မက်ဆင်ဂျာ (messenger) မီးလေး မစိမ်းတော့အောင် ဘယ်လို ပိတ်မလဲ?
<<< Unicode >>>
လိုင်းကလည်း သုံးချင်၊ စကားကလည်း မပြောချင်ဆိုတဲ့ ချိမတို့အတွက်
Messengerမှာဘယ်သူနဲ့မှ စကားမပြောချင်ဘူး ဒါမဲ့ လိုင်းကလည်း သုံးချင်သေးတယ်။ ကီးဘုတ်ပျောက်အောင် လုပ်လိုက်ရင်လည်း မကောင်းတတ်ဆိုတဲ့ ယောင်းယောင်းလေးတို့အတွက် အက်ဒ်မင် လာပါပြီ.. အဆင့်လေး (၃) ဆင့်နဲ့ လွယ်လွယ်လေး ဖြေရှင်းလို့ ရပါတယ် ယောင်းတို့ရေ… ဘာတွေ လုပ်ရမလဲဆိုတော့…
၁။ Messenger ထဲက ကိုယ့် Profile ထဲဝင်လိုက်မယ်ဆိုရင် Active Status ဆိုတာလေး တွေ့ပါလိမ့်မယ် ယောင်းရေ.. အဲဒါလေး နှိပ်လိုက်နော်…
၂။ Active Status လေးကိုရွေးလိုက်ရင် အခုလိုလေးပေါ်လာပါလိမ့်မယ်။
၃။ ဒီလိုလေးပေါ်လာပြီဆိုရင် အပိတ်အဖွင့် ခလုတ်လေးမှာ ပိတ်ပေးလိုက်ရင် ရပါပြီ ယောင်းတို့ရေ…
ကဲ.. လွယ်လွယ်လေး မဟုတ်လား???
ဟင်.. အက်ဒ်မင်ကလည်း ဒါလေးများဆိုပြီး ဖြစ်သွားပြီဟုတ်?? အဲဒီလို ပြောမယ်မှန်း သိနေတဲ့ ယောင်းတို့အတွက် အက်ဒ်မင်က Bonus အနေနဲ့ Messenger Dark Mode ပြောင်းနည်းလေး ထပ်ပြောပြပေးပါ့မယ်လို့…
၁။ အရင်ဆုံး ကိုယ့် Messenger က နောက်ဆုံးဗားရှင်း ဖြစ်၊မဖြစ်စစ်ပြီး မဖြစ်သေးရင် Update တင်လိုက်ပါ ယောင်းရေ…
၂။ ပြီးရင်တော့ ကိုယ့်သူငယ်ချင်းဖြစ်ဖြစ်၊ ကိုယ့်ရဲ့ နောက်အကောင့်ထဲဖြစ်ဖြစ် (အကောင့်ပုန်းတွေ ရှိတယ်မား 😛 ) လခြမ်းပုံ Emoji လေး ပို့လိုက်ပါ။ ဒီကောင်လေးနော်..
၃။ အဲဒါဆို ကိုယ့် မက်ဆင်ဂျာထဲ လခြမ်းလေးတွေ ကျလာပါလိမ့်မယ်… (ဘားမဟုတ်ဘူး ဒါက လှလို့ ထည့်ပေးတာ ဟီးဟီး)
၄။ ကိုယ် ပို့ထားတဲ့ လခြမ်းလေးကို နှစ်ချက်နှိပ်လိုက်ရင် အပေါ်ဘက်နားမှာ Mode ပြောင်းတဲ့ Setting လေး ပေါ်လာပါလိမ့်မယ်။
၅။ အဲဒီမှာ Turn on in setting ကို နှိပ်၊ Dark Mode ကို On ပြီး သုံးလို့ရပါပြီ ယောင်းတို့ရေ..
မည်းမည်းလေးနဲ့ အဇမ်းမိုက်.. မျက်လုံးတော့ နည်းနည်း စူးတယ် ဟီးဟီး..လုပ်လို့ရသွားရင် လာပြောပေးကြဦးနော် ယောင်းတို့..
Phyu Thant (For Her Myanmar)
No Comments Yet
Comments are closed