Knowledge Language

ဝါစဂၤ (၈)မ်ိဳးရဲ႕ က႑ဟာ အဂၤလိပ္စာမွာ ဘာေၾကာင့္ အေရးႀကီးရတာလဲ?

ကိုယ္သံုးလိုက္တဲ့ စကားလံုးက ဘယ္ Part of Speech မွန္းသိၿပီဆိုရင္ သဒၵါအထားအသို မွားမွာ သိပ္စိတ္မပူရေတာ့ဘူးေလ။

အဂၤလိပ္စာစသင္မယ္ဆိုရင္ အေျခခံအက်ဆံုးနဲ႔ အသံုးအဝင္ဆံုး၊ မသိမျဖစ္ကေတာ့ Eight parts of speech ဆိုတဲ့ ဝါစဂၤ (၈) မ်ိဳးလို႔ပဲ ေျပာရမယ္။ အဂၤလိပ္ဘာသာစကားထဲမွာ ရွိသမွ် စကားလံုးတိုင္းကို part of speech နဲ႔ခြဲျခားလို႔ရတာမို႔ ဘယ္စကားလံုးဟာ ဘယ္ part of speech ျဖစ္တယ္ဆိုၿပီး နားလည္ထားမယ္ဆိုရင္ စာေၾကာင္းေတြ ေကာင္းေကာင္းတည္ေဆာက္ႏုိင္ပါလိမ့္မယ္။

Part of speech ဟာ ဘာေၾကာင့္အေရးႀကီးလဲဆိုတာရဲ႕ ေနာက္ထပ္ reason တစ္ခုကေတာ့ Grammar pattern ေတြေၾကာင့္ပါ။ Noun ေရွ႕မွာဘာရွိတယ္၊ Adverb ေနာက္မွာ ဘာလိုက္တယ္၊ Conjunction ကို ဘယ္ေနရာမွာသံုးရမယ္ စသည္ျဖင့္ တိက်တဲ့သတ္မွတ္ခ်က္ေတြ ရွိေနတာေၾကာင့္ ကိုယ္သံုးလိုက္တဲ့စကားလံုးရဲ႕ Part of speech ကို သိေနမယ္ဆိုရင္ အမွားအယြင္းမရွိ Grammar မွန္ကန္တဲ့ Sentence ေတြ ဖန္တီးႏုိင္မွာပါ။

ဒါဆို အဲ့ Part of Speech ၈ မ်ိဳးကို အၾကမ္းဖ်ဥ္းအရင္ေျပာၾကည့္ရေအာင္ေနာ္။ ပါဝင္တာေတြကေတာ့ Noun, Pronoun, Verb, Adjective, Adverb, Conjunction, Preposition နဲ႔ Interjection တုိ႔ပဲျဖစ္ပါတယ္။

1.Noun

ျမန္မာစာက်က္ခဲ့ရသလိုပါပဲ သက္ရွိ၊ သက္မဲ့၊ ျဒပ္ရွိ၊ ျဒပ္မဲ့ အရာအားလံုးေပါ့။ လူ၊ တိရိစာၦန္၊ အရာဝတၳဳ၊ အေတြးအျမင္၊ ခံစားခ်က္။ ဒါေတြအကုန္လံုးဟာ နာမ္ပါ။

Noun ကို proper noun နဲ႔ common noun ဆိုၿပီး ႏွစ္မ်ိဳးျပန္ခြဲပါတယ္။

Proper noun ေတြကေတာ့ လူေတြ၊ ေနရာေတြရဲ႕ နာမည္ပါ။ Capital letter ေတြနဲ႔ ေရးရပါတယ္။

ဥပမာ – John Smith, Yangon University.

Common noun ေတြကေတာ့ ေယဘုယ်အားျဖင့္ သံုးေနတဲ့ noun ေတြပါ။ Capitalize လုပ္စရာမလိုပါဘူး။ ဥပမာ – book, chair, bags.

Related article >>> Gerund ဆိုၿပီး လူသိနည္းတဲ့ Ving form

2. Verb

အျပဳအမူေတြ၊ အေျခအေနေတြကို ေဖာ္ျပေပးတဲ့ စကားလံုးပါ။

မ်ားေသာအားျဖင့္ verb ဆိုရင္ action ကို ျပတယ္ဆိုၿပီးပဲ သတ္မွတ္ထားၾကတာ မ်ားပါတယ္။ run, walk, play, sing စသည္ျဖင့္ေပါ့။

ဒါေပမဲ့ အခ်ိဳ႕ခ်ိတ္ဆက္ေပးတဲ့ verb ေတြက်ေတာ့ action ကို မျပဘဲ ရွိမႈ၊ ျဖစ္မႈေတြကို ျပပါတယ္။ ဥပမာ – is, are, was, were. Verb ေတြကို သံုးတဲ့အခါ အခ်ိန္အခါနဲ႔ အေျခအေနေတြကို လိုက္ၿပီးေတာ့ Tense အမ်ိဳးမ်ိဳးကို အလိုက္သင့္ ေျပာင္းေပးဖို႔လိုပါတယ္။

3. Pronoun

Noun ရဲ႕ အစားသံုးေပးတဲ့ စကားလံုးေတြပါ။

မ်ားေသာအားျဖင့္ Noun ကို အရင္ေဖာ္ျပၿပီးမွ Pronoun သံုးေလ့ရွိပါတယ္။

ဥပမာ – Sam likes pizza, but he doesn’t like pasta. ဒီလိုမ်ိဳးဘာလို႔ သံုးရလဲဆုိရင္ တစ္ခါတစ္ရံ စာေၾကာင္းတစ္ေၾကာင္းမွာ တစ္ခုထက္ပိုတဲ့ pronoun ေတြ သံုးရတတ္ပါတယ္။ အဲ့အခါ ကိုယ္သံုးခ်င္တဲ့ Noun ကို အရင္မသံုးထားမိရင္ ဘယ္ဟာရဲ႕ အစားထိုးလိုက္မွန္း မသိဘဲနဲ႔ ရႈပ္သြားႏိုင္ပါတယ္။

4. Adjective

Adjective ကေတာ့ Noun ကို အထူးျပဳပါတယ္။ လူတစ္ေယာက္၊ ေနရာတစ္ေနရာ၊ အရာဝတၳဳတစ္ခုခုရဲ႕ဝိေသသကို ပိုေပၚလြင္ေအာင္ သံုးေပးရတာမ်ိဳးေပါ့။ ဥပမာ – Jim is a tall and skinny man ဆိုတဲ့ sentence မွာ Tall ေရာ Skinny ေရာက Jim ရဲ႕ပံုပန္းသ႑ာန္ကို ပိုေပၚလြင္ေအာင္ အားျဖည့္ေပးပါတယ္။

Related article >>> Native Speaker လိုေျပာႏိုင္ဖို႔ collocations ေတြ ေလ့လာၾကမယ္

5. Adverb

Adjective လိုအလားတူပါပဲ။ သူကေတာ့ Verb ကို အထူးျပဳၿပီးေတာ့ Verb ေနာက္မွာ ကပ္ပါရင္ပါ၊ မပါရင္ စာေၾကာင္းရဲ႕ ေနာက္ဆံုးမွာ အေတြ႕မ်ားပါတယ္။ ဥပမာ – Helen walked slowly towards the door ဆိုတဲ့ စာေၾကာင္းမွာ slowly ဆိုတဲ့ Adverb က Helen ဘယ္လိုလမ္းေလွ်ာက္သြားလဲဆိုတာကို ေပၚလြင္ေစပါတယ္။

6. Preposition 

အခ်ိန္ျပ၊ ေနရာျပပုဒ္ပါ။ ဒီဟာကေတာ့ ေတာ္ေတာ္ရိုးရွင္းတဲ့အတြက္ အမ်ားႀကီးေျပာစရာေတာ့ မရွိဘူးလို႔ ယူဆရပါတယ္။ အေပၚမွာျပထားတဲ့ ဥပမာ စာေၾကာင္းထဲမွာဆို towards က preposition ေပါ့။ အျခား preposition ေတြျဖစ္တဲ့ at, to, in front of ဒါေတြလည္း သိထားၿပီးသား မဟုတ္လား ေယာင္းတို႔ေရ။

7. Conjunction

စာေၾကာင္း တစ္ေၾကာင္းနဲ႔ တစ္ေၾကာင္းဆက္ဖို႔၊ အေၾကာင္းအရာ တစ္ခုနဲ႔ တစ္ခု ေပါင္းဖို႔အတြက္ သံုးတဲ့စကားလံုးေတြေပါ့။ Conjunction မွာ ေလးမ်ိဳးခြဲထားပါတယ္။

Coordinating conjunctions >> for, and, nor, but, or, yet, so << Complete sentence ေတြကို ဆက္စပ္တာမ်ိဳးအတြက္ သံုးပါတယ္။

Subordinating conjunctions >> after, as, although, before, before, if, once, since, unless, until, while << ေတြကေတာ့ မျပည့္စံုတဲ့ စာေၾကာင္းေတြကို ျပည့္စံုတဲ့စာေၾကာင္းေတြနဲ႔ တြဲသံုးခ်င္တဲ့အခါ သံုးပါတယ္။

Conjunctive adverbs >> moreover, also, instead, however, therefore, in fact, finally,… << ေတြကိုေတာ့ ေရွ႕မွာေရးထားတဲ့ စာေၾကာင္းကို ေနာက္ကစာေၾကာင္းနဲ႔ ဆက္စပ္ေျပာခ်င္တဲ့အခါ သံုးၾကပါတယ္။

Correlative conjunctions >> both—and, too—to, either—or,…<< ေတြကိုေတာ့ အေၾကာင္းအရာတူျဖစ္ေစ၊ မတူတာေတြျဖစ္ေစ တစ္ေၾကာင္းတည္းနဲ႔ ဆြဲခ်ံဴ႕ၿပီးေရးခ်င္တဲ့အခါ သံုးၾကပါတယ္။

Related article >>> သိထားသင့္ေသာ အဂၤလိပ္စကားလံုးတြဲမ်ား

8. Interjection

သူကေတာ့ မ်ားေသာအားျဖင့္ စိတ္ခံစားခ်က္ကို ေဖာ္ျပေပးတဲ့ Part of speech ေပါ့။ grammar ပိုင္းဆိုင္ရာအရေတာ့ အျခားေသာ Part of speech ေတြနဲ႔ ဆက္ႏြယ္မေနပါဘူး။ Interjection ေတြက တစ္လံုးတည္းနဲ႔လည္း စာေၾကာင္းတစ္ေၾကာင္းျဖစ္ႏိုင္ပါေသးတယ္။ ဥပမာ – Wow! Interjection ေတြကို ပညာရပ္ပိုင္းဆန္ဆန္နဲ႔ အဆင့္ျမင့္အဂၤလိပ္စာ အေရးအသားေတြမွာ ထည့္ေရးေလ့မရွိပါဘူး။ Essay ေတြမွာလည္း ထည့္မေရးမိေအာင္ သတိထားၾကေနာ္။

ကဲ ဒီေလာက္ဆိုရင္ Parts of Speech ေတြအေၾကာင္းႏွံ႔စပ္ၿပီထင္တယ္ေနာ္။ ကိုယ္သံုးလိုက္တာ ဘယ္ Speech လည္း သိေနၿပီဆိုရင္ မွားမွာမပူရေတာ့ဘူးေပါ့။ ဒီေခါင္းစဥ္နဲ႔ ပတ္သက္လို႔ အက္မင္ေဆြးေႏြးဖို႔က်န္သြားတာရွိရင္ ေဝမွ်ေပးဦးေနာ္။

Myat (For Her Myanmar)

<<< Unicode>>>

ကိုယ်သုံးလိုက်တဲ့ စကားလုံးက ဘယ် Part of Speech မှန်းသိပြီဆိုရင် သဒ္ဒါအထားအသို မှားမှာ သိပ်စိတ်မပူရတော့ဘူးလေ။

အင်္ဂလိပ်စာစသင်မယ်ဆိုရင် အခြေခံအကျဆုံးနဲ့ အသုံးအဝင်ဆုံး၊ မသိမဖြစ်ကတော့ Eight parts of speech ဆိုတဲ့ ဝါစင်္ဂ (၈) မျိုးလို့ပဲ ပြောရမယ်။ အင်္ဂလိပ်ဘာသာစကားထဲမှာ ရှိသမျှ စကားလုံးတိုင်းကို part of speech နဲ့ခွဲခြားလို့ရတာမို့ ဘယ်စကားလုံးဟာ ဘယ် part of speech ဖြစ်တယ်ဆိုပြီး နားလည်ထားမယ်ဆိုရင် စာကြောင်းတွေ ကောင်းကောင်းတည်ဆောက်နိုင်ပါလိမ့်မယ်။

Part of speech ဟာ ဘာကြောင့်အရေးကြီးလဲဆိုတာရဲ့ နောက်ထပ် reason တစ်ခုကတော့ Grammar pattern တွေကြောင့်ပါ။ Noun ရှေ့မှာဘာရှိတယ်၊ Adverb နောက်မှာ ဘာလိုက်တယ်၊ Conjunction ကို ဘယ်နေရာမှာသုံးရမယ် စသည်ဖြင့် တိကျတဲ့သတ်မှတ်ချက်တွေ ရှိနေတာကြောင့် ကိုယ်သုံးလိုက်တဲ့စကားလုံးရဲ့ Part of speech ကို သိနေမယ်ဆိုရင် အမှားအယွင်းမရှိ Grammar မှန်ကန်တဲ့ Sentence တွေ ဖန်တီးနိုင်မှာပါ။

ဒါဆို အဲ့ Part of Speech ၈ မျိုးကို အကြမ်းဖျဉ်းအရင်ပြောကြည့်ရအောင်နော်။ ပါဝင်တာတွေကတော့ Noun, Pronoun, Verb, Adjective, Adverb, Conjunction, Preposition နဲ့ Interjection တို့ပဲဖြစ်ပါတယ်။

1.Noun 

မြန်မာစာကျက်ခဲ့ရသလိုပါပဲ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့ အရာအားလုံးပေါ့။ လူ၊ တိရိစ္ဆာန်၊ အရာဝတ္ထု၊ အတွေးအမြင်၊ ခံစားချက်။ ဒါတွေအကုန်လုံးဟာ နာမ်ပါ။

Noun ကို proper noun နဲ့ common noun ဆိုပြီး နှစ်မျိုးပြန်ခွဲပါတယ်။

Proper noun တွေကတော့ လူတွေ၊ နေရာတွေရဲ့ နာမည်ပါ။ Capital letter တွေနဲ့ ရေးရပါတယ်။

ဥပမာ – John Smith, Yangon University.

Common noun တွေကတော့ ယေဘုယျအားဖြင့် သုံးနေတဲ့ noun တွေပါ။ Capitalize လုပ်စရာမလိုပါဘူး။ ဥပမာ – book, chair, bags.

Related article >>> Gerund ဆိုပြီး လူသိနည်းတဲ့ Ving form

2. Verb 

အပြုအမူတွေ၊ အခြေအနေတွေကို ဖော်ပြပေးတဲ့ စကားလုံးပါ။

များသောအားဖြင့် verb ဆိုရင် action ကို ပြတယ်ဆိုပြီးပဲ သတ်မှတ်ထားကြတာ များပါတယ်။ run, walk, play, sing စသည်ဖြင့်ပေါ့။

ဒါပေမဲ့ အချို့ချိတ်ဆက်ပေးတဲ့ verb တွေကျတော့ action ကို မပြဘဲ ရှိမှု၊ ဖြစ်မှုတွေကို ပြပါတယ်။ ဥပမာ – is, are, was, were. Verb တွေကို သုံးတဲ့အခါ အချိန်အခါနဲ့ အခြေအနေတွေကို လိုက်ပြီးတော့ Tense အမျိုးမျိုးကို အလိုက်သင့် ပြောင်းပေးဖို့လိုပါတယ်။

3. Pronoun

Noun ရဲ့ အစားသုံးပေးတဲ့ စကားလုံးတွေပါ။

များသောအားဖြင့် Noun ကို အရင်ဖော်ပြပြီးမှ Pronoun သုံးလေ့ရှိပါတယ်။

ဥပမာ – Sam likes pizza, but he doesn’t like pasta. ဒီလိုမျိုးဘာလို့ သုံးရလဲဆိုရင် တစ်ခါတစ်ရံ စာကြောင်းတစ်ကြောင်းမှာ တစ်ခုထက်ပိုတဲ့ pronoun တွေ သုံးရတတ်ပါတယ်။ အဲ့အခါ ကိုယ်သုံးချင်တဲ့ Noun ကို အရင်မသုံးထားမိရင် ဘယ်ဟာရဲ့ အစားထိုးလိုက်မှန်း မသိဘဲနဲ့ ရှုပ်သွားနိုင်ပါတယ်။

4. Adjective

Adjective ကတော့ Noun ကို အထူးပြုပါတယ်။ လူတစ်ယောက်၊ နေရာတစ်နေရာ၊ အရာဝတ္ထုတစ်ခုခုရဲ့ဝိသေသကို ပိုပေါ်လွင်အောင် သုံးပေးရတာမျိုးပေါ့။ ဥပမာ – Jim is a tall and skinny man ဆိုတဲ့ sentence မှာ Tall ရော Skinny ရောက Jim ရဲ့ပုံပန်းသဏ္ဍာန်ကို ပိုပေါ်လွင်အောင် အားဖြည့်ပေးပါတယ်။

Related article >>> Native Speaker လိုပြောနိုင်ဖို့ collocations တွေ လေ့လာကြမယ်

5. Adverb 

Adjective လိုအလားတူပါပဲ။ သူကတော့ Verb ကို အထူးပြုပြီးတော့ Verb နောက်မှာ ကပ်ပါရင်ပါ၊ မပါရင် စာကြောင်းရဲ့ နောက်ဆုံးမှာ အတွေ့များပါတယ်။ ဥပမာ – Helen walked slowly towards the door ဆိုတဲ့ စာကြောင်းမှာ slowly ဆိုတဲ့ Adverb က Helen ဘယ်လိုလမ်းလျှောက်သွားလဲဆိုတာကို ပေါ်လွင်စေပါတယ်။

6. Preposition 

အချိန်ပြ၊ နေရာပြပုဒ်ပါ။ ဒီဟာကတော့ တော်တော်ရိုးရှင်းတဲ့အတွက် အများကြီးပြောစရာတော့ မရှိဘူးလို့ ယူဆရပါတယ်။ အပေါ်မှာပြထားတဲ့ ဥပမာ စာကြောင်းထဲမှာဆို towards က preposition ပေါ့။ အခြား preposition တွေဖြစ်တဲ့ at, to, in front of ဒါတွေလည်း သိထားပြီးသား မဟုတ်လား ယောင်းတို့ရေ။

7. Conjunction

စာကြောင်း တစ်ကြောင်းနဲ့ တစ်ကြောင်းဆက်ဖို့၊ အကြောင်းအရာ တစ်ခုနဲ့ တစ်ခု ပေါင်းဖို့အတွက် သုံးတဲ့စကားလုံးတွေပေါ့။ Conjunction မှာ လေးမျိုးခွဲထားပါတယ်။

Coordinating conjunctions >> for, and, nor, but, or, yet, so << Complete sentence တွေကို ဆက်စပ်တာမျိုးအတွက် သုံးပါတယ်။

Subordinating conjunctions >> after, as, although, before, before, if, once, since, unless, until, while << တွေကတော့ မပြည့်စုံတဲ့ စာကြောင်းတွေကို ပြည့်စုံတဲ့စာကြောင်းတွေနဲ့ တွဲသုံးချင်တဲ့အခါ သုံးပါတယ်။

Conjunctive adverbs >> moreover, also, instead, however, therefore, in fact, finally,… << တွေကိုတော့ ရှေ့မှာရေးထားတဲ့ စာကြောင်းကို နောက်ကစာကြောင်းနဲ့ ဆက်စပ်ပြောချင်တဲ့အခါ သုံးကြပါတယ်။

Correlative conjunctions >> both—and, too—to, either—or,…<< တွေကိုတော့ အကြောင်းအရာတူဖြစ်စေ၊ မတူတာတွေဖြစ်စေ တစ်ကြောင်းတည်းနဲ့ ဆွဲချူံ့ပြီးရေးချင်တဲ့အခါ သုံးကြပါတယ်။

Related article >>> သိထားသင့်သော အင်္ဂလိပ်စကားလုံးတွဲများ

8. Interjection 

သူကတော့ များသောအားဖြင့် စိတ်ခံစားချက်ကို ဖော်ပြပေးတဲ့ Part of speech ပေါ့။ grammar ပိုင်းဆိုင်ရာအရတော့ အခြားသော Part of speech တွေနဲ့ ဆက်နွယ်မနေပါဘူး။ Interjection တွေက တစ်လုံးတည်းနဲ့လည်း စာကြောင်းတစ်ကြောင်းဖြစ်နိုင်ပါသေးတယ်။ ဥပမာ – Wow! Interjection တွေကို ပညာရပ်ပိုင်းဆန်ဆန်နဲ့ အဆင့်မြင့်အင်္ဂလိပ်စာ အရေးအသားတွေမှာ ထည့်ရေးလေ့မရှိပါဘူး။ Essay တွေမှာလည်း ထည့်မရေးမိအောင် သတိထားကြနော်။

ကဲ ဒီလောက်ဆိုရင် Parts of Speech တွေအကြောင်းနှံ့စပ်ပြီထင်တယ်နော်။ ကိုယ်သုံးလိုက်တာ ဘယ် Speech လည်း သိနေပြီဆိုရင် မှားမှာမပူရတော့ဘူးပေါ့။ ဒီခေါင်းစဉ်နဲ့ ပတ်သက်လို့ အက်မင်ဆွေးနွေးဖို့ကျန်သွားတာရှိရင် ဝေမျှပေးဦးနော်။

Myat (For Her Myanmar)

Myat Moe
နာမည္က ျမတ္မိုးဆင့္ပါ. အသက္က ၂၀ ပါ. အပ်ိဳၾကီးမမေပါ့. For Her Myanmar မွာ Full time writer အေနနဲ႔ စလုပ္မွာပါ. အားမနာဘဲနဲ႔ သင္စရာရွိရင္ သင္ျပီး ေျပာစရာရွိရင္ ေျပာလို႔ရပါတယ္. Love me more! ❤

Leave a Reply

Your email address will not be published. Required fields are marked *