အင်္ဂလိပ်ဝတ္ထုကိုဒီလိုလွယ်လွယ်ဖတ်ကြမယ်

အင်္ဂလိပ်စာအုပ်တွေဖတ်ချင်ပေမယ့် အဘိဓာန်လှန်ရတာ မစားသာဘူးဆိုတဲ့ ယောင်းတို့ဖတ်ကြည့်နော်

ဘယ်ကစဖတ်ကြမလဲ

လွယ်လွယ်ကူကူ ကလေးစာအုပ်ကနေစဖတ်မယ်လေ။ အဲ့ကနေပြီး ဆယ်ကျော်သက်တို့အတွက် YA (Young , Adult ) တို့ နောက်ပြီး အချစ်အလွမ်း romance ကလေးတွေ၊ ဒီကတစ်ဆင့်တက်ပြီး ဘဝသရုပ်ဖော်စာလေးတွေ၊ အဲ့ကနေပြီး စာဖတ်သက်ရင့်သွားရင် စာခန့်တွေဖတ်လို့ရပြီ။ ဒီအဆင့်ရောက်ရင် ဆရာကြီးခေါ်ရမယ်။ 😀

ဘယ်လိုစဖတ်ကြမလဲ။

ပထမတစ်အုပ်ကတော့ အဘိဓာန်လှန်ရမှာပဲ ယောင်းရေ။ အက်ဒမင်ဆို ဟယ်ရီပေါ်တာဖတ်တာ တစ်မျက်နှာလောက်ပြီးဖို့အရေး ဇက်ကြောတွေတက်အောင် တစ်ကြောင်းဖတ်လိုက် အဘိဓာန်လှန်လိုက်လုပ်ရတယ်။ အဲ့လိုပြောလို့ အားမငယ်သွားနဲ့နော်။ တစ်အုပ်လောက်ကုန်ရင် အဘိဓာန်မလိုတော့ဘူး။ ဘာလို့မလိုတော့တာလဲသိလား။ သိချင်ဆက်ဖတ်.. 😛

အဘိဓာန်ကို လုံးဝမကိုင်ချင်တော့ရင် ယောင်းကတော့ နည်းနည်းအားစိုက်ထုတ်ရမယ်။ အဲ့တစ်အုပ်ဖတ်နေရင်း စာကြောင်းအနေအထားလေးတွေ၊ ထူးထူးခြားခြားစာလုံးလေးတွေ၊ ခုနကိုယ်မသိလို့ရှာထားတဲ့ စာလုံးလေးတွေကို လိုက်မှတ်ထား။ စာတစ်ကြောင်းကို တစ်ခေါက်တည်းဖတ်လို့ နားမလည်ရင် နားလည်တဲ့အထိဖတ်။ လိုအပ်ရင် တစ်ပိုဒ်လုံးပြန်ဖတ်။ အပျော်သဘောမဟုတ်ဘဲ သေချာအာရုံစိုက်ပြီး ဖတ်လိုက်မယ်ဆိုရင် တကယ့်ကို စာအုပ်တစ်အုပ် ဖတ်အပြီးမှာ ယောင်းတို့ စာဖတ်အားတွေ တော်တော်တိုးတက်လာမှာသိလား။

Related article>>> ဘာစာအုပ်ဖတ်ရမလဲ

စာတွေဆက်ဖတ်ပါ

ကဲတစ်အုပ်တော့ပြီးပြီ နောက်တစ်အုပ်ဆက်ဖတ်ကြည့်မယ်။ အဲ့ကျရင် ယောင်းဘာတွေသတိထားမိလာမလဲဆိုတော့။ စာကြောင်းဖွဲ့စည်းပုံတွေ တော်တော် နားလည်လာမယ်။ အရှေ့စာအုပ်မှာ အဘိဓာန်ရှာထားတဲ့ အကျိုုးနဲ့ စာလုံးတွေ အများကြီးတိုးလာမယ်။ ကိုယ်မသိတဲ့စာလုံးပါလာရင်တောင် စာကြောင်းအစအဆုံးဖတ်လိုက်ရင် ဒီစာလုံးရဲ့အဓိပ္ပါယ်ကိုယ် ရိပ်ဖမ်းသံဖမ်း သဘောပေါက်လာလိမ့်မယ်။

Related Article >>> အသိဉာဏ်ကြွယ်စေဖို့ ဖတ်သင့်တဲ့ စာအုပ်အမျိုးအစား (၅)မျိုး

နှစ်အုပ်ကနေ သုံးအုပ်၊လေးအုပ်ဖြစ်လာရင်တော့ ယောင်းတို့တွေ အင်္ဂလိပ်စာ အများကြီးတိုးတက်လာသလို စာဖတ်နှုန်းလဲမြန်လာပါလိမ့်မယ်။ အဲ့ကျရင် စာဖတ်ရတာ အလုပ်ကြီးတစ်ခုလိုမဟုတ်တော့ဘဲ ပေါ့ပေါ့ပါးပါးနဲ့ သိပ်ပျော်ဖို့ကောင်းလာမှာနော်။

အရေးကြီးတာကတော့ ဘယ်လောက်ပင်ပန်းပင်ပန်း အားမလျှော့ဘဲ ပထမတစ်အုပ်ကို ပြီးအောင်ဖတ်ဖို့ပါပဲ။ ပြီးသွားရင် စာတွေကို ဖတ်ပြီးရင်းသာဆက်ဖတ်။ နောက်ပိုင်းကျရင် အားလုံး အိုကေမှာစိုပြေသွားလိမ့်မယ်။ အင်္ဂလိပ်စာသင်တန်းဘာညာတောင် မလိုတော့ဘူး။ စာဖတ်နာလာရင် အင်္ဂလိပ်လိုကျွမ်းသွားမှာ သေချာပေါက်ပါပဲ။ ကဲ ခုကစပြီး အင်္ဂလိပ်စာဖတ်ဖို့ ကြောက်မနေဘဲ တတ်နိုင်သမျှ စာများများဖတ်ကြစို့နော်။

Khine ( For Her Myanmar)

<Zawgyi>

အဂၤလိပ္စာအုပ္ေတြဖတ္ခ်င္ေပမယ့္ အဘိဓာန္လွန္ရတာ မစားသာဘူးဆိုတဲ့ ေယာင္းတို႔ဖတ္ၾကည့္ေနာ္

ဘယ္ကစဖတ္ၾကမလဲ

လြယ္လြယ္ကူကူ ကေလးစာအုပ္ကေနစဖတ္မယ္ေလ။ အဲ့ကေနၿပီး ဆယ္ေက်ာ္သက္တို႔အတြက္ YA (Young , Adult ) တို႔ ေနာက္ၿပီး အခ်စ္အလြမ္း romance ကေလးေတြ၊ ဒီကတစ္ဆင့္တက္ၿပီး ဘဝသရုပ္ေဖာ္စာေလးေတြ၊ အဲ့ကေနၿပီး စာဖတ္သက္ရင့္သြားရင္ စာခန္႔ေတြဖတ္လို႔ရၿပီ။ ဒီအဆင့္ေရာက္ရင္ ဆရာႀကီးေခၚရမယ္။ 😀

 ဘယ္လိုစဖတ္ၾကမလဲ။

ပထမတစ္အုပ္ကေတာ့ အဘိဓာန္လွန္ရမွာပဲ ေယာင္းေရ။ အက္ဒမင္ဆို ဟယ္ရီေပၚတာဖတ္တာ တစ္မ်က္ႏွာေလာက္ၿပီးဖို႔အေရး ဇက္ေၾကာေတြတက္ေအာင္ တစ္ေၾကာင္းဖတ္လိုက္ အဘိဓာန္လွန္လိုက္လုပ္ရတယ္။ အဲ့လိုေျပာလို႔ အားမငယ္သြားနဲ႔ေနာ္။ တစ္အုပ္ေလာက္ကုန္ရင္ အဘိဓာန္မလိုေတာ့ဘူး။ ဘာလို႔မလိုေတာ့တာလဲသိလား။ သိခ်င္ဆက္ဖတ္.. 😛

အဘိဓာန္ကို လံုး၀မကိုင္ခ်င္ေတာ့ရင္ ေယာင္းကေတာ့ နည္းနည္းအားစိုက္ထုတ္ရမယ္။ အဲ့တစ္အုပ္ဖတ္ေနရင္း စာေၾကာင္းအေနအထားေလးေတြ၊ ထူးထူးျခားျခားစာလံုးေလးေတြ၊ ခုနကိုယ္မသိလို႔ရွာထားတဲ့ စာလံုးေလးေတြကို လိုက္မွတ္ထား။ စာတစ္ေၾကာင္းကို တစ္ေခါက္တည္းဖတ္လို႔ နားမလည္ရင္ နားလည္တဲ့အထိဖတ္။ လိုအပ္ရင္ တစ္ပိုဒ္လံုးျပန္ဖတ္။ အေပ်ာ္သေဘာမဟုတ္ဘဲ ေသခ်ာအာရံုစိုက္ၿပီး ဖတ္လိုက္မယ္ဆိုရင္ တကယ့္ကို စာအုပ္တစ္အုပ္ ဖတ္အၿပီးမွာ ေယာင္းတို႔ စာဖတ္အားေတြ ေတာ္ေတာ္တိုးတက္လာမွာသိလား။

Related article>>> ဘာစာအုပ္ဖတ္ရမလဲ

စာေတြဆက္ဖတ္ပါ

ကဲတစ္အုပ္ေတာ့ၿပီးၿပီ ေနာက္တစ္အုပ္ဆက္ဖတ္ၾကည့္မယ္။ အဲ့က်ရင္ ေယာင္းဘာေတြသတိထားမိလာမလဲဆိုေတာ့။ စာေၾကာင္းဖြဲ႔႔စည္းပံုေတြ ေတာ္ေတာ္ နားလည္လာမယ္။ အေရွ႕စာအုပ္မွာ အဘိဓာန္ရွာထားတဲ့ အက်ိုဳးနဲ႔ စာလံုးေတြ အမ်ားႀကီးတိုးလာမယ္။ ကိုယ္မသိတဲ့စာလံုးပါလာရင္ေတာင္ စာေၾကာင္းအစအဆံုးဖတ္လိုက္ရင္ ဒီစာလံုးရဲ႕အဓိပၸါယ္ကိုယ္ ရိပ္ဖမ္းသံဖမ္း သေဘာေပါက္လာလိမ့္မယ္။

Related Article >>> အသိဉာဏ္ၾကြယ္ေစဖို႔ ဖတ္သင့္တဲ့ စာအုပ္အမ်ိဳးအစား (၅)မ်ိဳး

ႏွစ္အုပ္ကေန သံုးအုပ္၊ေလးအုပ္ျဖစ္လာရင္ေတာ့ ေယာင္းတို႔ေတြ အဂၤလိပ္စာ အမ်ားႀကီးတိုးတက္လာသလို စာဖတ္ႏႈန္းလဲျမန္လာပါလိမ့္မယ္။ အဲ့က်ရင္ စာဖတ္ရတာ အလုပ္ႀကီးတစ္ခုလိုမဟုတ္ေတာ့ဘဲ ေပါ့ေပါ့ပါးပါးနဲ႔ သိပ္ေပ်ာ္ဖို႔ေကာင္းလာမွာေနာ္။

အေရးႀကီးတာကေတာ့ ဘယ္ေလာက္ပင္ပန္းပင္ပန္း အားမေလွ်ာ့ဘဲ ပထမတစ္အုပ္ကို ၿပီးေအာင္ဖတ္ဖို႔ပါပဲ။ ၿပီးသြားရင္ စာေတြကို ဖတ္ၿပီးရင္းသာဆက္ဖတ္။ ေနာက္ပိုင္းက်ရင္ အားလံုး အိုေကမွာစိုေျပသြားလိမ့္မယ္။ အဂၤလိပ္စာသင္တန္းဘာညာေတာင္ မလိုေတာ့ဘူး။ စာဖတ္နာလာရင္ အဂၤလိပ္လိုကၽြမ္းသြားမွာ ေသခ်ာေပါက္ပါပဲ။ ကဲ ခုကစျပီး အဂၤလိပ္စာဖတ္ဖို႔ ေၾကာက္မေနဘဲ တတ္နိုင္သမွ် စာမ်ားမ်ားဖတ္ၾကစို႔ေနာ္။

Khine ( For Her Myanmar)

No Comments Yet

Comments are closed