အိပ္ရာခင္းေတြ၊ေခါင္းအံုးစြပ္ေတြကို တစ္လဘယ္ႏွစ္ႀကိမ္ေလာက္ သန္႔ရွင္းေရးလုပ္သင့္လဲ?

အအိပ္ႀကီးတဲ့ေယာင္းေတြဆို ပိုၿပီးေတာင္သိထားသင့္ပါေသးတယ္

ေယာင္းတို႔ေရ။ ေန႔တိုင္း အိမ္ကိုဖုန္သုတ္ ၊ လွည္းက်င္း ၊ ၾကမ္းတိုက္ၿပီး အိမ္သန္႔ရွင္းေရးေတြကို ေန႔တိုင္းလုပ္ျဖစ္ၾကသလို အိပ္ရာခင္းေတြ၊ ေစာင္ေတြ၊ ေခါင္းအံုးေတြကိုေရာ ဘယ္ႏွစ္ရက္ျခားတစ္ခါေလာက္ သန္႔ရွင္းေရး လုပ္ျဖစ္ၾကလဲ။ သာမန္မ်က္စိနဲ႔ ၾကည့္ရင္ သန္႔ရွင္းေနတာပဲဆိုေတာ့ ေန႔တိုင္းေတာ့ လုပ္ျဖစ္ေလာက္မယ္ မထင္ပါဘူးေနာ္။

တကယ္တမ္းတြက္ၾကည့္မယ္ဆိုရင္ တစ္ရက္ရဲ႕ သံုးပံုတစ္ပံုေလာက္ကို အိပ္ရာေပၚမွာပဲ ကုန္ဆုံးၾကရတာပါ။ ဒီၾကားထဲ အားရင္အားသလို ဝင္လွဲတတ္တာဆိုေတာ့ သန္႔သန္႔ရွင္းရွင္းထားဖို႔ ေတာ္ေတာ္အေရးႀကီးပါတယ္။ ဒါေၾကာင့္ မင္မင္ကေန  ဘယ္ႏွစ္ရက္တစ္ခါေလာက္ သန္႔ရွင္းေရး လုပ္သင့္တယ္နဲ႔ ဘယ္လိုလုပ္ရမလဲဆိုတာကို ေယာင္းတို႔ဗဟုသုတရေအာင္ ေဝမွ်ေပးခ်င္ပါတယ္။

Related article >>> Laptopကို မထိခိုက္ မပ်က္စီးေစဘဲ အထာက်က် အသံုးျပဳႏုိင္မယ့္ အခ်က္ (၇)ခ်က္

အိပ္ရာခင္းေတြကို တစ္ပတ္တစ္ခါေလာက္ ေလၽွာ္ေပးသင့္ပါတယ္။ အိပ္ထားတဲ့ေနရာမွာ ဆဲလ္အေသေတြ၊ ေခၽြးေတြ၊ ဖုန္ေတြ၊ အိပ္ရာေပၚမုန္႔စားတတ္တဲ့ အက်င့္ရွိသူေတြဆို မုန္႔အမႈန္ေတြ၊ တစ္ခါတေလ မိတ္ကပ္မဖ်က္ဘဲနဲ႔မ်ားအိပ္မိရင္ မိတ္ကပ္အစအနေတြ ကပ္က်န္ေနတတ္တာေၾကာင့္ ခုေတြးၾကည့္တာနဲ႔တင္ကို ခ်က္ခ်င္း အသစ္လဲပစ္ခ်င္စိတ္ေပါက္ေနပါၿပီ။ ဒါေၾကာင့္ အိပ္ရာခင္းေတြကို အနည္းဆံုး တစ္ပတ္တစ္ခါလဲဖို႔ မေမ့ပါနဲ႔။ မေလၽွာ္အားေသးရင္ေတာင္ မနက္တိုင္း အိပ္ရာခင္းေလးကိုလွပ္ၿပီး ေနပူလွန္းတာ၊ ေလသလပ္ခံတာေတြကလည္း စိုထိုင္းထိုင္းျဖစ္တာကို ေပ်ာက္ေစတဲ့အျပင္ အထိုက္အေလ်ာက္ သန္႔စင္ေစပါတယ္ေနာ္။

ေခါင္းအံုးစြပ္ေတြကိုေတာ့ ေခါင္းအံုးထက္ပိုၿပီး မၾကာခဏလဲေပးသင့္ပါတယ္။ ေယာင္းတို႔နဲ႔ တိုက္ရိုက္ထိေတြ႔ေနတာေၾကာင့္ အိပ္ရာခင္းလိုပဲ ေခါင္းအံုးစြပ္မွာလည္း အညစ္အေၾကးေတြ ကပ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ အိပ္ရာခင္းလဲတိုင္း ေခါင္းအံုးစြပ္ကိုပါ လဲဖို႔မေမ့ပါနဲ႔ေနာ္။

ေခါင္းအံုးေတြလည္း ေခါင္းအံုးစြပ္လိုပဲ ညစ္ပတ္ႏိုင္ပါတယ္။ ဒါေပမဲ့ ေခါင္းအံုးစြပ္ေလးခံထားတာေၾကာင့္ မၾကာမၾကာ သန္႔ရွင္းေရးလုပ္ေပးဖို႔ေတာ့ မလိုပါဘူး။ အနည္းဆံုး ၆လ တစ္ခါေလာက္ ေလၽွာ္ဖြပ္ေပးရံုနဲ႔ လံုေလာက္ပါတယ္။ မေလၽွာ္ႏိုင္ရင္ေတာင္ ပင္မင္းအပ္တာျဖစ္ျဖစ္ အသစ္လဲတာျဖစ္ျဖစ္ လုပ္လို႔ရပါတယ္ေနာ္။

Related article>>> သံလြင္နဲ႕ အုန္းဆီမွာ ဘယ္ဆီက ပိုေကာင္းလဲ

ေစာင္ကလည္း အိပ္ရာခင္းလိုပဲ ေခၽြးေတြဖုန္ေတြနဲ႔ ညစ္ပတ္ေနတတ္ပါတယ္။ သူမ်ားႏိုင္ငံေတြမွာ ေခါင္းအံုးစြပ္လိုမ်ဳိး ေစာင္မွာလည္း အစြပ္ရွိေပမဲ့ ဒီႏိုင္ငံမွာေတာ့ ဒီတိုင္းျခံဳၾကတာေၾကာင့္ ပိုၿပီး ညစ္ပတ္လြယ္ပါတယ္။ ဒါေၾကာင့္ အနည္းဆံုး ႏွစ္ပတ္တစ္ခါေလာက္ေတာ့ ေစာင္ေလၽွာ္ေပးရပါမယ္ေနာ္။

ေမြ႔ရာကေတာ့ ေသခ်ာေပါက္ ေလၽွာ္လို႔မလြယ္ေပမဲ့ သန္႔ရွင္းေရး လုပ္တာေတာ့လုပ္ရမွာပါပဲ။ ဒါေၾကာင့္ တစ္ႏွစ္ကို အနည္းဆံုးတစ္ခါေလာက္ ဖုန္စုပ္စက္-Vacuum ေလးနဲ႔ သန္႔ရွင္းေရးလုပ္ဖို႔ အႀကံေပးထားပါတယ္။ အနံ႔အသက္ဆိုးေတြပါ ေပ်ာက္ဖို႔အတြက္ဆိုရင္ မုန္႔ဖုတ္ဆိုဒါေလးကို နည္းနည္းေလာက္ျဖန္းၿပီးမွ ဖုန္စုပ္စက္-Vacuum နဲ႔ သန္႔ရွင္းေရးလုပ္ေပးလို႔ရပါတယ္။

ေန႔တိုင္းသံုးေနေပမဲ့ သန္႔ရွင္းေရးလုပ္ဖို႔ ေမ့တဲ့အထဲမွာ မ်က္ႏွာသုတ္ပုဝါလည္း ပါပါတယ္။ ပညာရွင္ေတြကေတာ့ တစ္ပတ္ကို တခါေလာက္လဲဖို႔ အၾကံေပးထားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စိုထိုင္းထိုင္း မ်က္ႏွာသုတ္ပဝါေတြက မႈိနဲ႔ ဘတ္တီးရီးယားေတြ အလြယ္တကူ ေပါက္ပြားႏိုင္လို႔ပါတဲ့။

ေယာင္းတို႔ရဲ႕ အိပ္ရာအသုံးအေဆာင္ေတြကို ဘယ္ႏွစ္ႀကိမ္ ၊ ဘယ္လိုသန္႔ရွင္းေရး လုပ္ေပးရမလဲဆိုတာ သိသြားၿပီဆိုေတာ့ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အိပ္ခန္းပတ္ဝန္းက်င္ေလး ရရွိေအာင္ဖန္တီးႏိုင္ၾကပါေစေနာ္။

သာသာျပန္ေရးသားသူ- ေဒါက္တာ ထက္ထက္ေဇာ္ဝင္း

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<<Unicode>>>

အအိပ်ကြီးတဲ့ယောင်းတွေဆို ပိုပြီးတောင်သိထားသင့်ပါသေးတယ်

ယောင်းတို့ရေ။ နေ့တိုင်း အိမ်ကိုဖုန်သုတ် ၊ လှည်းကျင်း ၊ ကြမ်းတိုက်ပြီး အိမ်သန့်ရှင်းရေးတွေကို နေ့တိုင်းလုပ်ဖြစ်ကြသလို အိပ်ရာခင်းတွေ၊ စောင်တွေ၊ ခေါင်းအုံးတွေကိုရော ဘယ်နှစ်ရက်ခြားတစ်ခါလောက် သန့်ရှင်းရေး လုပ်ဖြစ်ကြလဲ။ သာမန်မျက်စိနဲ့ ကြည့်ရင် သန့်ရှင်းနေတာပဲဆိုတော့ နေ့တိုင်းတော့ လုပ်ဖြစ်လောက်မယ် မထင်ပါဘူးနော်။

တကယ်တမ်းတွက်ကြည့်မယ်ဆိုရင် တစ်ရက်ရဲ့ သုံးပုံတစ်ပုံလောက်ကို အိပ်ရာပေါ်မှာပဲ ကုန်ဆုံးကြရတာပါ။ ဒီကြားထဲ အားရင်အားသလို ဝင်လှဲတတ်တာဆိုတော့ သန့်သန့်ရှင်းရှင်းထားဖို့ တော်တော်အရေးကြီးပါတယ်။ ဒါကြောင့် မင်မင်ကနေ  ဘယ်နှစ်ရက်တစ်ခါလောက် သန့်ရှင်းရေး လုပ်သင့်တယ်နဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို ယောင်းတို့ဗဟုသုတရအောင် ဝေမျှပေးချင်ပါတယ်။

Related article >>> Laptopကို မထိခိုက် မပျက်စီးစေဘဲ အထာကျကျ အသုံးပြုနိုင်မယ့် အချက် (၇)ချက်

အိပ်ရာခင်းတွေကို တစ်ပတ်တစ်ခါလောက် လျှော်ပေးသင့်ပါတယ်။ အိပ်ထားတဲ့နေရာမှာ ဆဲလ်အသေတွေ၊ ချွေးတွေ၊ ဖုန်တွေ၊ အိပ်ရာပေါ်မုန့်စားတတ်တဲ့ အကျင့်ရှိသူတွေဆို မုန့်အမှုန်တွေ၊ တစ်ခါတလေ မိတ်ကပ်မဖျက်ဘဲနဲ့များအိပ်မိရင် မိတ်ကပ်အစအနတွေ ကပ်ကျန်နေတတ်တာကြောင့် ခုတွေးကြည့်တာနဲ့တင်ကို ချက်ချင်း အသစ်လဲပစ်ချင်စိတ်ပေါက်နေပါပြီ။ ဒါကြောင့် အိပ်ရာခင်းတွေကို အနည်းဆုံး တစ်ပတ်တစ်ခါလဲဖို့ မမေ့ပါနဲ့။ မလျှော်အားသေးရင်တောင် မနက်တိုင်း အိပ်ရာခင်းလေးကိုလှပ်ပြီး နေပူလှန်းတာ၊ လေသလပ်ခံတာတွေကလည်း စိုထိုင်းထိုင်းဖြစ်တာကို ပျောက်စေတဲ့အပြင် အထိုက်အလျောက် သန့်စင်စေပါတယ်နော်။

ခေါင်းအုံးစွပ်တွေကိုတော့ ခေါင်းအုံးထက်ပိုပြီး မကြာခဏလဲပေးသင့်ပါတယ်။ ယောင်းတို့နဲ့ တိုက်ရိုက်ထိတွေ့နေတာကြောင့် အိပ်ရာခင်းလိုပဲ ခေါင်းအုံးစွပ်မှာလည်း အညစ်အကြေးတွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာခင်းလဲတိုင်း ခေါင်းအုံးစွပ်ကိုပါ လဲဖို့မမေ့ပါနဲ့နော်။

ခေါင်းအုံးတွေလည်း ခေါင်းအုံးစွပ်လိုပဲ ညစ်ပတ်နိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းအုံးစွပ်လေးခံထားတာကြောင့် မကြာမကြာ သန့်ရှင်းရေးလုပ်ပေးဖို့တော့ မလိုပါဘူး။ အနည်းဆုံး ၆လ တစ်ခါလောက် လျှော်ဖွပ်ပေးရုံနဲ့ လုံလောက်ပါတယ်။ မလျှော်နိုင်ရင်တောင် ပင်မင်းအပ်တာဖြစ်ဖြစ် အသစ်လဲတာဖြစ်ဖြစ် လုပ်လို့ရပါတယ်နော်။

Related article>>> သံလွင်နဲ့ အုန်းဆီမှာ ဘယ်ဆီက ပိုကောင်းလဲ

စောင်ကလည်း အိပ်ရာခင်းလိုပဲ ချွေးတွေဖုန်တွေနဲ့ ညစ်ပတ်နေတတ်ပါတယ်။ သူများနိုင်ငံတွေမှာ ခေါင်းအုံးစွပ်လိုမျိုး စောင်မှာလည်း အစွပ်ရှိပေမဲ့ ဒီနိုင်ငံမှာတော့ ဒီတိုင်းခြုံကြတာကြောင့် ပိုပြီး ညစ်ပတ်လွယ်ပါတယ်။ ဒါကြောင့် အနည်းဆုံး နှစ်ပတ်တစ်ခါလောက်တော့ စောင်လျှော်ပေးရပါမယ်နော်။

မွေ့ရာကတော့ သေချာပေါက် လျှော်လို့မလွယ်ပေမဲ့ သန့်ရှင်းရေး လုပ်တာတော့လုပ်ရမှာပါပဲ။ ဒါကြောင့် တစ်နှစ်ကို အနည်းဆုံးတစ်ခါလောက် ဖုန်စုပ်စက်-Vacuum လေးနဲ့ သန့်ရှင်းရေးလုပ်ဖို့ အကြံပေးထားပါတယ်။ အနံ့အသက်ဆိုးတွေပါ ပျောက်ဖို့အတွက်ဆိုရင် မုန့်ဖုတ်ဆိုဒါလေးကို နည်းနည်းလောက်ဖြန်းပြီးမှ ဖုန်စုပ်စက်-Vacuum နဲ့ သန့်ရှင်းရေးလုပ်ပေးလို့ရပါတယ်။

နေ့တိုင်းသုံးနေပေမဲ့ သန့်ရှင်းရေးလုပ်ဖို့ မေ့တဲ့အထဲမှာ မျက်နှာသုတ်ပုဝါလည်း ပါပါတယ်။ ပညာရှင်တွေကတော့ တစ်ပတ်ကို တခါလောက်လဲဖို့ အကြံပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ စိုထိုင်းထိုင်း မျက်နှာသုတ်ပဝါတွေက မှိုနဲ့ ဘတ်တီးရီးယားတွေ အလွယ်တကူ ပေါက်ပွားနိုင်လို့ပါတဲ့။

ယောင်းတို့ရဲ့ အိပ်ရာအသုံးအဆောင်တွေကို ဘယ်နှစ်ကြိမ် ၊ ဘယ်လိုသန့်ရှင်းရေး လုပ်ပေးရမလဲဆိုတာ သိသွားပြီဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်ခန်းပတ်ဝန်းကျင်လေး ရရှိအောင်ဖန်တီးနိုင်ကြပါစေနော်။

သာသာပြန်ရေးသားသူ- ဒေါက်တာ ထက်ထက်ဇော်ဝင်း

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

No Comments Yet

Comments are closed