LGBT ေတြကို ခြန္အားျဖစ္ေစမယ့္ နာမည္ႀကီး အႏုပညာရွင္ (၇) ဦးရဲ႕ စကားမ်ား

သူလည္းလူ၊ ကိုယ္လည္းလူမို႔ ဘာအားငယ္စရာ ရွိမွာလဲ!!!

ဇြန္လဆိုတာက LGBT ေတြ အတြက္ ထူးထူးျခားျခား လပါ။ ေျပာရမယ္ဆိုရင္ ၁၉၆၉ ခုႏွစ္က Manhattan မွာ ျဖစ္ခဲ့တဲ့ Stonewall အဓိကရုဏ္းကေန စခဲ့တယ္လို႔ ဆိုရမယ္။ ဒီအဓိကရုဏ္းေၾကာင့္ပဲ အေမရိကန္တစ္ႏိုင္ငံလံုးမွာ LGBT ေတြရဲ႕ လြတ္လပ္ပိုင္ခြင့္ လႈပ္ရွားမႈက အထြတ္အထိပ္ ေရာက္ခဲ့တာပါ။ LGBT အဖြဲ႔အစည္းအတြက္ ေတာ္လွန္မႈ အႀကီးစားကို ဇြန္လမွာ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္လို႔ ဇြန္လကို Pride Month လို႔ သတ္မွတ္ခဲ့ၾကတာပါ ေယာင္းတို႔ေရ…

LGBT အဖြဲ႔အစည္းေတြ တန္းတူညီမွ် လူ႔အခြင့္အေရး ရဖို႔အတြက္ ေထာက္ခံအားေပးသူေတြထဲမွာ ဒီအႏုပညာရွင္ေတြကလည္း တစ္တပ္တစ္အားပါဝင္ခဲ့ၾကပါတယ္။ LGBT နဲ႔ ပတ္သက္ၿပီး သူတို႔ေတြရဲ႕ ခံယူခ်က္ေတြကေတာ့…

Related Article >>> အေမရိကန္ျပည္ေထာင္စုရဲ႕ သမိုင္းထဲက LGBTတိုက္ပြဲရွည္ အေၾကာင္း တေစ့တေစာင္း

1.Ellen DeGeneres

“လူေတြအေပၚ လႊမ္းမိုးႏိုင္မယ့္ တစ္ခုတည္းေသာ နည္းလမ္းက တစ္ဦးေပၚ တစ္ဦး အၾကင္နာ ေမတၱာထားရွိျခင္းပါပဲ။ လူေတြကို အယူအဆသစ္ေတြ ရိုက္သြင္းတာမ်ိဳးေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ ကိုယ့္ရဲ႕ဘဝမွာ ကိုယ္ပိုင္လြတ္လပ္ခြင့္ ရွိေစခ်င္တယ္။ အေရးအႀကီးဆံုးကေတာ့ ကိုယ့္ရင္ထဲက အသံကို နားေထာင္တတ္ရမယ္။ ကိုယ့္ရဲ႕ ျဖစ္တည္မႈကို အရွိအတိုင္း လက္ခံလိုက္ပါ။”

2. Ellen Page

“မိန္းမဆန္ဆန္ ေနရမယ္ဆိုတဲ့ ဖိအားေတြေအာက္မွာ ကၽြန္မ ေနခဲ့ဖူးတယ္။ မိန္းကေလးမို႔လို႔ ဂါဝန္ စကတ္ေလးေတြ ဝတ္တတ္ရမယ္။ အဲ့လိုမွ မဟုတ္ရင္ လူေတြက ေယာက်္ားလ်ာ လို႔ ထင္လိမ့္မယ္ဆိုတဲ့ အေတြးအေခၚေတြေအာက္မွာ ပိတ္မိခဲ့ဖူးတယ္။ ဒါေပမဲ့ ခုေတာ့ ကၽြန္မအတြက္ အဆင္ေျပႏုိင္မယ့္ ဘယ္အဝတ္အစားမဆို ကၽြန္မ ဝတ္တယ္၊ အဲလို ဝတ္ျခင္းကေနလည္း လြတ္လပ္မႈကို ကၽြန္မ ခံစားရတယ္ ”

Related Article>>> ကိုယ့္ကိုယ္ကိုယ္ LGBT ျဖစ္ေၾကာင္း ေၾကညာခဲ့ၾကတဲ့ နာမည္ေက်ာ္ ဆယ္လီဘရစ္တီ (၈)ဦး

Women of Tomorrow 2
ပြဲအေၾကာင္း အေသးစိတ္သိလိုပါက >>> http://bit.ly/2WK7oFQ

3. Sam Smith

“လူေတြ ေျပာေနၾကတဲ့ Gay ဆိုတာနဲ႔ ပတ္သက္လို႔ ကၽြန္ေတာ္က စိတ္ေတာင္မဝင္စားဘူး။ ကိုယ့္ကိုယ္ကိုယ္ gay မွန္း သိခဲ့တာ ၾကာၿပီျဖစ္သလို (၁၀) ႏွစ္သားမွာ ကၽြန္ေတာ္ ဒါကို ထုတ္ေဖာ္ခဲ့ပါတယ္။ ေက်ာင္းမွာ သူငယ္ခ်င္းေတြက ‘မင္း gay လား’ လို႔ ေမးတိုင္း ကၽြန္ေတာ္က ‘ဟုတ္တယ္’ ပဲ  ျပန္ေျဖတယ္။”

4. Harry Styles

“ကိုယ့္ရဲ႕ စိတ္ဆႏၵအတိုင္း ျဖစ္ႏိုင္ခြင့္က လူတိုင္းမွာ ရွိတာမို႔ ဒါကို အထူးအဆန္း လုပ္ေနစရာ မလိုဘူးလို႔ ထင္တယ္” “ခင္ဗ်ားက လူျဖဴျဖစ္ေစ၊ လူမည္းျဖစ္ေစ၊ Gay ျဖစ္ေစ၊ Straight ျဖစ္ေစ၊ Transgender ျဖစ္ေစ၊ ဘယ္လိုလူမ်ိဳးပဲ ျဖစ္ေနပါေစ၊ ကၽြန္ေတာ္ခင္ဗ်ားတို႔ကို ေသေလာက္ေအာင္ခ်စ္တယ္”

5. Demi Lovato

“အခ်စ္ဆိုတာ အေရာင္အေသြး၊ ပံုသ႑ာန္၊ အရြယ္အစား အမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ေပၚလာႏုိင္တယ္ေလ။ ရွင္တို႔သည္ Straight ပဲ ျဖစ္ေစ၊ LGBT ပဲျဖစ္ေစ၊ ရွင့္ရင္ထဲမွာ ျဖစ္ေပၚလာတဲ့ အခ်စ္ဟာ စစ္မွန္ခိုင္မာၿပီး အဖိုးမျဖတ္ႏိုင္တဲ့ လက္ေဆာင္ေကာင္းတစ္ခုပါပဲ” 

6. Miley Cyrus

“ကၽြန္မ ဘဝ တစ္ခုလံုးမွာ ကိုယ္ကိုယ္တိုင္ အထီးလား အမလား ဆိုတာကိုေတာင္ ေသခ်ာ နားမလည္ေသးဘူး။ ကၽြန္မ လက္တြဲေဖာ္လည္း ဒါေတြ နားလည္စရာ မလိုပါဘူး။ တစ္ေယာက္ကို တစ္ေယာက္ နာက်င္ေအာင္ မလုပ္ေနသမွ် ကိုယ့္ရဲ႕ ေရြးခ်ယ္မႈဟာ ကိုယ့္ရဲ႕ ေရြးခ်ယ္မႈပါပဲ။ ကိုယ့္အရွိအတိုင္း လက္ခံပါ”

7. Christine Stewart

“ကိုယ့္ကိုယ္ကိုယ္ အဓိပၸါယ္သတ္မွတ္ခ်င္တယ္ဆိုရင္ ေဘာင္ေတြထဲက အရင္ရုန္းထြက္ပါ။ မင္းသမီးတစ္ေယာက္ ဆိုေပမဲ့ lesbian ျဖစ္တယ္ ဆိုတာကို ေျပာျပၿပီးတဲ့ေနာက္ ပိုၿပီး ေနသာထိုင္သာ ရွိပါတယ္။ ေနာက္ သံုးႏွစ္ ေလးႏွစ္ေလာက္ေနရင္  gay လား straight လား စဥ္းစားေနသူေတြ သိပ္ရွိေတာ့မွာ မဟုတ္ပါဘူး။ ဒီေတာ့ ကိုယ့္ပံုစံအတိုင္းပဲ ကိုယ္ဆက္သြားပါ။”

References: instyle , Pink News , Seventeen , Pinterest

With love

Ei Mon (For Her Myanmar)

<<< Unicode >>>

သူလည်းလူ၊ ကိုယ်လည်းလူမို့ ဘာအားငယ်စရာ ရှိမှာလဲ!!!

ဇွန်လဆိုတာက LGBT တွေ အတွက် ထူးထူးခြားခြား လပါ။ ပြောရမယ်ဆိုရင် ၁၉၆၉ ခုနှစ်က Manhattan မှာ ဖြစ်ခဲ့တဲ့ Stonewall အဓိကရုဏ်းကနေ စခဲ့တယ်လို့ ဆိုရမယ်။ ဒီအဓိကရုဏ်းကြောင့်ပဲ အမေရိကန်တစ်နိုင်ငံလုံးမှာ LGBT တွေရဲ့ လွတ်လပ်ပိုင်ခွင့် လှုပ်ရှားမှုက အထွတ်အထိပ် ရောက်ခဲ့တာပါ။ LGBT အဖွဲ့အစည်းအတွက် တော်လှန်မှု အကြီးစားကို ဇွန်လမှာ ပြုလုပ်နိုင်ခဲ့တာဖြစ်လို့ ဇွန်လကို Pride Month လို့ သတ်မှတ်ခဲ့ကြတာပါ ယောင်းတို့ရေ…

LGBT အဖွဲ့အစည်းတွေ တန်းတူညီမျှ လူ့အခွင့်အရေး ရဖို့အတွက် ထောက်ခံအားပေးသူတွေထဲမှာ ဒီအနုပညာရှင်တွေကလည်း တစ်တပ်တစ်အားပါဝင်ခဲ့ကြပါတယ်။ LGBT နဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ ခံယူချက်တွေကတော့…

Related Article >>> အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းထဲက LGBTတိုက်ပွဲရှည် အကြောင်း တစေ့တစောင်း

1.Ellen DeGeneres

“လူတွေအပေါ် လွှမ်းမိုးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက တစ်ဦးပေါ် တစ်ဦး အကြင်နာ မေတ္တာထားရှိခြင်းပါပဲ။ လူတွေကို အယူအဆသစ်တွေ ရိုက်သွင်းတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ဘဝမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိစေချင်တယ်။ အရေးအကြီးဆုံးကတော့ ကိုယ့်ရင်ထဲက အသံကို နားထောင်တတ်ရမယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အရှိအတိုင်း လက်ခံလိုက်ပါ။”

2. Ellen Page

“မိန်းမဆန်ဆန် နေရမယ်ဆိုတဲ့ ဖိအားတွေအောက်မှာ ကျွန်မ နေခဲ့ဖူးတယ်။ မိန်းကလေးမို့လို့ ဂါဝန် စကတ်လေးတွေ ဝတ်တတ်ရမယ်။ အဲ့လိုမှ မဟုတ်ရင် လူတွေက ယောကျ်ားလျာ လို့ ထင်လိမ့်မယ်ဆိုတဲ့ အတွေးအခေါ်တွေအောက်မှာ ပိတ်မိခဲ့ဖူးတယ်။ ဒါပေမဲ့ ခုတော့ ကျွန်မအတွက် အဆင်ပြေနိုင်မယ့် ဘယ်အဝတ်အစားမဆို ကျွန်မ ဝတ်တယ်၊ အဲလို ဝတ်ခြင်းကနေလည်း လွတ်လပ်မှုကို ကျွန်မ ခံစားရတယ် ”

Related Article>>> ကိုယ့်ကိုယ်ကိုယ် LGBT ဖြစ်ကြောင်း ကြေညာခဲ့ကြတဲ့ နာမည်ကျော် ဆယ်လီဘရစ်တီ (၈)ဦး

Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်သိလိုပါက >>> http://bit.ly/2WK7oFQ

3. Sam Smith

“လူတွေ ပြောနေကြတဲ့ Gay ဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော်က စိတ်တောင်မဝင်စားဘူး။ ကိုယ့်ကိုယ်ကိုယ် gay မှန်း သိခဲ့တာ ကြာပြီဖြစ်သလို (၁၀) နှစ်သားမှာ ကျွန်တော် ဒါကို ထုတ်ဖော်ခဲ့ပါတယ်။ ကျောင်းမှာ သူငယ်ချင်းတွေက ‘မင်း gay လား’ လို့ မေးတိုင်း ကျွန်တော်က ‘ဟုတ်တယ်’ ပဲ  ပြန်ဖြေတယ်။”

4. Harry Styles

“ကိုယ့်ရဲ့ စိတ်ဆန္ဒအတိုင်း ဖြစ်နိုင်ခွင့်က လူတိုင်းမှာ ရှိတာမို့ ဒါကို အထူးအဆန်း လုပ်နေစရာ မလိုဘူးလို့ ထင်တယ်” “ခင်ဗျားက လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ၊ Gay ဖြစ်စေ၊ Straight ဖြစ်စေ၊ Transgender ဖြစ်စေ၊ ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ၊ ကျွန်တော်ခင်ဗျားတို့ကို သေလောက်အောင်ချစ်တယ်”

5. Demi Lovato

“အချစ်ဆိုတာ အရောင်အသွေး၊ ပုံသဏ္ဍာန်၊ အရွယ်အစား အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်တယ်လေ။ ရှင်တို့သည် Straight ပဲ ဖြစ်စေ၊ LGBT ပဲဖြစ်စေ၊ ရှင့်ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ အချစ်ဟာ စစ်မှန်ခိုင်မာပြီး အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကောင်းတစ်ခုပါပဲ” 

6. Miley Cyrus

“ကျွန်မ ဘဝ တစ်ခုလုံးမှာ ကိုယ်ကိုယ်တိုင် အထီးလား အမလား ဆိုတာကိုတောင် သေချာ နားမလည်သေးဘူး။ ကျွန်မ လက်တွဲဖော်လည်း ဒါတွေ နားလည်စရာ မလိုပါဘူး။ တစ်ယောက်ကို တစ်ယောက် နာကျင်အောင် မလုပ်နေသမျှ ကိုယ့်ရဲ့ ရွေးချယ်မှုဟာ ကိုယ့်ရဲ့ ရွေးချယ်မှုပါပဲ။ ကိုယ့်အရှိအတိုင်း လက်ခံပါ”

7. Christine Stewart

“ကိုယ့်ကိုယ်ကိုယ် အဓိပ္ပာယ်သတ်မှတ်ချင်တယ်ဆိုရင် ဘောင်တွေထဲက အရင်ရုန်းထွက်ပါ။ မင်းသမီးတစ်ယောက် ဆိုပေမဲ့ lesbian ဖြစ်တယ် ဆိုတာကို ပြောပြပြီးတဲ့နောက် ပိုပြီး နေသာထိုင်သာ ရှိပါတယ်။ နောက် သုံးနှစ် လေးနှစ်လောက်နေရင်  gay လား straight လား စဉ်းစားနေသူတွေ သိပ်ရှိတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ပုံစံအတိုင်းပဲ ကိုယ်ဆက်သွားပါ။”

References: instyle , Pink News , Seventeen , Pinterest

With love

Ei Mon (For Her Myanmar)

No Comments Yet

Comments are closed