မင်မင်တို့ Surprise Box လေးတွေရဲ့ ကံထူးရှင်တွေကို ဘယ်လိုရွေးချယ်တာလဲ ?

 

မနေ့က မင်မင်တို့ စပရိုက်တိုက်ခံရမယ့် ယောင်းတွေ ရာချီရှိပါတယ်လို့ ဖော်ပြခဲ့ပါတယ်..

တချို့သော  ယောင်းတွေလည်း လက်ထဲကို ရောက်ရှိနေပြီ… တချို့သော ယောင်းတွေလည်း မကြာခင် ရရှိတော့မယ့် မင်မင်တို့ရဲ့ စပရိုက်အစီအစဉ်နဲ့ ပတ်သက်ပြီး အမြည်းလောက် သိချင်မယ်ထင်လို့ အနည်းငယ် ထပ်ရှင်းပြလိုက်ရပါတယ်။

အဓိကကတော့ မင်မင်တို့ ကံထူးရှင်တွေကို ဘယ်လို ရွေးချယ်တာလဲ ? ဘယ်လို လက်ဆောင်တွေ ရမှာလဲပေါ့။

အဲ့ဒီအဖြေကို ဖြေရမယ် ဆိုရင်ဖြင့်…

လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက  For Her Myanmar က လုပ်လိုက်တဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အလှအပရေးရာ စစ်တမ်းလေးကို မှတ်မိကြသေးလား ယောင်းတို့? မေးခွန်းတွေ များလွန်းလို့ တချို့ ယောင်းတွေလည်း မင်မင်တို့ chat box မှာ လာညည်းညူကြတာ ကြုံရသေး။ အဲဒီလို မေးခွန်းများတယ် ဆိုပေမဲ့ အချိန်ပေးပြီး စစ်တမ်းဖြေတဲ့ ယောင်းလေးတွေထဲက ရာဂဏန်းကို ရွေးချယ်ပြီး မင်မင်တို့က ဒီ surprise လေးကို စီစဉ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

အခုတစ်ခေါက်မှာ Citra Myanmar နဲ့ မင်မင်တို့ For Her Myanmar တို့ ပူးပေါင်းပြီး စီစဉ်ပေးလိုက်ရခြင်းပါ။ Citra Myanmar ဆိုတာ အားလုံးသိကြတဲ့အတိုင်း နိုင်ငံတကာ အသိအမှတ်ပြု Unilever ကနေ တင်သွင်းရောင်းချနေပြီး သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အာရှအသားအရေနဲ့ အသင့်တော်ဆုံး အလှကုန်တွေထဲက  Brand တစ်ခုပေါ့။ အဲဒီတော့ ကံထူးရှင် ယောင်းတို့ လက်ထဲ ဘယ်လို ပစ္စည်းလေးတွေ ရောက်လာမလဲဆိုတာ အရိပ်အမြွက်တော့ သိရလောက်ပြီ ထင်ပါ့။

ဘာပစ္စည်းလေးတွေလဲ ဆိုတာ အတိအကျကိုတော့ နောက်နေ့မှပဲ ထပ်ပြောပြပေးတော့မယ်နော်။

ယောင်းရော… အဲ့ဒီ ရာပေါင်းများစွာသော ကံထူးရှင် ယောင်းတွေထဲက တစ်ယောက်များ ဖြစ်နေမလား ?

ကံထူးရှင်ယောင်းယောင်းတို့လည်း surprise box လေး ရောက်တဲ့ အခါ #Citra #ForHerMyanmar ဆိုတဲ့ hashtag လေးတွေနဲ့ ပို့စ်တင်ပေးပါဦး :* Citra Myanmar Page ကိုသွားပြီး ယောင်းတို့ box လေး လက်ခံရရှိကြောင်း အကြောင်းကြားပေးရင် ထပ်ပြီးတော့ ရရှိမယ့် ခံစားခွင့်လေးတွေလည်း ရှိပါသေးတယ်နော်။

 

No Comments Yet

Comments are closed