မီးဖိုချောင်နှင့် ရေခဲ သေတ္တာထဲမှ အန္တရာယ်များ

ကိုယ့်ကိုယ်ကိုယ် နေ့တိုင်း အဆိပ်တွေ ကျွေးနေမိသလို မဖြစ်စေဖို့…

မိန်းမသားတစ်​​ယောက်​အတွက်​ မီးဖို​ချောင်​ နဲ့ ​ရေခဲသေတ္တာဆိုတာ အထိ​တွေ့ရဆုံးနဲ့ အရင်းနှီးဆုံး ​အရာ​တွေပါ။ ဒီလို ​နေ့စဉ်​ ​ထိ​တွေ့​နေရတဲ့ ​နေရာ​တွေမှာ မမြင်​ရတဲ့ အန္တရာယ်​​တွေ ရှိ​နေတယ်​ဆိုတာရော ​ယောင်း သိပြီးပြီလား။ မသိ​သေးဘူးဆိုရင်​​တော့ အခုကစပြီး ဖတ်​လိုက်​​တော့​နော်​ ​ယောင်း​ရေ…။

သန့်သန့်လေး

မီးဖိုခန်းမှာ အသားငါးပြင်​ဆင်​ ချက်​ပြုတ်​တဲ့​နေရာက ​ရောဂါပိုး​တွေ အများဆုံး စု​ဝေး​တဲ့ ​နေရာပါ။ ​ယောင်းတို့ အသားငါး​တွေ ခုတ်​ထစ်​ သန့်​ရှင်း​ရေးလုပ်​တဲ့ ​နေရာ​လေးက သန့်​ရှင်း​ရေး အားနည်းမယ်​ဆိုရင်​​တော့ ဝမ်း​လျှောစေတဲ့ ​ရောဂါပိုး​တွေနဲ့ ဘက်​တီးရီးယားပိုး​တွေ ​ပေါက်​ပွားနိုင်​ပါတယ်​။ ဒါ​ကြောင့် ​သေချာ ​သန့်​ရှင်း​ရေး ပြုလုပ်​ဖို့ လိုပါတယ်​။

ဓားလေးတွေ သပ်သပ်စီ ခွဲမယ်

ယောင်း တို့အိမ်​မှာ အသားလှီးဓားနဲ့ ဟင်းရွက်​လှီးဓား ဆိုပြီး သပ်​သပ်​စီ ခွဲပြီးပြီလား။ မခွဲရ​သေးဘူးဆိုရင်​​တော့ အခုက စပြီး သပ်​သပ်​စီ ထားလိုက်​ပါ​နော်​။ ဘာလို့လဲဆို​တော့ အသားငါး​တွေကို ဓားနဲ့ လှီးဖြတ်​တဲ့ အခါ အသား​တွေ ငါး​တွေမှာ ပါလာတဲ့ ​ရောဂါပိုးလေး​တွေက ဓားက​နေတစ်ဆင့် ဟင်းသီးဟင်းရွက်​​တွေဆီကို ကူးသွားမှာ စိုးလို့ပါ…

ရေလေးသေချာဆေးပေါ့

 

ဈေးထဲက အသား​တွေ ငါး​တွေဝယ်​လာပြီဆိုရင်​လည်း ​ရေများများနဲ့ ​ဆေးဖို့လိုအပ်​ပါတယ်​​။ ဒီလို​ဆေး​ကြောလိုက်​တာက အသားငါး​တွေမှာ ကပ်​ငြိ​နေတဲ့ အညစ်​အ​ကြေး​တွေအပြင်​ ပိုးမွှား အချို့ကိုပါ ဖယ်​ရှား​ပေးနိုင်​ပါတယ်​​။ အသားငါး​တွေကို ချက်​ပြုတ်​တဲ့​နေရာမှာ​ရော ​ဆေး​ကြောတဲ့​ နေရာမှာပါ ​သေချာ မ​ဆေးဘူးဆိုရင်​​တော့ သံ​ကောင်​ ၊ တုပ်ကောင်​တွေ ဗိုက်ထဲမှာ နန်းတည်ပြီသာ မှတ်ပေရော့ ယောင်းတို့ရေ…

ဒါတော့ရောင်းတာပေါ့ကွယ်.. အိမ်မှာတော့ ဒီလိုထားလို့ မျပုနော်..

Related Article >>> အသားတွေ ရေခဲသေတ္တာထဲ ဘယ်လောက်ကြာကြာ အထားခံလဲ?

ရေခဲသေတ္တာထဲ အသားစိမ်း၊ ငါးစိမ်း​တွေကို  ထည့်မယ်ဆိုရင်​ သေချာဆေးကြောပြီး ဘူးနဲ့ သပ်သပ်စီ ထည့်ထားဖို့လိုပါတယ်။ ​ဈေးထဲက ဝယ်​လာတဲ့အတိုင်း ကျွတ်​ကျွတ်​အိတ်​ကြီးနဲ့ ​ရေခဲ​သေတ္တာထဲ တန်းထည့်လိုက်​တာက ​ရေခဲသေတ္တာကို ညစ်​ပတ်​​စေသလို ပိုးမွှား ​ပေါက်​ဖွားမှုကိုလည်း မြင့်တက်​​စေပါတယ်​။

ဒီလိုလေး သပ်သပ်စီ ထားနော်..

နောက်တစ်ခုက နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို အသားငါးတွေ ထားတဲ့အထပ်မှာ ရောထားတာမျိုး မလုပ်ရဘူးနော်။ ဘာလို့လဲဆိုတော့ နွားနို့က ဘက်တီးရီးယား ပိုးမွှားတွေ အလွယ်တကူ ပေါက်နိုင်တဲ့ အစားအစာ တစ်ခုဖြစ်နေတာမို့ သေချာသိမ်းဆည်းဖို့ လိုပါတယ်ကွယ်…

ရက်လွန်မလွန် သေချာကြည့်ပါ။

နောက်တစ်ခု စကားစပ်တုန်းလေး ထပ်ပြီးပြောစရာထွက်လာတာကတော့ ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ အစားအစာတွေ ဘယ်လောက်ကြာနေပြီလဲဆိုတာကို သတိထားဖို့ပါပဲ။ များသောအားဖြင့် ရေခဲသေတ္တာထဲထည့်ထားတာပဲ ဆိုပြီး အမှုမဲ့ အမှတ်မဲ့ နေနေတတ်ကြပါတယ်။ ဒါက တကယ်​​တော့ လုံးဝမ​ကောင်းပါဘူး။ ဒါ​ကြောင့် ရေခဲ​သေတ္တာထဲမှာ အစားအစာ​တွေ ရက်​လွန်​​နေလား၊ အ​ရောင်​အဆင်း​ပြောင်းလဲ​နေသလားဆိုတာ ​မစားခင်​ ​သေချာ​လေးကြည့်ဖို့ပါနော်…

တစ်ရက်စာ တစ်ရက်သာ ချက်ပါနော်

ဟင်းကျန်​​တွေကို ထပ်​ခါထပ်​ခါ နွှေးစားတာက တကယ်​​တော့ ကျန်းမာ​ရေး နဲ့ လုံးဝမညီညွတ်​ပါဘူး။ တစ်​နေ့စာ တစ်​​နေ့ ​ကုန်နိုင်သလောက် ချက်ပြီးစားတာ အသင့်တော်ဆုံးပါ။ တချို့သော ပာင်းလျာတွေက ခဏခဏ နွှေးစားရင် nitrate (နိုက်ထရိတ်) လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်ခု ထွက်လာပြီး ကင်ဆာ ရောဂါဖြစ်စေတတ်ပါတယ်နော်…

ကဲ… ယောင်းတို့ရေ.. ပြောနေကြာပါတယ်.. ခုပဲ မီးဖိုချောင်နဲ့ ရေခဲသေတ္တာ စီမံခန့်ခွဲရေးဥက္ကဌပြေးလုပ်ကြရအောင်…

စမ်းချောင်းသူ ခိုင်ဇာ ( For Her Myanmar)

No Comments Yet

Comments are closed