Knowledge
မျက်နှာဖုံးတပ်ပါတီရဲ့ စိတ်ဝင်စားဖွယ်ရာ သမိုင်းအချက် (၄) ချက်
၂။ ရုပ်ဖျက်ရတယ်။
<<< Unicode >>>
Mask Party ဘာလဲ… ဘယ်လဲပေါ့အေ.. 😛
အနောက်နိုင်ငံမှာ ကျင်းပလေ့ရှိတဲ့၊ မြန်မာပြည်အပါအဝင် အာရှတိုက်တွေမှာလည်း ခေတ်စားလာပြီဖြစ်တဲ့ မျက်နှာဖုံးတပ်ပါတီ ဒါမှမဟုတ် Masquerade Party or Mask Party ဆိုတာ ယောင်းတို့ ကြားဖူးမှာပေါ့နော်။
ဒီပါတီအကြောင်းကို သိပေမဲ့ သမိုင်းကြောင်းအချက်အလက် စုံစုံလင်လင်မသိဘူးဆိုတဲ့ ယောင်းတွေအတွက် Mask Party ရဲ့ စိတ်ဝင်စားစရာအကြောင်းတွေကို ဝေမျှပေးမယ်နော်…
၁။ Mask Party ဟာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပါတယ်။
မျက်နှာဖုံးတပ်ပါတီပွဲကို ဥရောပမှာ စတင်ကျင်းပတဲ့ကာလကို အမျိုးမျိုးပြောဆိုကြပေမဲ့ ဆယ့်ငါးရာစုထက်တော့ နောက်မကျဘူးလို့ ဆိုနိုင်ပါတယ်။ ဒီကာလဝန်းကျင်မှာ ဥရောတိုက်မှာမှ အီတလီနိုင်ငံဟာ မျက်နှာဖုံးတပ်ပါတီတွေစတင်ကျင်းပတဲ့ နိုင်ငံလို့လည်းဆိုကြပါတယ်။
Related Article >>> ထိုင်းနိုင်ငံရဲ့ ကြေကွဲစရာအကောင်းဆုံးနဲ့ ပဟေဠိ အဖြစ်ရဆုံး လျှို့ဝှက်ချက် တစ်ခု
၂။ ရုပ်ဖျက်ရတယ်။
မျက်နှာဖုံးတပ်ပွဲတွေစတင်ကျင်းပကတည်းက အဓိက ရည်ရွယ်ချက်ဟာ ကိုယ်ဘယ်သူမှန်းမသိအောင် ရုပ်ဖျက်ရတာပါ။ ဘာကြောင့် ရုပ်ဖျက်ပြီးကျင်းပခဲ့ကြသလဲဆိုတာ အတိအကျမဆိုကြပေမဲ့ ပါတီကျင်းပပုံကတော့ တစ်ခုနဲ့ တစ်ခု မတူဘဲ ကွဲပြားပါတယ်။
တချို့ပါတီတွေက ပွဲတက်သူအချင်းချင်း ခန့်မှန်းရတဲ့ ကစားနည်း ကစားကြသလို၊ တချို့ကလည်း အစားအစာ မတည်ခင်းချိန်အထိ ရုပ်ဖျက်ထားရတယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဟိုရှေးခေတ်ကတည်းက အခုထိ တူညီတာက ပွဲတက်သူအားလုံး မျက်နှာဖုံးတပ်ပြီး ရုပ်ဖျက်ရတာပါ။
၃။ လူတန်းစားညီမျှမှုကို ကိုယ်စားပြုတယ်။
ဆင်းရဲ၊ ချမ်းသာ၊ ပညာမဲ့၊ ပညာတတ်၊ ဘာသာ၊ လူမျိုး ဆိုတာတွေ ဖယ်ရှားလိုက်ရင် အားလုံးဟာ လူသားတွေပါပဲနော်။ မျက်နှာဖုံးတပ် ပါတီဟာ ဒီသဘောတရားပါပဲ။
မျက်နှာဖုံးတပ်ပါတီကို စတင် ကျင်းပတဲ့အချိန်က ဥရောပတိုက်မှာ လူတန်းစား ခွဲခြားမှုအရှိန်မြင့်တဲ့ ကာလပါ။ အထက်တန်းလွှာတွေက သာမာန်လူတန်းစားတွေနဲ့ ရောနှောခြင်းမရှိပါဘူး။ ဒါပေမဲ့ မျက်နှာဖုံးတပ် ပါတီပွဲမှာတော့ လူတိုင်းဟာ မျက်နှာဖုံးတပ်ထားတာဖြစ်လို့ အပေါ်ယံတွေကွာကျသွားပြီး လူတိုင်းဟာ တန်းတူညီမျှဖြစ်တယ်လို့ သဘောထားကြပါတယ်။
ဒါကြောင့် လူတန်းစား မခွဲခြားဘဲ ပါတီပွဲလာသူအချင်းချင်း ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံကြတာ မျက်နှာဖုံးတပ်ပါတီရဲ့ သဘောတရားပါပဲ။
Related Article >>> (၇) ရက် သာ နန်းစံလိုက်ရတဲ့ ကိုရီးယားရဲ့ ကြေကွဲစရာ မိဖုရားတစ်ပါး
၄။ လွပ်လပ်စွာပြုမူခွင့်ရှိတယ်။
ရှေးခေတ်က အထက်တန်းလွှာတွေဟာ ဂုဏ်သိက္ခာကြီးမားသူတွေဖြစ်တာကြောင့် စိတ်ထင်တိုင်း ပြုမူပြောဆိုခွင့်မရှိပါဘူး။ အိန္ဒြေသိက္ခာအပြည့်ရှိရပြီး လူမှုရေးစည်းကမ်းတွေအတိုင်းပြုမူရပါတယ်။
မျက်နှာဖုံးတပ်ပါတီမှာတော့ ဆင်းရဲချမ်းသာမခွဲခြားနိုင်တာကြောင့် လူသားအားလုံး ကိုယ်စိတ်ပျော်ရွှင်သလို ပြုမူပျော်ဆိုခွင့်ရကြပါတယ်။ စည်းကမ်းဘောင်အတွင်းကနေ ဘယ်သူ့ကိုမှ မထိခိုက်စေဖို့တော့ လိုတာပေါ့နော်။
ဒါကတော့ မျက်နှာဖုံးပါတီသမိုင်းကြောင်းက စိတ်ဝင်စားဖွယ်ရာအချက်တွေပါပဲ။ မျက်နှာဖုံးပါတီကို စိတ်ဝင်စားတယ်ဆိုတဲ့ ယောင်းတွေအတွက် အက်ဒ်မင်က သတင်းကောင်းလေးတစ်ခုပေးမယ်နော်။ နောက်ပြီး ချစ်သူများနေ့မှာ ဘာလုပ်ရမလဲမသိသေးတဲ့ Single ယောင်းတို့ အတွက်ရောပေါ့။
အက်ဒ်မင်တို့ For Her Myanmar က ချစ်သူများနေ့မှာ စိတ်လှုပ်ရှားစရာပွဲတစ်ခုကျင်းပဖို့ရှိပါတယ်။ အဲ့ဒီပွဲလေးမှာ ဘာတွေလုပ်လို့ရလဲဆိုတော့ ကိုယ့်လို Single မိတ်ဆွေသစ်တွေရှာမယ်၊ ပျော်ပျော်ပါးပါး ဂိမ်းတွေကစားကြမယ်၊ သောက်စရာကလည်း Free Flow ဆိုတော့ အမုန်းဆွဲလို့ရသပေါ့။
အက်ဒ်မင်တို့ဘက်ကလည်း King တွေ Queen တွေ ရွေးပေးမယ် ၊ ကံစမ်းမဲတွေ ဖောက်ပေးမယ်လေ။ မျက်နှာဖုံးလေးတွေ တပ်ပြီး တက်ရမယ့် ပွဲဆိုတော့ ရင်ခုန်စရာကလည်း ကောင်းသေးနော်… (အလဲ့ စုံထောက်ကားတွေဆန်နေတာ 😛 ) နေရာက ဆီဒိုးနား၊ အချိန်က ည ၇ နာရီကနေ ၉နာရီထိ  နေ့ရက်ကတော့ ချစ်သူများနေ့မှာပါရှင်…
ဒီတော့ အက်ဒ်မင်တို့ရဲ့ “Singles’ Night” အစီအစဉ်လေးကို စိတ်ဝင်စားတယ်ဆိုရင် ဒီလင့်ခ်လေးမှာ ဝင်ရောက်လေ့လာလို့ ရပါတယ်နော်။ ထုံးစံအတိုင်း ပွဲတက်မယ်ဆိုရင် Register လေးတော့ လုပ်ပေးဖို့ လိုမှာပေါ့နော်… Register လုပ်ဖို့ကိုတော့ ဒီလင့်ခ် >>> http://bit.ly/2sS69TK လေးမှာ လုပ်လို့ ရပါတယ်ရှင့်…  ဖေဖော်ဝါရီ (၅) ရက်နေ့ ထိ စာရင်းသွင်းပြီး ငွေလွှဲမယ်ဆိုတဲ့ ယောင်းယောင်းတို့ကတော့ Early Bird Discount 10% ကို ရရှိဦးမှာပါနော်….
ဘာလုပ်နာလဲ့… စာရင်းလာသွင်းကြတော့လေ 😛
Sugar Cane (For Her Myanmar)
References: avasflowers.net, allwomenstalk
Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။
Leave a Reply
Your email address will not be published. Required fields are marked *