Knowledge Women News

ဆိုးဝါးလြန္းတဲ့ ကံၾကမၼာကို အံတုရင္း ထိပ္ဆံုးေနရာကို အရယူခဲ့သူ (သို႔) ႐ွႏိုင္းယား တိြဳင္း

သူ႔ရဲ႕ သီခ်င္းေတြအမ်ားႀကီးကို ျမန္မာမႈျပဳထားတာေတြ႐ွိလို႔ ေယာင္းတုိ႔နဲ႔ မစိမ္းတဲ့ ဂီတပညာ႐ွင္ပါပဲ… 

ေအာင္ျမင္ေက်ာ္ၾကားသူတခ်ိဳ႕မွာလည္း ျပန္မေတြးခ်င္ေလာက္ေအာင္ ခါးသီးရတဲ့ အတိတ္ဆိုးေတြ႐ွိၾကပါတယ္။ အဲဒီထဲမွာ ပါရမီ႐ွင္ အဆိုေတာ္ ႐ွႏိုင္းယား တိြဳင္း တစ္ေယာက္လည္း အပါအဝင္ပါပဲ။ ႐ွႏိုင္းယား တိြဳင္း ဆုိတာက ၁၉၉၀ နဲ႔ ၂၀၀၀ ေက်ာ္ ခုႏွစ္ေတြမွာ ေအာင္ျမင္ခဲ့တဲ့ အဆိုေတာ္ျဖစ္ၿပီး သူ႔ရဲ႕ သီခ်င္းေတြအမ်ားႀကီးကို ျမန္မာမႈျပဳထားတာေတြ႐ွိလို႔ ေယာင္းတုိ႔နဲ႔ မစိမ္းတဲ့ ဂီတပညာ႐ွင္ပါပဲ။

႐ွႏိုင္းယား ရဲ႕ ငယ္နာမည္က အိုင္လင္း ျဖစ္ပါတယ္။ အိုင္လင္းေလး အသက္ ႏွစ္ႏွစ္ မွာ သူ႔ေဖေဖ နဲ႔ ေမေမ တို႔ ကြဲၾကပါတယ္။ အဲ့ဒီအခ်ိန္မွာ အိုင္လင္း တို႔ ညီအစ္မ သံုးေယာက္႐ွိေနပါၿပီ။ အိမ္ေထာင္ကြဲၿပီး မၾကာခင္မွာ အိုင္လင္းတုိ႔ ေမေမ ဟာ ေနာက္အိမ္ေထာင္ျပဳၿပီး ေနာက္အိမ္ေထာင္နဲ႔ ကေလးေတြ ရခဲ့ပါတယ္။ အိုင္လင္း ရဲ႕ ပေထြးျဖစ္သူ ဂ်ယ္ရီ ဟာ ၾကည္တစ္ခါ ေနာက္တစ္လွည့္ ဆိုတဲ့သူမ်ိဳးပါ။ ဂ်ယ္ရီဟာ အိုင္လင္း ရဲ႕ ဂီတပါရမီကို ငယ္စဥ္ကတည္းက ေျမေတာင္ေျမွာက္ေပးခဲ့ပါတယ္။ သူ႔ရဲ႕ အားေပးမႈနဲ႔ အိုင္လင္း ဟာ ကေလးဘဝကတည္းက ဂစ္တာတီးၿပီး သီခ်င္းေတြဆိုတတ္ခဲ့ပါတယ္။

အုိင္လင္းေလးဟာ ကေလးဘဝမွာေတာင္ ဂစ္တာကို ႐ူးသြပ္လြန္းလို႔ လက္ေတြေပါက္ၿပဲေသြးထြက္သည္အထိ ဂစ္တာတီးတတ္ပါတယ္။ သူ႔ကိုယ္ပုိင္ သီခ်င္းေတြကို ကေလးဘဝကတည္းက ေရးသားႏုိင္ခဲ့ပါတယ္။

အိုင္လင္းရဲ႕ အႏုပညာခရီးက အသက္ ႐ွစ္ႏွစ္မွာ စတင္ခဲ့ပါတယ္။ သူဟာ ကေလးတန္မဲ့ အရက္ဘားေတြမွာ ညမိုးခ်ဳပ္သည္အထိ သီခ်င္းဆိုခဲ့ရၿပီး အဲဒီက ရတဲ့ဝင္ေငြနဲ႔ မိသားစုကို ေထာက္ပံ့ေပးရပါတယ္။

အိုင္လင္းတုိ႔ မိသားစုဘဝက မျပည့္စံုမႈေတြ ဂယက္ထေနတဲ့ မိသားစုေပါ့။ မိသားစု စားဝတ္ေနေရးမေလာက္ငတာေၾကာင့္ အိုင္လင္းတို႔ ေမာင္ႏွမေတြဟာ စားရတစ္ခါ၊ မစားရတစ္လွည့္နဲ႔ ဘဝကို ျဖတ္သန္းေနရၿပီး လံုးဝအစာမစားရတဲ့ ေန႔ရက္ေတြေတာင္ ၾကံဳခဲ့ရပါေသးတယ္။

Related Article >>> ဟီရိုးအင္းလို စဲြလမ္းေစမယ္႔ သီခ်င္းေတြနဲ႔ စင္ျမင့္ထက္က Lana Del Rey

သူ႔မိဘေတြဟာလည္း တစ္ခ်ိန္လံုးရန္ျဖစ္ၾကပါတယ္။ ဂ်ယ္ရီဟာ စိတ္ေကာင္းမဝင္တဲ့အခါမ်ိဳးမွာ မိန္းမနဲ႔ ကေလးေတြကို ႏွိပ္စက္ညွဥ္းပန္းတတ္သူပါ။ မိန္းမကို ေသလုေမ်ာပါး ႐ိုက္ႏွက္တတ္ၿပီး အိုင္လင္းေလးဟာလည္း ဂ်ယ္ရီရဲ႕ ႐ုပ္ပိုင္း၊ လိင္ပိုင္း နဲ႔ စိတ္ပိုင္းဆိုင္ရာ ညွဥ္းပန္းေစာ္ကားမႈဒဏ္ေတြကို ခံစားခဲ့ရပါတယ္။

အိုင္လင္းရဲ႕ မိသားစုေပၚထားတဲ့ ခ်စ္ျခင္းက ၾသခ်ေလာက္တယ္လုိ႔ ဆိုႏိုင္ပါတယ္။ သူ႔မိဘေတြရဲ႕ အဆင္မေျပတဲ့အိမ္ေထာင္ေရး နဲ႔ မျပည့္စံုမႈေတြ၊ သူခံစားေနရတဲ့ အၾကမ္းဖက္မႈေတြကို ေဘးလူေတြ နဲ႔ ေက်ာင္းကဆရာေတြမသိေအာင္ ဖံုးကြယ္ခဲ့ပါတယ္။ ဒီလို သိသြားရင္ သူ႔မိသားစုနဲ႔ ခြဲရမွာကို သိပ္စိုးရိမ္ခဲ့တယ္လို႔ ေနာင္တစ္ခ်ိန္မွာ ဖြင့္ေျပာခဲ့ပါတယ္။ (သူတို႔ႏိုင္ငံက လူေတြက မိသားစုတစ္ခုမွာ ဒီလို အျဖစ္ဆိုးေတြ႐ွိရင္ မဆိုင္သလိုမေနဘဲ သက္ဆုိင္ရာကို တိုင္တတ္ပါတယ္။ ဒါဆိုရင္ သက္ဆုိင္ရာက မိဘေတြကို အေရးယူၿပီး ကေလးေတြကို ေစာင့္ေ႐ွာက္မႈ႒ာနဆီ အပ္ေလ့႐ွိပါတယ္)

အိုင္လင္း ဟာ သူ႔ ပေထြး ကိုလည္း မမုန္းတီးဘဲ သူေလးစားရတဲ့ လူတစ္ဦးျဖစ္တယ္လို႔ သူေအာင္ျမင္ခ်ိန္မွာ ဆိုခဲ့ပါတယ္။ အိုင္လင္းအတြက္ အဆင္မေျပမႈေတြအားလံုးရဲ႕ ထြက္ေပါက္က ဂီတတစ္ခုတည္းပါပဲ။ သူခံစားသမွ်ကို ဂီတအျဖစ္သာ အသြင္ေျပာင္းခဲ့ပါတယ္။ တျခားကေလးေတြ အရုပ္ေတြနဲ႔ ကစားေနခ်ိန္ အိုင္လင္းရဲ႕ ကစားစရာအ႐ုပ္ေတြက ဂီတ နဲ႔ စာသား ေတြပဲျဖစ္ခဲ့ပါတယ္။

အိုင္လင္း ဘြဲ႕ရတဲ့အခ်ိန္မွာ သူ႔မိဘေတြဟာ ယာဥ္မေတာ္တဆျဖစ္ၿပီး ကြယ္လြန္သြားခဲ့ပါတယ္။ ဒါေၾကာင့္ အိုင္လင္းဟာ သူ႔အနာဂတ္ကို စြန္႔လႊတ္ၿပီး သူ႔ေမာင္ညီမေတြကို ေစာင့္ေ႐ွာက္ရပါေတာ့တယ္။

Related Article >>> သံမဏိ မိန္းမပ်ိဳ သို႔မဟုတ္ ေလာကငရဲမွ လြတ္ေျမာက္လာသူ နာဒီယာ

သူကၽြမ္းက်င္ရာဟာ ဂီတပဲမုိ႔ စားေသာက္ဆိုင္ေတြမွာ သီခ်င္းဆုိခဲ့ပါတယ္။ ဂီတ နဲ႔ ေအာင္ျမင္ခ်င္တဲ့ သူဟာ သူ႔အသံသြင္းထားတဲ့ တိပ္ေခြေလးေတြကို ေတးထုတ္လုပ္ေရးေတြဆီကို တစ္ခုၿပီး တစ္ခု ဝင္ေရာက္ျပသခဲ့ပါတယ္။

သူ႔ ပါရမီကို ထုတ္လုပ္သူေတြက တျဖည္းျဖည္းသိ႐ွိခဲ့ၿပီး အိုင္လင္းကို ႐ွႏိုင္းယား တြိဳင္း ဆုိတဲ့ နာမည္နဲ႔ အေခြထုတ္ေပးခဲ့ပါတယ္။ ပထမတစ္ေခြ မေအာင္ျမင္ခဲ့ေပမဲ့ ႐ွႏိုင္းယားကေတာ့ ပိုၿပီး စိတ္ဓာတ္ခုိင္မာခဲ့ပါတယ္။ မဆုတ္မနစ္ဆက္ႀကိဳးစားခဲ့တဲ့ေနာက္ ဒုတိယအေခြမွာ ေပါက္ခဲ့ၿပီး နာမည္ႀကီးအဆိုေတာ္ျဖစ္လာခဲ့ပါတယ္။

အေျခအေနဆိုးေတြၾကံဳခဲ့ရေပမဲ့ အေကာင္းျမင္ျခင္း၊ ေမတၱာတရားနဲ႔ ဝါသနာပါရာကို တစ္စိုက္မတ္မတ္လုပ္တတ္တဲ့ စိတ္ေတြကို အေျခခံၿပီး ႐ွင္သန္ရပ္တည္ႏိုင္႐ံုမက ေအာင္ျမင္ျခင္းကိုပါ ရယူႏိုင္ခဲ့တဲ့ ရွႏိုင္းယားဟာ တကယ္ကို ေလးစားေလာက္စရာပါ။

ေယာင္းတို႔လည္း သူ႕လိုပဲ ၾကံဳလာတဲ့ အခက္အခဲေတြကို ရဲရဲ ရင္ဆိုင္ႏုိင္ၾကပါေစလို႔….

References: theguardian, nickiswift, myhero

Sugar Cane(For Her Myanmar)

<<< Unicode >>>

သူ့ရဲ့ သီချင်းတွေအများကြီးကို မြန်မာမှုပြုထားတာတွေရှိလို့ ယောင်းတို့နဲ့ မစိမ်းတဲ့ ဂီတပညာရှင်ပါပဲ… 

အောင်မြင်ကျော်ကြားသူတချို့မှာလည်း ပြန်မတွေးချင်လောက်အောင် ခါးသီးရတဲ့ အတိတ်ဆိုးတွေရှိကြပါတယ်။ အဲဒီထဲမှာ ပါရမီရှင် အဆိုတော် ရှနိုင်းယား တွိုင်း တစ်ယောက်လည်း အပါအဝင်ပါပဲ။ ရှနိုင်းယား တွိုင်း ဆိုတာက ၁၉၉၀ နဲ့ ၂၀၀၀ ကျော် ခုနှစ်တွေမှာ အောင်မြင်ခဲ့တဲ့ အဆိုတော်ဖြစ်ပြီး သူ့ရဲ့ သီချင်းတွေအများကြီးကို မြန်မာမှုပြုထားတာတွေရှိလို့ ယောင်းတို့နဲ့ မစိမ်းတဲ့ ဂီတပညာရှင်ပါပဲ။

ရှနိုင်းယား ရဲ့ ငယ်နာမည်က အိုင်လင်း ဖြစ်ပါတယ်။ အိုင်လင်းလေး အသက် နှစ်နှစ် မှာ သူ့ဖေဖေ နဲ့ မေမေ တို့ ကွဲကြပါတယ်။ အဲ့ဒီအချိန်မှာ အိုင်လင်း တို့ ညီအစ်မ သုံးယောက်ရှိနေပါပြီ။ အိမ်ထောင်ကွဲပြီး မကြာခင်မှာ အိုင်လင်းတို့ မေမေ ဟာ နောက်အိမ်ထောင်ပြုပြီး နောက်အိမ်ထောင်နဲ့ ကလေးတွေ ရခဲ့ပါတယ်။ အိုင်လင်း ရဲ့ ပထွေးဖြစ်သူ ဂျယ်ရီ ဟာ ကြည်တစ်ခါ နောက်တစ်လှည့် ဆိုတဲ့သူမျိုးပါ။ ဂျယ်ရီဟာ အိုင်လင်း ရဲ့ ဂီတပါရမီကို ငယ်စဉ်ကတည်းက မြေတောင်မြှောက်ပေးခဲ့ပါတယ်။ သူ့ရဲ့ အားပေးမှုနဲ့ အိုင်လင်း ဟာ ကလေးဘဝကတည်းက ဂစ်တာတီးပြီး သီချင်းတွေဆိုတတ်ခဲ့ပါတယ်။

အိုင်လင်းလေးဟာ ကလေးဘဝမှာတောင် ဂစ်တာကို ရူးသွပ်လွန်းလို့ လက်တွေပေါက်ပြဲသွေးထွက်သည်အထိ ဂစ်တာတီးတတ်ပါတယ်။ သူ့ကိုယ်ပိုင် သီချင်းတွေကို ကလေးဘဝကတည်းက ရေးသားနိုင်ခဲ့ပါတယ်။

အိုင်လင်းရဲ့ အနုပညာခရီးက အသက် ရှစ်နှစ်မှာ စတင်ခဲ့ပါတယ်။ သူဟာ ကလေးတန်မဲ့ အရက်ဘားတွေမှာ ညမိုးချုပ်သည်အထိ သီချင်းဆိုခဲ့ရပြီး အဲဒီက ရတဲ့ဝင်ငွေနဲ့ မိသားစုကို ထောက်ပံ့ပေးရပါတယ်။

အိုင်လင်းတို့ မိသားစုဘဝက မပြည့်စုံမှုတွေ ဂယက်ထနေတဲ့ မိသားစုပေါ့။ မိသားစု စားဝတ်နေရေးမလောက်ငတာကြောင့် အိုင်လင်းတို့ မောင်နှမတွေဟာ စားရတစ်ခါ၊ မစားရတစ်လှည့်နဲ့ ဘဝကို ဖြတ်သန်းနေရပြီး လုံးဝအစာမစားရတဲ့ နေ့ရက်တွေတောင် ကြုံခဲ့ရပါသေးတယ်။

Related Article >>> ဟီရိုးအင်းလို စွဲလမ်းစေမယ့် သီချင်းတွေနဲ့ စင်မြင့်ထက်က Lana Del Rey

သူ့မိဘတွေဟာလည်း တစ်ချိန်လုံးရန်ဖြစ်ကြပါတယ်။ ဂျယ်ရီဟာ စိတ်ကောင်းမဝင်တဲ့အခါမျိုးမှာ မိန်းမနဲ့ ကလေးတွေကို နှိပ်စက်ညှဉ်းပန်းတတ်သူပါ။ မိန်းမကို သေလုမျောပါး ရိုက်နှက်တတ်ပြီး အိုင်လင်းလေးဟာလည်း ဂျယ်ရီရဲ့ ရုပ်ပိုင်း၊ လိင်ပိုင်း နဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းစော်ကားမှုဒဏ်တွေကို ခံစားခဲ့ရပါတယ်။

အိုင်လင်းရဲ့ မိသားစုပေါ်ထားတဲ့ ချစ်ခြင်းက သြချလောက်တယ်လို့ ဆိုနိုင်ပါတယ်။ သူ့မိဘတွေရဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေး နဲ့ မပြည့်စုံမှုတွေ၊ သူခံစားနေရတဲ့ အကြမ်းဖက်မှုတွေကို ဘေးလူတွေ နဲ့ ကျောင်းကဆရာတွေမသိအောင် ဖုံးကွယ်ခဲ့ပါတယ်။ ဒီလို သိသွားရင် သူ့မိသားစုနဲ့ ခွဲရမှာကို သိပ်စိုးရိမ်ခဲ့တယ်လို့ နောင်တစ်ချိန်မှာ ဖွင့်ပြောခဲ့ပါတယ်။ (သူတို့နိုင်ငံက လူတွေက မိသားစုတစ်ခုမှာ ဒီလို အဖြစ်ဆိုးတွေရှိရင် မဆိုင်သလိုမနေဘဲ သက်ဆိုင်ရာကို တိုင်တတ်ပါတယ်။ ဒါဆိုရင် သက်ဆိုင်ရာက မိဘတွေကို အရေးယူပြီး ကလေးတွေကို စောင့်ရှောက်မှုဋ္ဌာနဆီ အပ်လေ့ရှိပါတယ်)

အိုင်လင်း ဟာ သူ့ ပထွေး ကိုလည်း မမုန်းတီးဘဲ သူလေးစားရတဲ့ လူတစ်ဦးဖြစ်တယ်လို့ သူအောင်မြင်ချိန်မှာ ဆိုခဲ့ပါတယ်။ အိုင်လင်းအတွက် အဆင်မပြေမှုတွေအားလုံးရဲ့ ထွက်ပေါက်က ဂီတတစ်ခုတည်းပါပဲ။ သူခံစားသမျှကို ဂီတအဖြစ်သာ အသွင်ပြောင်းခဲ့ပါတယ်။ တခြားကလေးတွေ အရုပ်တွေနဲ့ ကစားနေချိန် အိုင်လင်းရဲ့ ကစားစရာအရုပ်တွေက ဂီတ နဲ့ စာသား တွေပဲဖြစ်ခဲ့ပါတယ်။

အိုင်လင်း ဘွဲ့ရတဲ့အချိန်မှာ သူ့မိဘတွေဟာ ယာဉ်မတော်တဆဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ဒါကြောင့် အိုင်လင်းဟာ သူ့အနာဂတ်ကို စွန့်လွှတ်ပြီး သူ့မောင်ညီမတွေကို စောင့်ရှောက်ရပါတော့တယ်။

Related Article >>> သံမဏိ မိန်းမပျို သို့မဟုတ် လောကငရဲမှ လွတ်မြောက်လာသူ နာဒီယာ

သူကျွမ်းကျင်ရာဟာ ဂီတပဲမို့ စားသောက်ဆိုင်တွေမှာ သီချင်းဆိုခဲ့ပါတယ်။ ဂီတ နဲ့ အောင်မြင်ချင်တဲ့ သူဟာ သူ့အသံသွင်းထားတဲ့ တိပ်ခွေလေးတွေကို တေးထုတ်လုပ်ရေးတွေဆီကို တစ်ခုပြီး တစ်ခု ဝင်ရောက်ပြသခဲ့ပါတယ်။

သူ့ ပါရမီကို ထုတ်လုပ်သူတွေက တဖြည်းဖြည်းသိရှိခဲ့ပြီး အိုင်လင်းကို ရှနိုင်းယား တွိုင်း ဆိုတဲ့ နာမည်နဲ့ အခွေထုတ်ပေးခဲ့ပါတယ်။ ပထမတစ်ခွေ မအောင်မြင်ခဲ့ပေမဲ့ ရှနိုင်းယားကတော့ ပိုပြီး စိတ်ဓာတ်ခိုင်မာခဲ့ပါတယ်။ မဆုတ်မနစ်ဆက်ကြိုးစားခဲ့တဲ့နောက် ဒုတိယအခွေမှာ ပေါက်ခဲ့ပြီး နာမည်ကြီးအဆိုတော်ဖြစ်လာခဲ့ပါတယ်။

အခြေအနေဆိုးတွေကြုံခဲ့ရပေမဲ့ အကောင်းမြင်ခြင်း၊ မေတ္တာတရားနဲ့ ဝါသနာပါရာကို တစ်စိုက်မတ်မတ်လုပ်တတ်တဲ့ စိတ်တွေကို အခြေခံပြီး ရှင်သန်ရပ်တည်နိုင်ရုံမက အောင်မြင်ခြင်းကိုပါ ရယူနိုင်ခဲ့တဲ့ ရှနိုင်းယားဟာ တကယ်ကို လေးစားလောက်စရာပါ။

ယောင်းတို့လည်း သူ့လိုပဲ ကြုံလာတဲ့ အခက်အခဲတွေကို ရဲရဲ ရင်ဆိုင်နိုင်ကြပါစေလို့….

References: theguardian, nickiswift, myhero

Sugar Cane(For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *