ေထာင္ထဲမွာပဲ ႀကီးျပင္းသြားရမယ့္ ဆယ္ေက်ာ္သက္မ်ား

သူတို႔က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြက သူတို႔အသက္အရြယ္နဲ႔ မလုိက္ေအာင္ ႀကီးေလးေနေတာ့ ..

ဆယ္ေက်ာ္သက္ဘဝဆိုတာ လူတစ္ေယာက္ရဲ႕ဘဝမွာ ရင္ခုန္စရာအေကာင္းဆံုး အခ်ိန္ဆိုရင္လည္း မွားမယ္မထင္ပါဘူးေနာ္။ ဆယ္ေက်ာ္သက္ကာလမွာ ေပ်ာ္စရာေတြ၊ အမွတ္တရေတြ၊ ရင္ခုန္စရာေတြ ေတာ္ေတာ္မ်ားမ်ားကို ျဖတ္သန္းရတာေပါ့။ ဒါေပမဲ့ အမ်ားလုိမဟုတ္ဘဲ သူတို႔ရဲ႕ ဆယ္ေက်ာ္သက္ကာလ အပါအဝင္ တစ္ဘဝလံုးကို ေထာင္ရဲ႕သံတိုင္ေတြေနာက္မွာ ကုန္ဆံုးသြားရမယ့္ ဆယ္ေက်ာ္သက္လူငယ္ေလးေတြ႐ွိေနပါတယ္။

သူတို႔ေတြက ဘယ္သူေတြလဲဆိုတာနဲ႔ ဘယ္လိုျပစ္မႈေတြက်ဴးလြန္ခဲ့လုိ႔ ဒီလိုအျပစ္ဒဏ္ကိုခံစားရတာလဲဆိုတာ စူးစမ္းၾကည့္မယ္ဆိုရင္ေတာ့..

၁။ T. J. Lane

T. J. Lane

T. J. Lane ဆိုတဲ့ လူငယ္ေလးဟာ အသက္ ၁၇ ႏွစ္၊ ၂၀၁၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ သူတက္ေနတဲ့အထက္တန္းေက်ာင္းရဲ႕ မုန္႔ေဈးတန္းထဲကို ေသနတ္နဲ႔ပစ္ခတ္ခဲ့တာေၾကာင့္ ေက်ာင္းသား (၃)ေယာက္ေသဆံုးခဲ့ၿပီး အျခားေက်ာင္းသား (၃) ေယာက္ ဒဏ္ရာရ႐ွိခဲ့ပါတယ္။ ဒီလို ေသနတ္နဲ႔ ပစ္ရတဲ့ အေၾကာင္းရင္းကေတာ့ အမ်ိဳးမ်ိဳး ေျပာၾကတာပါပဲ။ တခ်ိဳ႕ကလည္း သူ႕အရင္ေကာင္မေလးနဲ႔ တြဲေနတဲ့ တစ္ေယာက္ကို ပစ္ရင္း က်န္တဲ့သူေတြပါ ထိသြားသလို ဆိုၾကသလို တခ်ိဳ႕က်ေတာ့လည္း သူဟာ စိတ္ေဝဒနာရွင္ျဖစ္ေနတာမို႔ ဒီလို ပစ္ခတ္ခဲ့တယ္လို႔ ဆိုၾကျပန္ပါတယ္။

တရား႐ံုးမွာ စစ္ေဆးေမးျမန္းမႈေတြျပဳလုပ္ၿပီးတဲ့ေနာက္ ၂၀၁၄ ခုႏွစ္မွာေတာ့ သူ႔ကို ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းခ်မွတ္ခဲ့ပါတယ္။ သူ႔ကိုစီရင္ခ်က္ခ်တဲ့အမိန္႔ထြက္ေပၚလာခဲ့ခ်ိန္မွာ သူဟာ ထီမထင္တဲ့ဟန္နဲ႔ ၿပံဳးရယ္ေနခဲ့သလို ႐ိုင္းစိုင္းတဲ့ အမူအရာေတြ လုပ္ျပခဲ့ပါတယ္။ အသက္ ၁၉ ႏွစ္မွာ ေထာင္က်ခဲ့တဲ့ T.J Lane ဟာ အခုဆိုရင္ အသက္ ၂၃ ဝန္းက်င္႐ွိေနပါၿပီ။

Related Article >>> ေဟာလိုးဝင္းညရဲ႕ လွ်ိဳ႕ဝွက္ဆန္းၾကယ္ လူသတ္မႈ

၂။ Nicholas Lindsey

Nicholas Lindsey

ဒီလူငယ္ေလးကေတာ့ သူ႔အသက္ ၁၆ ႏွစ္မွာ ရဲအရာ႐ွိတစ္ေယာက္ကို ေသနတ္နဲ႔ အေသပစ္သတ္ခဲ့ပါတယ္။ သူဟာ ယခင္ကတည္းက ခိုးမႈ၊ လုယက္မႈ အေသးစားေလးေတြ က်ဳးလြန္ခဲ့ဖူးသူပါ။ ၂၀၁၁ ခုႏွစ္မွာ ကားတစ္စီးကို ခိုးယူဖို႔ ႀကိဳးစားေနတယ္လုိ႔ ရဲအရာ႐ွိတစ္ဦးက သံသယ႐ွိတာေၾကာင့္ သူ႔ကို စစ္ေဆးဖို႔ ႀကိဳးစားစဥ္မွာ သူက ေသနတ္နဲ႔ ခုခံပစ္ခတ္ခဲ့တာ ျဖစ္ပါတယ္။

၂၀၁၃ ခုႏွစ္မွာေတာ့ ဒီျပစ္မႈေၾကာင့္ သူ႔ကို ေထာင္ဒဏ္တစ္သက္တစ္ကၽြန္း ခ်မွတ္ခဲ့ပါတယ္။
သူ႔ရဲ႕ ေ႐ွ႕ေနက သူ႔ရဲ႕အျပစ္ဒဏ္ေလွ်ာ့ေပါ့ခံရဖိို႔ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေပမဲ့ မေအာင္ျမင္ပါဘူး။ Nicholas Lindsey လက္႐ွိမွာ အသက္ ၂၃ ႏွစ္အရြယ္႐ွိၿပီျဖစ္ပါတယ္။

၃။ Antonio Barbeau, Nathan Paape

Antonio Barbeau, Nathan Paape

ဒီ ဆယ္ေက်ာ္သက္ ႏွစ္ေယာက္ကို ျမင္လိုက္ရင္ေတာ့ ခ်စ္စရာေကာင္းတဲ့ ကေလးေတြလုိ႔ အမ်ားက ယူဆၾကမွာပါ။ တကယ္ေတာ့ သူတုိ႔ဟာ အရြယ္နဲ႔မလိုက္ေအာင္ ရက္စက္တဲ့ျပစ္မႈႀကီးတစ္ခု က်ဴးလြန္ထားၾကတဲ့ လူငယ္ေတြျဖစ္ပါတယ္။ ၂၀၁၂ ခုႏွစ္မွာ သူတုိ႔ႏွစ္ဦးဟာ Antonio ရဲ႕ အသက္ ၇၈ ႏွစ္အ႐ြယ္အဖြားျဖစ္သူကို ရဲဒင္းေတြ၊ တူေတြ နဲ႔ ရက္ရက္စက္စက္ ႐ိုက္ႏွက္ခုတ္ထစ္ကာ သတ္ျဖတ္ခဲ့တာျဖစ္ပါတယ္။

ဒီလုိသတ္ျဖတ္ခဲ့ရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ အဘြားဆီက လက္ဝတ္ရတနာေတြနဲ႔ ပိုက္ဆံေတြလုိခ်င္လုိ႔ျဖစ္ပါတယ္။ ႏွစ္ရက္အၾကာမွ ရဲေတြက သူတုိ႔ႏွစ္ေယာက္သတ္ျဖတ္တယ္ဆုိတာကို ဖမ္းဆီးေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ သူတုိ႔ႏွစ္ေယာက္လံုးကို တရား႐ံုးက ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းခ်မွတ္ခဲ့တာျဖစ္ပါတယ္။

Related Article >>> ႐ုပ္႐ွင္ကားေတြ နမူနာယူ႐ိုက္ကူးခံရတဲ့ စိတၱဇလူသတ္သမား အက္ဒ္ဂိန္း

၄။ Jacob Mouzon, Drake Campbell

Jacob Mouzon, Drake Campbell

သူတို႔ ႏွစ္ဦးကေတာ့ အသက္ ၂၅ ႏွစ္အ႐ြယ္ Kenneth Campbell နဲ႔အတူ အိမ္တစ္အိမ္ထဲ ဝင္ေရာက္ကာ လူငယ္တစ္ဦးကို ေသနတ္နဲ႔ ပစ္သတ္ခဲ့တာ ျဖစ္ပါတယ္။ ဒီျဖစ္ရပ္ျဖစ္တဲ့အခ်ိန္မွာ အသတ္ခံရတဲ့လူငယ္ (Kadeem Johnson) ရဲ႕ ခ်စ္သူေကာင္မေလးကလည္း အတူရွိေနၿပီး ဒီေကာင္မေလးကိုေတာ့ ရင္ဘတ္နဲ႔ လက္မွာ ေသနတ္ဒဏ္ရာေတြနဲ႔ ေတြ႕ခဲ့ရပါတယ္။ ေကာင္မေလးရဲ႕ ထြက္ခ်က္အရေတာ့ ျပစ္မႈက်ဴးလြန္သူ လူငယ္ေတြဟာ သူတို႔ဆီက ပိုက္ဆံအိတ္နဲ႔တကြ ေဒၚလာ ၃၀၀၀ ကို လုယက္သြားခဲ့တယ္လို႔ ဆိုပါတယ္။ ဒီျပစ္မႈကုိ က်ဴးလြန္ခ်ိန္မွာ Jacob Mouzon ရဲ႕ အသက္က ၁၇ႏွစ္ ျဖစ္ၿပီး Drake Campbell ရဲ႕ အသက္ကေတာ့ ၁၈ ႏွစ္ျဖစ္ပါတယ္။

ဒီျပစ္မႈအတြက္ Kenneth Campbell ကို ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္း၊ Jacob Mouzon ကို ေထာင္ဒဏ္ အႏွစ္ ၄၀ နဲ႔ Drake Campbell ကို ေထာင္ဒဏ္ အႏွစ္ ၂၀ ခ်မွတ္ခဲ့ပါတယ္။

ဒီလူငယ္ေတြ က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြက ႀကီးေလးပါတယ္။ တကယ္လို႔ သူတို႔သာ အ႐ြယ္ေရာက္ၿပီးသားျဖစ္ေနရင္ ေသဒဏ္ခ်မွတ္ခံရမွာပါ။ ဒါေပမဲ့ အေမရိကန္ႏိုင္ငံရဲ႕ ဥပေဒအရ တရားခံဟာ အသက္ ၁၈ ႏွစ္ေအာက္ဆိုရင္ ေသဒဏ္ေပးလို႔မရတာေၾကာင့္ ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္းခ်မွတ္ခံရတာပါ။

စိတ္မေကာင္းစရာေတြေပမဲ့လည္း သူတို႔အသက္အရြယ္နဲ႔ က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြကို ၾကည့္မယ္ဆိုရင္ေတာ့ျဖင့္….

Sugar Cane (For Her Myanmar)

References : huffingtonpost, live5newstampabay

<<< Unicode >>>

သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက သူတို့အသက်အရွယ်နဲ့ မလိုက်အောင် ကြီးလေးနေတော့ ..

ဆယ်ကျော်သက်ဘဝဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ ရင်ခုန်စရာအကောင်းဆုံး အချိန်ဆိုရင်လည်း မှားမယ်မထင်ပါဘူးနော်။ ဆယ်ကျော်သက်ကာလမှာ ပျော်စရာတွေ၊ အမှတ်တရတွေ၊ ရင်ခုန်စရာတွေ တော်တော်များများကို ဖြတ်သန်းရတာပေါ့။ ဒါပေမဲ့ အများလိုမဟုတ်ဘဲ သူတို့ရဲ့ ဆယ်ကျော်သက်ကာလ အပါအဝင် တစ်ဘဝလုံးကို ထောင်ရဲ့သံတိုင်တွေနောက်မှာ ကုန်ဆုံးသွားရမယ့် ဆယ်ကျော်သက်လူငယ်လေးတွေရှိနေပါတယ်။
သူတို့တွေက ဘယ်သူတွေလဲဆိုတာနဲ့ ဘယ်လိုပြစ်မှုတွေကျူးလွန်ခဲ့လို့ ဒီလိုအပြစ်ဒဏ်ကိုခံစားရတာလဲဆိုတာ စူးစမ်းကြည့်မယ်ဆိုရင်တော့..

၁။ T. J. Lane

T. J. Lane

T. J. Lane ဆိုတဲ့ လူငယ်လေးဟာ အသက် ၁၇ နှစ်၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ သူတက်နေတဲ့အထက်တန်းကျောင်းရဲ့ မုန့်ဈေးတန်းထဲကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသား (၃)ယောက်သေဆုံးခဲ့ပြီး အခြားကျောင်းသား (၃) ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလို သေနတ်နဲ့ ပစ်ရတဲ့ အကြောင်းရင်းကတော့ အမျိုးမျိုး ပြောကြတာပါပဲ။ တချို့ကလည်း သူ့အရင်ကောင်မလေးနဲ့ တွဲနေတဲ့ တစ်ယောက်ကို ပစ်ရင်း ကျန်တဲ့သူတွေပါ ထိသွားသလို ဆိုကြသလို တချို့ကျတော့လည်း သူဟာ စိတ်ဝေဒနာရှင်ဖြစ်နေတာမို့ ဒီလို ပစ်ခတ်ခဲ့တယ်လို့ ဆိုကြပြန်ပါတယ်။

တရားရုံးမှာ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှာတော့ သူ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်။ သူ့ကိုစီရင်ချက်ချတဲ့အမိန့်ထွက်ပေါ်လာခဲ့ချိန်မှာ သူဟာ ထီမထင်တဲ့ဟန်နဲ့ ပြုံးရယ်နေခဲ့သလို ရိုင်းစိုင်းတဲ့ အမူအရာတွေ လုပ်ပြခဲ့ပါတယ်။ အသက် ၁၉ နှစ်မှာ ထောင်ကျခဲ့တဲ့ T.J Lane ဟာ အခုဆိုရင် အသက် ၂၃ ဝန်းကျင်ရှိနေပါပြီ။

Related Article >>> ဟောလိုးဝင်းညရဲ့ လျှို့ဝှက်ဆန်းကြယ် လူသတ်မှု

၂။ Nicholas Lindsey

Nicholas Lindsey

ဒီလူငယ်လေးကတော့ သူ့အသက် ၁၆ နှစ်မှာ ရဲအရာရှိတစ်ယောက်ကို သေနတ်နဲ့ အသေပစ်သတ်ခဲ့ပါတယ်။ သူဟာ ယခင်ကတည်းက ခိုးမှု၊ လုယက်မှု အသေးစားလေးတွေ ကျုးလွန်ခဲ့ဖူးသူပါ။ ၂၀၁၁ ခုနှစ်မှာ ကားတစ်စီးကို ခိုးယူဖို့ ကြိုးစားနေတယ်လို့ ရဲအရာရှိတစ်ဦးက သံသယရှိတာကြောင့် သူ့ကို စစ်ဆေးဖို့ ကြိုးစားစဉ်မှာ သူက သေနတ်နဲ့ ခုခံပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ ဒီပြစ်မှုကြောင့် သူ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
သူ့ရဲ့ ရှေ့နေက သူ့ရဲ့အပြစ်ဒဏ်လျှော့ပေါ့ခံရဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ပါဘူး။ Nicholas Lindsey လက်ရှိမှာ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

၃။ Antonio Barbeau, Nathan Paape

Antonio Barbeau, Nathan Paape

ဒီ ဆယ်ကျော်သက် နှစ်ယောက်ကို မြင်လိုက်ရင်တော့ ချစ်စရာကောင်းတဲ့ ကလေးတွေလို့ အများက ယူဆကြမှာပါ။ တကယ်တော့ သူတို့ဟာ အရွယ်နဲ့မလိုက်အောင် ရက်စက်တဲ့ပြစ်မှုကြီးတစ်ခု ကျူးလွန်ထားကြတဲ့ လူငယ်တွေဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ သူတို့နှစ်ဦးဟာ Antonio ရဲ့ အသက် ၇၈ နှစ်အရွယ်အဖွားဖြစ်သူကို ရဲဒင်းတွေ၊ တူတွေ နဲ့ ရက်ရက်စက်စက် ရိုက်နှက်ခုတ်ထစ်ကာ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုသတ်ဖြတ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ အဘွားဆီက လက်ဝတ်ရတနာတွေနဲ့ ပိုက်ဆံတွေလိုချင်လို့ဖြစ်ပါတယ်။ နှစ်ရက်အကြာမှ ရဲတွေက သူတို့နှစ်ယောက်သတ်ဖြတ်တယ်ဆိုတာကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်လုံးကို တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့တာဖြစ်ပါတယ်။

Related Article >>> ရုပ်ရှင်ကားတွေ နမူနာယူရိုက်ကူးခံရတဲ့ စိတ္တဇလူသတ်သမား အက်ဒ်ဂိန်း

၄။ Jacob Mouzon, Drake Campbell

Jacob Mouzon, Drake Campbell

သူတို့ နှစ်ဦးကတော့ အသက် ၂၅ နှစ်အရွယ် Kenneth Campbell နဲ့အတူ အိမ်တစ်အိမ်ထဲ ဝင်ရောက်ကာ လူငယ်တစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဖြစ်တဲ့အချိန်မှာ အသတ်ခံရတဲ့လူငယ် (Kadeem Johnson) ရဲ့ ချစ်သူကောင်မလေးကလည်း အတူရှိနေပြီး ဒီကောင်မလေးကိုတော့ ရင်ဘတ်နဲ့ လက်မှာ သေနတ်ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရပါတယ်။ ကောင်မလေးရဲ့ ထွက်ချက်အရတော့ ပြစ်မှုကျူးလွန်သူ လူငယ်တွေဟာ သူတို့ဆီက ပိုက်ဆံအိတ်နဲ့တကွ ဒေါ်လာ ၃၀၀၀ ကို လုယက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြစ်မှုကို ကျူးလွန်ချိန်မှာ Jacob Mouzon ရဲ့ အသက်က ၁၇နှစ် ဖြစ်ပြီး Drake Campbell ရဲ့ အသက်ကတော့ ၁၈ နှစ်ဖြစ်ပါတယ်။

ဒီပြစ်မှုအတွက် Kenneth Campbell ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ Jacob Mouzon ကို ထောင်ဒဏ် အနှစ် ၄၀ နဲ့ Drake Campbell ကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

ဒီလူငယ်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက ကြီးလေးပါတယ်။ တကယ်လို့ သူတို့သာ အရွယ်ရောက်ပြီးသားဖြစ်နေရင် သေဒဏ်ချမှတ်ခံရမှာပါ။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ တရားခံဟာ အသက် ၁၈ နှစ်အောက်ဆိုရင် သေဒဏ်ပေးလို့မရတာကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံရတာပါ။

စိတ်မကောင်းစရာတွေပေမဲ့လည်း သူတို့အသက်အရွယ်နဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ကြည့်မယ်ဆိုရင်တော့ဖြင့်….

Sugar Cane (For Her Myanmar)

References : huffingtonpost, live5newstampabay

No Comments Yet

Comments are closed