Knowledge Mom

အလုပ္မ်ားတဲ့ေမေမတို႕ သားသားမီးမီးေတြအတြက္ အဖိုးတန္အခ်ိန္ေတြ ဘယ္လိုေပးမလဲ ?

ဘယ္ေလာက္အလုပ္မ်ားမ်ား ဒီအတြက္အခ်ိန္ေလးကိုေတာ့ ဖဲ့ကို ဖဲ့ထားေပးသင့္ေသာပါေနာ္.. 

ေယာင္းတို႔ေရ.. ၂၁ရာစုေမေမေတြအေနနဲ႔  အိမ္မႈကိစၥလုပ္ ၊ သားသမီး ေဝယ်ာဝစၥေတြ လုပ္ေပးၿပီး အခ်ိန္ကုန္ေနလို႔ ဘယ္လိုမွ မျဖစ္ေတာ့ပါဘူး… ႀကီးျမင့္လာတဲ့ ကုန္ေဈးႏႈန္းေတြနဲ႔ ေခတ္မီပစၥည္း ကိရိယာေတြကို ဝယ္ယူသုံးစြဲႏိုင္ဖို႔အတြက္ တစ္ဖက္တစ္လမ္းကေန ဝင္ေငြရွာရတာကလည္း သူတို႔ရဲ႕ ႀကီးမားတဲ့တာဝန္တစ္ခု ျဖစ္လာပါၿပီ.. အလုပ္ကိုအခ်ိန္မွန္ သြားႏိုင္ဖို႔ ၊ အိမ္မႈကိစၥေတြ ၿပီးစီးႏိုင္ဖို႔ နပန္းလုံးရင္း သားသမီးေတြကို အခ်ိန္ေပးဖို႔ အေတာ္ေလးခဲယဥ္းလာပါၿပီ…

ဒီေတာ့ ေမေမေတြနဲ႔ သားသမီးေတြၾကား ေႏြးေထြးမႈေတြ ေပ်ာက္ဆုံးၿပီး အေနစိမ္းသြားတတ္သလို နားလည္မႈကြဲလြဲတာေလးေတြလည္း ေတြ႕ၾကံဳရႏိုင္ပါတယ္.. ဒီေတာ့ မင္မင္ကေန မအားမလပ္တဲ့ၾကားက သားသမီးေတြနဲ႔ မစိမ္းသြားေစဖို႔ ဘယ္လိုအခ်ိန္ေပးႏိုင္မလဲဆိုတဲ့ နည္းလမ္းေကာင္းေလးေတြကို ေဝမွ်ေပးခ်င္ပါတယ္ေနာ္…

ေန႔စဥ္မျပတ္ ခ်စ္ျခင္းေမတၱာေတြကို မွ်ေဝေပးပါ။

ေယာင္းအေနနဲ႔ ရုံးဆင္းခ်ိန္မွာပဲျဖစ္ျဖစ္ ၊ မနက္ရုံးမသြားခင္မွာျဖစ္ျဖစ္ သားသမီးေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဖို႔အခ်ိန္ကို အနည္းဆုံး(၁၅)မိနစ္ေလာက္ ခ်န္ထားေပးပါ.. ၿပီးရင္ေတာ့ ေက်ာင္းမွာ စာသင္ရတာ အဆင္ေျပရဲ႕လား ၊ သူငယ္ခ်င္းေတြနဲ႔ေရာ ေပ်ာ္ရဲ့လားဆိုတဲ့ ေမးခြန္းေလးေတြ ေမးေပးတာမ်ိဳး ရုံးမသြားခင္ အနမ္းေႁခြတာမ်ိဳးနဲ႔ ခ်စ္ျခင္းေမတၱာေတြ မွ်ေဝေပးပါ…

Related Article >>> ေက်ာင္းစတက္မယ့္ သားသားမီးမီးေတြ ေက်ာင္းေနေပ်ာ္ေစဖို႔ နည္းလမ္း(၆)သြယ္

သူတို႔ေပ်ာ္ရႊင္ေနေအာင္ လုပ္ေဆာင္ေပးပါ။

တစ္လတစ္ႀကိမ္ပဲျဖစ္ျဖစ္ ၊ သုံးလတစ္ႀကိမ္ပဲျဖစ္ျဖစ္ ေယာင္းတို႔သားသမီးေတြအတြက္ သူတို႔ႀကိဳက္တဲ့ အရုပ္ေလးေတြ ၊ လြယ္အိတ္ ၊ ဖိနပ္စတာေလးေတြကို မွတ္မွတ္ရရဝယ္ေပးၿပီး ေပ်ာ္ရႊင္မႈေတြ ဖန္တီးေပးပါ…

အတူေဆာ့ကစားေပးပါ။

အခ်ိန္မွမရွိတာ ဘယ္လိုေဆာ့ေပးႏိုင္မလဲဆိုၿပီး မေတြးလိုက္ပါနဲ႔ ေယာင္းေရ… သားသားမီးမီးေတြကို ေရခ်ိဳးေပးတဲ့အခါမ်ိဳးမွာ ျဖစ္ျဖစ္ ၊ ထမင္းေကၽြးတဲ့အခါေတြမွာ ျဖစ္ျဖစ္ အခ်ိန္နည္းနည္းပိုယူၿပီး ေဆာ့ကစားေပးလို႔ရပါတယ္… ဥပမာ – ေရခ်ိဳးေပးတဲ့အခါ ဒီတုိင္းခ်ိဳးေပးတာမ်ိဳး မဟုတ္ဘဲ ေရပက္တမ္းေဆာ့ၿပီး ခ်ိဳးေပးတာမ်ိဳးေပါ့…

Related Article >>> ကိုယ့္ကိုယ္ကိုယ္ ခ်စ္ၿပီး ယံုၾကည္မႈျမင့္မားတဲ့ မိန္းကေလးတိုင္းရဲ႕ အမူအက်င့္ (၅) မ်ိဳး

အပန္းေျဖခ်ိန္ေတြကို ေလွ်ာ့ခ်လိုက္ပါ။

တီဗီြစီးရီးေတြ ၾကည့္တဲ့အခ်ိန္ ၊ ဆိုရွယ္မီဒီယာေတြသုံးတဲ့အခ်ိန္ေတြကို တစ္ဝက္ေလာက္ေလွ်ာ့ခ်လိုက္မယ္ဆိုရင္ေတာ့ အခ်ိန္ပိုေတြ ေတာ္ေတာ္ေလးပိုထြက္လာမယ္ထင္ပါတယ္ေနာ္… သားသားမီးမီးေလးေတြနဲ႔အတူ ကာတြန္းကားၾကည့္ေပးတာျဖစ္ျဖစ္ ၊ အိမ္စာေတြ ကူလုပ္ေပးတာျဖစ္ျဖစ္ ျပဳလုပ္ၿပီး အခ်ိန္ေပးလိုက္ပါေနာ္…

ဒီေလာက္ဆိုရင္ေတာ့ သားသားမီးမီးေတြကို မအားတဲ့ၾကားက ဘယ္လိုအခ်ိန္ေပးႏိုင္မလဲဆိုတဲ့ အေတြးတစ္စြန္းတစ္စေတာ့ ေယာင္းတို႔အတြက္ ထင္က်န္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္.. ေမေမေယာင္းေတြနဲ႔ သားသားမီးမီးေတြၾကား ခ်စ္ျခင္းေမတၱာေတြ ပိုတိုးပြားလာႏိုင္ပါေစေနာ္…

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

ဘယ်လောက်အလုပ်များများ ဒီအတွက်အချိန်လေးကိုတော့ ဖဲ့ကို ဖဲ့ထားပေးသင့်သောပါနော်.. 

ယောင်းတို့ရေ.. ၂၁ရာစုမေမေတွေအနေနဲ့  အိမ်မှုကိစ္စလုပ် ၊ သားသမီး ဝေယျာဝစ္စတွေ လုပ်ပေးပြီး အချိန်ကုန်နေလို့ ဘယ်လိုမှ မဖြစ်တော့ပါဘူး… ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ ခေတ်မီပစ္စည်း ကိရိယာတွေကို ဝယ်ယူသုံးစွဲနိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရှာရတာကလည်း သူတို့ရဲ့ ကြီးမားတဲ့တာဝန်တစ်ခု ဖြစ်လာပါပြီ.. အလုပ်ကိုအချိန်မှန် သွားနိုင်ဖို့ ၊ အိမ်မှုကိစ္စတွေ ပြီးစီးနိုင်ဖို့ နပန်းလုံးရင်း သားသမီးတွေကို အချိန်ပေးဖို့ အတော်လေးခဲယဉ်းလာပါပြီ…

ဒီတော့ မေမေတွေနဲ့ သားသမီးတွေကြား နွေးထွေးမှုတွေ ပျောက်ဆုံးပြီး အနေစိမ်းသွားတတ်သလို နားလည်မှုကွဲလွဲတာလေးတွေလည်း တွေ့ကြုံရနိုင်ပါတယ်.. ဒီတော့ မင်မင်ကနေ မအားမလပ်တဲ့ကြားက သားသမီးတွေနဲ့ မစိမ်းသွားစေဖို့ ဘယ်လိုအချိန်ပေးနိုင်မလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်နော်…

နေ့စဉ်မပြတ် ချစ်ခြင်းမေတ္တာတွေကို မျှဝေပေးပါ။

ယောင်းအနေနဲ့ ရုံးဆင်းချိန်မှာပဲဖြစ်ဖြစ် ၊ မနက်ရုံးမသွားခင်မှာဖြစ်ဖြစ် သားသမီးတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဖို့အချိန်ကို အနည်းဆုံး(၁၅)မိနစ်လောက် ချန်ထားပေးပါ.. ပြီးရင်တော့ ကျောင်းမှာ စာသင်ရတာ အဆင်ပြေရဲ့လား ၊ သူငယ်ချင်းတွေနဲ့ရော ပျော်ရဲ့လားဆိုတဲ့ မေးခွန်းလေးတွေ မေးပေးတာမျိုး ရုံးမသွားခင် အနမ်းခြွေတာမျိုးနဲ့ ချစ်ခြင်းမေတ္တာတွေ မျှဝေပေးပါ…

Related Article >>> ကျောင်းစတက်မယ့် သားသားမီးမီးတွေ ကျောင်းနေပျော်စေဖို့ နည်းလမ်း(၆)သွယ်

သူတို့ပျော်ရွှင်နေအောင် လုပ်ဆောင်ပေးပါ။

တစ်လတစ်ကြိမ်ပဲဖြစ်ဖြစ် ၊ သုံးလတစ်ကြိမ်ပဲဖြစ်ဖြစ် ယောင်းတို့သားသမီးတွေအတွက် သူတို့ကြိုက်တဲ့ အရုပ်လေးတွေ ၊ လွယ်အိတ် ၊ ဖိနပ်စတာလေးတွေကို မှတ်မှတ်ရရဝယ်ပေးပြီး ပျော်ရွှင်မှုတွေ ဖန်တီးပေးပါ…

အတူဆော့ကစားပေးပါ။

အချိန်မှမရှိတာ ဘယ်လိုဆော့ပေးနိုင်မလဲဆိုပြီး မတွေးလိုက်ပါနဲ့ ယောင်းရေ… သားသားမီးမီးတွေကို ရေချိုးပေးတဲ့အခါမျိုးမှာ ဖြစ်ဖြစ် ၊ ထမင်းကျွေးတဲ့အခါတွေမှာ ဖြစ်ဖြစ် အချိန်နည်းနည်းပိုယူပြီး ဆော့ကစားပေးလို့ရပါတယ်… ဥပမာ – ရေချိုးပေးတဲ့အခါ ဒီတိုင်းချိုးပေးတာမျိုး မဟုတ်ဘဲ ရေပက်တမ်းဆော့ပြီး ချိုးပေးတာမျိုးပေါ့…

Related Article >>> ကိုယ့်ကိုယ်ကိုယ် ချစ်ပြီး ယုံကြည်မှုမြင့်မားတဲ့ မိန်းကလေးတိုင်းရဲ့ အမူအကျင့် (၅) မျိုး

အပန်းဖြေချိန်တွေကို လျှော့ချလိုက်ပါ။

တီဗွီစီးရီးတွေ ကြည့်တဲ့အချိန် ၊ ဆိုရှယ်မီဒီယာတွေသုံးတဲ့အချိန်တွေကို တစ်ဝက်လောက်လျှော့ချလိုက်မယ်ဆိုရင်တော့ အချိန်ပိုတွေ တော်တော်လေးပိုထွက်လာမယ်ထင်ပါတယ်နော်… သားသားမီးမီးလေးတွေနဲ့အတူ ကာတွန်းကားကြည့်ပေးတာဖြစ်ဖြစ် ၊ အိမ်စာတွေ ကူလုပ်ပေးတာဖြစ်ဖြစ် ပြုလုပ်ပြီး အချိန်ပေးလိုက်ပါနော်…

ဒီလောက်ဆိုရင်တော့ သားသားမီးမီးတွေကို မအားတဲ့ကြားက ဘယ်လိုအချိန်ပေးနိုင်မလဲဆိုတဲ့ အတွေးတစ်စွန်းတစ်စတော့ ယောင်းတို့အတွက် ထင်ကျန်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်.. မေမေယောင်းတွေနဲ့ သားသားမီးမီးတွေကြား ချစ်ခြင်းမေတ္တာတွေ ပိုတိုးပွားလာနိုင်ပါစေနော်…

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *