Knowledge

ပင္လံုစာခ်ဳပ္ဆိုတာ ဒီိလို ျဖစ္တည္လာတာပါ။

ခုမွပဲ ဘယ္သူေတြ ပါလဲ ေသခ်ာသိရေတာ့တယ္..

ေယာင္းတုိ႔ေရ .. ျမန္မာျပည္ရဲ႕ အထင္ကရ႐ံုးပိတ္ရက္ေတြထဲမွာ ျပည္ေထာင္စုေန႔လည္း ပါဝင္တယ္ေနာ္။ ဒီျပည္ေထာင္စုေန႔ ျဖစ္ေပၚလာပံုက ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္တဲ့ ပင္လံုညီလာခံကေန အစျပဳတယ္ဆုိတာလည္း သိၿပီးသားျဖစ္မွာပါ။

ဒီေတာ့ သိသည္ထက္ ပိုသိသြားေအာင္ ပင္လံုစာခ်ဳပ္ခ်ဳပ္ဆုိပံုအေၾကာင္း အက္ဒ္မင္က ေျပာျပေပးမယ္ေနာ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ျမန္မာျပည္လြတ္လပ္ေရးယူတဲ့ေနရာမွာ အျခားတိုင္းရင္းသားေတြနဲ႔ အတူလြတ္လပ္ေရးယူခ်င္တာေၾကာင့္ တုိင္းရင္းသားေဒသေတြဆီ သြားေရာက္ေတြ႕ဆံုေဆြးေႏြးခဲ့ၾကပါတယ္။

ဒီအခါ ျမန္မာတို႔ရဲ႕ အတူတစ္ကြ လြတ္လပ္ေရးယူဖုိ႔ ႐ွမ္း၊ ကခ်င္  နဲ႔ ခ်င္း လူမ်ိဳးေတြက သေဘာတူညီခဲ့ၾကပါတယ္။ အဲ့ဒီေနာက္ တိုင္းရင္းသားကိုယ္စားလွယ္ေတြက ပင္လံုၿမိဳ႕ကို လာေရာက္ကာ ေကာ္မတီအသီးသီးဖြဲ႕စည္းၿပီး ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စတင္ညွိႏိႈင္းေဆြးေႏြးခဲ့ၾကပါတယ္။

အဲ့ဒီေနာက္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔မွာ ပင္လံုညီလာခံကို စတင္ခဲ့ၿပီး ညီလာခံကို  ဗိုလ္ခ်ဳပ္ေအာင္ဆန္း နဲ႔ အတူ ဦးေဆာင္ခဲ့တဲ့ ပုဂိၢဳလ္ေတြက ဆာေမာင္ႀကီး၊ ဗိုလ္မႉးေအာင္၊ ဦးေအာင္ဇံေဝ၊ ဦးတင္ထြဋ္(အိုင္စီအက္စ္)၊ ဗိုလ္ ခင္ေမာင္ကေလး၊ ၿမိဳ႕မ-ဦးသန္းႂကြယ္၊ သခင္ဝတင္ စတဲ့ ပုဂိၢဳလ္ေတြပါ ေယာင္းတို႔ေရ..

Related Article >>> ျမန္မာႏိုင္ငံနဲ႔ မေ႐ွးမေႏွာင္းမွာ လြတ္လပ္ေရးရခဲ့ေသာႏိုင္ငံမ်ား

ဒီညီလာခံမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ အတူ ပင္လံုစာခ်ဳပ္မွာ ပါဝင္မယ့္ သေဘာတူညီခ်က္ေတြကို တိုင္းရင္းသားကိုယ္စားလွယ္ေတြနဲ႔ ညွိႏိႈင္းေဆြးေႏြးခဲ့ၾကပါတယ္။ ဒီလုိ ေဆြးေႏြးခဲ့ၾကၿပီး ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ ညေန မွာ အၿပီးသတ္သေဘာတူညီခဲ့ၾကတာပါ။

အဲဒီေနာက္ ေနာင္တစ္ခ်ိန္မွာ ျပည္ေထာင္စုေန႔ရယ္လုိ႔ ျဖစ္လာမယ့္ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ ၁၉၄၇ ခုႏွစ္မွာေတာ့ ပင္လံုစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါတယ္။ ညီလာခံစတဲ့အခ်ိန္ကေတာ့ မနက္ ဆယ္နာရီျဖစ္ပါတယ္။ စာခ်ဳပ္ကို လက္မွတ္ထိုးတဲ့အခ်ိန္က ၁၁ နာရီပါေနာ္..

ပင္လံုစာခ်ဳပ္မွာ လက္မွတ္ထိုးခဲ့ၾကသူေတြက ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ ႐ွမ္း၊ ကခ်င္ နဲ႔ ခ်င္း လူမ်ိဳးေတြ ကိုယ္စား သေဘာတူလက္မွတ္ထိုးမယ့္ ကိုယ္စားလွယ္အားလံုး ၂၃ ဦး ႐ွိပါတယ္။ သူတို႔ေတြက ..

၁) ဗိုလ္ခ်ဳပ္ေအာင္ဆန္း (ျမန္မာျပည္ေခါင္းေဆာင္)

၂) စ၀္ခြန္ပန္းစိန္ (ေတာင္ပိုင္ေစာ္ဘြား)

၃) စ၀္ေရႊသိုက္ (ေညာင္ေရႊေစာ္ဘြား)

၄) စ၀္ဟုံဖ (ေျမာက္ပိုင္းသိႏၷီေစာ္ဘြား)

၅) စ၀္ႏြံ (လဲခ်ားေစာ္ဘြား)

၆) စ၀္စံထြန္း (မိုင္းပြန္ေစာ္ဘြား)

၇) ဦးေဟာ္ဝါးဒူဝါအမ္ခြန္ဖုန္း (ေျမာက္ပိုင္းသိႏၷီ လူထုကိုယ္စားလႇယ္)

၈) စ၀္ထြန္းေအး (သာမိုင္းခမ္းေစာ္ဘြား)

၉) ဦးတင္ဧ (ေတာင္ႀကီးလူထုကိုယ္စားလႇယ္)

၁၀) ဦးၾကာပု (လူထုကိုယ္စားလႇယ္)

၁၁) စ၀္ယိင္ဖ (လူထုကိုယ္စားလႇယ္)

၁၂) ဆမားဒူး၀ါဆင္၀ါးေနာင္ (ျမစ္ႀကီးနားကခ်င္ကိုယ္စား လႇယ္)

၁၃) ဒူ၀ါေဇာ္ရစ္ (ျမစ္ႀကီးနား ကခ်င္ကိုယ္စားလႇယ္)

၁၄) ဦးခြန္ထီး (ပင္လံုလူထုကိုယ္စားလႇယ္)

၁၅) ဦးထြန္းျမင့္ (ေမာက္မယ္လူထုကိုယ္စားလႇယ္)

၁၆) ဦးခြန္ေစာ (ပင္းတယ လူထုကိုယ္စားလႇယ္)

၁၇) ဦးျဖဴ (သထံုေစာ္ဘြားကိုယ္စားလႇယ္)

၁၈) ဦးဒိန္ရတန္ (ျမစ္ႀကီးနား ကခ်င္ကိုယ္စားလႇယ္)

၁၉) ဒူ၀ါေဇာ္လြန္း (ဗန္းေမာ္ကခ်င္ကိုယ္စားလႇယ္)

၂၀) ဦးလဘန္ဂေရာင္ (ဗန္းေမာ္ကခ်င္ကိုယ္စားလႇယ္)

၂၁) ဦးလွဴရ္မႈန္ (ဖလမ္း – ခ်င္းကိုယ္စားလႇယ္)

၂၂) ဦးေတာင္ဇာခုတ္ (တီးတိန္ – ခ်င္းကိုယ္စားလႇယ္)

၂၃) ဦးကီယိုမန္း (ဟားခါး – ခ်င္းကိုယ္စားလႇယ္)

ပင္လံုစာခ်ဳပ္မွာ လက္မွတ္မထုိးေပမဲ့ ကရင္ နဲ႔ ကရင္နီ (ယခု ကယား) လူမ်ိဳး ကိုယ္စားလွယ္ေတြက ပင္လံုညီလာခံကို ေလ့လာသူေတြအျဖစ္ တက္ေရာက္ခဲ့ၾကပါတယ္။

Related Article >>> ကိုရီးယားနိုင္ငံရဲ႕ ေနာက္ဆံုးေသာ ဘုရင့္သမီးေတာ္ေလး

ဒီလုိ ပင္လံုစာခ်ဳပ္ကို သေဘာတူလက္မွတ္ထိုးၿပီး ျမန္မာျပည္နဲ႔ အတူ လြတ္လပ္ေရးကို ရယူခဲ့ၾကတာေပါ့… ဒါေၾကာင့္ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ဟာ ျမန္မာျပည္ရဲ႕ သမုိင္းမွာ ခ်န္လွပ္မရတဲ့ ေန႔စြဲျဖစ္ခဲ့သလို ေနာက္ပိုင္းမွာ ျပည္ေထာင္စုေန႔အျဖစ္ က်င္းပလာခဲ့တာ ဒီေန႔ဆို ၇၂ႀကိမ္ေတာင္ ရွိခဲ့ပါၿပီ ေယာင္းတို႔ေရ…

ပင္လံုညီလာခံဟာလည္း ျမန္မာ့သမိုင္းမွာ အထူးေရးပါတာေၾကာင့္ ဒီ သမိုင္းေၾကာင္းကို ေယာင္းတို႔ ပိုသိေအာင္ အက္ဒ္မင္က မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Sugar Cane (For Her Myanmar)

<<< Unicode >>>

ခုမှပဲ ဘယ်သူတွေ ပါလဲ သေချာသိရတော့တယ်..

ယောင်းတို့ရေ .. မြန်မာပြည်ရဲ့ အထင်ကရရုံးပိတ်ရက်တွေထဲမှာ ပြည်ထောင်စုနေ့လည်း ပါဝင်တယ်နော်။ ဒီပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ပင်လုံညီလာခံကနေ အစပြုတယ်ဆိုတာလည်း သိပြီးသားဖြစ်မှာပါ။

ဒီတော့ သိသည်ထက် ပိုသိသွားအောင် ပင်လုံစာချုပ်ချုပ်ဆိုပုံအကြောင်း အက်ဒ်မင်က ပြောပြပေးမယ်နော်။

ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်လွတ်လပ်ရေးယူတဲ့နေရာမှာ အခြားတိုင်းရင်းသားတွေနဲ့ အတူလွတ်လပ်ရေးယူချင်တာကြောင့် တိုင်းရင်းသားဒေသတွေဆီ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီအခါ မြန်မာတို့ရဲ့ အတူတစ်ကွ လွတ်လပ်ရေးယူဖို့ ရှမ်း၊ ကချင် နဲ့ ချင်း လူမျိုးတွေက သဘောတူညီခဲ့ကြပါတယ်။ အဲ့ဒီနောက် တိုင်းရင်းသားကိုယ်စားလှယ်တွေက ပင်လုံမြို့ကို လာရောက်ကာ ကော်မတီအသီးသီးဖွဲ့စည်းပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပင်လုံညီလာခံကို စတင်ခဲ့ပြီး ညီလာခံကို ဗိုလ်ချုပ်အောင်ဆန်း နဲ့ အတူ ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်(အိုင်စီအက်စ်)၊ ဗိုလ် ခင်မောင်ကလေး၊ မြို့မ-ဦးသန်းကြွယ်၊ သခင်ဝတင် စတဲ့ ပုဂ္ဂိုလ်တွေပါ ယောင်းတို့ရေ..

Related Article >>> မြန်မာနိုင်ငံနဲ့ မရှေးမနှောင်းမှာ လွတ်လပ်ရေးရခဲ့သောနိုင်ငံများ

ဒီညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ပင်လုံစာချုပ်မှာ ပါဝင်မယ့် သဘောတူညီချက်တွေကို တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ ဒီလို ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ မှာ အပြီးသတ်သဘောတူညီခဲ့ကြတာပါ။

အဲဒီနောက် နောင်တစ်ချိန်မှာ ပြည်ထောင်စုနေ့ရယ်လို့ ဖြစ်လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၉၄၇ ခုနှစ်မှာတော့ ပင်လုံစာချုပ်ချုပ်ဆိုလိုက်ပါတယ်။ ညီလာခံစတဲ့အချိန်ကတော့ မနက် ဆယ်နာရီဖြစ်ပါတယ်။ စာချုပ်ကို လက်မှတ်ထိုးတဲ့အချိန်က ၁၁ နာရီပါနော်..

ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့ကြသူတွေက ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ရှမ်း၊ ကချင် နဲ့ ချင်း လူမျိုးတွေ ကိုယ်စား သဘောတူလက်မှတ်ထိုးမယ့် ကိုယ်စားလှယ်အားလုံး ၂၃ ဦး ရှိပါတယ်။ သူတို့တွေက ..

၁) ဗိုလ်ချုပ်အောင်ဆန်း (မြန်မာပြည်ခေါင်းဆောင်)

၂) စဝ်ခွန်ပန်းစိန် (တောင်ပိုင်စော်ဘွား)

၃) စဝ်ရွှေသိုက် (ညောင်ရွှေစော်ဘွား)

၄) စဝ်ဟုံဖ (မြောက်ပိုင်းသိန္နီစော်ဘွား)

၅) စဝ်နွံ (လဲချားစော်ဘွား)

၆) စဝ်စံထွန်း (မိုင်းပွန်စော်ဘွား)

၇) ဦးဟော်ဝါးဒူဝါအမ်ခွန်ဖုန်း (မြောက်ပိုင်းသိန္နီ လူထုကိုယ်စားလှယ်)

၈) စဝ်ထွန်းအေး (သာမိုင်းခမ်းစော်ဘွား)

၉) ဦးတင်ဧ (တောင်ကြီးလူထုကိုယ်စားလှယ်)

၁၀) ဦးကြာပု (လူထုကိုယ်စားလှယ်)

၁၁) စဝ်ယိင်ဖ (လူထုကိုယ်စားလှယ်)

၁၂) ဆမားဒူးဝါဆင်ဝါးနောင် (မြစ်ကြီးနားကချင်ကိုယ်စား လှယ်)

၁၃) ဒူဝါဇော်ရစ် (မြစ်ကြီးနား ကချင်ကိုယ်စားလှယ်)

၁၄) ဦးခွန်ထီး (ပင်လုံလူထုကိုယ်စားလှယ်)

၁၅) ဦးထွန်းမြင့် (မောက်မယ်လူထုကိုယ်စားလှယ်)

၁၆) ဦးခွန်စော (ပင်းတယ လူထုကိုယ်စားလှယ်)

၁၇) ဦးဖြူ (သထုံစော်ဘွားကိုယ်စားလှယ်)

၁၈) ဦးဒိန်ရတန် (မြစ်ကြီးနား ကချင်ကိုယ်စားလှယ်)

၁၉) ဒူဝါဇော်လွန်း (ဗန်းမော်ကချင်ကိုယ်စားလှယ်)

၂၀) ဦးလဘန်ဂရောင် (ဗန်းမော်ကချင်ကိုယ်စားလှယ်)

၂၁) ဦးလှူရ်မှုန် (ဖလမ်း – ချင်းကိုယ်စားလှယ်)

၂၂) ဦးတောင်ဇာခုတ် (တီးတိန် – ချင်းကိုယ်စားလှယ်)

၂၃) ဦးကီယိုမန်း (ဟားခါး – ချင်းကိုယ်စားလှယ်)

ပင်လုံစာချုပ်မှာ လက်မှတ်မထိုးပေမဲ့ ကရင် နဲ့ ကရင်နီ (ယခု ကယား) လူမျိုး ကိုယ်စားလှယ်တွေက ပင်လုံညီလာခံကို လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

Related Article >>> ကိုရီးယားနိုင်ငံရဲ့ နောက်ဆုံးသော ဘုရင့်သမီးတော်လေး

ဒီလို ပင်လုံစာချုပ်ကို သဘောတူလက်မှတ်ထိုးပြီး မြန်မာပြည်နဲ့ အတူ လွတ်လပ်ရေးကို ရယူခဲ့ကြတာပေါ့… ဒါကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ မြန်မာပြည်ရဲ့ သမိုင်းမှာ ချန်လှပ်မရတဲ့ နေ့စွဲဖြစ်ခဲ့သလို နောက်ပိုင်းမှာ ပြည်ထောင်စုနေ့အဖြစ် ကျင်းပလာခဲ့တာ ဒီနေ့ဆို ၇၂ကြိမ်တောင် ရှိခဲ့ပါပြီ ယောင်းတို့ရေ…

ပင်လုံညီလာခံဟာလည်း မြန်မာ့သမိုင်းမှာ အထူးရေးပါတာကြောင့် ဒီ သမိုင်းကြောင်းကို ယောင်းတို့ ပိုသိအောင် အက်ဒ်မင်က မျှဝေပေးလိုက်ပါတယ်နော်။

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *