ေဆာင္းရာသီမွာ ခရီးသြားသင့္တဲ့ အာရွရဲ႕ အလွဆံုးေနရာ (၄)ခု

ဒီေနရာေတြ သြားပါ… 

ေဆာင္းရာသီ ဟာ ဥတုသံုးပါးမွာ လည္လို႔ပတ္လို႔ အေကာင္းဆံုးအခ်ိန္ပါ။ အထူးသျဖင့္ ႏွင္းေတြကို ခ်စ္တဲ့သူေတြ အတြက္ေတာ့ ေဆာင္းရာသီမွာ အလွပဆံုးေနရာေတြကို ခရီးထြက္ဖို႔က အိပ္မက္တစ္ခုပါပဲ။ ဒါေၾကာင့္ ခုတစ္ေခါက္မွာေတာ့ ႏွင္းေတြေဝၿပီး အလွဆံုးျဖစ္ေနတဲ့ အာရွေဒသေတြကို ေဖာ္ျပေပးမယ္ေနာ္။

တရုတ္ျပည္ရဲ႕ ဟာဘင္

Heilongjiang​ျပည္နယ္မွာရွိတဲ့ ဒီၿမိဳ႕ေလးဟာ “ေရခဲၿမိဳ႕ေတာ္”လို႔ တင္စားၾကတဲ့အထိ ေက်ာ္ၾကားပါတယ္။ ေဆာင္းတြင္းေရာက္ရင္ -20°Cေလာက္ေရာက္တဲ့ ဒီၿမိဳ႕ေလးမွာေတာ့ ကမာၻ႕အႀကီးမားဆံုး ႏွင္းနဲ႔ ေရခဲပန္းပုပြဲေတာ္ကို ႏွစ္တိုင္းက်င္းပေလ့ရွိပါတယ္။

ဒီပြဲေတာ္ေန႔ေတြမွာဆိုရင္ေတာ့ သိပ္လွတဲ့ ေရခဲ ရဲတိုက္ေတြနဲ႔ ေရခဲ ပန္းပုေတြကို ေလ့လာလည္ပတ္တာ၊ ေရခဲေလၽွာစီးနဲ႔ စကိတ္စီးတာေတြကို ႏွင္းေတြ ၾကားမွာ လုပ္ေဆာင္ႏိုင္မွာျဖစ္ၿပီး အခ်ိန္ ကာလကေတာ့ ဇန္နဝါရီကေန ေဖေဖာ္ဝါရီအထိျဖစ္ပါတယ္။

ေနာက္ၿပီး ရုရွားျပည္နဲ႔ နီးကပ္ေနတာေၾကာင့္ ရုရွားလူမ်ိဳးေတြ ေဆာက္ထားတဲ့ ဗိသုကာလက္ရာေတြ၊ လွပတဲ့ ခရစ္ယာန္ ဘုရားေက်ာင္းေတြကိုပါ ျမင္ေတြ႕ရမွာမို႔ ရုရွားျပည္ခဏေရာက္သြားသလိုပါ တစ္လက္စတည္း ခံစားရေစမွာပါ။

Related Article >>> ေယာင္းရဲ႕ အက်င့္စရုိက္အရ ဘယ္ကို ဟန္းနီးမြန္း ခရီးထြက္သင့္လဲ

ျမန္မာျပည္ဆိုရင္ ပူတာအိုေဒသပါ

ျမန္မာျပည္ရဲ႕ ေျမာက္ဘက္စြန္းစြန္းမွာရွိေနတဲ့ ပူတာအိုေဒသဟာလည္း ေဆာင္းရာသီမွာ အေတာ္ေလးနာမည္ႀကီးပါတယ္။ အပူခ်ိန္ဟာ 10-20° C သာ ရွိၿပီး အေရွ႕ေတာင္အာရွရဲ႕ အျမင့္ဆံုး ႏွင္းေတာင္တန္းေတြရွိတဲ့ ပူတာအိုဟာ ႏွင္းခ်စ္သူေတြအတြက္ သိပ္လွတဲ့ေနရာပါ။

စြန္႔စားတဲ့ ေတာင္တက္ခရီးစဥ္မ်ိဳးလည္း ႏႊဲလို႔ရသလို သဘာဝအတိုင္းေပါက္ေနတဲ့ ရွားပါးသစ္ခြေတြ၊ ပူတာအိုမွာသာ ေတြ႕ႏိုင္တဲ့ ငွက္မ်ိဳးစိတ္ေတြကိုလည္း ေလ့လာခံစားႏိုင္ပါတယ္။

ဂ်ပန္ျပည္ရဲ႕ Sapporo ၿမိဳ႕

ဟိုကိုင္းဒြန္းျပည္နယ္ရဲ႕ ၿမိဳ႕ေလးျဖစ္တဲ့ Sapporoဟာ ႏွစ္တိုင္းက်င္းပေနက် ႏွင္းပြဲေတာ္ေၾကာင့္ ေက်ာ္ၾကားပါတယ္။ ဒီႏွင္းပြဲေတာ္ဟာ ၇ရက္တိုင္က်င္းပၿပီး Odori ပန္းၿခံ ၊ Susukino ေဒသ နဲ႔ Tsudome ေဒသမွာ အဓိက က်င္းပက်ၾကပါတယ္။

ဒီႏွင္းပြဲေတာ္မွာဆိုရင္ ဧရာမ ေရခဲရုပ္တုႀကီးေတြ၊ လွပတဲ့ ေရခဲ ပန္းပုလက္ရာေတြကို ေတြ႕ရမွွာ ပါ။ ဥပမာ ဒိုေရမြန္ ႏွင္းရုပ္တုလို ဟာမ်ိဳးေပါ့။

ႏွင္းရုပ္တုေတြဟာ ညဘက္မွာ မီးေရာင္စံုအျပည့္နဲ႔ ျပင္ဆင္ထားတာမို႔ ညဘက္သြားၾကည့္ရင္ သိပ္လွပါတယ္။

Related Article >>> ခရီးသြားတဲ့အခါ အတြင္းပစၥည္းေတြကို ေသခ်ာထုပ္သိမ္းၾကမယ္

အိႏၵိယမွာဆိုရင္ ကက္ရွ္မီးယား ေဒသပါ။

“ကမၻာေပၚရဲ႕ ဘယ္ေနရာကမွ ကက္ရွ္မီးယားရဲ႕ ေဆာင္းအလွကို မမွီဘူး” လို႔ ဆိုၾကတဲ့အထိ နာမည္ႀကီးတဲ့ ေဒသပါ။

အရမ္းလွတဲ့ Kashmirမွာ ဘာေတြလုပ္လို႔ရလဲဆိုေတာ့ ….

(1) စကိတ္စီးတာ၊ Cable car စီးတာ၊ Gulmarg ဆိုတဲ့ ေတာင္စခန္းၿမိဳ႕ေလးမွာ ေတာင္တက္တာ

(2) Ladakhျပည္နယ္မွာ ေရခဲအတိ ျဖစ္ေနတဲ့ ဇန္စ္ကာ ျမစ္ျပင္က်ယ္ကို စြန္႔စြန္႔စားစား ျဖတ္ကူးတာ

(3) ဟိမဝႏာၱေတာင္တန္းေတြ ဝန္းရံေနတဲ့ Sonamargျပည္နယ္ရဲ႕ ႏွင္းေတာင္ၾကားေတြမွာ လမ္းေလၽွာက္တာ

(4) ခ်စ္သူရည္းစားေတြဆို ေအးတစ္ဝက္ ခဲတစ္ဝက္ ျဖစ္ေနတဲ့ Dal Lake မွာ Shikara လို႔ေခၚတဲ့ ေလွလွလွေလးေတြ စီးၿပီး ရိုမန္တစ္ဆန္တာ တို႔ပဲ ျဖစ္ပါတယ္။

Dal Lake

အရမ္းလွတဲ့ ကက္ရွ္မီးယားဟာ တစ္ေခတ္တစ္ခါတုန္းက ၿဗိတိသၽွ မ်က္ႏွာျဖဴေတြ သိပ္သေဘာက်ခဲ့တဲ့ အပန္းေျဖစခန္းပါ။

ဒါေပမဲ့ ၁၉၄၈မွာ အိႏၵိယနဲ႔ ပါကစၥတန္ ႏွစ္ႏိုင္ငံ ခြဲထြက္ၾကတဲ့အခါ နယ္စပ္ေဒသ ကက္ရွ္မီးယားကို ဘယ္သူပိုင္သင့္သလဲဆိုတာ အျငင္းပြားခဲ့ၾကပါတယ္။ ၁၉၄၈က စခဲ့တဲ့ ျပႆနာဟာ ခုထိ မၿပီးေသးဘဲ ကက္ရွ္မီးယားေဒသမွာ တိုက္ခိုက္မႈေတြ အၾကမ္းဖက္မႈေတြ ျဖစ္ပြားတတ္လို႔ ေတာ္ေတာ္မ်ားမ်ား ခရီးမသြားရဲၾကပါဘူး။

ဒါေၾကာင့္ Kashmirကို ခရီးထြက္ရဲတဲ့သူကေတာ့ သတၱိခဲ ပါပဲ။ အရမ္းလည္းလွတာမို႔ စြန္႔စားရတာလည္း တန္တယ္လို႔ အက္ဒ္မင္ေတာ့ ေတြးမိတာပဲ။

ေယာင္းတို႔လည္း ေဆာင္းရာသီမွာ ဘယ္ေနရာသြားခ်င္လဲ ေျပာခဲ့ပါဦးေနာ္.. <3

By
Mia (For Her Myanmar)
Reference links: traveltriangle.com travelchinaguide.com remotelands.com japan-guide.com

<<< Unicode >>>

ဒီနေရာတွေ သွားပါ… 

ဆောင်းရာသီ ဟာ ဥတုသုံးပါးမှာ လည်လို့ပတ်လို့ အကောင်းဆုံးအချိန်ပါ။ အထူးသဖြင့် နှင်းတွေကို ချစ်တဲ့သူတွေ အတွက်တော့ ဆောင်းရာသီမှာ အလှပဆုံးနေရာတွေကို ခရီးထွက်ဖို့က အိပ်မက်တစ်ခုပါပဲ။ ဒါကြောင့် ခုတစ်ခေါက်မှာတော့ နှင်းတွေဝေပြီး အလှဆုံးဖြစ်နေတဲ့ အာရှဒေသတွေကို ဖော်ပြပေးမယ်နော်။

တရုတ်ပြည်ရဲ့ ဟာဘင်

Heilongjiangပြည်နယ်မှာရှိတဲ့ ဒီမြို့လေးဟာ “ရေခဲမြို့တော်”လို့ တင်စားကြတဲ့အထိ ကျော်ကြားပါတယ်။ ဆောင်းတွင်းရောက်ရင် -20°Cလောက်ရောက်တဲ့ ဒီမြို့လေးမှာတော့ ကမ္ဘာ့အကြီးမားဆုံး နှင်းနဲ့ ရေခဲပန်းပုပွဲတော်ကို နှစ်တိုင်းကျင်းပလေ့ရှိပါတယ်။

ဒီပွဲတော်နေ့တွေမှာဆိုရင်တော့ သိပ်လှတဲ့ ရေခဲ ရဲတိုက်တွေနဲ့ ရေခဲ ပန်းပုတွေကို လေ့လာလည်ပတ်တာ၊ ရေခဲလျှောစီးနဲ့ စကိတ်စီးတာတွေကို နှင်းတွေ ကြားမှာ လုပ်ဆောင်နိုင်မှာဖြစ်ပြီး အချိန် ကာလကတော့ ဇန်နဝါရီကနေ ဖေဖော်ဝါရီအထိဖြစ်ပါတယ်။

နောက်ပြီး ရုရှားပြည်နဲ့ နီးကပ်နေတာကြောင့် ရုရှားလူမျိုးတွေ ဆောက်ထားတဲ့ ဗိသုကာလက်ရာတွေ၊ လှပတဲ့ ခရစ်ယာန် ဘုရားကျောင်းတွေကိုပါ မြင်တွေ့ရမှာမို့ ရုရှားပြည်ခဏရောက်သွားသလိုပါ တစ်လက်စတည်း ခံစားရစေမှာပါ။

Related Article >>> ခရီးသွားတဲ့အခါ အတွင်းပစ္စည်းတွေကို သေချာထုပ်သိမ်းကြမယ်

မြန်မာပြည်ဆိုရင် ပူတာအိုဒေသပါ

မြန်မာပြည်ရဲ့ မြောက်ဘက်စွန်းစွန်းမှာရှိနေတဲ့ ပူတာအိုဒေသဟာလည်း ဆောင်းရာသီမှာ အတော်လေးနာမည်ကြီးပါတယ်။ အပူချိန်ဟာ 10-20° C သာ ရှိပြီး အရှေ့တောင်အာရှရဲ့ အမြင့်ဆုံး နှင်းတောင်တန်းတွေရှိတဲ့ ပူတာအိုဟာ နှင်းချစ်သူတွေအတွက် သိပ်လှတဲ့နေရာပါ။

စွန့်စားတဲ့ တောင်တက်ခရီးစဉ်မျိုးလည်း နွှဲလို့ရသလို သဘာဝအတိုင်းပေါက်နေတဲ့ ရှားပါးသစ်ခွတွေ၊ ပူတာအိုမှာသာ တွေ့နိုင်တဲ့ ငှက်မျိုးစိတ်တွေကိုလည်း လေ့လာခံစားနိုင်ပါတယ်။

ဂျပန်ပြည်ရဲ့ Sapporo မြို့

ဟိုကိုင်းဒွန်းပြည်နယ်ရဲ့ မြို့လေးဖြစ်တဲ့ Sapporoဟာ နှစ်တိုင်းကျင်းပနေကျ နှင်းပွဲတော်ကြောင့် ကျော်ကြားပါတယ်။ ဒီနှင်းပွဲတော်ဟာ ၇ရက်တိုင်ကျင်းပပြီး Odori ပန်းခြံ ၊ Susukino ဒေသ နဲ့ Tsudome ဒေသမှာ အဓိက ကျင်းပကျကြပါတယ်။

ဒီနှင်းပွဲတော်မှာဆိုရင် ဧရာမ ရေခဲရုပ်တုကြီးတွေ၊ လှပတဲ့ ရေခဲ ပန်းပုလက်ရာတွေကို တွေ့ရမှာ ပါ။ ဥပမာ ဒိုရေမွန် နှင်းရုပ်တုလို ဟာမျိုးပေါ့။

နှင်းရုပ်တုတွေဟာ ညဘက်မှာ မီးရောင်စုံအပြည့်နဲ့ ပြင်ဆင်ထားတာမို့ ညဘက်သွားကြည့်ရင် သိပ်လှပါတယ်။

Related Article >>> ယောင်းရဲ့ အကျင့်စရိုက်အရ ဘယ်ကို ဟန်းနီးမွန်း ခရီးထွက်သင့်လဲ

အိန္ဒိယမှာဆိုရင် ကက်ရှ်မီးယား ဒေသပါ။

“ကမ္ဘာပေါ်ရဲ့ ဘယ်နေရာကမှ ကက်ရှ်မီးယားရဲ့ ဆောင်းအလှကို မမှီဘူး” လို့ ဆိုကြတဲ့အထိ နာမည်ကြီးတဲ့ ဒေသပါ။

အရမ်းလှတဲ့ Kashmirမှာ ဘာတွေလုပ်လို့ရလဲဆိုတော့ ….

(1) စကိတ်စီးတာ၊ Cable car စီးတာ၊ Gulmarg ဆိုတဲ့ တောင်စခန်းမြို့လေးမှာ တောင်တက်တာ

(2) Ladakhပြည်နယ်မှာ ရေခဲအတိ ဖြစ်နေတဲ့ ဇန်စ်ကာ မြစ်ပြင်ကျယ်ကို စွန့်စွန့်စားစား ဖြတ်ကူးတာ

(3) ဟိမဝန္တာတောင်တန်းတွေ ဝန်းရံနေတဲ့ Sonamargပြည်နယ်ရဲ့ နှင်းတောင်ကြားတွေမှာ လမ်းလျှောက်တာ

(4) ချစ်သူရည်းစားတွေဆို အေးတစ်ဝက် ခဲတစ်ဝက် ဖြစ်နေတဲ့ Dal Lake မှာ Shikara လို့ခေါ်တဲ့ လှေလှလှလေးတွေ စီးပြီး ရိုမန်တစ်ဆန်တာ တို့ပဲ ဖြစ်ပါတယ်။

Dal Lake

အရမ်းလှတဲ့ ကက်ရှ်မီးယားဟာ တစ်ခေတ်တစ်ခါတုန်းက ဗြိတိသျှ မျက်နှာဖြူတွေ သိပ်သဘောကျခဲ့တဲ့ အပန်းဖြေစခန်းပါ။

ဒါပေမယ့် ၁၉၄၈မှာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ခွဲထွက်ကြတဲ့အခါ နယ်စပ်ဒေသ ကက်ရှ်မီးယားကို ဘယ်သူပိုင်သင့်သလဲဆိုတာ အငြင်းပွားခဲ့ကြပါတယ်။ ၁၉၄၈က စခဲ့တဲ့ ပြဿနာဟာ ခုထိ မပြီးသေးဘဲ ကက်ရှ်မီးယားဒေသမှာ တိုက်ခိုက်မှုတွေ အကြမ်းဖက်မှုတွေ ဖြစ်ပွားတတ်လို့ တော်တော်များများ ခရီးမသွားရဲကြပါဘူး။

ဒါကြောင့် Kashmirကို ခရီးထွက်ရဲတဲ့သူကတော့ သတ္တိခဲ ပါပဲ။ အရမ်းလည်းလှတာမို့ စွန့်စားရတာလည်း တန်တယ်လို့ အက်ဒ်မင်တော့ တွေးမိတာပဲ။

ယောင်းတို့လည်း ဆောင်းရာသီမှာ ဘယ်နေရာသွားချင်လဲ ပြောခဲ့ပါဦးနော်.. <3

By
Mia (For Her Myanmar)
Reference links: traveltriangle.com travelchinaguide.com remotelands.com japan-guide.com

No Comments Yet

Comments are closed