Knowledge

အသက္(၆)နွစ္ကေန (၈)နွစ္အရြယ္ ကေလးငယ္မ်ားရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ပံုနဲ႕ ထိန္းေက်ာင္းနည္းမ်ား

အရြယ္စေျပာင္းတဲ့ သားသားမီးမီးေလးေတြကို  ဘယ္လိုထိန္းေက်ာင္းၾကမလဲ 

ယာင္းတို႕ေရ ကေလးငယ္ေတြက အသက္(၆)နွစ္ကေန (၈)နွစ္ၾကား အသက္အပိုင္းအျခားမွာ  ႀကီးမားတဲ့ ေျပာင္းလဲမႈေတြျဖစ္ထြန္းလာပါၿပီ။ ကိုယ့္အက်ႌကို လဲတတ္ေနသလို ကိုယ့္ဖိနပ္ႀကိဳးကို ကိုယ္တိုင္ခ်ည္တတ္ေနပါၿပီ။ ေဘာလံုးေဆာ့တဲ့အခါမွာလည္း ေဘာလံုးကို လြယ္လြယ္ကူကူ လိုက္ဖမ္းတတ္ေနပါၿပီ။ ဒီေတာ့ ပိစိေကြးအရြယ္တုန္းကလို မိခင္က ေနာက္က တေကာက္ေကာက္လိုက္ၿပီး အကုန္လိုက္လုပ္ေပးေနစရာ မလိုေတာ့ပါဘူး ေယာင္းေရ။ ေနာက္ၿပီး ေက်ာင္းစတက္ေနတဲ့ အရြယ္ေလးေတြဆိုေတာ့ မိသားစုအျပင္ သူစိမ္းေတြနဲ႔ပါ ထိေတြ႔ဆက္ဆံလာရပါၿပီ။ ဘယ္သူနဲ႔ေပါင္းမယ္ မေပါင္းဘူးဆိုတာေတြလည္း ရွိလာပါၿပီ။ ဒီလိုမ်ိဳး ရုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ ျမန္ျမန္ဆန္ဆန္တိုးတက္လာေနတဲ့အခ်ိန္မွာ ေယာင္းတို႕အေနနဲ႕  ေကာင္းေကာင္းပ်ဳိးေထာင္ေပးနိုင္မွသာ ဘက္စုံေတာ္တဲ့ ကေလးတစ္ေယာက္ျဖစ္လာနိုင္မွာပါ ေယာင္းေရ။

ဒီအရြယ္ေလးေတြမွာ ဘာေတြ ေျပာင္းလဲေနၿပီလဲဆိုေတာ့

စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈ

  • မိသားစုရဲ႕ အကူအညီမပါဘဲ ကိုယ့္အားကိုယ္ကိုးတတ္လာပါတယ္။ (ေရခ်ဳိးတာ၊ ထမင္းစားတာ ကိုယ့္ဟာကိုယ္ လုပ္ခ်င္လာပါၿပီ)
  • အနာဂတ္မွာ ဘာျဖစ္ခ်င္တယ္ဆိုတာကို ေျပာလာပါၿပီ။
  • သူ႔အေၾကာင္းသူ သိလာပါတယ္။
  • သူငယ္ခ်င္းေတြနဲ႔ ေပါင္းသင္းဆက္ဆံေရး အဆင္ေျပခ်င္လာပါတယ္။
  • သူငယ္ခ်င္းေတြက သူ႔ကို သေဘာက်တာကို လိုခ်င္လာပါတယ္။

အေတြးအေခၚပိုင္းဆိုင္ရာႏွင့္ သင္ၾကားေရး ဘာေတြ ေျပာင္းလဲေနၿပီလဲဆိုေတာ့

  • စိတ္ပိုင္းဆိုင္ရာ အရည္အခ်င္းေတြ တိုးတက္လာပါတယ္။
  • သူတို႔ရဲ႕ အေတြးအေခၚေတြ အယူအဆေတြကို လက္ေတြ႔က်က် ေျပာလာႏိုင္ၾကပါၿပီ။
  • ကိုယ့္ကိုယ္ကိုေရာ သူမ်ားကိုပါ ဂရုစိုက္တတ္လာပါတယ္။

ဒီလိုအခ်ိန္မ်ဳိးမွာ ေယာင္းတို႕အေနနဲ႔ ဘာေတြလုပ္ေပးႏိုင္မလဲ

  • ကေလးကို အားေပးပါ။ သူ႔ရဲ႕ ေအာင္ျမင္မႈေသးေသးေလးေတြကအစ ခ်ီးက်ဴးေပးပါ။
  • ကိုယ့္တာဝန္ကိုယ္ယူတတ္ေအာင္ သင္ၾကားေပးပါ။
  • ကေလးနဲ႔ သူ႔ရဲ႕ ေက်ာင္းအေၾကာင္း၊ သူငယ္ခ်င္းေတြနဲ႔ သူ႔ရည္မွန္းခ်က္ေတြအေၾကာင္း ေျပာၾကည့္ပါ။
  • သူမ်ားကို ေလးစားတတ္ဖို႔ ကူညီတတ္ဖို႔ သင္ေပးပါ။
  • သူရည္မွန္းခ်က္ေသးေသးေလးေတြ ကိုယ္တိုင္သတ္မွတ္တတ္ဖို႔ ကူညီေပးပါ။
  • စိတ္ရွည္သည္းခံတတ္ေအာင္ သင္ေပးပါ။
  • တစ္ခုခုမလုပ္ခင္ ျဖစ္လာႏိုင္တဲ့ အက်ဳိးဆက္ကို အရင္စဥ္းစားဖို႔ ေျပာျပပါ။
  • စည္းကမ္းေတြ သတ္မွတ္ထားၿပီး အတိအက်လိုက္နာပါေစ။
  • ဘယ္လို အျပဳအမူမ်ဳိးက ရိုင္းတယ္။ ဘယ္ဟာကေတာ့ လုပ္လို႔ ျဖစ္တယ္ဆိုတာကို ရွင္းျပထားပါ။
  • မိသားစုေတြ စုေဝးၿပီး ကစားတာ၊ အပန္းေျဖခရီးသြားတာ၊ လူမႈေရးကိစၥေတြမွာ အတူတူကူညီတာမ်ဳိးေတြ လုပ္ေပးပါ။
  • ကေလးရဲ႕ ေက်ာင္းကိစၥေတြကို စိတ္ဝင္စားပါ။ ဆရာေတြနဲ႔ မၾကာခဏေတြ႔ၿပီး ကေလးလိုအပ္ခ်က္ေတြကို သိေအာင္၊ ကူညီႏိုင္ေအာင္ လုပ္ၾကည့္ပါ။
  • ကေလးကို ငယ္ငယ္တုန္းကလိုပဲ စာဖတ္ျပေပးပါ။ သူကၽြမ္းကၽြမ္းက်င္က်င္ ဖတ္တတ္လာၿပီဆိုရင္ သူနဲ႔ အေဖာ္လုပ္ၿပီး တူတူစာဖတ္ေပးပါ။
  • စည္းကမ္းနဲ႔ထိန္းသိမ္းပါ။ တစ္ခုခုမွားတာနဲ႔ အျပစ္တန္းမေပးဘဲ ဘာေၾကာင့္ လုပ္သင့္တယ္၊ ဘာေၾကာင့္ မလုပ္သင့္ဘူးဆိုတာကို ေသခ်ာရွင္းျပပါ။
  • ခ်ီးက်ဴးစရာရွိရင္ လႈိက္လႈိက္လွဲလွဲ ခ်ီးက်ဴးပါ။
  • ကေလးရဲ႕ အခက္အခဲကိုရင္ဆိုင္ႏိုင္ေအာင္ ကူညီပါ။ (ဥပမာ ေက်ာင္းမွာ သူငယ္ခ်င္းနဲ႔ ရန္ျဖစ္လာတယ္ဆိုရင္ သင့္ျမတ္ေအာင္ ျပန္လုပ္ဖို႔ အားေပးပါ။)
  • ေက်ာင္းနဲ႔ တျခားလူမႈေရးကိစၥေတြမွာ ပါဝင္ဖို႔ အားေပးပါ။ (ဥပမာ ေက်ာင္းတြင္းအားကစားပြဲေတြ၊ လုပ္အားေပးအစီအစဥ္ေတြ)

ေနာက္ၿပီး-

ကေလးအႏၲရာယ္ကင္းဖို႔ ဦးစားေပးပါ

ဒီအရြယ္ေလးေတြက လႈပ္လႈပ္ရွားရွားကစားၿပီး အိမ္ကလည္း ေနာက္က တေကာက္ေကာက္လိုက္ဖို႔ မလိုတဲ့အတြက္ မၾကာခဏဆိုသလို ထိခိုက္ဒဏ္ရာရတတ္ပါတယ္။ ေနာက္တစ္ခုက မေတာ္တဆ ယာဥ္တိုက္မႈေတြကလည္း ဒီကေလးေတြမွာ အျဖစ္မ်ားပါတယ္။

ဒီေတာ့ ေယာင္းတို႕ဘာေတြကို သတိထားရမလဲဆိုရင္-

  • ကေလး ကားထဲမွာပါတယ္ဆိုရင္ ပိုၿပီးဂရုစိုက္ရပါမယ္။
  • ကေလးကို ကားလမ္းကူးနည္း၊ ေက်ာင္းကို လမ္းေလၽွာက္သြားရင္ျဖစ္ျဖစ္၊ စက္ဘီးစီးရင္ျဖစ္ျဖစ္၊ အျပင္မွာ ေဆာ့ရင္ျဖစ္ျဖစ္ အႏၲရာယ္ကင္းကင္းရွိႏိုင္ေအာင္ သင္ထားေပးပါ။
  • အဲ့လိုပဲ ေရကူးရင္ျဖစ္ျဖစ္၊ ေရစပ္မွာေဆာ့ရင္ျဖစ္ျဖစ္ အႏၲရာယ္ကင္းကင္းေဆာ့ႏိုင္ေအာင္ ေျပာျပထားပါ။
  • နည္းနည္းအႏၲရာယ္မ်ားတဲ့အလုပ္ (ဥပမာ အျမင့္တက္တာမ်ဳိး) လုပ္မယ္ဆိုရင္ မိဘကဝိုင္းထိန္းေပးပါ။
  • အႏၲရာယ္ျဖစ္လို႔ အကူအညီလိုရင္ ဘယ္လိုေတာင္းရမလဲဆိုတာကိုပါ သင္ထားေပးပါ။
  • ကေလးအတြက္ အႏၲရာယ္ရွိႏိုင္တဲ့ပစၥည္း (ဥပမာ ဓား၊ မီးျခစ္)ေတြကို အလြယ္တကူ ယူလို႔မရႏိုင္တဲ့ ေနရာမွာထားပါ။

က်န္းက်န္းမာမာ ႀကီးျပင္းလာဖို႔ ေယာင္းတို႕ဘာေတြ လုပ္ေပးရမလဲ

  • အာဟာရရွိတဲ့ ေက်ာင္းထမင္းဘူးထည့္ေပးပါ။ ဒါမွအျပင္က အလြယ္တကူ ဝယ္လို႔ရတဲ့ သၾကားမ်ား၊ ဆားမ်ား၊ အဆီမ်ားတဲ့ အစားအစာေတြ၊ အေအးေတြ မေသာက္ျဖစ္ေတာ့မွာပါ။
  • တစ္ရက္ကို အနည္းဆံုး တစ္နာရီေလာက္ လႈပ္လႈပ္ရွားရွား ကစားပါေစ။
  • တီဗီ ၾကည့္တာျဖစ္ျဖစ္၊ ဖုန္းသံုးတာျဖစ္ျဖစ္ တစ္ရက္ကို တစ္နာရီ ႏွစ္နာရီထက္ ပိုမသံုးပါေစနဲ႔။
  • က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာကို ေရြးခ်ယ္စားေသာက္ဖို႔၊ လႈပ္လႈပ္ရွားရွားေနဖို႔ ခုအရြယ္ကတည္းက ေလ့က်င့္ထားသင့္ပါတယ္။ ဒီလိုျဖစ္ဖို႔ စံျပအေနနဲ႔ မိဘေတြက အိမ္မွာကတည္းက ေနျပထားသင့္ပါတယ္။

ကဲဒီေလာက္ဆိုရင္ေတာ့ ဒီအသက္အပိုင္းျခားက သားသားမီးမီးေလးေတြကို ဘယ္လိုျပဳစုပ်ိဳးေထာင္ရမလဲဆိုတာ ေယာင္းတို႕နားလည္သြားေလာက္ပါၿပီေနာ္။ သားသားမီးမီးေလးေတြကို ထူးခ်ြန္ထက္ျမက္လာေအာင္ အေကာင္းဆုံးျပဳစုေပးနိုင္တဲ့ စံျပမိဘေတြ ျဖစ္လာနိုင္ၾကပါေစေယာင္းတို႕ေရ….

ဘာသာျပန္ေရးသားသူ- ေဒါက္တာ ထက္ထက္ေဇာ္၀င္း

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<<Unicode>>>

အရွယ်စပြောင်းတဲ့ သားသားမီးမီးလေးတွေကို  ဘယ်လိုထိန်းကျောင်းကြမလဲ 

ယောင်းတို့ရေ ကလေးငယ်တွေက အသက်(၆)နှစ်ကနေ (၈)နှစ်ကြား အသက်အပိုင်းအခြားမှာ  ကြီးမားတဲ့ ပြောင်းလဲမှုတွေဖြစ်ထွန်းလာပါပြီ။ ကိုယ့်အင်္ကျီကို လဲတတ်နေသလို ကိုယ့်ဖိနပ်ကြိုးကို ကိုယ်တိုင်ချည်တတ်နေပါပြီ။ ဘောလုံးဆော့တဲ့အခါမှာလည်း ဘောလုံးကို လွယ်လွယ်ကူကူ လိုက်ဖမ်းတတ်နေပါပြီ။ ဒီတော့ ပိစိကွေးအရွယ်တုန်းကလို မိခင်က နောက်က တကောက်ကောက်လိုက်ပြီး အကုန်လိုက်လုပ်ပေးနေစရာ မလိုတော့ပါဘူး ယောင်းရေ။ နောက်ပြီး ကျောင်းစတက်နေတဲ့ အရွယ်လေးတွေဆိုတော့ မိသားစုအပြင် သူစိမ်းတွေနဲ့ပါ ထိတွေ့ဆက်ဆံလာရပါပြီ။ ဘယ်သူနဲ့ပေါင်းမယ် မပေါင်းဘူးဆိုတာတွေလည်း ရှိလာပါပြီ။ ဒီလိုမျိုး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ မြန်မြန်ဆန်ဆန်တိုးတက်လာနေတဲ့အချိန်မှာ ယောင်းတို့အနေနဲ့  ကောင်းကောင်းပျိုးထောင်ပေးနိုင်မှသာ ဘက်စုံတော်တဲ့ ကလေးတစ်ယောက်ဖြစ်လာနိုင်မှာပါ ယောင်းရေ။

ဒီအရွယ်လေးတွေမှာ ဘာတွေ ပြောင်းလဲနေပြီလဲဆိုတော့

စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု

  • မိသားစုရဲ့ အကူအညီမပါဘဲ ကိုယ့်အားကိုယ်ကိုးတတ်လာပါတယ်။ (ရေချိုးတာ၊ ထမင်းစားတာ ကိုယ့်ဟာကိုယ် လုပ်ချင်လာပါပြီ)
  • အနာဂတ်မှာ ဘာဖြစ်ချင်တယ်ဆိုတာကို ပြောလာပါပြီ။
  • သူ့အကြောင်းသူ သိလာပါတယ်။
  • သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေချင်လာပါတယ်။
  • သူငယ်ချင်းတွေက သူ့ကို သဘောကျတာကို လိုချင်လာပါတယ်။

အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် သင်ကြားရေး ဘာတွေ ပြောင်းလဲနေပြီလဲဆိုတော့

  • စိတ်ပိုင်းဆိုင်ရာ အရည်အချင်းတွေ တိုးတက်လာပါတယ်။
  • သူတို့ရဲ့ အတွေးအခေါ်တွေ အယူအဆတွေကို လက်တွေ့ကျကျ ပြောလာနိုင်ကြပါပြီ။
  • ကိုယ့်ကိုယ်ကိုရော သူများကိုပါ ဂရုစိုက်တတ်လာပါတယ်။

ဒီလိုအချိန်မျိုးမှာ ယောင်းတို့အနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲ

  • ကလေးကို အားပေးပါ။ သူ့ရဲ့ အောင်မြင်မှုသေးသေးလေးတွေကအစ ချီးကျူးပေးပါ။
  • ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် သင်ကြားပေးပါ။
  • ကလေးနဲ့ သူ့ရဲ့ ကျောင်းအကြောင်း၊ သူငယ်ချင်းတွေနဲ့ သူ့ရည်မှန်းချက်တွေအကြောင်း ပြောကြည့်ပါ။
  • သူများကို လေးစားတတ်ဖို့ ကူညီတတ်ဖို့ သင်ပေးပါ။
  • သူရည်မှန်းချက်သေးသေးလေးတွေ ကိုယ်တိုင်သတ်မှတ်တတ်ဖို့ ကူညီပေးပါ။စိတ်ရှည်သည်းခံတတ်အောင် သင်ပေးပါ။
  • တစ်ခုခုမလုပ်ခင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို အရင်စဉ်းစားဖို့ ပြောပြပါ။
  • စည်းကမ်းတွေ သတ်မှတ်ထားပြီး အတိအကျလိုက်နာပါစေ။
  • ဘယ်လို အပြုအမူမျိုးက ရိုင်းတယ်။ ဘယ်ဟာကတော့ လုပ်လို့ ဖြစ်တယ်ဆိုတာကို ရှင်းပြထားပါ။
  • မိသားစုတွေ စုဝေးပြီး ကစားတာ၊ အပန်းဖြေခရီးသွားတာ၊ လူမှုရေးကိစ္စတွေမှာ အတူတူကူညီတာမျိုးတွေ လုပ်ပေးပါ။
  • ကလေးရဲ့ ကျောင်းကိစ္စတွေကို စိတ်ဝင်စားပါ။
  • ဆရာတွေနဲ့ မကြာခဏတွေ့ပြီး ကလေးလိုအပ်ချက်တွေကို သိအောင်၊ ကူညီနိုင်အောင် လုပ်ကြည့်ပါ။
  • ကလေးကို ငယ်ငယ်တုန်းကလိုပဲ စာဖတ်ပြပေးပါ။ သူကျွမ်းကျွမ်းကျင်ကျင် ဖတ်တတ်လာပြီဆိုရင် သူနဲ့ အဖော်လုပ်ပြီး တူတူစာဖတ်ပေးပါ။
  • စည်းကမ်းနဲ့ထိန်းသိမ်းပါ။ တစ်ခုခုမှားတာနဲ့ အပြစ်တန်းမပေးဘဲ ဘာကြောင့် လုပ်သင့်တယ်၊ ဘာကြောင့် မလုပ်သင့်ဘူးဆိုတာကို သေချာရှင်းပြပါ။
  • ချီးကျူးစရာရှိရင် လှိုက်လှိုက်လှဲလှဲ ချီးကျူးပါ။
  • ကလေးရဲ့ အခက်အခဲကိုရင်ဆိုင်နိုင်အောင် ကူညီပါ။ (ဥပမာ ကျောင်းမှာ သူငယ်ချင်းနဲ့ ရန်ဖြစ်လာတယ်ဆိုရင် သင့်မြတ်အောင် ပြန်လုပ်ဖို့ အားပေးပါ။)
  • ကျောင်းနဲ့ တခြားလူမှုရေးကိစ္စတွေမှာ ပါဝင်ဖို့ အားပေးပါ။ (ဥပမာ ကျောင်းတွင်းအားကစားပွဲတွေ၊ လုပ်အားပေးအစီအစဉ်တွေ)

နောက်ပြီး-

ကလေးအန္တရာယ်ကင်းဖို့ ဦးစားပေးပါ

ဒီအရွယ်လေးတွေက လှုပ်လှုပ်ရှားရှားကစားပြီး အိမ်ကလည်း နောက်က တကောက်ကောက်လိုက်ဖို့ မလိုတဲ့အတွက် မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ နောက်တစ်ခုက မတော်တဆ ယာဉ်တိုက်မှုတွေကလည်း ဒီကလေးတွေမှာ အဖြစ်များပါတယ်။

ဒီတော့ ယောင်းတို့ဘာတွေကို သတိထားရမလဲဆိုရင်-

  • ကလေး ကားထဲမှာပါတယ်ဆိုရင် ပိုပြီးဂရုစိုက်ရပါမယ်။
  • ကလေးကို ကားလမ်းကူးနည်း၊ ကျောင်းကို လမ်းလျှောက်သွားရင်ဖြစ်ဖြစ်၊ စက်ဘီးစီးရင်ဖြစ်ဖြစ်၊ အပြင်မှာ ဆော့ရင်ဖြစ်ဖြစ် အန္တရာယ်ကင်းကင်းရှိနိုင်အောင် သင်ထားပေးပါ။
  • အဲ့လိုပဲ ရေကူးရင်ဖြစ်ဖြစ်၊ ရေစပ်မှာဆော့ရင်ဖြစ်ဖြစ် အန္တရာယ်ကင်းကင်းဆော့နိုင်အောင် ပြောပြထားပါ။
  • နည်းနည်းအန္တရာယ်များတဲ့အလုပ် (ဥပမာ အမြင့်တက်တာမျိုး) လုပ်မယ်ဆိုရင် မိဘကဝိုင်းထိန်းပေးပါ။
  • အန္တရာယ်ဖြစ်လို့ အကူအညီလိုရင် ဘယ်လိုတောင်းရမလဲဆိုတာကိုပါ သင်ထားပေးပါ။
  • ကလေးအတွက် အန္တရာယ်ရှိနိုင်တဲ့ပစ္စည်း (ဥပမာ ဓား၊ မီးခြစ်)တွေကို အလွယ်တကူ ယူလို့မရနိုင်တဲ့ နေရာမှာထားပါ။

ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့ ယောင်းတို့ဘာတွေ လုပ်ပေးရမလဲ

  • အာဟာရရှိတဲ့ ကျောင်းထမင်းဘူးထည့်ပေးပါ။ ဒါမှအပြင်က အလွယ်တကူ ဝယ်လို့ရတဲ့ သကြားများ၊ ဆားများ၊ အဆီများတဲ့ အစားအစာတွေ၊ အအေးတွေ မသောက်ဖြစ်တော့မှာပါ။
  • တစ်ရက်ကို အနည်းဆုံး တစ်နာရီလောက် လှုပ်လှုပ်ရှားရှား ကစားပါစေ။
  • တီဗီ ကြည့်တာဖြစ်ဖြစ်၊ ဖုန်းသုံးတာဖြစ်ဖြစ် တစ်ရက်ကို တစ်နာရီ နှစ်နာရီထက် ပိုမသုံးပါစေနဲ့။
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို ရွေးချယ်စားသောက်ဖို့၊ လှုပ်လှုပ်ရှားရှားနေဖို့ ခုအရွယ်ကတည်းက လေ့ကျင့်ထားသင့်ပါတယ်။ ဒီလိုဖြစ်ဖို့ စံပြအနေနဲ့ မိဘတွေက အိမ်မှာကတည်းက နေပြထားသင့်ပါတယ်။

ကဲဒီလောက်ဆိုရင်တော့ ဒီအသက်အပိုင်းခြားက သားသားမီးမီးလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ ယောင်းတို့နားလည်သွားလောက်ပါပြီနော်။ သားသားမီးမီးလေးတွေကို ထူးချွန်ထက်မြက်လာအောင် အကောင်းဆုံးပြုစုပေးနိုင်တဲ့ စံပြမိဘတွေ ဖြစ်လာနိုင်ကြပါစေယောင်းတို့ရေ….

ဘာသာပြန်ရေးသားသူ- ဒေါက်တာ ထက်ထက်ဇော်ဝင်း

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

 

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *