Knowledge Technology

ဖရီး ဝိုင္ဖိုင္ေတြကို အႏၱရာယ္ကင္းကင္း ဘယ္လို သံုးၾကမလဲ??

ဝုိင္ဖိုင္ ဖရီးရတယ္ဆိုၿပီး အေပ်ာ္မေစာသင့္ပါေနာ္…

အခုေခတ္မွာေတာ့ အင္တာနက္ဆိုတာ အေပ်ာ္သက္သက္၊ အပ်င္းေျပရံုသက္သက္ သံုးေနၾကတာ မဟုတ္ေတာ့ပါဘူးေနာ္…အင္တာနက္ကို သံုးၿပီး စီးပြားေရး၊ လူမႈေရး၊ ပညာေရးစတဲ့ အေရးႀကီးတဲ့ ကိစၥေတြကစလို႔ ေငြလႊဲတာ၊ ေငြစစ္တာကအဆံုး သံုးလာၾကပါၿပီ။ အင္တာနက္ သံုးတယ္ဆိုရာမွာကလည္း ကိုယ့္ဟာကိုယ္ ဖုန္းေဘလ္နဲ႔ အင္တာနက္ေဒတာ ဝယ္သံုးတယ္ဆိုတာအျပင္ အင္တာနက္ကို အိမ္ေတြမွာ တပ္ဆင္ အသံုးျပဳလာတာေတြ၊ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ရေနတဲ့ ဝိုင္ဖိုင္စနစ္ေတြကို အသံုးျပဳၾကတာေတြ စသျဖင့္ အမ်ိဳးမ်ိဳးရွိၾကတယ္ေပါ့ေနာ္…

အဲဒီမွာမွ ကိုယ္ေတြသံုးရတာ အေပ်ာ္ဆံုးက Public Wifi လို႔ေခၚတဲ့ အျပင္မွာ အလကားေနရင္း မိေနတဲ့ wifi ေတြပါပဲ.. ဟုတ္တယ္မလား.. ညီမေလးေရ.. Wifi ရတယ္ေနာ္ဆိုလို႔ကေတာ့ေ ပ်ာ္ၿပီပဲ 😀 ဒီထဲမွာမွ အဖြဲ႕အစည္း တစ္ခုခုက တပ္ဆင္ၿပီး သူနဲ႔ ဆက္ႏြယ္ေနတဲ့သူေတြအတြက္ ေပးသံုးတဲ့ Password ပါတဲ့ wifi ေတြနဲ႔ အလကားေနရင္း မိေနတဲ့ Wifi ေတြ၊ Password မခံထားတဲ့ Wifi ေတြကလည္း ရွိေနပါေသးတယ္။ အဲဒီမွာ သတိထားစရာေတြ ျဖစ္လာေတာ့တာပါပဲ။

ဘယ္လိုေၾကာင့္ ဘာေတြကို သတိထားရမွာလဲဆိုေတာ့..

Public Wifi ေတြ ခ်ိတ္ၿပီး Facebook တို႔ Messenger တို႔မွာ အေရးႀကီးတဲ့ အခ်က္အလက္ေတြ ပို႔ေပးတာေတြ၊ Online bank ေတြနဲ႔ ေငြလႊဲတာမ်ိဳးေတြ တို႔ေတြက လြယ္လြယ္ေလး ေတြးၿပီး လုပ္လုိက္တတ္ပါတယ္။ ဒါမ်ိဳး လုံုးဝ မလုပ္ပါနဲ႔ ေယာင္းတို႔ေရ…  ဒီလုိသံုးလိုက္တဲ့အခါမွာ ေယာင္းတုိ႔ရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြနဲ႔ ေယာင္းတို႔ရဲ႕ Password ေတြကို ခိုးယူသြားႏုိင္လို႔ပါ။

ကဲ.. ဒါဆို Public Wifi ေတြကို အႏၱရာယ္ကင္းကင္းနဲ႔ ဘယ္လို သံုးၾကမလဲ?

Related article >>> မက္ဆင္ဂ်ာ (messenger) မီးေလး မစိမ္းေတာ့ေအာင္ ဘယ္လို ပိတ္မလဲ?

(၁) Public Wi-Fi ကို အေရးမႀကီးတာေတြအတြက္ပဲ သံုးပါ။

Wifi ကို အသံုးျပဳေနစဥ္ အေရးႀကီးတဲ့လုပ္ငန္းေတြ၊ ဘဏ္အေကာင့္ေတြ၊ အီးေမးလ္နဲ႔ Social Application ေတြ စတဲ့ ကိုယ့္ရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြပါဝင္တာေတြ လံုးဝ မသံုးပါနဲ႔ ေယာင္းေရ… ဗီဒီယိုၾကည့္ဖို႔၊ ေဒါင္းလုတ္ဆြဲဖို႔ စတာေတြေလာက္ပဲ သံုးတာ အေကာင္းဆံုး ျဖစ္ပါလိမ့္မယ္ ေယာင္းေရ… Wi-fi ခ်ိတ္ၿပီးၿပီဆိုတာနဲ႔ File Sharing Option ကို ပိတ္ထားလိုက္ပါ။

(၂) Virtual Private Network (VPN) ကို အသံုးျပဳပါ။

Public Wi-Fi ထဲမွာ လံုျခံဳစိတ္ခ်မႈ ရွိေစႏိုင္တဲ့ အေကာင္းဆံုး နည္းလမ္းက VPN ပါပဲေနာ္။ VPN ဟာ အသံုးျပဳသူ နဲ႔ VPN server ၾကားက ဆက္သြယ္မႈေတြကို လံုၿခံဳေအာင္ encrypt ျပဳလုပ္ေပးတာေၾကာင့္ hacker ေတြအေနနဲ႔ အခ်က္အလက္ေတြကို အလြယ္တကူ မခိုးယူႏိုင္ေတာ့ပါဘူး။ တခ်ိဳ႕ VPN ေတြက ေယာင္းတို႔ရဲ႕ IP address ကို သူတို႔ရဲ႕ IP address နဲ႔ ဖံုးေပးထားတာမ်ိဳးေတာင္ ရွိပါတယ္။ ဒါေတာ့ ကိုယ္သံုးတဲ့ VPN ေပၚ မူတည္တာေပါ့ေနာ္..

(၃) Certificate Warning လို႔ေပၚလာရင္ လံုးဝမသံုးသင့္ေတာ့ဘူးေနာ္

Browser ေတြသံုးေနရင္းနဲ႕ Certificate warning ဆိုၿပီး ေပၚလာတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီလိုဆိုရင္ သတိအႀကီးႀကီး ထားသင့္ပါၿပီ။ Certificate warning ဟာ website ရဲ႕ လံုျခံဳေရးနဲ႔ ပတ္သက္ၿပီး တစ္ခုခုျဖစ္ေနၿပီလို႔ ၫႊန္ျပေနတာ ျဖစ္ပါတယ္။ Facebook, Gmail, နဲ႔ ဘဏ္ေတြနဲ႔ ပတ္သက္လာရင္ အမ်ားႀကီး ပိုၿပီး ဂ႐ုစိုက္ရပါမယ္။ ဒါေၾကာင့္ Certificate warning ေတြ႕ရင္ အဲဒီ ဝက္ဘ္ဆိုက္ဒ္ကို လံုးဝဆက္မၾကည့္ပါနဲ႔ေတာ့ ေယာင္းေရ…

(၄) Public Wifi ကိုစံုစမ္းၿပီးမွ ခ်ိတ္ပါ။

hacker ေတြဟာ Wifi အတုေထာင္ၿပီးေတာ့လည္း အခ်က္အလက္ေတြ ခိုးယူတတ္ပါတယ္။ ဆိုင္ရဲ႕ Wi-Fi ကို ေသေသခ်ာခ်ာ စံုစမ္းစစ္ေဆးၿပီးမွ ခ်ိတ္ဆက္ပါ။ နာမည္တူ Wi-Fi ေတြရွိေနလားဆိုတာပါ ထပ္ စစ္ေဆးပါ။ ဘယ္Wifi ပဲျဖစ္ျဖစ္ သတိထားတာက မမွားဘူးမို႔ File Sharing Option ကို WiFi ခ်ိတ္တိုင္း ပိတ္ထားပါ ေယာင္းေရ..

Related Article>>>>ဘယ္ရာသီခြင္ေတြက အားကစားလုပ္ရမွာ အပ်င္းဆုံးျဖစ္မလဲ

(၅) Two Factor Authentication ကို အသံုးျပဳပါ။

Two Factor Authentication ကေတာ့ account တစ္ခုကို log in ဝင္ဖို႔ password အျပင္ အျခား security check (လံုျခံဳေရး စစ္ေဆးမႈစနစ္) ကိုပါ ျဖတ္သန္းရတဲ့ စနစ္ပါပဲ။ ေယာင္းတို႔ ျမင္ေအာင္ နမူနာ ျပရရင္ သူ႔ရဲ႕စနစ္ေလးက Facebook application မွာ Security and Login ထဲက Use two factor Authentication ကို on ထားလိုက္သလိုမ်ိဳးပါပဲ။ သူ႔ကို activate ျပဳလုပ္ထားရင္ တျခားစက္ကေန ကိုယ့္ account ထဲဝင္ဖို႔ဆိုရင္ password သာမက code ပါ ႐ိုက္ထည့္ရပါတယ္။ Hacker ဟာ password ကို သိသြားရင္ေတာင္ code ကို မသိရင္ account ထဲ ဝင္လို႔မရေတာ့ပါဘူး။ ကိုယ့္ရဲ႕ account ကို ပိုၿပီး လံုျခံဳသြားေစတာေပါ့ေနာ္…

(၆) Antivirus software ေတြကို ထည့္သြင္းထားပါ။

ေယာင္းတို႔နဲ႔ Wifi မွ်သံုးေနတဲ့ အျခားတစ္ေယာက္က ေယာင္းတို႔သံုးေနတဲ့ စက္ေတြ၊ ဖုန္းေတြကို မဟက္ခ္ႏုိင္ေအာင္ Antivirus ေဆာ့ဖ္ဝဲလ္ေတြက ကာကြယ္ေပးႏုိင္ပါတယ္။ ေယာင္းသံုးေနက် စက္ထဲမွာ ေနာက္ဆံုး Version ျဖစ္တဲ့ Antivirus ေဆာ့ဖ္ဝဲလ္ေတြကို ထည့္သြင္းထားဖုိ႔ေတာ့ လိုတာေပါ့ေနာ္..

Onlineshop လုပ္ေနတဲ့ ေယာင္းေလးတို႔ေရာ Online နဲ႔ အလုပ္လုပ္ေနရတဲ့ ေယာင္းေလးေတြေရာ အြန္လိုင္းကေန ေငြအေပးအယူ လုပ္ေနရတဲ့ေယာင္းေလးေတြေရာ  ျဖဴသန္႔ ရွာေဖြထားတာေလးေတြ ဖတ္ၾကည့္ၿပီး Public Wifi ကို အႏၱရာယ္ကင္းကင္း သံုးႏုိင္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

အဆင္ေျပၾကပါေစ ေယာင္းတို႔ေရ…

Phyu Thant (For Her Myanmar)

References : Global Sign , Life Hacker

<<< Unicode >>>

ဝိုင်ဖိုင် ဖရီးရတယ်ဆိုပြီး အပျော်မစောသင့်ပါနော်…

အခုခေတ်မှာတော့ အင်တာနက်ဆိုတာ အပျော်သက်သက်၊ အပျင်းပြေရုံသက်သက် သုံးနေကြတာ မဟုတ်တော့ပါဘူးနော်…အင်တာနက်ကို သုံးပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေးစတဲ့ အရေးကြီးတဲ့ ကိစ္စတွေကစလို့ ငွေလွှဲတာ၊ ငွေစစ်တာကအဆုံး သုံးလာကြပါပြီ။

အင်တာနက် သုံးတယ်ဆိုရာမှာကလည်း ကိုယ့်ဟာကိုယ် ဖုန်းဘေလ်နဲ့ အင်တာနက်ဒေတာ ဝယ်သုံးတယ်ဆိုတာအပြင် အင်တာနက်ကို အိမ်တွေမှာ တပ်ဆင် အသုံးပြုလာတာတွေ၊ နေရာတော်တော်များများမှာ ရနေတဲ့ ဝိုင်ဖိုင်စနစ်တွေကို အသုံးပြုကြတာတွေ စသဖြင့် အမျိုးမျိုးရှိကြတယ်ပေါ့နော်… အဲဒီမှာမှ ကိုယ်တွေသုံးရတာ အပျော်ဆုံးက Public Wifi လို့ခေါ်တဲ့ အပြင်မှာ အလကားနေရင်း မိနေတဲ့ wifi တွေပါပဲ.. ဟုတ်တယ်မလား.. “ညီမလေးရေ.. Wifi ရတယ်နော်”ဆိုလို့ကတော့ေ ပျာ်ပြီပဲ 😀

ဒီထဲမှာမှ အဖွဲ့အစည်း တစ်ခုခုက တပ်ဆင်ပြီး သူနဲ့ ဆက်နွယ်နေတဲ့သူတွေအတွက် ပေးသုံးတဲ့ Password ပါတဲ့ wifi တွေနဲ့ အလကားနေရင်း မိနေတဲ့ Wifi တွေ၊ Password မခံထားတဲ့ Wifi တွေကလည်း ရှိနေပါသေးတယ်။ အဲဒီမှာ သတိထားစရာတွေ ဖြစ်လာတော့တာပါပဲ။

ဘယ်လိုကြောင့် ဘာတွေကို သတိထားရမှာလဲဆိုတော့.. Public Wifi တွေ ချိတ်ပြီး Facebook တို့ Messenger တို့မှာ အရေးကြီးတဲ့ အချက်အလက်တွေ ပို့ပေးတာတွေ၊ Online bank တွေနဲ့ ငွေလွှဲတာမျိုးတွေ တို့တွေက လွယ်လွယ်လေး တွေးပြီး လုပ်လိုက်တတ်ပါတယ်။ ဒါမျိုး လုံးဝ မလုပ်ပါနဲ့ ယောင်းတို့ရေ… ဒီလိုသုံးလိုက်တဲ့အခါမှာ ယောင်းတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ယောင်းတို့ရဲ့ Password တွေကို ခိုးယူသွားနိုင်လို့ပါ။ ကဲ.. ဒါဆို Public Wifi တွေကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လို သုံးကြမလဲ?

Related article>>> မက်ဆင်ဂျာ (messenger) မီးလေး မစိမ်းတော့အောင် ဘယ်လို ပိတ်မလဲ?

(၁) Public Wi-Fi ကို အရေးမကြီးတာတွေအတွက်ပဲ သုံးပါ။

Wifi ကို အသုံးပြုနေစဉ် အရေးကြီးတဲ့လုပ်ငန်းတွေ၊ ဘဏ်အကောင့်တွေ၊ အီးမေးလ်နဲ့ Social Application တွေ စတဲ့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေပါဝင်တာတွေ လုံးဝ မသုံးပါနဲ့ ယောင်းရေ… ဗီဒီယိုကြည့်ဖို့၊ ဒေါင်းလုတ်ဆွဲဖို့ စတာတွေလောက်ပဲ သုံးတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ် ယောင်းရေ… Wi-fi ချိတ်ပြီးပြီဆိုတာနဲ့ File Sharing Option ကို ပိတ်ထားလိုက်ပါ။

(၂) Virtual Private Network (VPN) ကို အသုံးပြုပါ။

Public Wi-Fi ထဲမှာ လုံခြုံစိတ်ချမှု ရှိစေနိုင်တဲ့ အကောင်းဆုံး နည်းလမ်းက VPN ပါပဲနော်။ VPN ဟာ အသုံးပြုသူ နဲ့ VPN server ကြားက ဆက်သွယ်မှုတွေကို လုံခြုံအောင် encrypt ပြုလုပ်ပေးတာကြောင့် hacker တွေအနေနဲ့ အချက်အလက်တွေကို အလွယ်တကူ မခိုးယူနိုင်တော့ပါဘူး။ တချို့ VPN တွေက ယောင်းတို့ရဲ့ IP address ကို သူတို့ရဲ့ IP address နဲ့ ဖုံးပေးထားတာမျိုးတောင် ရှိပါတယ်။ ဒါတော့ ကိုယ်သုံးတဲ့ VPN ပေါ် မူတည်တာပေါ့နော်..

(၃) Certificate Warning လို့ပေါ်လာရင် လုံးဝမသုံးသင့်တော့ဘူးနော်..

Browser တွေသုံးနေရင်းနဲ့ Certificate warning ဆိုပြီး ပေါ်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် သတိအကြီးကြီး ထားသင့်ပါပြီ။ Certificate warning ဟာ website ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်နေပြီလို့ ညွှန်ပြနေတာ ဖြစ်ပါတယ်။ Facebook, Gmail, နဲ့ ဘဏ်တွေနဲ့ ပတ်သက်လာရင် အများကြီး ပိုပြီး ဂရုစိုက်ရပါမယ်။ ဒါကြောင့် Certificate warning တွေ့ရင် အဲဒီ ဝက်ဘ်ဆိုက်ဒ်ကို လုံးဝဆက်မကြည့်ပါနဲ့တော့ ယောင်းရေ…

(၄) Public Wifi ကိုစုံစမ်းပြီးမှ ချိတ်ပါ။

hacker တွေဟာ Wifi အတုထောင်ပြီးတော့လည်း အချက်အလက်တွေ ခိုးယူတတ်ပါတယ်။ ဆိုင်ရဲ့ Wi-Fi ကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှ ချိတ်ဆက်ပါ။ နာမည်တူ Wi-Fi တွေရှိနေလားဆိုတာပါ ထပ် စစ်ဆေးပါ။ ဘယ်Wifi ပဲဖြစ်ဖြစ် သတိထားတာက မမှားဘူးမို့ File Sharing Option ကို WiFi ချိတ်တိုင်း ပိတ်ထားပါ ယောင်းရေ..

Related Article >>> ဘယ်ရာသီခွင်တွေက အားကစားလုပ်ရမှာ အပျင်းဆုံးဖြစ်မလဲ

(၅) Two Factor Authentication ကို အသုံးပြုပါ။

Two Factor Authentication ကတော့ account တစ်ခုကို log in ဝင်ဖို့ password အပြင် အခြား security check (လုံခြုံရေး စစ်ဆေးမှုစနစ်) ကိုပါ ဖြတ်သန်းရတဲ့ စနစ်ပါပဲ။ ယောင်းတို့ မြင်အောင် နမူနာ ပြရရင် သူ့ရဲ့စနစ်လေးက Facebook application မှာ Security and Login ထဲက Use two factor Authentication ကို on ထားလိုက်သလိုမျိုးပါပဲ။ သူ့ကို activate ပြုလုပ်ထားရင် တခြားစက်ကနေ ကိုယ့် account ထဲဝင်ဖို့ဆိုရင် password သာမက code ပါ ရိုက်ထည့်ရပါတယ်။ Hacker ဟာ password ကို သိသွားရင်တောင် code ကို မသိရင် account ထဲ ဝင်လို့မရတော့ပါဘူး။ ကိုယ့်ရဲ့ account ကို ပိုပြီး လုံခြုံသွားစေတာပေါ့နော်…

(၆) Antivirus software တွေကို ထည့်သွင်းထားပါ။

ယောင်းတို့နဲ့ Wifi မျှသုံးနေတဲ့ အခြားတစ်ယောက်က ယောင်းတို့သုံးနေတဲ့ စက်တွေ၊ ဖုန်းတွေကို မဟက်ခ်နိုင်အောင် Antivirus ဆော့ဖ်ဝဲလ်တွေက ကာကွယ်ပေးနိုင်ပါတယ်။ ယောင်းသုံးနေကျ စက်ထဲမှာ နောက်ဆုံး Version ဖြစ်တဲ့ Antivirus ဆော့ဖ်ဝဲလ်တွေကို ထည့်သွင်းထားဖို့တော့ လိုတာပေါ့နော်..

Onlineshop လုပ်နေတဲ့ ယောင်းလေးတို့ရော Online နဲ့ အလုပ်လုပ်နေရတဲ့ ယောင်းလေးတွေရော အွန်လိုင်းကနေ ငွေအပေးအယူ လုပ်နေရတဲ့ယောင်းလေးတွေရော ဖြူသန့် ရှာဖွေထားတာလေးတွေ ဖတ်ကြည့်ပြီး Public Wifi ကို အန္တရာယ်ကင်းကင်း သုံးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဆင်ပြေကြပါစေ ယောင်းတို့ရေ…

Phyu Thant (For Her Myanmar)

References : Global Sign , Life Hacker

Phyu Thant
Phyu Thant
Foodနဲ႔ beauty နဲ့ပတ္သက္တာေလးေတြအဓိက စိတ္ဝင္စားေအာင္ေရးေပးပါ့မယ္ေနာ္။For Her Myanmar မွာ ေယာင္းေလးတို႔ မပ်င္းရေအာင္ေရးေပးပါ့မယ္။ 💕

Leave a Reply

Your email address will not be published. Required fields are marked *