ခေါင်းလျှော်ရည်ကို ဘယ်နေရာမှာ သုံးလို့ရမလဲ

”ခေါင်းလျှော်ရည်ကို ဘယ်နေရာမှာ သုံးလို့ရမလဲ။”
”အာ..လာနောက်နေတာလား။ ခေါင်းလျှော်ရည်ပါဆိုနေမှတော့ ခေါင်းလျှော်ဖို့ သုံးမှာပေါ့။”

ပျိုမေတို့သိကြပါသလား..
ခေါင်းလျှော်ရည်(shampoo)ကို လူတွေအများစုက ခေါင်းလျှော်ဖို့ပဲသုံးကြပေမယ့် တခြားနေရာတွေမှာလည်း အကျိုးရှိရှိ အသုံးချလို့ရပါသေးတယ်။ For Her Myanmar မှ shampoo နဲ့ပတ်သတ်ပြီး အသုံးဝင်ပုံလေးတွေကို ပျိုမေတို့အတွက်မျှဝေပေးလိုက်ပါတယ်။

၁။ အင်္ကျီကော်လာပေါ်မှာ ချေးကွက်လို့ပဲဖြစ်ဖြစ်၊ အစက်အပျောက်ပေနေလို့ပဲဖြစ်ဖြစ် ခေါင်းလျှော်ရည်ထည့်လျှော်လျှင် အဆင်ပြေပါတယ်။

၂။ ကြပ်နေတဲ့ တံခါးပတ္တာတွေအတွက် ချောဆီအဖြစ်အသုံးပြုလို့ရပါတယ်။

14656268_1152141274854801_547906327823030258_n

၃။ Shampoo ကို ရေချိုးခန်းနှင့် အိမ်သာ ဆေးရာမှာအသုံးနိုင်ပါတယ်။

၎။ နူးညံ့တဲ့ အသားဖြင့်ပြုလုပ်ထားတဲ့ အမျိုးသမီးအတွင်းခံနှင့် နိုင်လွန်သားတွေ သန့်စင်ရာမှာလည်း အသုံးဝင်ပါတယ်။

14706989_1152141428188119_2531461457301768045_o
၅။ ခေါင်းလျှော်ရည်ဟာ အိမ်သုတ်ဆေးပေကျံတဲ့ အင်္ကျီနှင့် ဆေးသုတ်တံ၊ အလှပြင် brush တွေ သန့်စင်ရာမှာ အလွန်အသုံးဝင်ပါတယ်။

၆။ Shampoo အနည်းငယ်ထည့်ပြီး ကော်ဇော၊ ခြေသုတ်ခုံတို့ကို ရေဆေးချပြီး သန့်စင်နိုင်ပါတယ်။

၇။ လက်ချောင်းတွေအတွက် shampoo ဟာအကောင်းဆုံးပါ။ shampoo ရောထားတဲ့ရေခပ်နွေးနွေးထဲကို လက်ချောင်းလေးတွေ စိမ်ထားခြင်းအားဖြင့် လက်ချောင်းသန့်ရှင်းစေပြီး အသားမာတက်ခြင်းကို ပျောက်ကင်းစေပါတယ်။

၈။ ဆွယ်တာအင်္ကျီ တွေကို တောက်ပြောင်သန့်ရှင်းစေပါတယ်။

14717183_1152141674854761_8867424180065071887_n

၉။ ဆီချေးတိုက်ဖျက်ရာမှာ Shampoo ဟာဘုရင်တစ်ပါးပါ။ ဆီချေးပေကျံနေတဲ့ မီးဖိုနဲ့ ရေခဲသေတ္တာအပြင်နေရာ တို့ကို ခေါင်းလျှော်ရည်နဲ့ ပွတ်တိုက်ဆေးကြောလို့ရပါတယ်။

၁၀။ ကြွေကြမ်းခင်း၊ သစ်သားကြမ်းခင်း၊ သစ်သားတံခါးကို ခေါင်းလျှော်ရည် နဲ့တိုက်ဆေးလို့ရပါတယ်။

No Comments Yet

Comments are closed