ထိပ်တန်းကိုရီးယား Idolများနဲ့ သူတို့ရဲ့တန်ဖိုးကြီးကားများ

ဒီကားတွေဟာ တော်ရုံလူတွေအဖို့ အိပ်မက်မက်ရုံပဲ တတ်နိုင်မယ့် ဈေးတွေခေါင်ခိုက်နေတဲ့ကားတွေပါ ။

Idol တွေဟာ အလုပ်တွေကြိုးစားလုပ်ကြသလို တကယ်လည်းငွေရှာကောင်းတဲ့သူတွေပါ ။ သူတို့ရှာထားတဲ့ငွေတွေနဲ့ အကောင်းစားကားတွေကို ဝယ်ယူထားကြသူတွေလည်းရှိပါတယ် ။ဒီကားတွေဟာ တော်ရုံလူတွေအဖို့ အိပ်မက်မက်ရုံပဲ တတ်နိုင်မယ့် ဈေးတွေခေါင်ခိုက်နေတဲ့ကားတွေပါ ။ ဒီလိုကားတွေကို ဝယ်နိုင်တဲ့ Idol တွေထဲက မိန်းကလေး (၅) ယောက်ကို ဖော်ပြပေးလိုက်ပါတယ် ။ ကိုယ်အားပေးတဲ့သူပါမလား ကြည့်ကြရအောင်နော် …

၁။ Miss A Suzy

Suzy ရဲ့ ကားကိုတော့ Off the Rec.SUZY အစီအစဉ်မှာ ပရိတ်သတ်တွေ တွေ့မြင်ခဲ့ရပါတယ် ။ Porsche 911 မော်ဒယ်ကားကို Suzy ဟာ ထိုအစီအစဉ်ထဲက အပိုင်းအချို့ ထဲမှာ သူမအခင်ဆုံးသူငယ်ချင်းနဲ့အတူ ဟိုဟိုဒီဒီ လျှောက်လည်ဖို့ သုံးခဲ့တာပါ ။ အဲဒီကားရဲ့ တန်ဖိုးဟာ ၀မ် 171 million ( ယူအက်စ် ဒေါ်လာ ၁၅၁,၅၃၂ ) ခန့်ရှိတာမို့ တန်ဖိုးကြီးတဲ့ကားတစ်စင်းဖြစ်ပါတယ် ။

Related Article >>> ပထမဦးဆုံး ကိုရီးယားဖက်ရှင်လောကထဲကို ဝင်ရောက်လာတဲ့ လူမည်းမော်ဒယ်

2. Girls’ Generation Taeyeon

Taeyeon ကတော့ Mercedes Benz SLK 55 AMG ရဲ့ ပိုင်ရှင်ဖြစ်ပါတယ် ။ အဲဒီကားနဲ့အတူ Taeyeon ကို အပြင်မှာတွေ့ရလေ့ရှိပါတယ်။ ကားတန်ဖိုးကတော့ ၀မ် 69.6 million (ယူအက်စ် ဒေါ်လာ ၆၁,၆၇၁) ခန့်ရှိပါတယ် ။

3. Girls’ Generation Hyoyeon

Hyoyeon ရဲ့ကားကတော့ Land Rover Range Rover Sport ကားဖြစ်ပါတယ် ။ Range Rovers တွေဟာ ဇိမ်ခံကားမဟုတ်ဘူးလို့ထင်နိုင်စရာရှိပေမယ့်လည်း ထိုကားတန်ဖိုးဟာ ၀မ် 109.5 million (ယူအက်စ်ဒေါ်လာ ၉၇,၀၀၈) ခန့်တန်ကြေးရှိတာမို့ ဈေးကြီးတဲ့ ကားကောင်းတစ်စီးဖြစ်တာတော့သေချာပါတယ် ။

Related Article >>> အကောင်းလုပ်ခဲ့ပေမယ့် အဆိုးဝေဖန်မှုတွေပဲ ပြန်ရရှိလိုက်တဲ့ ထိုင်း Cele 10 ဦး

4. 2NE1 Dara

Dara လေးကလည်း အလုပ်ကြိုးစားသူပါပဲ ။ သူလဲ Land Rover Range Rover ကားကိုပဲစီးပါတယ် ။ ၂၀၁၇ မော်ဒယ် အသစ်စက်စက်ကိုမှစီးတာပါ ။ အရောင်ကတော့အနီရောင်ကိုရွေးချယ်ထားပါတယ် ။ တန်ကြေးကတော့ Hyoyeon ရဲ့ ကားနဲ့ တူတူလောက်ပါပဲ ။

5. Sulli

Sulli ကတော့ BMW 428i Hard Top Convertible မော်ဒယ်ကိုစီးပါတယ် ။ ၀မ် 75.4 million (ယူအက်စ် ဒေါ်လာ ၆၆,၇၀၇) ခန့်တန်ကြေးရှိတဲ့ ကားတစ်စီးမို့ တော်ရုံလူ အိပ်မက်ပဲ
မက်လို့ရမယ့် ကားတစ်စီးပါ ။

ကဲ.. သူတို့တွေကတော့ ကိုယ့်အိပ်မက်ကို ကိုယ်ကိုယ်တိုင်ရဲ့ ချွေးတွေနဲ့ရင်းပြီး အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ တန်ဖိုးကြီးကားတွေစီးနိုင်တာလေး တစ်ခုကိုပဲ မကြည့်ဘဲ ဒီကားတွေ ၀ယ်နိုင်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းတရားတွေ၊ သူတို့ရဲ့ကြိုးစားမှုတွေနဲ့ သူတို့ရဲ့ မလျှော့တဲ့ ဇွဲတွေကို မြင်အောင်ကြည့်လို့ ကိုယ့်အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ကြိုးစားလိုက်ကြရအောင်လား ယောင်းတို့ရေ…..

ချစ်တဲ့
အသဲကျော် ( For Her Myanmar )

Source : 5 Top Female Idols Who Managed To Buy Their Dream Luxury Cars

No Comments Yet

Comments are closed