Knowledge

စာအုပ္ေတြဖတ္ရံုနဲ႔လည္း အဂၤလိပ္စကားေျပာေလ့က်င့္လို႔ရတယ္ဆိုတာ ေယာင္းတို႔သိပါသလား။

ေယာင္းတို႔အဂၤလိပ္စကား ျမန္ျမန္ေျပာႏိုင္ေအာင္ အက္ဒမင္ကိုယ္ေတြ႔နည္းေလး ျပန္ေျပာျပမယ္လို႔

အခုေခတ္မွာ အဂၤလိပ္စကားေျပာသင္တန္းေတြက မ်ားပါဘိသနဲ႔။ အဲ့အထဲမွာမွ native speaker နဲ႔ သင္ေပးတဲ့သင္တန္းေတြက တစ္ပံုတစ္ပင္။ ဒါေပမယ့္ အဲ့သင္တန္းေတြက ေစ်းႀကီးတယ္၊ အခ်ိန္တစ္ခုေပးၿပီးလဲ သြားတက္ရတယ္။ သြားတက္ဖို႔အခ်ိန္ရွိရင္ေတာ့ ေကာင္းတာေပါ့ေနာ္။ အခ်ိန္မရွိတဲ့ေယာင္းတို႔အတြက္က် အိမ္မွာပဲ ေလ့က်င့္ႏိုင္ရင္ ပိုေကာင္းတာေပါ့။ ဆိုေတာ့ကာ အက္ဒမင္က ေယာင္းတို႔ေတြ အိမ္မွာပဲ ေပ်ာ္စရာေကာင္းတဲ့ စာအုပ္ကေလးေတြ ဖတ္ေနရင္း အဂၤလိပ္စာ ေလ့က်င့္လို႔ရတဲ့နည္းကေလး ေျပာျပေပးပါ့မယ္။

ပထမဆံုးကေတာ့ စာစဖတ္ဖို႔ပဲ။ စစခ်င္းဖတ္တဲ့ေယာင္းတို႔အတြက္ကေတာ့ အဂၤလိပ္လိုတစ္ေၾကာင္း ျမန္မာလိုတစ္ေၾကာင္း ရွင္းျပထားတဲ့ ေပါ့ေပါ့ပါးပါးစာအုပ္ေလးေတြ ရွိပါတယ္။ အက္ဒမင္တို႔ငယ္ငယ္ကေတာ့ ဆရာဦးသိန္းလြင္စာအုပ္ေတြရွိတယ္။ အခုခါမ်ားေတာ့ ပိုေပါမ်ားလာမွာပါ။

အဲ့ကေနတစ္ဆင့္တက္ရင္ ကေလးစာအုပ္ကေလးေတြရွိတယ္။ အစပိုင္းမွာေတာ့ ပံုမ်ားမ်ား စာနည္းနည္း ကာတြန္းရုပ္ခ်စ္စရာေလးေတြနဲ႔ ဖတ္ေပါ့ေနာ္။ အဲ့မွာဆို ဇာတ္လမ္းေလးေတြကလဲ ခ်စ္စရာေလးေတြ၊ ပံုေလးေတြကလဲ ခ်စ္စရာေလးေတြ။ အရမ္းလဲလြယ္ေတာ့ ဖတ္ရမွာ ေပ်ာ္စရာႀကီး။

ေနာက္တစ္ဆင့္တက္ခ်င္ရင္ ပံုနည္းသြားၿပီး စာနည္းနည္းမ်ားတဲ့့ ပံုျပင္ကေလးေတြ၊ ကေလးဇာတ္လမ္းေလးေတြရွိတယ္။ စာမ်ားလာေပမယ့္ လြယ္တုန္းပဲ။ ခ်စ္စရာပံုေလးေတြလဲ ပါတုန္းပဲ။ ေယာင္းတို႔သေဘာက်မွာပါ။

အက္ဒမင္အခုျပထားတဲ့ စာအုပ္ေလးေတြကေတာ့ Myanmar Book Center က clearance sale မွာ အပံုသြားဖြထားတာပါ။ ေယာင္းတို႔လဲ သြားဖြၾကည့္ေနာ္။ စိတ္ဝင္စားစရာ စာအုပ္ကေလးေတြ အမ်ားႀကီးရမွာ။

 

အဲ့ကေန နည္းနည္းေလးပိုခက္ခ်င္ရင္ ပံုနည္းသြားၿပီး စာပိုမ်ားလာတဲ့ (children’s book) ကေလးစာေပ ေကာင္းေကာင္းေလးေတြ ရွိေသးတယ္။ စြန္႔စားခန္းေလးေတြ၊ ဆယ္ေက်ာ္သက္ေတြ ျဖစ္တတ္တဲ့ ေပ်ာ္စရာအေၾကာင္းအရာေလးေတြ၊ မိသားစုအေၾကာင္း၊ ခြက္ရွ္အေၾကာင္း၊ သူငယ္ခ်င္းေတြနဲ႔ေက်ာင္းအေၾကာင္း၊ အိုအမ်ားႀကီးမွအမ်ားႀကီး။ ကေလးစာေပဆိုေပမယ့္ လူႀကီးေတြဖတ္လဲ စိတ္ဝင္စားဖို႔ေကာင္း၊ ေပ်ာ္ဖို႔လဲေကာင္း၊ အဂၤလိပ္လိုလဲတိုးတက္။ ဘယ္ေလာက္ေကာင္းသလဲ။

Related Article >>> ကိုယ္ၾကိဳက္တဲ႔စာအုပ္ေလးေတြမ်ွေဝၾကမယ္

ႀကံဳလို႔ေျပာရဦးမယ္ ဟယ္ရီေပၚတာဆို ခက္ခဲတဲ့အထဲမွာပါတယ္။ ဒါေပမယ့္သူ႔ကို ေတာ္ေတာ္မ်ားမ်ားက ကေလးစာေပအမ်ိဳးအစားထဲထည့္ထားၾကတယ္ 🙁 ။ ဖတ္ၾကည့္ရင္ေတာ့ ကေလးတင္မက လူၾကီးေတြပါ သည္းသည္းလႈပ္ၾကိဳက္ၾကတဲ့ ၀တၳဳအမ်ိဳးအစားတစ္ခုပါ။ ဇာတ္လမ္းအတက္အက်ေတြ၊ စိတ္လႈပ္ရွားစရာေတြနဲ႔ ေျပာရရင္ေတာ့ တစ္ေထာင့္တစ္ညထက္ေတာင္ရွည္ေတာ့မွာမို႔ ဟယ္ရီေပၚတာအေၾကာင္း ဒီမွာအရင္ရပ္လုိက္ဦးမယ္ေနာ္.. 😀

ဒါေၾကာင့္ ကေလးစာေပေတြကို အထင္မေသးနဲ႔လို႔ 😀 … သူတို႔က ဇာတ္လမ္းေလးေတြက စိတ္ဝင္စားဖို႔ေကာင္းၿပီး ဇာတ္အတက္အက်ျမန္တာမို႔ ဖတ္ရတာပိုလြယ္တယ္။ ပိုဖတ္ျဖစ္တာေပါ့။ ဒါေၾကာင့္ အက္ဒမင္က ကေလးစာေပက စဖတ္ဖို႔ အႀကံျပဳတာပါ။

 

ရသစာေပေတြအျပင္ ဗဟုသုတရေစဖို႔ Reader’s Digest မဂၢဇင္းေလးေတြလဲ ဖတ္ၾကည့္ေစခ်င္တယ္။ သူက ဗဟုသုတေဆာင္းပါးေလးေတြေရာ၊ ဟာသေတြ၊ ကာတြန္းေတြအျပင္၊ ဥာဏ္စမ္းေလးေတြပါ ပါတာမို႔ အပ်င္းလဲေျပ၊ ဗဟုသုတလဲရ၊ ဥာဏ္လဲပြင့္ေပါ့ေနာ္။ Reader’s Digest ကို လစဥ္မွာခ်င္တယ္ဆိုရင္ေတာ့ စာေပဗိမာန္မွာမွာလို႔ရမယ္ ထင္ပါတယ္။ ေစ်းလဲမႀကီးပါဘူး ေယာင္းေရ။

စာဖတ္သက္ၾကာလာရင္ေတာ့ အခ်စ္၀တၳဳေလးေတြ၊ အဲ့ကမွ တစ္ဆင့္တက္ၿပီး ဘဝသရုပ္ေဖာ္ေလးေတြ ဖတ္ၾကည့္ေနာ္။ အခုဘာဖတ္ရမလဲေျပာေနတာနဲ႔တင္ ေတာ္ေတာ္ရွည္သြားၿပီ။ အဂၤလိပ္စပီကင္တိုးတက္ေအာင္ ဘယ္လိုဖတ္ရမလဲေျပာျပေတာ့မယ္ေနာ္။

Related Article >>> ဘာစာအုပ္ဖတ္ရမလဲ။

ပထမဆံုးကေတာ့ audio book လို႔ေခၚတဲ့ စာအုပ္ကို အသံထြက္ဖတ္ျပတဲ့ အသံဖိုင္ေတြရွိပါတယ္။ အက္ဒမင္ကေတာ့ ဟယ္ရီေပၚတာနားေထာင္ဖူးတာ။ အသံဖိုင္တစ္ခုကို ၈နာရီေလာက္ၾကာတယ္။ ဖတ္ျပတဲ့သူကလဲ အသံေနအသံထားနဲ႔ဖတ္ျပေတာ့ ရုပ္ရွင္ၾကည့္ရတာထက္ေတာင္ေကာင္းေသး။ စာလံုးအသစ္အဆန္းေတြရဲ႕ အသံထြက္ေတြလဲသိသြားတာေပါ့။ သူေျပာျပတာ လိုက္နားေထာင္ရင္း စာအုပ္ကိုလိုက္ဖတ္၊ ေနာက္ၿပီး စာလံုးအသစ္ေလးေတြဆို လိုက္ေျပာၾကည့္။ အဲ့လိုလုပ္ရင္ ေယာင္းတို႔ရဲ႔ အဂၤလိပ္အသံထြက္ဆိုတာ ဖလန္းဖလန္းကိုျဖစ္ေနမွာ သိလား။

ေနာက္တစ္ခ်က္ကေတာ့ အသံထြက္ဖတ္ၾကည့္ဖို႔ပါ။ ရွက္တတ္တယ္ဆို လူမရွိတဲ့ေနရာကိုရွာ။ စာအုပ္တစ္အုပ္နဲ႔ သြားေခြေနၿပီး၊ အဲ့စာအုပ္ကို အသံေနအသံထားနဲ႔ဖတ္ၾကည့္ပါ။ အဂၤလိပ္လိုေျပာက်င့္မရွိရင္ အစပိုင္းမွာ အသံေထာင့္ေနႏိုင္ေပမယ့္ ေနာက္ပိုင္းက် သတင္းေၾကညာသူလို ေခ်ာေနေအာင္ ဖတ္ႏိုင္သြားမွာေနာ္။

ဒီလိုဒီလိုေတြ မ်ားမ်ားဖတ္၊ မ်ားမ်ားနားေထာင္ၿပီး မ်ားမ်ားအသံထြက္ေျပာၾကည့္ထားရင္ တကယ္ေျပာရမယ့္အခ်ိန္က် ေၾကာက္စိတ္ေတြရွိေတာ့မွာမဟုတ္ဘူးသိလား။ မယံုမရွိနဲ႔ ကိုယ္ေတြ႔။ ကိုယ္ေတြက အဂၤလိပ္စာကို သူငယ္တန္းတည္းက စသင္လာရတာ။ အေလ့အက်င့္မရွိလို႔သာ ပါးစပ္ကလြယ္လြယ္နဲ႔ ေျပာမထြက္တာ။ အဲ့လိုသာ အေလ့အက်င့္မ်ားမ်ားလုပ္ထားရင္ သူမ်ားေတြက အဂၤလိပ္စာသင္တန္း ဘယ္မွာတတ္ထားသလဲ ေမးယူရေအာင္ စေကးေတြတက္လာမွာေနာ္။ အဲ့လိုတကယ္ဖတ္ၾကည့္ၾက။ ၿပီးလို႔ အဂၤလိပ္စာသိပ္ေကာင္းတာပဲလို႔ အခ်ီးက်ဴးခံရရင္ အက္ဒမင္ကိုျပန္ေျပာဦး။ တူတူေပ်ာ္ရေအာင္ ေနာ္။

ကဲ ဒီေန႔ကစၿပီး ဘိုမေလးေတြလို အဂၤလိပ္စကား မႊတ္ေနေအာင္ေျပာတတ္ဖို႔ စက်င့္ၾကရေအာင္ေနာ္။

Khine ( For Her Myanmar )

<<< Unicode >>>

ယောင်းတို့အင်္ဂလိပ်စကား မြန်မြန်ပြောနိုင်အောင် အက်ဒမင်ကိုယ်တွေ့နည်းလေး ပြန်ပြောပြမယ်လို့

အခုခေတ်မှာ အင်္ဂလိပ်စကားပြောသင်တန်းတွေက များပါဘိသနဲ့။ အဲ့အထဲမှာမှ native speaker နဲ့ သင်ပေးတဲ့သင်တန်းတွေက တစ်ပုံတစ်ပင်။ ဒါပေမယ့် အဲ့သင်တန်းတွေက ဈေးကြီးတယ်၊ အချိန်တစ်ခုပေးပြီးလဲ သွားတက်ရတယ်။ သွားတက်ဖို့အချိန်ရှိရင်တော့ ကောင်းတာပေါ့နော်။ အချိန်မရှိတဲ့ယောင်းတို့အတွက်ကျ အိမ်မှာပဲ လေ့ကျင့်နိုင်ရင် ပိုကောင်းတာပေါ့။ ဆိုတော့ကာ အက်ဒမင်က ယောင်းတို့တွေ အိမ်မှာပဲ ပျော်စရာကောင်းတဲ့ စာအုပ်ကလေးတွေ ဖတ်နေရင်း အင်္ဂလိပ်စာ လေ့ကျင့်လို့ရတဲ့နည်းကလေး ပြောပြပေးပါ့မယ်။

ပထမဆုံးကတော့ စာစဖတ်ဖို့ပဲ။ စစချင်းဖတ်တဲ့ယောင်းတို့အတွက်ကတော့ အင်္ဂလိပ်လိုတစ်ကြောင်း မြန်မာလိုတစ်ကြောင်း ရှင်းပြထားတဲ့ ပေါ့ပေါ့ပါးပါးစာအုပ်လေးတွေ ရှိပါတယ်။ အက်ဒမင်တို့ငယ်ငယ်ကတော့ ဆရာဦးသိန်းလွင်စာအုပ်တွေရှိတယ်။ အခုခါများတော့ ပိုပေါများလာမှာပါ။

အဲ့ကနေတစ်ဆင့်တက်ရင် ကလေးစာအုပ်ကလေးတွေရှိတယ်။ အစပိုင်းမှာတော့ ပုံများများ စာနည်းနည်း ကာတွန်းရုပ်ချစ်စရာလေးတွေနဲ့ ဖတ်ပေါ့နော်။ အဲ့မှာဆို ဇာတ်လမ်းလေးတွေကလဲ ချစ်စရာလေးတွေ၊ ပုံလေးတွေကလဲ ချစ်စရာလေးတွေ။ အရမ်းလဲလွယ်တော့ ဖတ်ရမှာ ပျော်စရာကြီး။

နောက်တစ်ဆင့်တက်ချင်ရင် ပုံနည်းသွားပြီး စာနည်းနည်းများတဲ့ ပုံပြင်ကလေးတွေ၊ ကလေးဇာတ်လမ်းလေးတွေရှိတယ်။ စာများလာပေမယ့် လွယ်တုန်းပဲ။ ချစ်စရာပုံလေးတွေလဲ ပါတုန်းပဲ။ ယောင်းတို့သဘောကျမှာပါ။

အက်ဒမင်အခုပြထားတဲ့ စာအုပ်လေးတွေကတော့ Myanmar Book Center က clearance sale မှာ အပုံသွားဖွထားတာပါ။ ယောင်းတို့လဲ သွားဖွကြည့်နော်။ စိတ်ဝင်စားစရာ စာအုပ်ကလေးတွေ အများကြီးရမှာ။

 

အဲ့ကနေ နည်းနည်းလေးပိုခက်ချင်ရင် ပုံနည်းသွားပြီး စာပိုများလာတဲ့ (children’s book) ကလေးစာပေ ကောင်းကောင်းလေးတွေ ရှိသေးတယ်။ စွန့်စားခန်းလေးတွေ၊ ဆယ်ကျော်သက်တွေ ဖြစ်တတ်တဲ့ ပျော်စရာအကြောင်းအရာလေးတွေ၊ မိသားစုအကြောင်း၊ ခွက်ရှ်အကြောင်း၊ သူငယ်ချင်းတွေနဲ့ကျောင်းအကြောင်း၊ အိုအများကြီးမှအများကြီး။ ကလေးစာပေဆိုပေမယ့် လူကြီးတွေဖတ်လဲ စိတ်ဝင်စားဖို့ကောင်း၊ ပျော်ဖို့လဲကောင်း၊ အင်္ဂလိပ်လိုလဲတိုးတက်။ ဘယ်လောက်ကောင်းသလဲ။

Related Article >>> ကိုယ်ကြိုက်တဲ့စာအုပ်လေးတွေမျှဝေကြမယ်

ကြုံလို့ပြောရဦးမယ် ဟယ်ရီပေါ်တာဆို ခက်ခဲတဲ့အထဲမှာပါတယ်။ ဒါပေမယ့်သူ့ကို တော်တော်များများက ကလေးစာပေအမျိုးအစားထဲထည့်ထားကြတယ် 🙁 ။ ဖတ်ကြည့်ရင်တော့ ကလေးတင်မက လူကြီးတွေပါ သည်းသည်းလှုပ်ကြိုက်ကြတဲ့ ဝတ္ထုအမျိုးအစားတစ်ခုပါ။ ဇာတ်လမ်းအတက်အကျတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပြောရရင်တော့ တစ်ထောင့်တစ်ညထက်တောင်ရှည်တော့မှာမို့ ဟယ်ရီပေါ်တာအကြောင်း ဒီမှာအရင်ရပ်လိုက်ဦးမယ်နော်.. 😀

ဒါကြောင့် ကလေးစာပေတွေကို အထင်မသေးနဲ့လို့ 😀 … သူတို့က ဇာတ်လမ်းလေးတွေက စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်အတက်အကျမြန်တာမို့ ဖတ်ရတာပိုလွယ်တယ်။ ပိုဖတ်ဖြစ်တာပေါ့။ ဒါကြောင့် အက်ဒမင်က ကလေးစာပေက စဖတ်ဖို့ အကြံပြုတာပါ။

 

ရသစာပေတွေအပြင် ဗဟုသုတရစေဖို့ Reader’s Digest မဂ္ဂဇင်းလေးတွေလဲ ဖတ်ကြည့်စေချင်တယ်။ သူက ဗဟုသုတဆောင်းပါးလေးတွေရော၊ ဟာသတွေ၊ ကာတွန်းတွေအပြင်၊ ဉာဏ်စမ်းလေးတွေပါ ပါတာမို့ အပျင်းလဲပြေ၊ ဗဟုသုတလဲရ၊ ဉာဏ်လဲပွင့်ပေါ့နော်။ Reader’s Digest ကို လစဉ်မှာချင်တယ်ဆိုရင်တော့ စာပေဗိမာန်မှာမှာလို့ရမယ် ထင်ပါတယ်။ ဈေးလဲမကြီးပါဘူး ယောင်းရေ။

စာဖတ်သက်ကြာလာရင်တော့ အချစ်ဝတ္ထုလေးတွေ၊ အဲ့ကမှ တစ်ဆင့်တက်ပြီး ဘဝသရုပ်ဖော်လေးတွေ ဖတ်ကြည့်နော်။ အခုဘာဖတ်ရမလဲပြောနေတာနဲ့တင် တော်တော်ရှည်သွားပြီ။ အင်္ဂလိပ်စပီကင်တိုးတက်အောင် ဘယ်လိုဖတ်ရမလဲပြောပြတော့မယ်နော်။

Related Article >>> ဘာစာအုပ်ဖတ်ရမလဲ။

ပထမဆုံးကတော့ audio book လို့ခေါ်တဲ့ စာအုပ်ကို အသံထွက်ဖတ်ပြတဲ့ အသံဖိုင်တွေရှိပါတယ်။ အက်ဒမင်ကတော့ ဟယ်ရီပေါ်တာနားထောင်ဖူးတာ။ အသံဖိုင်တစ်ခုကို ၈နာရီလောက်ကြာတယ်။ ဖတ်ပြတဲ့သူကလဲ အသံနေအသံထားနဲ့ဖတ်ပြတော့ ရုပ်ရှင်ကြည့်ရတာထက်တောင်ကောင်းသေး။ စာလုံးအသစ်အဆန်းတွေရဲ့ အသံထွက်တွေလဲသိသွားတာပေါ့။ သူပြောပြတာ လိုက်နားထောင်ရင်း စာအုပ်ကိုလိုက်ဖတ်၊ နောက်ပြီး စာလုံးအသစ်လေးတွေဆို လိုက်ပြောကြည့်။ အဲ့လိုလုပ်ရင် ယောင်းတို့ရဲ့ အင်္ဂလိပ်အသံထွက်ဆိုတာ ဖလန်းဖလန်းကိုဖြစ်နေမှာ သိလား။

နောက်တစ်ချက်ကတော့ အသံထွက်ဖတ်ကြည့်ဖို့ပါ။ ရှက်တတ်တယ်ဆို လူမရှိတဲ့နေရာကိုရှာ။ စာအုပ်တစ်အုပ်နဲ့ သွားခွေနေပြီး၊ အဲ့စာအုပ်ကို အသံနေအသံထားနဲ့ဖတ်ကြည့်ပါ။ အင်္ဂလိပ်လိုပြောကျင့်မရှိရင် အစပိုင်းမှာ အသံထောင့်နေနိုင်ပေမယ့် နောက်ပိုင်းကျ သတင်းကြေညာသူလို ချောနေအောင် ဖတ်နိုင်သွားမှာနော်။

ဒီလိုဒီလိုတွေ များများဖတ်၊ များများနားထောင်ပြီး များများအသံထွက်ပြောကြည့်ထားရင် တကယ်ပြောရမယ့်အချိန်ကျ ကြောက်စိတ်တွေရှိတော့မှာမဟုတ်ဘူးသိလား။ မယုံမရှိနဲ့ ကိုယ်တွေ့။ ကိုယ်တွေက အင်္ဂလိပ်စာကို သူငယ်တန်းတည်းက စသင်လာရတာ။ အလေ့အကျင့်မရှိလို့သာ ပါးစပ်ကလွယ်လွယ်နဲ့ ပြောမထွက်တာ။ အဲ့လိုသာ အလေ့အကျင့်များများလုပ်ထားရင် သူများတွေက အင်္ဂလိပ်စာသင်တန်း ဘယ်မှာတတ်ထားသလဲ မေးယူရအောင် စကေးတွေတက်လာမှာနော်။ အဲ့လိုတကယ်ဖတ်ကြည့်ကြ။ ပြီးလို့ အင်္ဂလိပ်စာသိပ်ကောင်းတာပဲလို့ အချီးကျူးခံရရင် အက်ဒမင်ကိုပြန်ပြောဦး။ တူတူပျော်ရအောင် နော်။

ကဲ ဒီနေ့ကစပြီး ဘိုမလေးတွေလို အင်္ဂလိပ်စကား မွှတ်နေအောင်ပြောတတ်ဖို့ စကျင့်ကြရအောင်နော်။

Khine ( For Her Myanmar )

 

Khine
အသက္သာႀကီးလာတယ္ လူႀကီးစိတ္ ေကာင္းေကာင္းမေပါက္ေသးတဲ့ အပ်ိဳႀကီးမမပါ။ အိုပါးတို႔ေခတ္က ႀကိဳက္လာလိုက္တဲ့ ေကေပါ့ကို အခုသားသားတို႔ ေခတ္ထိ ကိုယ့္အသက္ကိုယ္ေမ့ၿပီး ႀကိဳက္ေနဆဲပါ။ Knowledge, English learning, career နဲ႔ relationship အပိုင္းေတြ အေရးမ်ားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *