ခရစ်​စမတ်​လက်​​ဆောင်​ သီချင်းဆို​နေတဲ့အရုပ်​​လေးလုပ်​ကြရ​အောင်

ဈေးကြီးပေးဝယ်ရတာကိုမှ လက်ဆောင်လို့ခေါ်တာမဟုတ်ပါဘူး။ စေတနာအပြည့်နဲ့ ကိုယ်ကိုယ်တိုင်လုပ်ပေးလိုက်တဲ့လက်ဆောင်ထက် ဘယ်အရာကများ ပိုပြီးကောင်းနိုင်ဦးမှာလဲနော်… 

ခရစ်​စမတ်​လက်​ဆောင်​ကို သူများနဲ့မတူ​အောင်​ ထူးထူးခြားခြား အမှတ်​တရဖြစ်​သွား​အောင်​ Handmade လုပ်​ပြီး ပေးချင်​ပါတယ်​ဆိုတဲ့ ​ယောင်း​လေးတို့အတွက်​ ဒီ tutorial ​လေးကို တင်​ဆက်​​ပေးလိုက်​ပါတယ်​​နော်​။ အရင်​ဆုံး လိုအပ်​တဲ့ပစ္စည်း​လေး​တွေက ဘာ​တွေလဲဆိုတာ ​ပြောပြ​ပေးမယ်​​နော်​။

ပုံမှာမြင်​ရတဲ့အတိုင်း

(၁) ​ရောင်​စုံ A4 စက္ကူ

(၂) စက္ကူလိပ်​ (toilet paper roll)

(၃) ကတ်​​ကြေး

(၄) ​ကော်

(၅) ​ဆော့ပင်အမည်း/ ​ရောင်​စုံ

(၆) က​လေး​ခြေအိတ်

(၇) အညို​ရောင်​စာအိတ်​ စတာတွေ လိုပါလိမ့်မယ်။

A4 ​ရောင်​စုံစက္ကူဆိုတဲ့​နေရာမှာ ​ရောင်​စုံမရနိုင်​ရင်​​တော့ တစ်​​ရောင်​တည်းနဲ့ လုပ်​မယ်​ဆိုလည်း အဆင်​​ပြေပါတယ်​။ လှည်းတန်း D-Mate မှာ ​ဝယ်​လို့ရပါတယ်​​နော်​။ ​စက္ကူလိပ်​က​တော့ ​တော်​​တော်​များများလည်း မြင်​ဖူးကြမှာပါ .. toilet paper roll လို့​ခေါ်တဲ့ အိမ်​သာသုံး တစ်​ရှူးလိပ်​​တွေ ကုန်​သွားရင်​​ပေါ်လာတဲ့ ​အောက်​ကစက္ကူလိပ်​ပါ။

အရုပ်​များများလုပ်​ချင်​လို့ တစ်​ရှူးလိပ်​များများ ဝယ်​ဖို့ခက်​ရင်​​တော့ ​ဈေးထဲက အထည်​ဆိုင်​​တွေနဲ့ ​ကော​ဇောဆိုင်​​တွေမှာ ကိုယ်​လိုချင်​တဲ့အတိုင်းအတာကို နမူနာပုံပြပြီး ​မေးကြည့်ပါ၊ ရှာရခက်​တာမို့ နည်းနည်း​တော့ ​​မေးမြန်းဝယ်​ယူရမှာပါ။ လွန်​ခဲ့တဲ့ ​ခြောက်​နှစ်​​ .. နန္ဒာ ဒီအရုပ်​​လေးစလုပ်​တုန်းက toilet paper ဘယ်​လိုမှဝယ်​လို့မရလို့ စမ်း​ချောင်းဂွ​ဈေးထဲက အထည်​ဆိုင်တွေမှာ တစ်​ဆိုင်​ဝင်​တစ်​ဆိုင်​ထွက်​လိုက်မေးရင်း ​လေး​ပေ​လောက်​အရှည်​ရှိတဲ့ စက္ကူလိပ်​တစ်​ခုကို နှစ်​ရာနဲ့လားမသိ ရခဲ့ဖူးပါတယ်​။ အိမ်​​ရောက်​​တော့မှ အဘိုးအကူအညီနဲ့ စက္ကူလိပ်​ကို လိုသ​လောက်​​လေး​တွေ ပိုင်းခိုင်းပြီး အရုပ်​လုပ်​ခဲ့တာပါ။ က​လေး​ခြေအိတ်​​လေး​တွေကိုလည်း ​ဈေးထဲမှာပဲ တစ်​စုံ​လေးငါးရာ​လောက်​နဲ့ ဝယ်​လို့ရပါတယ်​​နော်​။ ​ကော်​ကို​တော့ ATM ရလို့ သုံးနိုင်​မယ်​ဆိုရင်​ ပို​ကောင်းပါတယ်​။

ပစ္စည်းပစ္စယ​တွေ စုံသွားပြီဆိုရင်​​တော့ ဘယ်​က​နေစလုပ်​ရမလဲဆို​တာ ​ပြောပြ​တော့မယ်​​နော်​။

ဒုတိယပုံထဲမှာ မြင်​​နေရတဲ့အတိုင်း စက္ကူလိပ်​​ပေါ်မှာ A4 စာရွက်​ကိုလိပ်​ပြီး ကပ်​ရမှာပါ။ ကိုယ်​သုံးမယ့် စက္ကူလိပ်​အရှည်​ရ​အောင်​​တော့ ​ပေတံနဲ့တိုင်း၊ အမှတ်​အသား​လေး​တွေလုပ်​ပြီးမှ ကတ်​​ကြေးနဲ့ဖြတ်​ပါ။ ​နောက်​ပြီးရင်​​တော့ ATM ​ကော်​ကို ဖြတ်​ထားတဲ့ A4 စာရွက်​​ပေါ်မှာ ခပ်​ပါးပါး​လေး သုတ်​​ပေးပြီး အိမ်​သာစက္ကူလိပ်​ဖုံးသွား​အောင်​ ကပ်​​ပေးပါ။ ပိုထွက်​​နေတဲ့အနားစ​လေး​တွေကို သပ်​သပ်​ရပ်​ရပ်​ဖြစ်​သွား​အောင်​ ကတ်​​ကြေးနဲ့လိုက်​တိ​ပေးပြီး A4 စက္ကူစ နည်းနည်းလွတ်​သွားတဲ့​နေရာ​တွေကို​တော့ အရုပ်​ရဲ့​ခေါင်းပိုင်းသတ်​မှတ်​ပြီး အ​ပေါ်ဘက်​မှာထား​ပေးလိုက်​ပါ။ စက္ကူလိပ်​ပတ်​ပတ်​လည်​ကို A4 လိုက်​ကပ်​ရတာ အလုပ်​ရှုပ်​တယ်ထင်​ရင်​​တော့ Acrylic ​ဆေးသုတ်​​ပေးလို့လည်း ရပါတယ်​။ 

Related Article >>> စာအုပ်စင်လန်းလန်းလေးကို လွယ်လွယ်ကူကူလုပ်ကြည့်မယ်…

စက္ကူလိပ်​ကို ပြင်​ဆင်​​ပေးပြီးရင်​​တော့ အရုပ်​မျက်​နှာအတွက်​ အညို​ရောင်​စာအိတ်​ကို လိုသ​လောက်​​လေးညှုပ်​ထုတ်​။ ဘဲဥပုံစံ​လေးရ​အောင်​ ဖြတ်​ပြီး သူ့အ​ပေါ်မှာ နန္ဒာပြထားတဲ့အတိုင်း မျက်​လုံး​လေး​တွေနဲ့ ပါးစပ်​​လေးထည့်​​ပေးရပါမယ်​။ တတိယအဆင့်​အ​နေနဲ့ ခုနဖြတ်​ထားတဲ့ မျက်​နှာ​လေးကို စက္ကူလိပ်​​ပေါ်မှာကပ်လိုက်ရင် ရပါပြီ​။

သီချင်းဆိုတဲ့စာအုပ်​​လေး လုပ်​ဖို့အတွက်​​တော့ ​ရှည်​​မျောမျာ ​ထောင့်မှန်​စတုဂံပုံစံစာရွက်​​လေးထပ်​ဖြတ်​ပြီး အလယ်​က​နေ ​ခေါက်​​ပေးလိုက်​ပါ။

နောက်​တစ်​ဆင့်​က​တော့ လက်​အိတ်​​က​လေးနှစ်​ဖက်​ရ​အောင်​ A4 စာရွက်​ကို အ​သေး​လေးညှပ်​၊ စာရွက်​နှစ်​ရွက်ကိုထပ်​ပြီး လက်​အိတ်​ပုံစံ​လေးညှပ်​​ပေးရုံပါပဲ။ လက်​အိတ်​က​လေး​တွေ ဒီထက်​ပိုလှ​အောင်​ Design ​လေး​တွေ အ​ပေါ်က ထပ်​ဆွဲနိုင်​ပါ​သေးတယ်​​နော်​။

နောက်​ဆုံးအဆင့်​အတွက်​ က​လေး​ခြေအိတ်​​လေးကို အလယ်​က​နေ တစ်​ဝက်​ဖြတ်​ပြီး အရုပ်​​လေး​ခေါင်းပေါ်စွပ်​၊ ဦးထုပ်​ထိပ်​က​လေးရဲ့ ထိပ်​ပိုင်းကို ​ခေါင်းစည်းကြိုးသား​ရေပင်​​လေးနဲ့ပဲဖြစ်​ဖြစ်​၊ ကြိုးမျှင်​မျှင်​​လေးနဲ့ပဲဖြစ်​ဖြစ်​စည်း​ပေးပြီး သဘာဝကျတဲ့သိုး​မွှေးဦးထုပ်​​လေးရ​အောင်​ ဖန်​တီးနိုင်​ပါတယ်​။ မာဖလာအ​နေနဲ့က​တော့ က​လေး​ခြေအိတ်​​လေးကို လက်​သန်း​လုံး​လောက်​အကွင်း​လေးဖြတ်​ယူပြီး အရုပ်​လည်​ပင်း​နေရာမှာ ချည်​​ပေးဖို့ပါပဲ။

ပိုပြီး စိတ်​ချရ​အောင်​ မာဖလာနဲ့ ဦးထုပ်​​ရဲ့​အောက်​မှာ ​ကော်​ပါးပါး​လေးကပ်​​ပေးလို့ရပါတယ်​​နော်​။ စာအုပ်​​လေးနဲ့ လက်​အိတ်​​လေး​တွေကို​တော့ နန္ဒာလုပ်​ထားတဲ့အရုပ်​​လေးကိုကြည့်ပြီး ​အရုပ်​ကိုယ်​ထည်​မှာ ကော်​​လေးနဲ့လိုက်​ကပ်​​ပေးလိုက်​ရုံပါပဲ။ ကဲ .. လုပ်​ရတာ အရမ်းမခက်​ပါဘူး​နော်​။ လိုက်​လုပ်​ကြည့်​လို့ အဆင်မ​ပြေတဲ့အပိုင်းရှိရင်​လည်း ​မေးလို့ရပါတယ်​။ အားလုံးပဲ ​ပျော်​ရွှင်​စရာ​ကောင်းတဲ့ ဒီဇင်​ဘာလ​လေးဖြစ်​ပါ​စေ​နော်​။

Nandar ( For Her Myanmar )

No Comments Yet

Comments are closed