မီးေဘးအႏၱရာယ္ကေန ဘယ္လို ႀကိဳတင္ကာကြယ္ၾကမလဲ?

ႀကိဳတင္ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ေကာင္း၏ ဆိုသလိုေပါ့.. 

ပူျခစ္ေတာက္ေနတဲ့ ရာသီဥတုမွာ က်န္းမာေရးထိခိုက္မွာလည္း စိုးရိမ္ရသလို မီးေဘးအႏၱရာယ္ကလည္း တစ္ဖက္က ပူရပါေသးတယ္… မီးေဘးမ်ား ၾကံဳလာလုိက္ၿပီဆိုရင္ ထိခိုက္ဆံုး႐ံႈးမႈေတြက ဘဝပ်က္ေလာက္သည္ထိ ၾကံဳရႏုိင္ပါတယ္။ ဒါေတာင္ ကံေကာင္းမွေနာ္… အသက္ေတာင္ ဆံုးၾကေသးတာ မဟုတ္လား.. မီးေလာင္မႈေၾကာင့္ ကိုယ့္ႏုိင္ငံထဲမွာ အိုးမဲ့အိမ္မဲ့ ျဖစ္ၾကသူေတြ၊ အသက္ဆံုးရံႈးရသူေတြ၊ ထိခိုက္ဒဏ္ရာရတဲ့သူေတြကလည္း မနည္းလွပါဘူး။ ခုပဲ ၾကည့္ေလ.. ဇြဲကပင္မီးေၾကာင့္ ဆံုး႐ံႈးမႈေတြ မနည္းဘူးဟုတ္? ဒါက ေတာမီးမို႔ ထားပါေတာ့… ကိုယ့္ရဲ႕ အိမ္ပတ္ဝန္းက်င္မွာ မီးေဘး အႏၱရာယ္မ်ား ၾကံဳလာလိုက္ၿပီဆို လူ႕အသက္အိုးအိမ္ေတြ မနည္း ဆံုး႐ံႈးရမွာေလ.. ဆိုေတာ့ ျဖစ္လာေတာ့မွ ၾကံရာမရ ျဖစ္တာထက္ မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ထားတာက အေကာင္းဆံုးပဲ ဟုတ္? ဒါဆို ဘယ္လုိ ႀကိဳတင္ ကာကြယ္ၾကမလဲ?

(၁) ခ်က္ျပဳတ္လက္စေတြ ထားခဲ့ၿပီး အျပင္မသြားပါနဲ႔။ 

မီးေလာင္မႈျဖစ္ၾကၿပီေဟ့ဆိုရင္ အမ်ားစုက မီးဖိုေခ်ာင္ကေန စတဲ့ ဇာတ္လမ္းပါ။ မီးဖိုေခ်ာင္ဝင္ေနရတဲ့ ေယာင္းေလးေတြ သတိႀကီးႀကီး ထားသင့္တဲ့ အေနအထားမွာ ရွိပါတယ္ေနာ္… ဟင္းခ်က္ေနရင္း သတိေမ့ၿပီး မီးဖိုျပန္မပိတ္ခဲ့တာေတြ၊ မီးဖိုေဘးမွာ ဟင္းခ်က္ဆီေတြ၊ မီးေလာင္လြယ္တဲ့ အရာေတြ ေမ့ၿပီး ထားခဲ့တာေတြ၊ ဂက္စ္မီးဖိုကို ပစၥလကၡတ္ သံုးတာေတြက မျဖစ္မေန ေရွာင္ရမယ့္ ကိစၥေတြပါ။

(၂) ဖေယာင္းတိုင္ကို ဂရုတစိုက္အသံုးျပဳပါ။

အဟင္း.. မီးကလည္း ခဏခဏ လာေတာ့ ဒါက ထည့္ေျပာရတယ္.. (မီးခဏခဏ ပ်က္တာ မဟုတ္ဘူးေနာ္.. မီး ခဏခဏ လာတာ 😛 ) ဆိုေတာ့ မီးမလာတဲ့အခ်ိန္မွာ မီးအိမ္ေလးေတြ သံုးမယ့္သူက သံုးမယ္၊ ဖေယာင္းတိုင္ သံုးမယ့္သူက သံုးမယ္။ ဒီေနရာမွာ ဖေယာင္းတိုင္ ထြန္းၿပီဆိုရင္ အနားမွာ မီးေလာင္လြယ္တဲ့ ပစၥည္းေတြ၊ မီးေလာင္မႈကို အားေပးမယ့္ ပစၥည္းေတြ မရွိေနေအာင္ ဂရုစိုက္ပါ။ ဖေယာင္းတိုင္ ေအာက္ခံကို မီးေလာင္မလြယ္တဲ့ စတီး၊ သံ၊ စသျဖင့္အရာေတြ သံုးပါ။ (ကၽြဲရိုင္းဘူးေလာက္ဆို ရတယ္၊ ပလတ္စတစ္ဘူးေတြ လံုးဝ လုံုးဝ မသံုးပါနဲ႔ေနာ္.. ) ဖေယာင္းတိုင္ ထြန္းၿပီး လူက အျပင္ေရာက္ေနတာေတြ ဘာေတြကလည္း မလုပ္သင့္တဲ့ထဲ ပါပါတယ္.. တစ္ဆက္တည္း သတိေပးခ်င္တာက ျခင္ကိုက္လို႔ ျခင္ေဆးေခြ ထြန္းမယ္ဆိုလည္း ေသခ်ာ ဂရုတစိုက္ ထြန္း၊ ေသခ်ာ ဂရုတစိုက္ ၿငွိမ္းေပးဖို႔ လိုအပ္ပါတယ္လို႔..

Related Article >>> ေတာမီးေလာင္မႈအတြင္း ေနအိမ္ဆံုး႐ံႈးခဲ့ေၾကာင္း ဖြင့္ဟလာတဲ့ မုိင္ေလဆိုင္းရပ္စ္

(၃) မီးသတ္ေဆးဘူးေဆာင္ထားပါ။

အိမ္တြင္းအနည္းငယ္မီးေလာင္တာေလးေတြကို ၿငွိမ္းသတ္ႏိုင္ဖို႔ ေယာင္းတို႔ အေနနဲ႔ မီးသတ္ေဆးဘူးကို အိမ္မွာ မျဖစ္မေနကို ေဆာင္ထားသင့္ပါတယ္ေနာ္။ မီးေလာင္မႈ အစပ်ိဳးတုန္း ၿငိွမ္းလိုက္ႏိုင္မယ္ဆိုရင္ ဆံုးရံႈးမႈ အနည္းဆံုးနဲ႔ ထိခိုက္မႈ အနည္းဆံုးပါပဲ။ မီးမေလာင္ဖူးေသးလို႔ ေပါ့ၿပီး မီးသတ္ေဆးဘူးက မလိုပါဘူးတို႔ ေနာက္ၾကံဳမွ ဝယ္မယ္တို႔ မလုပ္သင့္ပါေနာ္.. အႀကီးႀကီး မဝယ္ေတာင္ ဘူးပိစိေလး ဝယ္ထားေပါ့…ကြင္းေလးဆြဲျဖဳတ္ၿပီး ျဖန္းလိုက္ရံုပဲကို.. မီးသတ္ေဆးဘူးဆိုတာ မီးေလာင္မွ ေျပးဝယ္ရတဲ့ အမ်ိဳး မဟုတ္ပါဘူးရွန္..

(၄) အျပင္ထြက္တာနဲ႔ မိန္းခလုတ္ေတြ ခ်ခဲ့ပါ။

အိမ္မွာ ဘယ္သူမွမရွိဘူးတို႔၊ တစ္အိမ္လံုး အျပင္သြားစရာ ရွိတယ္တို႔ဆိုရင္ မိန္းခလုတ္ေတြ အကုန္ခ်ၿပီးမွ သြားပါ။ ဘယ္လိုပဲ မီးမလာဘူးဆိုဆို မီးက ရုတ္တရက္လာၿပီး မီးအားေတြ ေဆာင့္တက္တဲ့အခါ ဝါယာေရွာ့ခ္ဆိုတာ ျဖစ္ဖို႔လြယ္လြယ္ေလးပါ။ အိမ္မွာ လူမရွိတဲ့အခ်ိန္ ဝါယာေရွာ့ခ္ ျဖစ္မယ္ဆိုရင္ ၿပီးပါေလေရာ… :'( ဆိုေတာ့ မိန္းခလုတ္ကို သတိေလးထားၿပီး ခ်သြားပါလို႔..

Related article >>> ဘရာဇီးလ္ အမ်ိဳးသားျပတိုက္မွာ ေၾကကြဲဖြယ္ရာ ေလာင္ခဲ့တဲ့ မီး

(၅) မီးႀကိဳးေတြကို ပံုမွန္စစ္ေဆးပါ။ 

အိမ္ဝယ္မယ္၊တိုက္ခန္းငွားမယ္ဆိုရင္ မီးႀကိဳးေတြကို အရင္စစ္ေဆးၾကည့္ဖို႔ လုိသလို ကိုယ့္အိမ္မွာလည္း မီးႀကိဳးေတြကို ပံုမွန္စစ္ေဆးေပးဖို႔ လိုအပ္ပါတယ္။ ဝါယာေရွာ့ခ္ေၾကာင့္ ေလာင္တယ္ဆိုတာက ဒီမွာ မဆန္းေတာ့တဲ့ မီးေလာင္ရျခင္း အေၾကာင္းရင္း တစ္ခုပဲ မဟုတ္လား… ဆိုေတာ့ မီးႀကိဳးတစ္ခုတည္း မဟုတ္ဘဲ မီးခလုတ္ေတြ၊ မီးနဲ႔ဆိုင္တာေတြ အားလံုးကို ကၽြမ္းက်င္သူေတြနဲ႔ ပံုမွန္စစ္ေဆးေပးပါ။

(၆) မီးေလာင္မႈ ျဖစ္ၿပီဆိုရင္ ၾကံရာမရ ပူပင္တာမ်ိဳး မျဖစ္သြားပါေစနဲ႔။

ေနာက္ဆံုးနဲ႔ အေရးအႀကီးဆံုး အခ်က္ပါပဲ။ ဘယ္ေလာက္ပဲ ကာကြယ္မႈေတြ လုပ္ထားပါေစ၊ မီးစေလာင္တာၿပီဆိုရင္ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ ၾကံရာမရေတြ ျဖစ္မယ္ဆိုတာက ျဖစ္တတ္ၾကတဲ့ သဘာဝပါ။ ဒါေပမဲ့ ဒီအေျခအေနမွာ စိတ္ကို တတ္ႏုိင္သေလာက္ တည္ၿငိမ္ေအာင္ ထားၿပီး လုပ္သင့္တာေတြကို လုပ္ပါ။ ဥပမာ- မီးသတ္ေဆးဘူးရွိတယ္ဆို မီးသတ္ေဆးနဲ႔ ျဖန္းတာမ်ိဳး၊ မီးသတ္ကို ဖုန္းဆက္တာမ်ိဳး၊ အေရးႀကီးတဲ့ စာရြက္စာတမ္းေတြ၊ ေငြေၾကးေတြကို သိမ္းဆည္းတာမ်ိဳး၊ အကူအညီေတာင္းခံတာမ်ိဳး လုပ္ပါ။ လူကို လြတ္ေအာင္ေျပးပါ။ လူက အေရးအႀကီးဆံုးပါ။ ပစၥည္းဆိုတာ ျပန္ရွာလို႔ ရပါတယ္။ လူ႕အသက္ေလာက္ အဖိုးမတန္ဘူးေလ.. ေနာ္…

ကဲ.. ဒါဆို မီးေဘးအႏၱရာယ္ ကာကြယ္လို႔ရမယ့္ နည္းလမ္းေတြ သိသြားေလာက္ပါၿပီ။ အဆင္ေျပၾကပါေစ ေယာင္းတုိ႔ေရ..

References : Thebalance , Safewise

Phyu Thant (For Her Myanmar)

<<< Unicode >>>

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏ ဆိုသလိုပေါ့.. 

ပူခြစ်တောက်နေတဲ့ ရာသီဥတုမှာ ကျန်းမာရေးထိခိုက်မှာလည်း စိုးရိမ်ရသလို မီးဘေးအန္တရာယ်ကလည်း တစ်ဖက်က ပူရပါသေးတယ်… မီးဘေးများ ကြုံလာလိုက်ပြီဆိုရင် ထိခိုက်ဆုံးရှုံးမှုတွေက ဘဝပျက်လောက်သည်ထိ ကြုံရနိုင်ပါတယ်။ ဒါတောင် ကံကောင်းမှနော်… အသက်တောင် ဆုံးကြသေးတာ မဟုတ်လား.. မီးလောင်မှုကြောင့် ကိုယ့်နိုင်ငံထဲမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြသူတွေ၊ အသက်ဆုံးရှုံးရသူတွေ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကလည်း မနည်းလှပါဘူး။ ခုပဲ ကြည့်လေ.. ဇွဲကပင်မီးကြောင့် ဆုံးရှုံးမှုတွေ မနည်းဘူးဟုတ်? ဒါက တောမီးမို့ ထားပါတော့… ကိုယ့်ရဲ့ အိမ်ပတ်ဝန်းကျင်မှာ မီးဘေး အန္တရာယ်များ ကြုံလာလိုက်ပြီဆို လူ့အသက်အိုးအိမ်တွေ မနည်း ဆုံးရှုံးရမှာလေ.. ဆိုတော့ ဖြစ်လာတော့မှ ကြံရာမရ ဖြစ်တာထက် မဖြစ်အောင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပဲ ဟုတ်? ဒါဆို ဘယ်လို ကြိုတင် ကာကွယ်ကြမလဲ?

(၁) ချက်ပြုတ်လက်စတွေ ထားခဲ့ပြီး အပြင်မသွားပါနဲ့။ 

မီးလောင်မှုဖြစ်ကြပြီဟေ့ဆိုရင် အများစုက မီးဖိုချောင်ကနေ စတဲ့ ဇာတ်လမ်းပါ။ မီးဖိုချောင်ဝင်နေရတဲ့ ယောင်းလေးတွေ သတိကြီးကြီး ထားသင့်တဲ့ အနေအထားမှာ ရှိပါတယ်နော်… ဟင်းချက်နေရင်း သတိမေ့ပြီး မီးဖိုပြန်မပိတ်ခဲ့တာတွေ၊ မီးဖိုဘေးမှာ ဟင်းချက်ဆီတွေ၊ မီးလောင်လွယ်တဲ့ အရာတွေ မေ့ပြီး ထားခဲ့တာတွေ၊ ဂက်စ်မီးဖိုကို ပစ္စလက္ခတ် သုံးတာတွေက မဖြစ်မနေ ရှောင်ရမယ့် ကိစ္စတွေပါ။

(၂) ဖယောင်းတိုင်ကို ဂရုတစိုက်အသုံးပြုပါ။

အဟင်း.. မီးကလည်း ခဏခဏ လာတော့ ဒါက ထည့်ပြောရတယ်.. (မီးခဏခဏ ပျက်တာ မဟုတ်ဘူးနော်.. မီး ခဏခဏ လာတာ 😛 ) ဆိုတော့ မီးမလာတဲ့အချိန်မှာ မီးအိမ်လေးတွေ သုံးမယ့်သူက သုံးမယ်၊ ဖယောင်းတိုင် သုံးမယ့်သူက သုံးမယ်။ ဒီနေရာမှာ ဖယောင်းတိုင် ထွန်းပြီဆိုရင် အနားမှာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ၊ မီးလောင်မှုကို အားပေးမယ့် ပစ္စည်းတွေ မရှိနေအောင် ဂရုစိုက်ပါ။ ဖယောင်းတိုင် အောက်ခံကို မီးလောင်မလွယ်တဲ့ စတီး၊ သံ၊ စသဖြင့်အရာတွေ သုံးပါ။ (ကျွဲရိုင်းဘူးလောက်ဆို ရတယ်၊ ပလတ်စတစ်ဘူးတွေ လုံးဝ လုံးဝ မသုံးပါနဲ့နော်.. ) ဖယောင်းတိုင် ထွန်းပြီး လူက အပြင်ရောက်နေတာတွေ ဘာတွေကလည်း မလုပ်သင့်တဲ့ထဲ ပါပါတယ်.. တစ်ဆက်တည်း သတိပေးချင်တာက ခြင်ကိုက်လို့ ခြင်ဆေးခွေ ထွန်းမယ်ဆိုလည်း သေချာ ဂရုတစိုက် ထွန်း၊ သေချာ ဂရုတစိုက် ငြှိမ်းပေးဖို့ လိုအပ်ပါတယ်လို့..

Related Article >>> တောမီးလောင်မှုအတွင်း နေအိမ်ဆုံးရှုံးခဲ့ကြောင်း ဖွင့်ဟလာတဲ့ မိုင်လေဆိုင်းရပ်စ်

(၃) မီးသတ်ဆေးဘူးဆောင်ထားပါ။

အိမ်တွင်းအနည်းငယ်မီးလောင်တာလေးတွေကို ငြှိမ်းသတ်နိုင်ဖို့ ယောင်းတို့ အနေနဲ့ မီးသတ်ဆေးဘူးကို အိမ်မှာ မဖြစ်မနေကို ဆောင်ထားသင့်ပါတယ်နော်။ မီးလောင်မှု အစပျိုးတုန်း ငြှိမ်းလိုက်နိုင်မယ်ဆိုရင် ဆုံးရှုံးမှု အနည်းဆုံးနဲ့ ထိခိုက်မှု အနည်းဆုံးပါပဲ။ မီးမလောင်ဖူးသေးလို့ ပေါ့ပြီး မီးသတ်ဆေးဘူးက မလိုပါဘူးတို့ နောက်ကြုံမှ ဝယ်မယ်တို့ မလုပ်သင့်ပါနော်.. အကြီးကြီး မဝယ်တောင် ဘူးပိစိလေး ဝယ်ထားပေါ့…ကွင်းလေးဆွဲဖြုတ်ပြီး ဖြန်းလိုက်ရုံပဲကို.. မီးသတ်ဆေးဘူးဆိုတာ မီးလောင်မှ ပြေးဝယ်ရတဲ့ အမျိုး မဟုတ်ပါဘူးရှန်..

(၄) အပြင်ထွက်တာနဲ့ မိန်းခလုတ်တွေ ချခဲ့ပါ။

အိမ်မှာ ဘယ်သူမှမရှိဘူးတို့၊ တစ်အိမ်လုံး အပြင်သွားစရာ ရှိတယ်တို့ဆိုရင် မိန်းခလုတ်တွေ အကုန်ချပြီးမှ သွားပါ။ ဘယ်လိုပဲ မီးမလာဘူးဆိုဆို မီးက ရုတ်တရက်လာပြီး မီးအားတွေ ဆောင့်တက်တဲ့အခါ ဝါယာရှော့ခ်ဆိုတာ ဖြစ်ဖို့လွယ်လွယ်လေးပါ။ အိမ်မှာ လူမရှိတဲ့အချိန် ဝါယာရှော့ခ် ဖြစ်မယ်ဆိုရင် ပြီးပါလေရော… :'( ဆိုတော့ မိန်းခလုတ်ကို သတိလေးထားပြီး ချသွားပါလို့..

Related article >>> ဘရာဇီးလ် အမျိုးသားပြတိုက်မှာ ကြေကွဲဖွယ်ရာ လောင်ခဲ့တဲ့ မီး

(၅) မီးကြိုးတွေကို ပုံမှန်စစ်ဆေးပါ။ 

အိမ်ဝယ်မယ်၊တိုက်ခန်းငှားမယ်ဆိုရင် မီးကြိုးတွေကို အရင်စစ်ဆေးကြည့်ဖို့ လိုသလို ကိုယ့်အိမ်မှာလည်း မီးကြိုးတွေကို ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ဝါယာရှော့ခ်ကြောင့် လောင်တယ်ဆိုတာက ဒီမှာ မဆန်းတော့တဲ့ မီးလောင်ရခြင်း အကြောင်းရင်း တစ်ခုပဲ မဟုတ်လား… ဆိုတော့ မီးကြိုးတစ်ခုတည်း မဟုတ်ဘဲ မီးခလုတ်တွေ၊ မီးနဲ့ဆိုင်တာတွေ အားလုံးကို ကျွမ်းကျင်သူတွေနဲ့ ပုံမှန်စစ်ဆေးပေးပါ။

(၆) မီးလောင်မှု ဖြစ်ပြီဆိုရင် ကြံရာမရ ပူပင်တာမျိုး မဖြစ်သွားပါစေနဲ့။

နောက်ဆုံးနဲ့ အရေးအကြီးဆုံး အချက်ပါပဲ။ ဘယ်လောက်ပဲ ကာကွယ်မှုတွေ လုပ်ထားပါစေ၊ မီးစလောင်တာပြီဆိုရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကြံရာမရတွေ ဖြစ်မယ်ဆိုတာက ဖြစ်တတ်ကြတဲ့ သဘာဝပါ။ ဒါပေမဲ့ ဒီအခြေအနေမှာ စိတ်ကို တတ်နိုင်သလောက် တည်ငြိမ်အောင် ထားပြီး လုပ်သင့်တာတွေကို လုပ်ပါ။ ဥပမာ- မီးသတ်ဆေးဘူးရှိတယ်ဆို မီးသတ်ဆေးနဲ့ ဖြန်းတာမျိုး၊ မီးသတ်ကို ဖုန်းဆက်တာမျိုး၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ ငွေကြေးတွေကို သိမ်းဆည်းတာမျိုး၊ အကူအညီတောင်းခံတာမျိုး လုပ်ပါ။ လူကို လွတ်အောင်ပြေးပါ။ လူက အရေးအကြီးဆုံးပါ။ ပစ္စည်းဆိုတာ ပြန်ရှာလို့ ရပါတယ်။ လူ့အသက်လောက် အဖိုးမတန်ဘူးလေ.. နော်…

ကဲ.. ဒါဆို မီးဘေးအန္တရာယ် ကာကွယ်လို့ရမယ့် နည်းလမ်းတွေ သိသွားလောက်ပါပြီ။ အဆင်ပြေကြပါစေ ယောင်းတို့ရေ..

References : Thebalance , Safewise

Phyu Thant (For Her Myanmar)

No Comments Yet

Comments are closed