Knowledge

အင်တာနက်သုံးရင်း သင်တန်းတက်ကြမယ်

ဒီနေ့လိုခေတ်ကြီးမှာ အလုပ်တွေချည်းဖိလုပ်၊ ပိုက်ဆံချည်းရှာနေပြီး တစ်ခုခုကိုမှ မသင်ယူနေဘူးဆိုရင်တော့ သူများထက်နောက်ကျကျန်ခဲ့ဖို့ များနေပြီနော်.. ဒီတော့…

လုပ်ငန်းခွင်ဝင်နေရလို့ပဲဖြစ်ဖြစ် အချိန်ပြည့်ကျောင်းတက်နေရလို့ပဲဖြစ်ဖြစ် ကိုယ်စိတ်ဝင်စားတဲ့ ဝါသနာပါရာ ဘာသာရပ်လေးတွေကို သင်တန်းတက်ဖို့ ဘယ်လိုမှ အချိန်မပေးနိုင်တဲ့အခါ ဘယ်လိုလုပ်ကြမလဲ?

ဒီလိုအခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ ယောင်းယောင်းတွေအတွက် နည်းလမ်းကောင်းလေးပေးပါမယ်။ ဒါကတော့ တစ်ခြားမဟုတ်ပါဘူး၊ အချိန်ကုန်လူပင်ပန်းသက်သာတဲ့ အခမဲ့ အွန်လိုင်းသင်တန်းလးတွေပါပဲ။

အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ အင်တာနက်ခေတ်ကြီးမှာ Online Studying (အွန်လိုင်းမှတစ်ဆင့်လေ့လာခြင်း) ဆိုတာ ပညာရေးနယ်ပယ်တစ်ခု အဖြစ် ရပ်တည်နေပါပြီ။ လေယာဉ်စီးပြီး တစ်ခြားနိုင်ငံက တက္ကသိုလ်ကို သွားတက်မှ မဟုတ်ပါဘူး။ ကိုယ့်အိမ်ကနေ ကွန်ပျူတာလေးဖွင့်၊ အင်တာနက်လေးချိတ်ပြီး ပုံမှန်လေ့လာသွားရုံနဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေက ဘွဲ့ဒီဂရီတွေကို အရယူနိုင်ပါပြီ။

အွန်လိုင်းကနေသင်ယူခြင်း ရဲ့ အားသာချက်တွေမှာ ပထမဦးဆုံးကတော့ အချိန်ပေါ့။ အပြင်သင်တန်းတွေလို ပုံသေအချိန်ဇယားနဲ့ မဟုတ်တဲ့အတွက် သီးသန့် အချိန်ပေးစရာမလိုပါဘူး။ ကိုယ်အားတဲ့ အချိန်မှ အင်တာနက်လေးဖွင့်ပြီး လေ့လာရုံပါပဲ။ ပြီးတော့ Course တစ်ခုအတွက် အများကြီး အချိန်ပေးစရာမလိုပါဘူး၊ တစ်ပတ်ကို ၃ နာရီလောက်နဲ့ တစ်လလောက် ဆိုရင် လုံလောက်ပါတယ်။  ဒုတိယတစ်ချက်က self-paced ဖြစ်တာပါ။  စာသင်ခန်းထဲမှာလို အများနဲ့ သင်ရတာမဟုတ်တဲ့အတွက် သင်ခန်းစာလွတ်သွားတာ၊ မမီလိုက်တာမျိုးတွေ မရှိပါဘူး။ ကိုယ်ရပ်ထားတဲ့နေရာကနေ ပြန်စလို့ရပါတယ်။ တတိယတစ်ချက်ကတော့ အခမဲ့ သင်ယူနိုင်တဲ့ certificate course တွေက ဒီဂရီ တစ်ခုလို မဟုတ်တဲ့ အတွက် အများကြီး ခေါင်းရှုပ်စရာမရှိပါဘူး။ ဘာသာရပ်တစ်ခုကိုမှ ခေါင်းစဉ်ခွဲလေးတွေ အများကြီးနဲ့ ခွဲခြမ်းစိတ်ဖြာထားတာဖြစ်တဲ့အတွက် ကိုယ်လိုသလောက်ကို ရွေးချယ်ပြီး နိုင်နိုင်နင်းနင်း လေ့လာနိုင်ပါတယ်။ ပြီးတော့ အိမ်မှာနေရင်း သက်တောင့်သက်သာ သင်ယူနိုင်တာမို့ ကားလမ်းပိတ်တာ၊ အချိန်ကုန်တာမျိုးတွေနဲ့ စိတ်ဖိစီးစရာမလိုတော့ဘူးပေါ့။ ဒါ့အပြင် ကိုယ့်နိုင်ငံက ခြေတစ်လှမ်းမခွာဘဲ နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်ကြီးတွေက လက်မှတ်တွေကိုလည်း ရယူနိုင်ဦးမှာပါ။

မြန်မာနိုင်ငံကနေလည်း ဒီလို အွန်လိုင်းသင်တန်း တွေ တက်လို့ရပါတယ်။ ကိုယ့်ရဲ့ ပညာရေး ဒါမှမဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို မြှင့်တင်ချင်တယ်၊ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ တိုးတက်အောင်လုပ်ချင်တယ် ဒါပေမဲ့ အလုပ်ကတစ်ဘက်၊ ကျောင်းကတစ်ဘက်၊ အိမ်ကတစ်ဘက်နဲ့ မအားနိုင်ဘူး ဆိုတဲ့ ယောင်းယောင်းတွေအတွက် ကွက်တိဖြစ်မှာပါ။ အဲဒါကြောင့် အခမဲ့ လေ့လာနိုင်တဲ့ ထိပ်တန်း Online Learning  Platform တစ်ချို့ကို မျှဝေလိုက်ပါတယ်။

Related Article >>> တို့ပတ်ဝန်းကျင်မှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်ထားတာတွေ ရှိနေဆဲလား?

Open2Study

https://www.open2study.com

open2study

Open2Study အွန်လိုင်းသင်တန်း တွေကို သြစတြေးလျ နိုင်ငံက အွန်လိုင်း ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Open Universities Australia (OUA) က ဖွင့်လှစ်ထားတာပါ။ အဖွဲ့အစည်းမှာပါဝင်တဲ့ သြစတြေးလျတက္ကသိုလ် ၇ ခုကနေပြီးတော့ သင်ခန်းစာတွေကို တက္ကသိုလ်အလိုက် သင်ကြားပေးပါတယ်။ Degree course နဲ့ certificate course ဆိုပြီးနှစ်မျိုးရှိပါတယ်။ အခမဲ့သင်ချင်တယ်ဆိုရင်တော့ certificate course တွေကို ရွေးချယ်ရမှာပါ။ Course (သင်တန်း) တစ်ခုကို များသောအားဖြင့် တစ်လကြာ သင်ယူရပါတယ်။ ဗီဒီယိုသင်ခန်းစာတွေ၊ ဥာဏ်စမ်းပဟေဠိ၊ အမှတ်ပေးအကဲဖြတ်ခြင်း (assessment) စတဲ့နည်းလမ်းတွေနဲ့ သင်ကြားပေးပါတယ်။

certificate

သင်တန်း ပြီးသွားတဲ့အခါ သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ အသိအမှတ်ပြု လက်မှတ်ပါတဲ့ certificate ကိုလည်း ဝယ်ယူလို့ရပါသေးတယ်။   Open2Study မှာ သင်ယူလို့ရတဲ့ ဘာသာရပ်အမျိုးအစားတွေကတော့…

Physics

Chemistry

Science

Astronomy

Agriculture

Language and Culture

Financial

Business

Human Resources

Management

Forensic science

Game Development

Engineering

Teaching and Training Technique

Photography

Medicine နဲ့

Web စတာတွေပါ။

Related Article >>> အောင်မြင်တဲ့ဘဝတက်လမ်း အောင်မြင်တဲ့ Career သို့သွားမယ်

Future Learn

https://www.futurelearn.com

future learn

Future Learn ကတော့ BBC က အင်္ဂလန် တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး အခမဲ့သင်ခန်းစာတွကို ပို့ချပေးနေတာပါ။ Future Learn ရဲ့ ထူးခြားချက်ကတော့ သင်တန်းတွေက တကယ်ကို ရွေးချယ်စရာ အများကြီးရှိတာပါ။ ပြီးတော့ သူက ဘာသာရပ် တစ်ခုစီကို လုံးခနဲအများကြီးမသင်ဘဲ ခေါင်းစဉ်တစ်ခုကို course တစ်ခုပုံစံနဲ့ အပိုင်းလေးတွေခွဲထားတော့ သင်တန်းကာလသိပ်မကြာဘဲ လေ့လာရတာလည်း အရမ်းပျော်စရာကောင်းပါတယ်။ တစ်ပတ်ကို သုံးနာရီလောက် အချိန်ပေးရုံနဲ့ လုံလောက်ပါတယ်။ Future Learn မှာဆိုရင် အဆင့်မြင့် တက္ကသိုလ်ကြီးတွေက ဆရာတွေက ဗီဒီယိုကနေတစ်ဆင့် ရှင်းပြတယ်၊ အတွေ့အကြုံတွေဝေမျှပေးတယ်၊ reading assignment တွေလုပ်ခိုင်းတယ်။ ဒါ့အပြင် လေ့လာသူတွေ အချင်းချင်းလည်း ဆွေးနွေးလို့ရတယ်၊ အသိပညာတွေ ဖလှယ်လို့လည်းရပါတယ်။

certificate

သင်တန်း ကို ၉၀% နဲ့အထက်ပြီးတယ်ဆိုရင် Digital Certificate ပေးပါတယ်။ တကယ်လို့ ကိုယ်က လုပ်ငန်းခွင်ဝင်တဲ့အခါ အသုံးချချင်တယ်ဆိုရင်တော့ certificate ကို ဝယ်လို့ရပါတယ်။ Future Learn ရဲ့ course အမျိုးအစားတွေကတော့ Free certificate course (အခမဲ့ အသိအမှတ်ပြုလက်မှတ်အတွက် သင်တန်း), ပရိုဂရမ်တွေ, ဘွဲ့လွန်နဲ့ ဘွဲ့ကြို ဒီဂရီတွေဖြစ်ပြီး

IELTS Preparation

Business and Management

Creative Arts and Media

Health and Psychology

History

Language and Culture

Law

Literature

Nature and Environment

Politics and Modern World

Science, Engineering and Maths

Study Skills

Teaching

Technology and Coding တွေပါဝင်ပါတယ်။

Related Article >>> အမျိုးသမီးတို့ဘဝတိုးတက်စေရေး

edX

https://www.edx.org

edx

edx ကတော့ အွန်လိုင်းပညာရေး လောကမှာ အကြီးဆုံး နဲ့ အကျယ်ပြန့်ဆုံး ဆိုက် (site) တစ်ခုပါပဲ။ Massachusetts Institute of  Technology နဲ့ ဟားဗဒ် (Harvard University) က edX ကို ၂၀၁၂ ခုနှစ်မှာစတင်ခဲ့ပါတယ်။ အခုဆိုရင် edX မှာ ကျောင်းပေါင်း ၇၀ ကျော်၊ Non Profit Organization တွေနဲ့ တခြားအဖွဲ့အစည်းတွေ အများကြီး ချိတ်ဆက်နေပါပြီ။ အကြီးဆုံး online learning platform ဆိုတော့ ဘာသာရပ်တွမစုံမှာ စိတ်ပူစရာမလိုပါဘူး။ နယ်ပယ်မျိုးစုံက သင်ရိုးပေါင်းစုံ ရှိပါတယ်။ တခြား Online Learning Platform တွေလိုပဲ certificate လိုချင်တယ်ဆိုရင်တော့ ဝယ်ရမှာပါ။

certificate

ဒါပေမဲ့ edX ရဲ့ ထူးခြားချက်က certificate ကို ဈေးနှုန်းမြင့်လို့ ဝယ်ဖို့ အဆင်မပြေတဲ့ သူတွေအတွက် financial assistant program ဆိုတာရှိပါတယ်။ အဲဒီမှာ ကိုယ့်ရဲ့ ငွေကြေး အခြေအနေကို တင်ပြလိုက်ရင် certificate တွေကို လျှော့ဈေးနဲ့ ဝယ်လို့ရအောင် စီစဉ်ပေးပါတယ်။

Related Article >>> နည်းပညာနဲ့ အတွေးအခေါ်ကွာဟမှု

Coursera

https://www.coursera.org

coursera

Coursera က Future Learn လိုပါပဲ။ ဗီဒီယိုသင်ခန်းစာတွေ၊ သင်တန်းသားအချင်းချင်း ဆွေးနွေးချက်တွေ၊ assignment (အဆိုင်းမန့်) တွေနဲ့ သင်ကြားပေးပါတယ်။ သင်တန်းပြီးသွားတဲ့အခါ digital certificate ပေးပါတယ်။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေက ဆရာတွေ သင်ကြားပေးတာပါ။

certificate

Coursera မှာ Course, Specialization, Online Degree ဆိုပြီး သုံးမျိုးရှိပါတယ်။ Specialization ဆိုတာကတော့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ အရည်အချင်းတွေကို သင်ကြားပေးတာပါ။ ဥပမာ HR, Leadership, project management လိုမျိုးတွေပေါ့။ Coursera မှာ လေ့လာလို့ရတဲ့ ဘာသာရပ်အမျိုးအစားတွေကို လေ့လာကြည့်ပါဦးနော်။

Arts and Humanities

Business

Computer Science

Data Science

Information Technology

Life Sciences

Maths and Logics

Personal Development

Physical Science and Engineering

Social Sciences

Language Learning

Related Article >>> ဖြစ်ချင်စိတ်ပြင်းပြတဲ့ လူငယ်တို့အတွက်

Free Educator

http://www.freeeducator.com

Free Educator

Free Educator ကလည်း ကောင်းမွန်တဲ့ Online Learning Platform ထဲက တစ်ခုပါ။ သင်တန်းတွကို အခမဲ့ တက်ရောက်ခွင့်ရမယ့်အပြင် တစ်ချို့ ဘာသာရပ်တွေဆို ကိုယ့်ရဲ့ လေ့လာနှုန်းအတိုင်းပဲ သင်ယူလို့ရပါတယ်။ ကိုယ်အားတဲ့အချိန်မှ အဆင်ပြေသလို လေ့လာနိုင်တာမျိုးပေါ့။ Free Educator မှာ

Accounting

Agriculture

Animation and Graphic

Architecture

Art & Culture

Biology and Life Sciences

Blog

Business

Chemistry

Communication

Computer Science

Data Analysis & Statistics

Economics & Finance

Electronics

Engineering

English

Environment

Fashion

Geography

History

Humanities

Journalism

Law

Management

Marketing

Mathematics

Medicine and Health

Music

Nutrition and Cooking

Philosophy

Physics

Science

Social Sciences

Sports

Teaching အစရှိတဲ့ ဘာသာရပ်အမျိုးအစားတွေ ပို့ချပေးနေပါတယ်။

အခုဆို တော်တော်များများက အင်တာနက်ကောင်းကောင်း သုံးတတ်ကြပါတယ်။ တစ်နေ့ကို အနည်းဆုံး သုံးနာရီလောက်ကတော့ သုံးဖြစ်ကြမှာပါ။ Game ဆော့မယ်၊ Chatting ထိုင်မယ်၊ Social Media တွေသုံးမယ်၊ သတင်းဖတ်မယ် စသဖြင့်ပေါ့။ ဒီလိုနေ့တိုင်း အင်တာနက်သုံးရင်း တစ်ရက်ကို နာရီဝက်လောက် Online Learning အတွက် အချိန်ပေးလိုက်မယ်ဆိုရင် ထိုင်နေရင်း ပညာရပ်တစ်ခု၊ အရည်အချင်းတစ်ခုတော့ တိုးတက်လာမှာပါ။ အဲဒီလို တိုးတက်မှုတွေကို လုပ်ငန်းခွင်မှာ ကျောင်းမှာ လက်တွေ့ဘဝမှာ အသုံးချနိုင်မယ်ဆိုရင်တော့ တကယ့်ကို အကျိုးအမြတ်ပါပဲနော်။ ကဲ… ဒါဆို အခုပဲ လက်ချောင်းထိပ်က အခွင့်အရေးလေးတွေကို အရယူလိုက်ကြရအောင်။

Bori (For Her Myanmar)

Bori
Bori loves Cats. ^_^ As a writer from For Her Myanmar, I am always happy to help Myanmar ladies promote their knowledge in various aspects, and view the world from different perspectives. ^_^

Leave a Reply

Your email address will not be published. Required fields are marked *