ကေလးရဲ႕ အသက္အရြယ္အလိုက္ အိမ္မႈကိစၥေလးေတြ တာဝန္ခြဲေပးၾကမယ္

ခုေနမခိုင္းထားရင္ ႀကီးတဲ့အခါ ေနာင္တရမွာေနာ္ :3

>>> Zawgyi >>>

သားသား မီးမီးေလးေတြကို အရမ္းခ်စ္လြန္းလို႕ ေက်ာင္းစာပဲ အာရံုစိုက္ခိုင္းၿပီး ထမင္းခြံ႕ေကၽြး ေရခပ္တိုက္ ပန္းကန္လိုက္ေဆးေပးတဲ့ မိဘေတြကို ျမင္ဖူးလား ေယာင္းေရ။ အိမ္မႈကိစၥဆိုရင္ ကိုယ္နဲ႕မဆိုင္သလို  ေနလာခဲ့သူေတြက အိမ္နဲ႕လည္းေဝးေရာ ဒုကၡလွလွ ေတြ႕ၾကပါတယ္။ ဒီေတာ့ ကိုယ့္သားသမီးကို တကယ္ခ်စ္တယ္ဆိုရင္ ငယ္စဥ္ကတည္းက အိမ္မႈကိစၥေလးေတြနဲ႕ လက္ပြန္းတတီးရွိေအာင္ က်င့္ေပးရပါမယ္။ အသက္အရြယ္ အပိုင္းအျခားအလိုက္ တာဝန္ေပးပံုေလးကိုေတာ့ ခုလို လက္တို႕လိုက္ပါတယ္။

၂ – ၃ ႏွစ္အရြယ္

ဒီအရြယ္ေလးေတြကိုေတာ့ ရိုးရွင္းတဲ့ တာဝန္ေလးေတြေပးၿပီး အသိအမွတ္ျပဳ ခ်ီးက်ဴးေပးပါ ေယာင္းေရ။ အဝတ္ျခင္းေတာင္းထဲကို အဝတ္ထည့္ခိုင္းတာမ်ိဳး ၊ စားပြဲခံုေပၚ ဖိတ္စင္သြားတဲ့ ဟင္းစက္ေလးေတြကို တစ္ရွဴးနဲ႕ သုတ္ခိုင္းတာမ်ိဳး ၊ အမႈိက္ခြံကို အမိႈက္ပံုးထဲ ထည့္ခိုင္းတာမ်ိဳး၊ ကစားၿပီး ျပန္႕ႀကဲထားတဲ့ အရုပ္ေတြကို ေနရာတက်ျပန္ထားခိုင္းတာမ်ိဳးကစၿပီး က်င့္ေပးရပါမယ္။ ဒီအရြယ္ေလးေတြက တစ္ခုခုေဆာင္ရြက္ၿပီးတိုင္း ခ်ီးက်ဴးလိုက္တာနဲ႔ မသိစိတ္ကေန ေပ်ာ္ရႊင္တတ္တဲ့ အရြယ္ပါ ေယာင္းေရ။

၄-၅ ႏွစ္အရြယ္

၄ ၊ ၅ ႏွစ္သားအရြယ္ ဆိုရင္ေတာ့ မူႀကိဳတက္ေနၿပီျဖစ္လို႕ နည္းနည္းေလး ကိုယ္ထူကိုယ္ထ ခိုင္းၾကည့္လို႕ ရပါၿပီ။ ဥပမာ- ေျခအိတ္ကုိ ကိုယ္တိုင္ဝတ္တတ္ေအာင္၊ ထမင္းပန္းကန္ေတြကို မကြဲမရွေအာင္ ကိုင္ၿပီး ထမင္းဝိုင္းဆီ ပို႔ခိုင္းတာ၊  ပန္းပင္ေလးေတြ ေရေလာင္းခိုင္းတာ မ်ိဳး ခိုင္းၾကည့္လို႔ ရပါၿပီ။ ဒီအရြယ္ေလးေတြက အိမ္အလုပ္ခိုင္းတဲ့အခါ ျမန္ျမန္ၿပီးေအးေရာ..ဒါမွ ကစားလို႔ရမွာ ဆိုတဲ့ စိတ္ထားရွိၾကပါတယ္။ ဒီေတာ့ စိတ္ရွည္ရွည္နဲ႔ ေခ်ာ့ေမာ့ခိုင္းမွ ရမွာပါ။

Related Article>>>အိမ္ေထာင္က်ၿပီး ကေလးေတြပါ ရေနၿပီျဖစ္တဲ့ BFF နဲ႕ ခင္မင္မႈ တည္ၿမဲေစမယ့္ လမ္းညႊန္ (၇) ခ်က္

၆-၇ ႏွစ္အရြယ္

ဒီအရြယ္ေလးေတြကိုေတာ့ ခိုင္းရင္ခိုင္းတဲ့အတိုင္း အေကာင္းဆံုး ျဖစ္မယ္ဆိုတဲ့ အေတြးမ်ိဳး ထားလို႔ မရပါဘူး။ ေန႕လည္စာကို ကူညီျပင္ဆင္ခိုင္းတာမ်ိဳး၊ အိပ္ရာခင္းခိုင္းတာမ်ိဴး နဲ႕ ေစ်းကျပန္လာတဲ့အခါ ပစၥည္းေတြ ေနရာခ်ခိုင္းတာမ်ိဳးက ဒီအရြယ္မွာ စခိုင္းလို႔ရပါၿပီ။ ေဝယ်ာဝစၥ အေသးအမႊားေလးေတြက သူတို႔ေလးေတြအတြက္ေတာ့ ေအးေဆးပါပဲ။

၈-၉ ႏွစ္ အရြယ္

ဒီအရြယ္မွာေတာ့ နားလည္သိတတ္လြယ္သလို လူတတ္ႀကီးလည္း လုပ္ခ်င္ၾကပါၿပီ။ အိမ္မႈကိစၥေလးေတြ ခိုင္းတဲ့အခ်ိန္မွာ ပ်င္းစရာႀကီးလို႔ မထင္ရေလာက္ေအာင္ သီခ်င္းေလးေတြ ဖြင့္ေပးၿပီး ေပ်ာ္ေအာင္လုပ္ေပးလို႔ ရပါတယ္။ တစ္ခါတေလ အၿပိဳင္အဆိုင္ ဘယ္သူက အရင္ၿပီးေအာင္ လုပ္ႏိုင္တယ္ဆိုတာမ်ိဳးနဲ႔ မပ်င္းရေအာင္ ဖန္တီးေပးလို႔ရပါတယ္။

၁၀-၁၂ ႏွစ္ အရြယ္

ဒီအရြယ္ကေလးေတြကိုေတာ့ သူတို႔ ကၽြမ္းက်င္တဲ့ အလုပ္မ်ိဳးေလးေတြ ခိုင္းေပးရပါမယ္။ အလုပ္နဲ႔ ပတ္သက္ရင္ ကိုယ္ပိုင္ဆံုးျဖတ္ခြင့္ေပးၿပီး ထင္ထားတာထက္ ပိုၿပီး ေကာင္းေကာင္း လက္စြမ္းျပတဲ့ကေလးကုိေတာ့ ဆုခ်ရမွာ ျဖစ္ပါတယ္။

Related article >>> ကေလးငယ္ကို မိခင္ႏို႔တစ္မ်ိဳးတည္း ေအာင္ေအာင္ျမင္ျမင္ တိုက္ေကၽြးႏိုင္ေရးအတြက္ အဟန္႔အတားျဖစ္ေနသည့္ လြဲမွားေနသည့္ အယူအဆ (၅)ခ်က္

အသက္ ၁၃ ႏွစ္နဲ႕ အထက္

ျမန္မာႏိုင္ငံမွာေတာ့ အသက္ ၄၀ ေက်ာ္ေပမဲ့ မိဘအိမ္မွာကပ္ေနၿပီး ကေလးလို ေနသူေတြ ရွိေပမဲ့ ႏိုင္ငံျခားမွာဆိုရင္ေတာ့ ဆယ္ေက်ာ္သက္ဘဝတည္းက ကိုယ့္အားကိုယ္ကိုး ႏိုင္ေအာင္ သင္ယူေနပါၿပီ။ အိမ္မႈကိစၥဆိုတာကလည္း ငယ္ရြယ္စဥ္ တတ္ထားမွ အရြယ္ေရာက္လာလို႕ မိဘနဲ႔ခြဲဲၿပီး ေက်ာင္းတက္ ၊ အလုပ္ဝင္ရတဲ့အခါ အဆင္ေျပမွာပါ။ အိမ္မႈကိစၥဆိုတဲ့ေနရာမွာလည္း မီးပူတိုက္ ဟင္းခ်က္တာက မိန္းကေလးအလုပ္မို႕ သားေယာက်္ားေလးေတာ့ မခိုင္းဘူး ဆိုတာမ်ိဳး လုပ္လို႔ မျဖစ္ပါဘူး။ ဒီေခတ္ႀကီးထဲမွာ အားလံုးတတ္ထားမွ ေတာ္ကာက်ပါမယ္ ေယာင္းေရ။

ကဲ..ေယာင္းတို႕ရဲ႕ သားသား မီးမီး ၊ တူ ၊ တူမေတြကို အိမ္မႈကိစၥေလးေတြ ခိုင္းဖို႔ Ready ပဲလား။

With love

Ei Mon (For Her Myanmar)

Reference:parents,raisingchildren

>>> Unicode >>>

ခုနေမခိုင်းထားရင် ကြီးတဲ့အခါ နောင်တရမှာနော် :3

သားသား မီးမီးလေးတွေကို အရမ်းချစ်လွန်းလို့ ကျောင်းစာပဲ အာရုံစိုက်ခိုင်းပြီး ထမင်းခွံ့ကျွေး ရေခပ်တိုက် ပန်းကန်လိုက်ဆေးပေးတဲ့ မိဘတွေကို မြင်ဖူးလား ယောင်းရေ။ အိမ်မှုကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်သလို  နေလာခဲ့သူတွေက အိမ်နဲ့လည်းဝေးရော ဒုက္ခလှလှ တွေ့ကြပါတယ်။ ဒီတော့ ကိုယ့်သားသမီးကို တကယ်ချစ်တယ်ဆိုရင် ငယ်စဉ်ကတည်းက အိမ်မှုကိစ္စလေးတွေနဲ့ လက်ပွန်းတတီးရှိအောင် ကျင့်ပေးရပါမယ်။ အသက်အရွယ် အပိုင်းအခြားအလိုက် တာဝန်ပေးပုံလေးကိုတော့ ခုလို လက်တို့လိုက်ပါတယ်။

၂ – ၃ နှစ်အရွယ်

ဒီအရွယ်လေးတွေကိုတော့ ရိုးရှင်းတဲ့ တာဝန်လေးတွေပေးပြီး အသိအမှတ်ပြု ချီးကျူးပေးပါ ယောင်းရေ။ အဝတ်ခြင်းတောင်းထဲကို အဝတ်ထည့်ခိုင်းတာမျိုး ၊ စားပွဲခုံပေါ် ဖိတ်စင်သွားတဲ့ ဟင်းစက်လေးတွေကို တစ်ရှူးနဲ့ သုတ်ခိုင်းတာမျိုး ၊ အမှိုက်ခွံကို အမှိုက်ပုံးထဲ ထည့်ခိုင်းတာမျိုး၊ ကစားပြီး ပြန့်ကြဲထားတဲ့ အရုပ်တွေကို နေရာတကျပြန်ထားခိုင်းတာမျိုးကစပြီး ကျင့်ပေးရပါမယ်။ ဒီအရွယ်လေးတွေက တစ်ခုခုဆောင်ရွက်ပြီးတိုင်း ချီးကျူးလိုက်တာနဲ့ မသိစိတ်ကနေ ပျော်ရွှင်တတ်တဲ့ အရွယ်ပါ ယောင်းရေ။

 

၄-၅ နှစ်အရွယ်

၄ ၊ ၅ နှစ်သားအရွယ် ဆိုရင်တော့ မူကြိုတက်နေပြီဖြစ်လို့ နည်းနည်းလေး ကိုယ်ထူကိုယ်ထ ခိုင်းကြည့်လို့ ရပါပြီ။ ဥပမာ- ခြေအိတ်ကို ကိုယ်တိုင်ဝတ်တတ်အောင်၊ ထမင်းပန်းကန်တွေကို မကွဲမရှအောင် ကိုင်ပြီး ထမင်းဝိုင်းဆီ ပို့ခိုင်းတာ၊  ပန်းပင်လေးတွေ ရေလောင်းခိုင်းတာ မျိုး ခိုင်းကြည့်လို့ ရပါပြီ။ ဒီအရွယ်လေးတွေက အိမ်အလုပ်ခိုင်းတဲ့အခါ မြန်မြန်ပြီးအေးရော..ဒါမှ ကစားလို့ရမှာ ဆိုတဲ့ စိတ်ထားရှိကြပါတယ်။ ဒီတော့ စိတ်ရှည်ရှည်နဲ့ ချော့မော့ခိုင်းမှ ရမှာပါ။

Related Article>>>အိမ်ထောင်ကျပြီး ကလေးတွေပါ ရနေပြီဖြစ်တဲ့ BFF နဲ့ ခင်မင်မှု တည်မြဲစေမယ့် လမ်းညွှန် (၇) ချက်ချစ်သောကလေးငယ်၏ ရွေးချယ်ခွင့်

၆-၇ နှစ်အရွယ်

ဒီအရွယ်လေးတွေကိုတော့ ခိုင်းရင်ခိုင်းတဲ့အတိုင်း အကောင်းဆုံး ဖြစ်မယ်ဆိုတဲ့ အတွေးမျိုး ထားလို့ မရပါဘူး။ နေ့လည်စာကို ကူညီပြင်ဆင်ခိုင်းတာမျိုး၊ အိပ်ရာခင်းခိုင်းတာမျိူး နဲ့ ဈေးကပြန်လာတဲ့အခါ ပစ္စည်းတွေ နေရာချခိုင်းတာမျိုးက ဒီအရွယ်မှာ စခိုင်းလို့ ရပါပြီ။ ဝေယျာဝစ္စ အသေးအမွှားလေးတွေက သူတို့လေးတွေအတွက်တော့ အေးဆေးပါပဲ။

၈-၉ နှစ် အရွယ်

ဒီအရွယ်မှာတော့ နားလည်သိတတ်လွယ်သလို လူတတ်ကြီးလည်း လုပ်ချင်ကြပါပြီ။ အိမ်မှုကိစ္စလေးတွေ ခိုင်းတဲ့အချိန်မှာ ပျင်းစရာကြီးလို့ မထင်ရလောက်အောင် သီချင်းလေးတွေ ဖွင့်ပေးပြီး ပျော်အောင်လုပ်ပေးလို့ ရပါတယ်။ တစ်ခါတလေ အပြိုင်အဆိုင် ဘယ်သူက အရင်ပြီးအောင် လုပ်နိုင်တယ်ဆိုတာမျိုးနဲ့ မပျင်းရအောင် ဖန်တီးပေးလို့ ရပါတယ်။

၁၀-၁၂ နှစ် အရွယ်

ဒီအရွယ်ကလေးတွေကိုတော့ သူတို့ ကျွမ်းကျင်တဲ့ အလုပ်မျိုးလေးတွေ ခိုင်းပေးရပါမယ်။ အလုပ်နဲ့ ပတ်သက်ရင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးပြီး ထင်ထားတာထက် ပိုပြီး ကောင်းကောင်း လက်စွမ်းပြတဲ့ကလေးကိုတော့ ဆုချရမှာ ဖြစ်ပါတယ်။

Related article >>> ကလေးငယ်ကို မိခင်နို့တစ်မျိုးတည်း အောင်အောင်မြင်မြင် တိုက်ကျွေးနိုင်ရေးအတွက် အဟန့်အတားဖြစ်နေသည့် လွဲမှားနေသည့် အယူအဆ (၅)ချက်

အသက် ၁၃ နှစ်နဲ့ အထက်

မြန်မာနိုင်ငံမှာတော့ အသက် ၄၀ ကျော်ပေမဲ့ မိဘအိမ်မှာကပ်နေပြီး ကလေးလို နေသူတွေ ရှိပေမဲ့ နိုင်ငံခြားမှာဆိုရင်တော့ ဆယ်ကျော်သက်ဘဝတည်းက ကိုယ့်အားကိုယ်ကိုး နိုင်အောင် သင်ယူနေပါပြီ။ အိမ်မှုကိစ္စဆိုတာကလည်း ငယ်ရွယ်စဉ် တတ်ထားမှ အရွယ်ရောက်လာလို့ မိဘနဲ့ခွဲပြီး ကျောင်းတက် ၊ အလုပ်ဝင်ရတဲ့အခါ အဆင်ပြေမှာပါ။ အိမ်မှုကိစ္စဆိုတဲ့နေရာမှာလည်း မီးပူတိုက် ဟင်းချက်တာက မိန်းကလေးအလုပ်မို့ သားယောကျ်ားလေးတော့ မခိုင်းဘူး ဆိုတာမျိုး လုပ်လို့ မဖြစ်ပါဘူး။ ဒီခေတ်ကြီးထဲမှာ အားလုံးတတ်ထားမှ တော်ကာကျပါမယ် ယောင်းရေ။

ကဲ..ယောင်းတို့ရဲ့ သားသား မီးမီး ၊ တူ ၊ တူမတွေကို အိမ်မှုကိစ္စလေးတွေ ခိုင်းဖို့ Ready ပဲလား။

With love

Ei Mon (For Her Myanmar)

Reference:parents,raisingchildren

No Comments Yet

Comments are closed