အောင်မြင်ကျော်ကြား အိမ်ထောင်ရှင်အမျိုးသမီးများ

ကိုယ်ကိုယ်တိုင်လည်း အောင်မြင်နေသလို ကိုယ့်ရဲ့ မိသားစုဘဝကိုလည်း ချမ်းမြေ့သာယာအောင် ထိန်းထားနိုင်တာ နည်းတဲ့ အရည်အချင်းမှ မဟုတ်တာနော်.. 

ဒီခေတ်မှာ တစ်ချို့သော အမျိုးသမီးတွေဟာ ကိုယ့်အမျိုးသားရဲ့အောင်မြင်မှု၊ ကျော်ဇောမှုအရှိန်နောက်မှာ ပုန်းခိုနေတတ်သူတွေမဟုတ်ကြပါဘူး။ လင်ကောင်းသားကောင်းရရုံလောက်နဲ့တင် ဘဝကိုကျေနပ်နေသူတွေမဟုတ်ဘဲ ကိုယ်တိုင်သည်လည်း အစွမ်းအစတွေ အောင်မြင်မှုတွေရအောင် အားထုတ်တတ်ကြပါတယ်။ ကိုယ့်ယောကျာ်းက ဘယ်လိုလူမျိုးပဲဖြစ်ပါစေ ကိုယ်ကိုယ်တိုင်က သူ့ကိုမှီခိုနေဖို့မလိုဘဲ ထက်မြက်မှုတွေ၊ အစွမ်းအစတွေရှိနေရင် အမြဲခေါင်းမော့ရင်ကော့နေနိုင်တာပေါ့။

တစ်ချို့အမျိုးသမီးတွေက အောင်မြင်ထက်မြက်ပေမယ့် ကိုယ့်အိမ်ထောင်ရေးကိုအဆင်ပြေအောင်၊ မြဲမြံအောင်ထိန်းသိမ်းဖို့မေ့နေတတ်ကြပါတယ်။ ကိုယ်ကိုယ်တိုင် ဘယ်လောက်ပဲ အောင်မြင်သည်ဖြစ်စေ ကိုယ်တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးအဆင်မပြေရင် ဘဝဟာ ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။

ဒါကြောင့် ဒီတစ်ခါတော့ယောင်းတို့ကို အက်ဒ်မင်က ထူးချွန်အောင်မြင်တဲ့အမျိုးသားတွေရဲ့ ထက်မြက်တဲ့ပါရမီဖြည့်ဖက်လက်တွဲဖော် အမျိုးသမီးငါးဦးအကြောင်းကိုဖော်ပြပေးလိုက်တယ်နော်။ သူတို့တွေဟာ ထက်မြက်ရုံမက သာယာတဲ့အိမ်ထောင်ရေးကိုပါပိုင်ဆိုင်ထားကြသူတွေမို့ အားကျစရာ ဘဝလေးတွေကို ပိုင်ဆိုင်ကြတဲ့သူတွေပါ။

Prince William & Kate Middleton
  1. Kate Middleton (ကိတ်မစ်ဒယ်လ်တန်)

ကိတ် ဟာ ခေတ်သစ်စင်ဒရဲလားလို့ ပြောရင်လဲမမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗြိတိသျှအိမ်ရှေ့မင်းသားတွေဟာ မြို့စား၊ နယ်စားတွေရဲ့သမီးတွေနဲ့သာလက်ဆက်ရတဲ့ အစဉ်အလာရှိပေမယ့် အိမ်ရှေ့မင်းသား ဝီလျံ က သာမာန်အရပ်သူတစ်ယောက်ဖြစ်တဲ့ ကိတ်ကို လက်ဆက်ခဲ့ပါတယ်။

သူမဟာ ရုပ်လှရုံသက်သက် အမျိုးသမီးတစ်ယောက်မဟုတ်ဘဲ ပင်ကိုယ်အားဖြင့် ထူးချွန်ထက်မြက်သူဖြစ်ပါတယ်။ သူမဟာ Times မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးလူသား အယောက် ၁ဝဝ စာရင်းထဲမှာပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ခင်ပွန်းဖြစ်သူ မင်းသား ဝီလျံနဲ့အတူ တွဲဖက်တည်ထောင်ထားတဲ့ ပရဟိတဖောင်ဒေးရှင်းတွေမှာ ဦးဆောင်လှုပ်ရှားနေသူတစ်ယောက်ဖြစ်ပြီး တစ်ဘက်မှာလည်း တော်ဝင်မိသားစုဝင်တွေထမ်းဆောင်ရမယ့် ဝတ္တရားတွေကိုလည်း ခင်ပွန်းသည်နဲ့အတူ ထမ်းရွက်နေသူပါ။လက်ရှိမှာ ကလေးနှစ်ယောက်ရရှိထားပြီး တတိယမြောက်ကလေးကို ၂၀၁၈ ဧပရယ်လမှာမွေးဖွားမှာပါ။ အိမ်ထောင်ရေးမှာလည်း အများအားကျရလောက်တဲ့ ချစ်ခြင်းတွေကို ပိုင်ဆိုင်ထားတဲ့အပြင် လူကလည်း နဂိုတော်ဆိုတော့ ဘယ်ပြောကောင်းမလဲနော်..

Related Article>>> Search အောင်မြင် အောင်မြင်ကျော်ကြားအမျိုးသမီးများရဲ့ စကားသံ

Mark & Priscilla

2. Priscilla Chan

ဗီယက်နမ်-တရုပ်လူမျိုး အမေရိကန်နိုင်ငံသူ Priscilla Chan ဟာ Facebook တည်ထောင်သူ Mark Zuckerberg ရဲ့ ချစ်ဇနီးဖြစ်ပါတယ်။ သူမဟာ သူမခင်ပွန်းလိုပဲ သူမနည်းသူမဟန်နဲ့အောင်မြင်သူတစ်ဦးပါ။ သူမဟာ ဟားဗတ်တက္ကသိုလ်မှာ ဘွဲ့ကြိုသင်တန်းတက်ရောက်ခဲ့ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်ကနေ ဆေးပညာဘွဲ့ကိုရယူခဲ့ပါတယ်။

သူမတို့လင်မယားဟာ အလှူအတန်းရက်ရောသူတွေလို့ နာမည်ကြီးပါတယ်။ လက်ရှိမှာ Chan Zuckerberg Initiative ကို တည်ထောင်ထားပြီး ပရဟိတလုပ်ငန်းတွေဆောင်ရွက်နေကြပါတယ်။ ဒါ့အပြင် ငွေကြေးချမ်းသာပေမယ့် ဈေးကြီးတဲ့အသုံးအဆောင်တွေအသုံးမပြုဘဲ ခပ်ရိုးရိုးနေတတ်တာမှာလည်း သူမတို့ဇနီးမောင်နှံက လိုက်ဖက်ညီပါတယ်။လက်ရှိမှာတော့ သမီးမိန်းကလေးနှစ်ယောက်နဲ့အတူ သာယာချမ်းမြေ့စွာနေထိုင်ပါတယ်။

Related Article >>> နာမည်ကျော်စွန့်ဦးတီထွင် အမျိုးသမီးတွေ သူတို့စီးပွားရေးကို ဘယ်လိုစခဲ့ကြသလဲ။

Victoria Backham

3. Victoria Beckham

ကမ္ဘာကျော် ဘောလုံးသမား David Beckham ရဲ့ ဇနီး Victoria Beckham ဆိုရင် မသိသူရှိမယ်မထင်ပါဘူး။ သူမရဲ့အောင်မြင်မှုတွေကတော့ အံ့မခန်းပါပဲ။ အမျိုးသမီးစီးပွားရေးပညာရှင်၊ ဖက်ရှင်ဒီဇိုင်နာ၊ မော်ဒယ်လ် နဲ့ အဆိုတော် စတဲ့ခေါင်းစဉ်တွေပိုင်ဆိုင်ထားသူပါ။ သူမဟာ အင်္ဂလန်နိုင်ငံရဲ့အကြွယ်ဝဆုံးအမျိုးသမီးများစာရင်းမှာပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် သူမခင်ပွန်းနဲ့ သူမတို့ဟာ ပရဟိတလုပ်ငန်းများစွာကို အထောက်အပံ့ပေးနေသူတွေပါ။ လက်ရှိမှာတော့ သူမဟာ ခင်ပွန်းသည်နဲ့အတူ ချစ်စရာကောင်းတဲ့ ကလေးလေးယောက်နဲ့အတူနေထိုင်ပါတယ်။

Related Article >>> ဘုရင်မကို ချစ်မှာလား။ မိဖုရားကို ချစ်မှာလား။

 

Barack Obama and Michelle Obama

4. Michelle Obama

နောက်ထပ်အားကျစရာအမျိုးသမီးကတော့ Michelle Obama ဖြစ်ပါတယ်။ သူမဟာ အမေရိကန်သမ္မတဟောင်း Barak Obama ရဲ့အမျိုးသမီး၊ သမ္မတကတော်တစ်ဦးဖြစ်ရုံမက ရှေ့နေတစ်ဦး၊ စာရေးဆရာမတစ်ယောက်လဲဖြစ်ပါတယ်။

သူမဟာ သမ္မတကတော်ဖြစ်ခဲ့စဉ်တစ်လျှောက်လုံး လူထုအကျိုးပြုလုပ်ငန်းတွေအားတက်သရော ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီးလှုပ်ရှားခဲ့သလို၊ လိင်တူချစ်သူများအခွင့်အရေးအတွက်လဲ လှုပ်ရှားပေးခဲ့ပါတယ်။Barak Obama နဲ့ သူမတို့မှာ သမီးငယ်လေး နှစ်ယောက်ရှိပါတယ်။

Related Article >>> အားကျဖွယ်အမျိုးသမီးများ (အပိုင်း-၁)

Melinda Gates

  1. Melinda Gates

သူမဟာ Microsoft Cooperation ရဲ့ တည်ထောင်သူ Bill Gates ရဲ့ အမျိုးသမီးဖြစ်ပါတယ်။ သူမဟာ Computer Science , Economic နဲ့ MBA ဘွဲ့တွေကိုရရှိထားသူပါ။ သူမဟာ Microsoft ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ပြီး ကလေးတွေကြောင့် အလုပ်ကနေ အနားယူခဲ့ပါတယ်။

နောက်ပိုင်းကလေးတွေအရွယ်ရောက်ချိန်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ပရဟိတဖောင်ဒေးရှင်းတွေတည်ထောင်ကာ အလှူအတန်းတွေလုပ်ခဲ့သလို ဒေါက်တာဘွဲ့တွေ၊ ဆုတွေအများကြီးလက်ခံရယူခဲ့ပါတယ်။

၂ဝ၁၆မှာတော့ သူမဟာ နည်းပညာလောကမှာအမျိုးသမီးတွေပိုမိုဝင်ရောက်နိုင်ဖို့ဆောင်ရွက်သွားမယ်လို့ကြေညာခဲ့ပါတယ်။ အကြောင်းကတော့ နည်းပညာလောကမှာ ပညာရှင်အဖြစ်ရပ်တည်တဲ့ အမျိုးသမီးအရေအတွက်နည်းပါလို့ပါတဲ့။

ယောင်းတို့လည်း အက်ဒ်မင်ဖော်ပြခဲ့တဲ့ အမျိုးသမီးတွေလိုပဲ အိမ်ထောင်ရှင်ဘဝရောက်ရင်တောင် ကိုယ့်အားကို ကိုးနိုင်တဲ့ အမှီအခိုကင်းတဲ့ အမျိုးသမီးတွေဖြစ်အောင်ကြိုးစားကြပါလို့တိုက်တွန်းလိုက်တယ်နော်။

Sugar Cane (For Her Myanmar)

Reference: Business Insider , Wikipedia

No Comments Yet

Leave a Reply

Your email address will not be published.