Knowledge

ေအာင္စာရင္းထြက္ၿပီးတဲ့အခ်ိန္နဲ႔ တကၠသိုလ္မတက္ခင္အခ်ိန္ၾကားမွာ အခ်ိန္ကို အက်ိဳးရွိေအာင္ ဘယ္လိုသံုးမလဲ?

အေပ်ာ္ကေန အပ်က္မျဖစ္ဘဲ အျမတ္ထြက္ေစဖို႔

တကၠသိုလ္ဝင္တန္းေအာင္စာရင္းေတြလည္း ထြက္ခါနီးေနၿပီဆိုေတာ့ စာေမးပြဲေျဖထားတဲ့ေယာင္းေလးေတြ ရင္ခုန္ေနၾကေလာက္ၿပီေပါ့ေနာ္။ မၾကာခင္မွာ တကၠသိုလ္ဝင္ခြင့္အမွတ္ေတြလည္း ထြက္လာေတာ့မွာဆိုေတာ့ တကၠသိုလ္ေတြ ေရြးရ၊ ကိုယ္တက္မယ့္ တကၠသိုလ္အေၾကာင္းစံုစမ္းရနဲ႔ စိတ္ကူးေတြယဥ္ရဦးမယ္။ ဒါေပမဲ့ ေအာင္စာရင္းထြက္တဲ့အခ်ိန္နဲ႔ တကၠသိုလ္တက္တဲ့အခ်ိန္ၾကားမွာ အခ်ိန္ကို အလဟႆမျဖစ္ေစဖို႔လည္း လိုပါတယ္။ ဒါဆို ဒီၾကားထဲက အခ်ိန္မွာ ဘာေတြလုပ္သင့္လဲဆိုေတာ့ …

(၁) စာၾကည့္တိုက္ေတြမွာ မန္ဘာဝင္ပါ။

စာၾကည့္တိုက္ေတြမွာ မန္ဘာဝင္လို႔ အရႈံးမရွိပါဘူး ေယာင္းေရ။ British Council တို႔ American Center တို႔ေတြမွာ ေလ့လာစရာေတြ တစ္ပံုတစ္ပင္ရွိသလို စိတ္ဝင္စားဖို႔ေကာင္းတဲ့ စာအုပ္ေတြလည္း အမ်ားႀကီးပါ။ IELTS ေျဖဖို႔ျပင္ဆင္ေနတဲ့ ေယာင္းေတြအတြက္လည္း ေမးခြန္းေဟာင္းေတြ၊ သင္ရိုးစာအုပ္ေတြငွားဖတ္လို႔ရပါေသးတယ္။

(၂) ကြန္ပ်ဴတာသင္တန္းတက္ပါ။

ေခတ္ကိုက နည္းပညာေခတ္ဆိုေတာ့ ကြန္ပ်ဴတာကို ကၽြမ္းကၽြမ္းက်င္က်င္သံုးတတ္ေအာင္ သင္တန္းတက္ထားတာ မမွားပါဘူး။ ေက်ာင္းမွာလည္း power point နဲ႔ presentation ေတြလုပ္ရတဲ့အခါ အခက္အခဲမၾကံဳရေတာ့ဘူးေပါ့။

Related Article >>> ဆယ္တန္းေအာင္ၿပီး တကၠသိုလ္တက္မယ့္ ကေလးေတြအတြက္ စိတ္ပူလို႔မွာခ်င္တယ္။

(၃) English 4 skills တက္ပါ။

အဂၤလိပ္စာက ႏိုင္ငံတကာသံုးဘာသာစကားတစ္ခုဆိုတဲ့အခ်က္က ျငင္းလို႔မရပါဘူး။ အဂၤလိပ္စာကို ဘက္ေပါင္းစံုက ကၽြမ္းက်င္ထားတဲ့အခါ ႏိုင္ငံျခားပညာသင္ဆုေတြ ေလွ်ာက္လို႔ရသလို ႏိုင္ငံျခားသားေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးရတဲ့အခါမွာလည္း ေနာက္ကေနစရာမလိုဘဲ သြက္သြက္လက္လက္ေျပာဆိုႏိုင္တာေပါ့။ Assignment ေတြ presentation ေတြ လုပ္ရတဲ့အခါမွာလည္း ကိုယ့္ဘက္က အဂၤလိပ္စာကို အစီအစဥ္တက်နဲ႔ သဒၵါမွန္မွန္ေရးႏိုင္တဲ့အခါ အမွတ္ပိုရပါတယ္။

(၄) အနည္းဆံုး ဘာသာစကားသင္တန္းတစ္မ်ိဳး တက္ပါ။

အဂၤလိပ္စာအျပင္ အျခားဘာသာစကားတစ္မ်ိဳးလည္း အေျခခံေလာက္ေတာ့ အနည္းဆံုးတက္ထားတာက ေနာင္ေရးအတြက္ အက်ိဳးရွိေစပါတယ္။ အေပၚမွာေျပာခဲ့သလို စေကာလားရွစ္ေလွ်ာက္တဲ့အခါမွာ အသံုးတည့္သလို ေနာက္ပိုင္း intern ဆင္းရတဲ့အခါေတြမွာလည္း ကိုယ္က အဂၤလိပ္အျပင္ လူမ်ိဳးျခားဘာသာစကားတစ္ခုကို ေျပာတတ္ဆိုတတ္တဲ့အခါ သူမ်ားထက္ အလုပ္အကိုင္အခြင့္အေရးပိုေကာင္းပါတယ္။

Related Article >>> ဘဝအတြက္ ခြန္အားေတြ ျပည့္လာေစဖို႔ ဖတ္ၾကည့္သင့္တဲ့ စာအုပ္ (၃)အုပ္

(၅) ဒီပလိုမာတစ္ခုယူထားပါ။

ဒီပလိုမာဆိုရင္ ေက်ာင္းတက္မွယူလည္း ျဖစ္တာပဲလို႔ စဥ္းစားတတ္ပါတယ္။ ေက်ာင္းတက္ရင္း ဒီပလိုမာအတန္းတက္လို႔ရေပမဲ့ အရမ္းပင္ပန္းပါတယ္။ ေက်ာင္းခ်ိန္ၿပီးတာနဲ႔ ဒီပလိုမာအတန္းမီေအာင္ ေျပးရတဲ့အခါ နားခ်ိန္မရွိသလို ေက်ာင္းက activity ေတြမွာလည္း ဝင္ပါစရာအခ်ိန္မရွိဘဲ ျဖစ္သြားမွာပါ။ ကိုယ္ေတြ႔ပါေနာ္ :’)

ကဲ … ဒါေတြကေတာ့ ေအာင္စာရင္းထြက္ၿပီးတဲ့အခ်ိန္နဲ႔ တကၠသိုလ္မတက္ခင္အခ်ိန္ၾကား ကာလေလးမွာ အခ်ိန္ေတြကို အက်ိဳးရွိရွိအသံုးခ်ႏိုင္ဖို႔ပါ။ ၿပီးေတာ့ ေယာင္းတို႔ ပညာေရးနဲ႔ ပတ္သက္ၿပီး မင္မင္တို႔ For Her Myanmar က အစီအစဥ္ေကာင္းေလးေတြ ဖန္တီးခ်င္တဲ့အတြက္ ဒီ survey ေလးကို >>> http://bit.ly/2WpSGUB တစ္ခ်က္ ေျဖေပးပါဦးေနာ္။ ဘယ္လို အစီအစဥ္ေလးေတြ ဖန္တီးေပးမလဲဆိုတာေတာ့ For Her Myanmar Page ေလးကို See First လုပ္ၿပီး ေစာင့္ၾကည့္ေပးၾကဦးေနာ္…

Stella (For Her Myanmar)

<<< Unicode >>>

အပျော်ကနေ အပျက်မဖြစ်ဘဲ အမြတ်ထွက်စေဖို့

တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေလည်း ထွက်ခါနီးနေပြီဆိုတော့ စာမေးပွဲဖြေထားတဲ့ယောင်းလေးတွေ ရင်ခုန်နေကြလောက်ပြီပေါ့နော်။ မကြာခင်မှာ တက္ကသိုလ်ဝင်ခွင့်အမှတ်တွေလည်း ထွက်လာတော့မှာဆိုတော့ တက္ကသိုလ်တွေ ရွေးရ၊ ကိုယ်တက်မယ့် တက္ကသိုလ်အကြောင်းစုံစမ်းရနဲ့ စိတ်ကူးတွေယဉ်ရဦးမယ်။ ဒါပေမဲ့ အောင်စာရင်းထွက်တဲ့အချိန်နဲ့ တက္ကသိုလ်တက်တဲ့အချိန်ကြားမှာ အချိန်ကို အလဟဿမဖြစ်စေဖို့လည်း လိုပါတယ်။ ဒါဆို ဒီကြားထဲက အချိန်မှာ ဘာတွေလုပ်သင့်လဲဆိုတော့ …

(၁) စာကြည့်တိုက်တွေမှာ မန်ဘာဝင်ပါ။

စာကြည့်တိုက်တွေမှာ မန်ဘာဝင်လို့ အရှုံးမရှိပါဘူး ယောင်းရေ။ British Council တို့ American Center တို့တွေမှာ လေ့လာစရာတွေ တစ်ပုံတစ်ပင်ရှိသလို စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်တွေလည်း အများကြီးပါ။ IELTS ဖြေဖို့ပြင်ဆင်နေတဲ့ ယောင်းတွေအတွက်လည်း မေးခွန်းဟောင်းတွေ၊ သင်ရိုးစာအုပ်တွေငှားဖတ်လို့ရပါသေးတယ်။

(၂) ကွန်ပျူတာသင်တန်းတက်ပါ။

ခေတ်ကိုက နည်းပညာခေတ်ဆိုတော့ ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်အောင် သင်တန်းတက်ထားတာ မမှားပါဘူး။ ကျောင်းမှာလည်း power point နဲ့ presentation တွေလုပ်ရတဲ့အခါ အခက်အခဲမကြုံရတော့ဘူးပေါ့။

Related Article >>> ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်မယ့် ကလေးတွေအတွက် စိတ်ပူလို့မှာချင်တယ်။

(၃) English 4 skills တက်ပါ။

အင်္ဂလိပ်စာက နိုင်ငံတကာသုံးဘာသာစကားတစ်ခုဆိုတဲ့အချက်က ငြင်းလို့မရပါဘူး။ အင်္ဂလိပ်စာကို ဘက်ပေါင်းစုံက ကျွမ်းကျင်ထားတဲ့အခါ နိုင်ငံခြားပညာသင်ဆုတွေ လျှောက်လို့ရသလို နိုင်ငံခြားသားတွေနဲ့ တွေ့ဆုံဆွေးနွေးရတဲ့အခါမှာလည်း နောက်ကနေစရာမလိုဘဲ သွက်သွက်လက်လက်ပြောဆိုနိုင်တာပေါ့။ Assignment တွေ presentation တွေ လုပ်ရတဲ့အခါမှာလည်း ကိုယ့်ဘက်က အင်္ဂလိပ်စာကို အစီအစဉ်တကျနဲ့ သဒ္ဒါမှန်မှန်ရေးနိုင်တဲ့အခါ အမှတ်ပိုရပါတယ်။

(၄) အနည်းဆုံး ဘာသာစကားသင်တန်းတစ်မျိုး တက်ပါ။

အင်္ဂလိပ်စာအပြင် အခြားဘာသာစကားတစ်မျိုးလည်း အခြေခံလောက်တော့ အနည်းဆုံးတက်ထားတာက နောင်ရေးအတွက် အကျိုးရှိစေပါတယ်။ အပေါ်မှာပြောခဲ့သလို စကောလားရှစ်လျှောက်တဲ့အခါမှာ အသုံးတည့်သလို နောက်ပိုင်း intern ဆင်းရတဲ့အခါတွေမှာလည်း ကိုယ်က အင်္ဂလိပ်အပြင် လူမျိုးခြားဘာသာစကားတစ်ခုကို ပြောတတ်ဆိုတတ်တဲ့အခါ သူများထက် အလုပ်အကိုင်အခွင့်အရေးပိုကောင်းပါတယ်။

Related Article >>> ဘဝအတွက် ခွန်အားတွေ ပြည့်လာစေဖို့ ဖတ်ကြည့်သင့်တဲ့ စာအုပ် (၃)အုပ်

(၅) ဒီပလိုမာတစ်ခုယူထားပါ။

ဒီပလိုမာဆိုရင် ကျောင်းတက်မှယူလည်း ဖြစ်တာပဲလို့ စဉ်းစားတတ်ပါတယ်။ ကျောင်းတက်ရင်း ဒီပလိုမာအတန်းတက်လို့ရပေမဲ့ အရမ်းပင်ပန်းပါတယ်။ ကျောင်းချိန်ပြီးတာနဲ့ ဒီပလိုမာအတန်းမီအောင် ပြေးရတဲ့အခါ နားချိန်မရှိသလို ကျောင်းက activity တွေမှာလည်း ဝင်ပါစရာအချိန်မရှိဘဲ ဖြစ်သွားမှာပါ။ ကိုယ်တွေ့ပါနော် :’)

ကဲ … ဒါတွေကတော့ အောင်စာရင်းထွက်ပြီးတဲ့အချိန်နဲ့ တက္ကသိုလ်မတက်ခင်အချိန်ကြား ကာလလေးမှာ အချိန်တွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့ပါ။ ပြီးတော့ ယောင်းတို့ ပညာရေးနဲ့ ပတ်သက်ပြီး မင်မင်တို့ For Her Myanmar က အစီအစဉ်ကောင်းလေးတွေ ဖန်တီးချင်တဲ့အတွက် ဒီ survey လေးကို >>> http://bit.ly/2WpSGUB တစ်ချက် ဖြေပေးပါဦးနော်။ ဘယ်လို အစီအစဉ်လေးတွေ ဖန်တီးပေးမလဲဆိုတာတော့ For Her Myanmar Page လေးကို See First လုပ်ပြီး စောင့်ကြည့်ပေးကြဦးနော်…

Stella (For Her Myanmar)

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*

Leave a Reply

Your email address will not be published. Required fields are marked *