conclusion ခ်ပစ္လုိက္တာေပါ့ေနာ္။  

Q: ဒီထက္ပိုၿပီးေတာ့ေရာ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္ၿပီး မမ ဘာေတြ ထပ္လုပ္ခ်င္ေသးလဲ?

အစ္မ Menstruation (ရာသီလာျခင္း) နဲ႔ ပတ္သက္တဲ့ အေတြးအေခၚ အယူအဆေတြကို အစ္မ Challenge လုပ္ခ်င္တယ္။ ၿပီးေတာ့ Feminism ကို ေအာက္ေျခလူတန္းစားေတြ နားလည္လြယ္ေအာင္ လုပ္ခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ Feminist ေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ ျဖတ္သန္းမႈက အရမ္း Middle Class နဲ႔ Upper Middle Class က ျဖစ္ေနေတာ့ ေအာက္ေျခလူေတြက သူတို႔ရဲ႕ Academic Term ေတြ၊ သီအိုရီေတြ နဲ႔ သြားေျပာလို႔ မရဘူးေလ… အစ္မက Personal Story ေပၚ အေျခခံၿပီးေတာ့ Feminism ကို လူေတြနဲ႔ ခ်ိတ္ဆက္ေပးရတာကို ေျပာရမယ္ဆိုရင္ကြာ လူၿပိန္းနားလည္ေအာင္ လုပ္လိုက္တာေပါ့။ ဒီႏုိင္ငံမွာကလည္း ဒီလိုလုပ္မွပဲ လူမ်ားမ်ားရဲ႕ ပါဝင္မႈကို ရမွာေလေနာ္.. ဆိုေတာ့ အဲ့အပိုင္းကို အစ္မက ႀကိဳးစားေနတယ္။ ေတာ္ေတာ္ေတာ့ ခက္တယ္။

Ma Nandar
Panel Discussion on Literature တြင္ ေဆြးေႏြးခဲ့စဥ္က

Q : ဒါဆို မိန္းကေလးေတြအတြက္ မမ ေပးခ်င္တဲ့ Message က ဘာျဖစ္မလဲ မမ

အစ္မေျပာခ်င္တာကေလ တစ္ေယာက္ကို တစ္ေယာက္ တန္ဖိုးထားတတ္ဖို႔၊ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားတတ္ဖို႔၊ ခ်စ္တတ္ဖို႔ေပါ့ေနာ္…မ်ိဳးသမီးေတြဟာ တစ္ေယာက္ကို တစ္ေယာက္ ၿပိဳင္ဘက္လို ျမင္တာေတြ၊ Self Esteem Issue ေတြ မ်ားတာေၾကာင့္ တျခား မိန္းကေလးေတြကို အေကာင္းမျမင္ႏုိင္တာလည္း ျဖစ္တယ္။ ဒါကလည္း ပတ္ဝန္းက်င္ နဲ႔ parenting (မိဘအုပ္ထိန္းမႈ) ရဲ ႔ အဲ့လို constant teachings (ပံုေသကားက် သင္ၾကားမႈ) ေတြ ေအာက္မွာ ႀကီးျပင္းလာရလို႔ အဲ့လို ျဖစ္တာေလ။ ဒါ မိန္းကေလးေတြ အျပစ္မဟုတ္ဘူး။ systemရဲ ႔ အျပစ္။

အဲဒါေၾကာင့္ မိန္းကေလးေတြဟာ သူတို႔ကိုယ္သူတို႔ ေလးစားမႈ ယံုၾကည္မႈသာ ရွိၾကမယ္ဆိုရင္ ပတ္ဝန္းက်င္က ေပးတဲ့ ေဘာင္ထဲက တာဝန္ေတြကိုလည္း ျပန္ျငင္းဆိုရဲတဲ့ မိန္းကေလးေတြ ျဖစ္မယ္လို႔ အစ္မက ထင္တယ္ေပါ့ေနာ္.. ငယ္ငယ္ကတည္းကေန Train ၿပီး ထည့္လာခဲ့တဲ့ ဒီအမူအက်င့္ေတြကို ႀကီးလာမွ ျပင္ပါ၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိပါလို႔ ေျပာတာက ခ်က္ခ်င္းဆိုသလုိ ျဖစ္ဖို႔ နည္းနည္းေတာ့ ခက္ခဲတာေပါ့ေနာ္.. အဲဒါကို ကိုယ့္ကိုယ္ကိုယ္ aware ျဖစ္ၿပီး ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ ရွိေအာင္ ေနဖို႔ေပါ့ေနာ္..

ေနာက္တစ္ခုကက်ေတာ့ ကိုယ့္ကို လက္ခံႏုိင္တဲ့၊ ကိုယ့္ကို မေဝဖန္ဘဲ နားေထာင္ေပးႏုိင္တဲ့ ဝန္းက်င္တစ္ခုကို တည္ေဆာက္ဖို႔ေပါ့ေနာ္.. အဂၤလိပ္လိုကေတာ့ အစ္မက Sisterhood တစ္ခုေပါ့ေနာ္.. ပတ္ဝန္းက်င္မွာ ျမင္ေနတဲ့ Majority of Girl Community ေတြမွာေတာ့ (မိန္းကေလးအမ်ားစု) တစ္ေယာက္ကို တစ္ေယာက္ ဆြဲခ်ေနတာမ်ိဳး မ်ားတယ္။ အထူးသျဖင့္ ျမန္မာမွာ အစ္မေတြ႕တဲ့ ပတ္ဝန္းက်င္ေပါ့ေနာ္… ဒါကို ေလွ်ာ့ခ်ဖို႔ဆုိတာက တစ္ေယာက္ကိုတစ္ေယာက္ Support လုပ္တတ္တဲ့ Community ရွိဖို႔ေပါ့ေနာ္..အဲလိုသာ မရွိခဲ့ရင္ အစ္မဆိုရင္လည္း ဒီအမ်ိဳးသမီး ကိစၥကို ဒီေလာက္ တြင္တြင္က်ယ္က်ယ္ လုပ္ႏုိင္မယ္လို႔ အစ္မ မထင္ဘူး။ ဥပမာ Vagina Monologue လုိ Play ဆိုရင္ တစ္ခုလံုး Play ျဖစ္သြားေအာင္ အမ်ိဳးသမီး ၅၀၊ ၆၀ ရဲ႕ ပါဝင္မႈေတြကို ယူခဲ့ရတာေပါ့ေနာ္.. ဆုိေတာ့ ကိုယ့္ရဲ႕ Sisterhood Community တစ္ခုကို ထူေထာင္ၿပီး ေနႏုိင္မယ္ဆိုရင္ ဒီ Patriarchy ရဲ႕ လႊမ္းမိုးမႈကို ေက်ာ္လႊားႏိုင္လိမ့္မယ္လို႔ အစ္မထင္တယ္။

ေနာက္ဆံုးတစ္ခုက စာဖတ္ဖို႔ပါ။ စာဖတ္တဲ့သူရဲ ႔ glow က အရမ္းကို တန္ဖိုးရွိတဲ့ အရာတစ္ခုပဲ။ စာဖတ္ျခင္းရဲ ႔ ေကာင္းက်ိဳးေတြက အရမ္းမ်ားၿပီးေတာ့ မတူညီတဲ့ လူေတြ၊ အျမင္ေတြ၊ ကမၻာေတြ၊ နဲ႔ အစ္မတို႔ ကို မိတ္ဆက္ေပးတယ္။ ဒါေၾကာင့္ မိန္းကေလးေတြ စာမ်ားမ်ား ဖတ္သင့္တယ္။ ငယ္ငယ္ကတည္းက သူ႔တို႔ ကမၻာေတြက စနစ္တက် limit လုပ္ခံရေနေတာ့ေလ။

ကဲ.. ဒါေတြကေတာ့ မနႏၵာ ေျပာျပသြားခဲ့တဲ့ Feminism ဆိုတာ နဲ႔ #Womenalsohavehpone ကမ္ပိန္းအေၾကာင္းေလးပါ ေယာင္းတို႔ေရ… ေယာင္းတို႔ရဲ႕ အျမင္ကိုလည္း မွ်ေဝေပးသြားၾကပါဦး။

Libra (For Her Myanmar)

<<< Unicode >>>

“Feminist တစ်ယောက်အနေနဲ့ အစ်မရဲ့ အမြင်ပြောရမယ်ဆိုရင် အစ်မက ဘုန်းဆိုတဲ့ အရာကို လက်မခံချင်ဘူး။”

ယောင်းတို့ရေ… ဒီတလော Social Media ပေါ်မှာ #Womentoohavehpone (အမျိုးသမီးတွေမှာလည်း ဘုန်းရှိတယ်) ဆိုတဲ့ Hashtag လေးနဲ့ ပရိုဖိုင်တွေ ပြောင်းကြတာ သတိထားမိကြမယ်ထင်ပါတယ်နော်… ဒီကမ်ပိန်းကို စတင်ခဲ့တာက မအေးသီရိကျော်၊ မပြုံးသက်သက်ကျော်၊ ဒေါက်တာ သက်စုထွေးနဲ့ မနန္ဒာ နဲ့ ဒေါက်တာဖြိုးသီဟ တို့ အဖွဲ့ကနေ စတင်ခဲ့တာလို့ သိရပါတယ်။ ယောက်ျားလေးတွေက ဘုန်းပိုကြီးတယ်ဆိုတဲ့ အယူအဆကို စပြီး စိန်ခေါ်လိုက်တဲ့ ဒီကမ်ပိန်းဟာ မေလ ၂၀ရက်နေ့က စတင်ခဲ့ပြီး ဆယ်ရက် ကမ်ပိန်းဖြစ်တာမို့ ၃၀ ရက်နေ့မှာ အဆုံးသတ်မယ်လို့ သိရပါတယ်။ အက်ဒ်မင့်အတွက်တော့ ဒီကမ်ပိန်းဟာ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါကြောင့်လည်း ကမ်ပိန်းကို စတင်ခဲ့တဲ့ မနန္ဒာနဲ့ တွေ့ဆုံပြီး ဒီလို အမေးအဖြေလေးတွေ လုပ်ဖြစ်ခဲ့ပါတယ် ယောင်းရေ…

Q : အရင်ဆုံး မမအကြောင်းလေး မိတ်ဆက်ပေးပါဦးရှင့်..

A : အစ်မနာမည် နန္ဒာလို့ခေါ်တယ်။ အစ်မက ရှမ်းပြည်မြောက်ပိုင်း မန်စံဆိုတဲ့ ရွာကနေ လာတာပေါ့နော်.. ရန်ကုန်မှာ ရှိနေတာကတော့ (၃)နှစ်ကျော်ကျော် (၄)နှစ်လောက် ရှိပြီ။ ပြီးတော့ အစ်မက စာတွေ ရေးဖြစ်တယ်။ ဘာသာပြန်ဖြစ်တယ်။ စာရေးတယ်ဆိုတာ Feminist Literature လို့ပဲ ခေါ်ရမှာပေါ့နော့်.. အဲ့ Category ထဲမှာပဲ ရှိတယ်။ Feminist စာပေ လို့ခေါ်တယ်။ ဒါပေမဲ့ ခု မကြာမီ အစ်မက အင်္ဂလိပ်လို တစ်အုပ်ထုတ်ဖို့ရှိတယ်ပေါ့။ ပုံမှန်အားဖြင့် အစ်မက ဘာသာပြန်တဲ့ဟာပဲ ထုတ်ထားတာ များတယ်။ ပြီးတော့ အစ်မ ကိုယ်ပိုင် Blog လည်း ရေးဖြစ်တယ်။ ရေးတာတော်တော်များများကလည်း Feminist စာပေတွေ၊ ကဗျာတွေပဲ များတယ်။

 ပြီးရင် ဒီလို ပြဇာတ်တွေမှာ သရုပ်ဆောင်ဖြစ်တယ်။ ဥပမာ The Vagina Monologue လို Play (ပြဇာတ်) ဆိုရင်တော့ အစ်မက Directing ပိုင်းနဲ့ Producing ပိုင်းကို တာဝန်ယူခဲ့တယ်ပေါ့နော်.. မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ဟာ.. ပြီးရင် ကျန်တဲ့ဟာ တော်တော်များများမှာ အစ်မက Fulltime Feminist အနေနဲ့ ရပ်တည်တယ်။

Vagina Monologue Performance တွင် အဖွင့်စကား ပြောခဲ့စဉ်က (Photo – Evelyn Yu Yu Swe)

Q: လတ်တလော မမလုပ်ဖြစ်နေတာက?

A: လောလောဆယ်က အစ်မတို့ ဒီတစ်နှစ်အတွင်းမှာ အဲဒီ အစ်မ ဘာသာပြန်တဲ့ စာရေးဆရာမကို မြန်မာနိုင်ငံဖိတ်ဖို့အတွက် အစ်မတို့ ရည်ရွယ်နေတာပေါ့နော်.. အဲဒါ တစ်ခုရှိတယ်။ အဲဒါပြီးရင် ဒီ ကမ်ပိန်းပေါ့နော်… #Womentoohavehpone ဆိုတဲ့ ဖိုဝါဒီကို စိန်ခေါ်တဲ့ ကမ်ပိန်းတစ်ခုပေါ့နော်.. အဲဒါကို လုပ်နေတယ်။ အဲဒါပြီးရင် အကြမ်းဖက်မှုကို storytelling ပုံစံနဲ့ ရှင်းပြထားတဲ့ စာအုပ်၊ အရမ်းထူထူကြီးတော့ မဟုတ်ဘူး.. ပါးပါးလေးနဲ့ လူတွေကို မက်ဆေ့ချ်အများကြီးပေးတဲ့ စာအုပ်လေးကို ပြင်ဆင်နေတယ်ပေါ့…အဲ့ ၃ခုကို လောလောဆယ် လုပ်နေတယ်။

Related Article >>> “ဓမ္မတာလာတယ်ဆိုတာ လူတိုင်းမှာ မဖြစ်ဘဲ အမျိုးသမီးတွေမှာမှ ဖြစ်တာမို့ ဒါကို ဂုဏ်ယူသင့်တယ်” လို့ ဆိုလာတဲ့ ပန်းကလေးရဲ့ ပဲ့ကိုင်ရှင် “Henriette Ceyrac”

Q : လတ်တလော လုပ်ဖြစ်နေတာတွေထဲက  #womentoohavehpone ဆိုတဲ့ ကမ်ပိန်းကို ဘယ်ကစလုပ်ဖြစ်ခဲ့တယ်ဆိုတာလေးလည်း သိပါရစေ မမ။

A : ဟိုးတလောက Social Media ပေါ်မှာ ဖြစ်သွားတဲ့ ထဘီကိစ္စပေါ့.. ဒီကိစ္စပေါ် အခြေခံပြီးတော့ ဖြစ်လာတဲ့ Discussion တွေက ဘုန်းဆိုတာနဲ့ပဲ ကပ်နေတယ်။ မိန်းမတွေက ဘုန်းမရှိဘူး။ ယောက်ျားတွေထက် တစ်ဆင့်နိမ့်ပါတယ်၊ တစ်ဆင့်နိမ့်ပါတယ်ဆိုတဲ့ Comment တွေ၊ Conversation တွေကြောင့်။ ပြီးတော့ မိန်းမမဝင်ရဆိုတဲ့ နေရာကို ဝင်သွားတယ်။ ဘာညာပေါ့နော်.. အဓိက အဲဒီ Conversation တွေက အစ်မတို့ကို ဒီကမ်ပိန်းစဖို့အတွက် Provoke လုပ်လိုက်တာပေါ့နော်.. တွန်းအားပေးလိုက်သလိုပဲပေါ့။

ပြီးတော့ အစ်မ ဘုန်းအကြောင်း နည်းနည်းပြောမယ်နော်.. အစ်မကြားဖူးသလောက်ဆိုရင် ဘုန်းဆိုတာကလေ အစတုန်းက Originally စခဲ့တာကလေ အလုပ်လုပ်တဲ့လူကို ပြောတာ ညီမလေးရယ်။ ဥပမာ ညီမလေးက အလုပ်လုပ်တယ်။ စွမ်းစွမ်းတမံလုပ်ကိုင်တယ်ဆိုရင် ဒါ ညီမလေးကို ဘုန်းရှိတဲ့သူ တစ်ယောက်လို့ အသိအမှတ်ပြုတယ်။ အဲဒီစကားလုံးက အဲ့အတွက် စခဲ့တာ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံမှာကျ အဲဒီ အသုံးအနှုန်းကို ဘာသာရေးနဲ့ သွားပြီး စပ်ပစ်လိုက်တယ်။

အမျိုးသမီးကို ဘုန်းနဲ့မကပ်တာက ဒီဘုန်းသည် ယောက်ျားလေးနဲ့ပဲ ပါလာတဲ့အရာ၊ ယောက်ျားလေးတွေမှာပဲ ရှိသင့်တဲ့အရာဆိုပြီးတော့ ဘုန်းဆိုတဲ့ မြင့်မြတ်တဲ့ Spiritual Power က အမျိုးသားတွေဆီမှာပဲ ကပ်တယ်ဆိုတဲ့ အမြင်ဖြစ်သွားတယ်ပေါ့။ ဥပမာ မြန်မာတွေ အရမ်းသုံးကြတဲ့ “ယောကျာ်းတို့ ဘုန်း လက်ရုံး၊ မိန်းမတို့ ဘုန်း ဆံထုံး” ဆိုတာတွေကး မညီမျှမှုကို ထင်ရှားစွာ ပြလိုက်တာပဲ။ ဒါက အမျိုးသားတွေမှာသာ လုပ်နိုင်ကိုင်နိုင်စွမ်း၊ လက်ရုံးရည် ရှိတယ်ဆိုတဲ့ messageကို ပေးနေတာလေ။ Feminist တစ်ယောက်အနေနဲ့ အစ်မရဲ့ အမြင်ပြောရမယ်ဆိုရင် အစ်မက ဘုန်းဆိုတဲ့ အရာကို လက်မခံချင်ဘူး။ အမျိုးသားလည်း မရှိဘူး။ အမျိုးသမီးလည်းမရှိဘူး။ ဒါက လူလူချင်းပဲ။ ကောင်းတာလုပ်ရင် ကောင်းတဲ့လူ၊ မကောင်းတာ လုပ်ရင် မကောင်းတဲ့လူ ဒါပဲပေါ့နော်.. အဲ့လိုမျိုးပဲ ခံယူထားတယ်။ လူတွေ လက်ခံထားတဲ့ ကောင်းတယ်ဆိုတဲ့ ဘုန်းဆိုတဲ့အရာကို မိန်းမတွေလည်း ပိုင်ဆိုင်တယ်ဆိုတဲ့ Positive message ကို လူတွေဆီ ပို့ပေးချင်တာပေါ့။

Q : ကမ်ပိန်းအပေါ် Public ရဲ့ Response ကရော ဘယ်လို ရှိလဲ အစ်မ

A : အိုး.. အစ်မတို့ မထင်ထားဘူး။ ခုနက ညီမလေးကို အစ်မရှင်းပြသလိုပဲ။ တချို့တွေက ဒီဘုန်းဆိုတာ ဖိုဝါဒီက ထွင်ထားတဲ့ စကားလုံး၊ ဖိုဝါဒီကို အားပေးတယ် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ မှတ်ချက်တွေကိုပဲ အစ်မတို့က မျှော်လင့်ထားတာ။ ရှင်းရှင်းပြောရရင် Feminist တွေဆီကပဲ အစ်မတို့ မျှော်လင့်ထားတာပေါ့နော်.. ဒါပေမဲ့ message က အစ်မတို့က Clear message ပေးထားတယ်။ အစ်မတို့ ကမ်ပိန်းရဲ့ Description ကိုလည်း သေချာရေးထားတယ်။ ဘာကြောင့် ဒီဟာကို လုပ်ရတယ်။ ဒီဟာက ဘာတွေကို အခက်အခဲ ဖြစ်စေတယ်ဆိုတာ ရေးထားတာ ရှင်းလင်းမှုရှိတယ် ထင်တယ်။ အများကြီး ပါဝင်လာတယ်။  ၃၀၀၀ နီးပါးလောက် ပါဝင်လာတယ်… ဒါက ခုနက သီရိကို အစ်မမေးကြည့်တော့ ပြောပြတာ။ Page လည်း Like လုပ်တဲ့လူ များလာတယ် တစ်ရက် နှစ်ရက် အတွင်းမှာ… အခုထိတော့ ကောင်းတဲ့ မက်ဆေ့ချ်တွေ ရတာပေါ့နော်.. တစ်ခု အစ်မသတိထားမိတာက တော်တော်များများလေးကတော့ ဒါပေမဲ့ ၃၀ ရက်နေ့မှာ ပိုပြီး ပြောလို့ရမယ်ထင်တယ် အဲဒါက.. ပါဝင်တဲ့သူ တော်တော်များများက အမျိုးသမီးတွေ ဖြစ်နေတယ်။ တော်တော်များများလေးကလေ အသက်အရွယ်မျိုးစုံပေါ့နော်.. ငယ်ငယ်လေးကနေ ဒီ ၁၅ လောက်ကနေ အသက်ကြီးပိုင်းတွေ ၄၀၊ ၅၀ လောက်ရှိတဲ့ အမျိုးသမီးတွေ ပါဝင်လာတာကို တော်တော်လေး တွေ့ရတယ်။ သူတို့ ဒီလို ပါဝင်ပေးတာကို အစ်မလည်း တော်တော်လေး အံ့သြဝမ်းသာတယ်။

ma nandar (1)
INTERNATIONAL WOMEN’S DAY အတွက် UNOPS တွင် speech ပေးခဲ့စဉ် (Photo – Anders Lee)

Q: မသိမသာ ခွဲခြားမှုတွေကို လက်ခံနေကြတဲ့အပေါ် မမရဲ့ အမြင်ကရော?

A : ဒါကလေ Normalization လို့ခေါ်တယ်။ ကိုယ်ငယ်ငယ်တုန်းက မြင်တဲ့အရာကို ပုံမှန်လို့ ထင်လာတတ်တာမျိုးလေ။ ဥပမာ မိသားစုထဲမှာ အစ်ကိုက တစ်မျိုး ဆက်ဆံခံရတယ်၊ ကိုယ်က တစ်မျိုး ဆက်ဆံခံရတယ်။ ဆိုပါစို့.. ကိုယ့်အမေက ကိုယ့်အဖေလောက် ပတ်ဝန်းကျင်မှာ အရေးပေးမခံရဘူးဆိုတာကို မြင်ပြီး ကြီးလာတဲ့ ကလေးတစ်ယောက်ဆိုရင် သူကိုယ်တိုင်ကလည်း ကြီးလာရင် သူ့ကို လူတွေက အမျိုးသားတစ်ယောက်လောက် အရေးမပေးဘူးဆိုရင်လည်း သူ လက်ခံနိုင်တယ်။ ဘာလို့လဲဆို သူကိုယ်တိုင်က အဲဒီလို မိသားစုမှာ ကြီးလာတဲ့အတွက်ပေါ့… တကယ်တော့လေ ညီမလေး.. အဲဒီလို Gender Issue တွေကလေ အကြီးကြီး ကြည့်စရာမလိုဘူး.. အိမ်ထဲမှာပဲ ရှိတယ်။ အိမ်ထဲကနေပဲ စလာတာပဲ။ ခွဲခြားဆက်ဆံတယ်ဆိုတာက အိမ်ကနေ စတာ။ အိမ်ကနေ လမ်းကို ရောက်သွားတယ်။ လမ်းကနေ ကျောင်းကို ရောက်သွားတယ်။ ကျောင်းကနေ ဘုရားကျောင်းရောက်သွားတယ်။ အဲ့လိုပေါ့။ အကြီးကြီးနေရာတွေမှာ ဖြစ်တာမဟုတ်ဘူး။ သေးသေးလေး နေရာကနေပြီး ဒါဟာ ပုံမှန်ပဲဆိုတဲ့ Normalization ဖြစ်အောင် ပုံသွင်းခံခဲ့ရတာ။ ယောက်ျားက ရိုက်တာပဲဖြစ်ဖြစ်၊ ကလေးမွေးပြီး ထိန်းကျောင်းရတဲ့ ကိစ္စပဲဖြစ်ဖြစ် မိန်းမဆိုတာ အဲ့လိုပဲ… ခံရတယ် ဆိုတဲ့ ဖြေသိမ့်မှု တစ်ခုအောက်မှာ အစ်မတို့က ငြိမ်လိုက်ရတာမျိုးပေါ့။ ဒါက ပြောင်းလို့ရတယ်။

Related Article >>> ဒေါက်တာ ဖြိုးသီဟ ပြောပြတဲ့ ဓမ္မတာလာခြင်း နဲ့ လွဲမှားနေတဲ့ အယူအဆများအကြောင်း

Q: Feminist ဆိုတာကို အစ်မ ဘယ်လို ခံယူထားလဲ။

A: အဓိကက Feminist တစ်ယောက်ဖြစ်ခြင်းဆိုတာက ကိုယ်သင်ယူပြီးသား ဖိုဝါဒီ အကျင့်စရိုက်တွေကို ဖယ်ဖျောက်တာ။ ဥပမာ- ကိုယ့် မိန်းမ ဖြစ်ခြင်းကို အထင်သေးစော်ကားပြီး နှိမ့်ချပြောဆိုတဲ့ အသိုင်းအဝိုင်းမှာဆို အသံ တိတ်နားထောင်တာမျိုး မလုပ်ဖြစ်တော့ဘူး။ ကိုယ့် ခံယူချက်ပေါ်မှာ ကိုယ် မားမားမတ်မတ် ရပ်တည်တယ်။ ြပောဖြစ်တယ်။ 

ဒီမှာက ယောက်ျားလေးတွေကိုဆို Be Nice ဆိုပြီး သင်တာမျိုး သိပ်မတွေ့ရဘူး။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေဆိုတာလောက်ပဲ။ မိန်းကလေးတွေကိုကျတော့ Constantly(တောက်လျှောက်) ငယ်ငယ်ကတည်းကကို သူများတွေကို Nice ဖြစ်ဖို့ သင်ခဲ့ရတယ်။ အဲဒါကြောင့် Rape Case တို့ Sexual Harassment ဖြစ်တာတို့ အဲလို ကိစ္စတွေဆိုရင် Public Place မှာ ဖြစ်နေတာတောင်မှ မိန်းကလေးတွေက ကြိတ်ခံနေကြရတာ။ အသံမထွက်ရဲကြဘူး။ အဲဒါလေ ဘေးလူကို ထိခိုက်မှာစိုးလို့။ သူကသာ အော်လိုက်ရင် အဲဒီ ဘေးလူကို ထိခိုက်မှာ၊ သူများက တစ်ခုခု လုပ်မှာ ဒါမှမဟုတ်ရင် သူ့ကို သူများက မယုံကြမှာ အဲဒီကြောက်စိတ်တွေ အောက်မှာ မိန်းကလေးတွေ ရှင်သန်လာတာ တအားများတာကြောင့်ပါပဲ။ နောက်တစ်ခုက မိန်းကလေးတွေ တိတ်နေရင် အစ်မတို့က အရမ်းသဘောကျကြတယ်။ ဘာလို့လဲ… မိန်းကလေးဆိုတာကို စကားမပြောဘဲ ငြိမ်ငြိမ်လေးနေပြီး အိမ်အလုပ်တွေ နိုင်နိုင်နင်းနင်းလုပ်တယ်ဆိုတာကို မိန်းကလေးတွေမှာ ရှိရမယ့် အရည်အချင်းတစ်ခုလို သတ်မှတ်ထားကြလို့လေ။ ကိုယ့်အမြင်ကိုယ် ပြောပြရဲတဲ့ မိန်းကလေးတွေဆို လူတွေက အမြင်ကတ်ကြတယ်။ ဒါကို ပြောင်းလဲ ပစ်ရမှာပေါ့။

Ma Nandar
မနန္ဒာ

Q : Feminism အပေါ်မှာ လူတွေရဲ့ လက်ခံနိုင်စွမ်းကရော မမ။ ဘယ်လို အခြေအနေ ရှိလဲ?

A :Feminist ဆိုတဲ့ စကားလုံးက မြန်မာနိုင်ငံမှာ Negative ဖြစ်နေတဲ့ အရာနဲ့ attached ဖြစ်နေတယ်။ ဘာလဲဆိုရင် Feminist ဆိုရင် ယောက်ျားတွေကို မုန်းကြတယ်။ ဟို.. သမားရိုးကျနည်းကို မလိုက်ကြဘူး။ မလေးစားကြဘူး။ ရိုးရာယဉ်ကျေးမှုကို မလေးစားကြဘူးဆိုတဲ့ Negative side တွေကိုပဲ လူတွေက အစာကျွေးခံနေရတဲ့အခါမှာ ကောင်းတဲ့ အချက်တွေကို လွတ်သွားတယ်။ Feminist တွေကိုလက်ခံဖို့က သူတို့အတွက် အရမ်းကို ခက်နေတာ။ မြန်မာနိုင်ငံ အတိုင်းအတာနဲ့ရော၊ နိုင်ငံတကာ အတိုင်းအတာနဲ့ရော ပြန်ကြည့်မယ်ဆိုရင် ဒီ Feminism ကို လက်ခံတဲ့အား အရမ်းနည်းနေတယ်။

ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာဆို အကြောင်းအမျိုးမျိုးရှိတယ် ညီမလေးရယ်… နံပါတ် (၁) ကကျတော့ ခဏကပြောတဲ့ ဘုန်းဆိုတဲ့ Concept ပေါ့နော်… မိန်းကလေးတွေက မွေးကတည်းက ယောက်ျားလေးတွေထက် တစ်ဆင့်နိမ့်တယ်ဆိုတဲ့ဟာကို သွေးတွေ၊ သားတွေ၊ အရိုးတွေထဲထိ စွဲနေအောင် ယုံကြည်ထားကြတဲ့အသိုင်းအဝိုင်းမှာ ကြီးလာတဲ့အတွက် အဲဒါကို မပြောင်းလဲနိုင်ဘူး။ မိန်းကလေးနဲ့ ယောက်ျားလေးက တန်းတူတယ်ဆိုတာကို ပြောနေတဲ့ Feminist ကို ဘယ်လိုမှ ကြည့်လို့မရဘူး။ နောက်တစ်မျိုးကျတော့ Feminist ဆိုတဲ့ စကားလုံးက အနောက်တိုင်း စကားလုံး၊ အနောက်တိုင်း ယဉ်ကျေးမှုဆိုတဲ့ အမြင်မှားမှုတွေ၊ အရိုးစွဲမှုတွေ ရှိနေတယ်။ ပြောရမယ်ဆို ဒီမိုကရေစီဆိုတာကလည်း အနောက်တိုင်းက လာတဲ့ Idea ပဲလေ.. ဘာကြောင့် အနောက်က လာတဲ့ Idea ကြီးအတွက် ပေးဆပ်နေကြတာလဲ? ဘာကြောင့် ဖက်တွယ်ထားကြတာလဲ? မြန်မာနိုင်ငံကြီးအတွက် ပိုမိုကောင်းမွန်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးဆပ်နေကြတာလေ။ Feminism ကလည်း အဲဒီလိုပဲဆိုတာကို တော်တော်များများက မချိတ်ဆက်မိဘူး။ အဲဒါကျတော့လည်းတစ်ဖက်ကနေ ကြည့်ရင် Feminist တွေရဲ့ လိုအပ်ချက်လို့ ပြောလို့ရတယ်ပေါ့နော်.. တချို့ Feminist တွေကျတော့လည်း Feminism ဆိုတာကို လွဲမှားစွာ အသုံးချတာမျိုး ရှိခဲ့တဲ့အခါ အဲဒါကို မြင်တဲ့သူတွေက Feminist ဆိုတာ ဆိုးရွားတဲ့အရာလို့ သွားပြီး conclusion ချပစ်လိုက်တာပေါ့နော်။  

Q: ဒီထက်ပိုပြီးတော့ရော အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး မမ ဘာတွေ ထပ်လုပ်ချင်သေးလဲ?

အစ်မ Menstruation (ရာသီလာခြင်း) နဲ့ ပတ်သက်တဲ့ အတွေးအခေါ် အယူအဆတွေကို အစ်မ Challenge လုပ်ချင်တယ်။ ပြီးတော့ Feminism ကို အောက်ခြေလူတန်းစားတွေ နားလည်လွယ်အောင် လုပ်ချင်တယ်။ ဘာလို့လဲဆိုတော့ Feminist တွေ တော်တော်များများရဲ့ ဖြတ်သန်းမှုက အရမ်း Middle Class နဲ့ Upper Middle Class က ဖြစ်နေတော့ အောက်ခြေလူတွေက သူတို့ရဲ့ Academic Term တွေ၊ သီအိုရီတွေ နဲ့ သွားပြောလို့ မရဘူးလေ… အစ်မက Personal Story ပေါ် အခြေခံပြီးတော့ Feminism ကို လူတွေနဲ့ ချိတ်ဆက်ပေးရတာကို ပြောရမယ်ဆိုရင်ကွာ လူပြိန်းနားလည်အောင် လုပ်လိုက်တာပေါ့။ ဒီနိုင်ငံမှာကလည်း ဒီလိုလုပ်မှပဲ လူများများရဲ့ ပါဝင်မှုကို ရမှာလေနော်.. ဆိုတော့ အဲ့အပိုင်းကို အစ်မက ကြိုးစားနေတယ်။ တော်တော်တော့ ခက်တယ်။

Ma Nandar
Panel Discussion on Literature တွင် ဆွေးနွေးခဲ့စဉ်က

Q : ဒါဆို မိန်းကလေးတွေအတွက် မမ ပေးချင်တဲ့ Message က ဘာဖြစ်မလဲ မမ

အစ်မပြောချင်တာကလေ တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားတတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့၊ ချစ်တတ်ဖို့ပေါ့နော်…မျိုးသမီးတွေဟာ တစ်ယောက်ကို တစ်ယောက် ပြိုင်ဘက်လို မြင်တာတွေ၊ Self Esteem Issue တွေ များတာကြောင့် တခြား မိန်းကလေးတွေကို အကောင်းမမြင်နိုင်တာလည်း ဖြစ်တယ်။ ဒါကလည်း ပတ်ဝန်းကျင် နဲ့ parenting (မိဘအုပ်ထိန်းမှု) ရဲ့ အဲ့လို constant teachings (ပုံသေကားကျ သင်ကြားမှု) တွေ အောက်မှာ ကြီးပြင်းလာရလို့ အဲ့လို ဖြစ်တာလေ။ ဒါ မိန်းကလေးတွေ အပြစ်မဟုတ်ဘူး။ systemရဲ့ အပြစ်။

အဲဒါကြောင့် မိန်းကလေးတွေဟာ သူတို့ကိုယ်သူတို့ လေးစားမှု ယုံကြည်မှုသာ ရှိကြမယ်ဆိုရင် ပတ်ဝန်းကျင်က ပေးတဲ့ ဘောင်ထဲက တာဝန်တွေကိုလည်း ပြန်ငြင်းဆိုရဲတဲ့ မိန်းကလေးတွေ ဖြစ်မယ်လို့ အစ်မက ထင်တယ်ပေါ့နော်.. ငယ်ငယ်ကတည်းကနေ Train ပြီး ထည့်လာခဲ့တဲ့ ဒီအမူအကျင့်တွေကို ကြီးလာမှ ပြင်ပါ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါလို့ ပြောတာက ချက်ချင်းဆိုသလို ဖြစ်ဖို့ နည်းနည်းတော့ ခက်ခဲတာပေါ့နော်.. အဲဒါကို ကိုယ့်ကိုယ်ကိုယ် aware ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင် နေဖို့ပေါ့နော်..

နောက်တစ်ခုကကျတော့ ကိုယ့်ကို လက်ခံနိုင်တဲ့၊ ကိုယ့်ကို မဝေဖန်ဘဲ နားထောင်ပေးနိုင်တဲ့ ဝန်းကျင်တစ်ခုကို တည်ဆောက်ဖို့ပေါ့နော်.. အင်္ဂလိပ်လိုကတော့ အစ်မက Sisterhood တစ်ခုပေါ့နော်.. ပတ်ဝန်းကျင်မှာ မြင်နေတဲ့ Majority of Girl Community တွေမှာတော့ (မိန်းကလေးအများစု) တစ်ယောက်ကို တစ်ယောက် ဆွဲချနေတာမျိုး များတယ်။ အထူးသဖြင့် မြန်မာမှာ အစ်မတွေ့တဲ့ ပတ်ဝန်းကျင်ပေါ့နော်… ဒါကို လျှော့ချဖို့ဆိုတာက တစ်ယောက်ကိုတစ်ယောက် Support လုပ်တတ်တဲ့ Community ရှိဖို့ပေါ့နော်..အဲလိုသာ မရှိခဲ့ရင် အစ်မဆိုရင်လည်း ဒီအမျိုးသမီး ကိစ္စကို ဒီလောက် တွင်တွင်ကျယ်ကျယ် လုပ်နိုင်မယ်လို့ အစ်မ မထင်ဘူး။ ဥပမာ Vagina Monologue လို Play ဆိုရင် တစ်ခုလုံး Play ဖြစ်သွားအောင် အမျိုးသမီး ၅၀၊ ၆၀ ရဲ့ ပါဝင်မှုတွေကို ယူခဲ့ရတာပေါ့နော်.. ဆိုတော့ ကိုယ့်ရဲ့ Sisterhood Community တစ်ခုကို ထူထောင်ပြီး နေနိုင်မယ်ဆိုရင် ဒီ Patriarchy ရဲ့ လွှမ်းမိုးမှုကို ကျော်လွှားနိုင်လိမ့်မယ်လို့ အစ်မထင်တယ်။

နောက်ဆုံးတစ်ခုက စာဖတ်ဖို့ပါ။ စာဖတ်တဲ့သူရဲ့ glow က အရမ်းကို တန်ဖိုးရှိတဲ့ အရာတစ်ခုပဲ။ စာဖတ်ခြင်းရဲ့ ကောင်းကျိုးတွေက အရမ်းများပြီးတော့ မတူညီတဲ့ လူတွေ၊ အမြင်တွေ၊ ကမ္ဘာတွေ၊ နဲ့ အစ်မတို့ ကို မိတ်ဆက်ပေးတယ်။ ဒါကြောင့် မိန်းကလေးတွေ စာများများ ဖတ်သင့်တယ်။ ငယ်ငယ်ကတည်းက သူ့တို့ ကမ္ဘာတွေက စနစ်တကျ limit လုပ်ခံရနေတော့လေ။

ကဲ.. ဒါတွေကတော့ မနန္ဒာ ပြောပြသွားခဲ့တဲ့ Feminism ဆိုတာ နဲ့ #Womenalsohavehpone ကမ်ပိန်းအကြောင်းလေးပါ ယောင်းတို့ရေ… ယောင်းတို့ရဲ့ အမြင်ကိုလည်း မျှဝေပေးသွားကြပါဦး။

Libra (For Her Myanmar)

 

No Comments Yet

Comments are closed