မုဒိမ္းသမားကို သတ္ျဖတ္မႈအတြက္ ႀကိဳးေပးခံရသူ ေရဟာနီ ေဂ်ဘာရီ

အမ်ိဳးသမီးေတြအတြက္ မမွ်တမႈေတြ ႐ွိေနဆဲဆိုတာ အသက္နဲ႔လဲ ျပသခဲ့သူအမ်ိဳးသမီး

ၾကမၼာငင္တဲ့ အဲဒီညမွာ သူ႕ကို ကၽြန္မ မသတ္ခဲ့ရင္ သူက ကၽြန္မကိုသတ္ၿပီး ကၽြန္မရဲ႕ အေလာင္းကို ၿမိဳ႕ရဲ႕တစ္ေနရာမွာ ပစ္ထားလိမ့္မယ္။ ၿပီးရင္ ကၽြန္မအေလာင္းကို အတည္ျပဳဖုိ႔ အေမ့ကို ေခၚလိမ့္မယ္။ အေလာင္းကို စစ္ေဆးၿပီးရင္ေတာ့ မုဒိန္းက်င့္ၿပီး အသတ္ခံထားရတယ္ ဆုိတဲ့ အေျဖထြက္လာလိမ့္မယ္။

 ဒါေပမဲ့ ကၽြန္မကို မုဒိန္းက်င့္ၿပီး သတ္ခဲ့တာ ဘယ္သူေတြလဲ ဆုိတာကေတာ့ ေပၚေပါက္လာမွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ကၽြန္မမွာ သူတုိ႔လုိ အာဏာ နဲ႔ ေငြေၾကးေတြမရွိဘူးေလ။ အေမ လည္း ႏွစ္နည္းနည္းေလာက္ ရွက္႐ြံ႕နာက်င္မႈေတြနဲ႔ ႐ွင္သန္ရၿပီး အဲဒီ႐ွက္႐ြံ႕နာက်င္မႈေတြေၾကာင့္ ဆံုးသြားရလိမ့္မယ္။

ဒီစကားေတြကို ေျပာခဲ့တာက ေရဟာနီ ေဂ်ဘာရီဆုိတဲ့ အမ်ိဳးသမီးျဖစ္ၿပီး ဒါဟာ သူ႔အေမကို ေပးခဲ့တဲ့ သူရဲ႕ေနာက္ဆံုးေသတမ္းစာထဲက ျဖစ္ပါတယ္။ သူဟာ ၂၀၁၄ ခုႏွစ္မွာ လူသတ္မႈနဲ႔ ႀကိဳးေပးသတ္ျဖတ္ခံခဲ့ရသူျဖစ္ပါတယ္။ သူ သတ္ျဖတ္ခဲ့သူကေတာ့ သူ႔ကို မုဒိန္းက်င့္ဖို႔ ႀကိဳးစားခဲ့သူ ေမာ္ေတဇာ ဆာဘာနီ ျဖစ္ပါတယ္။

ေရဟာနီ ေဂ်ဘာရီ ဟာ ဘြဲ႕ရပညာတတ္အမ်ိဳးသမီးျဖစ္ၿပီး အီရန္ႏိုင္ငံမွာ Interior Designer အလုပ္ကို လုပ္ကိုင္သူျဖစ္ပါတယ္။ ၂၀၀၇ ခုႏွစ္တုန္းက အသက္ ၁၇ ႏွစ္အရြယ္ ေရဟာနီ ဟာ ေမာ္ေတဇာ ဆိုတဲ့ လုပ္ငန္းရွင္တစ္ဦးနဲ႔ ေကာ္ဖီဆိုင္တစ္ခုမွာ ေတြ႕ဆံုခဲ့ပါတယ္။ ေမာ္ေတဇာ က ေရဟာနီ ကို အလုပ္အပ္ဖုိ႔ အေၾကာင္းျပခ်က္နဲ႔ သူ႔ရဲ႕ ႐ံုးခန္းကို လာဖုိ႔ဖိတ္ေခၚခဲ့ပါတယ္။ ေရဟာနီ သူ႔႐ံုးခန္းကို ေရာက္လာခ်ိန္မွာေတာ့ ေမာ္ေတဇာက မုဒိန္းက်င့္ဖို႔ ႀကိဳးစားပါေတာ့တယ္။ ေရဟာနီက အသင့္ေဆာင္ထားတဲ့ အိတ္ေဆာင္ဓား နဲ႔ ေမာ္ေတဇာ ကို ထိုးၿပီး အခင္းျဖစ္ေနရာက ထြက္ေျပးလာခဲ့ပါတယ္။

Related Article >>> သံမဏိ မိန္းမပ်ိဳ သို႔မဟုတ္ ေလာကငရဲမွ လြတ္ေျမာက္လာသူ နာဒီယာ

ဒါေပမဲ့ ရဲတပ္ဖြဲ႔က ေရဟာနီကို ဖမ္းဆီးကာ ႏွိပ္စက္ညွဥ္းပန္းၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့သလို ဘယ္သူနဲ႔မွ ေတြ႕ခြင့္မေပးဘဲ ဖမ္းခ်ဳပ္ထားခဲ့ပါတယ္။ ၂၀၀၉ ခုႏွစ္မွာေတာ့ သူ႔ကို တရား႐ံုးက ႀကိဳးမိန္႔ေပးခဲ့ပါတယ္။ မမွ်တတဲ့ ဒီတရားစီရင္ေရးကို ကုလသမဂၢ အပါအဝင္ အျခားအဖြဲ႔အစည္းေတြ၊ လူ႔အခြင့္အေရးအဖြဲ႔အစည္းေတြ၊ ကမာၻတစ္ဝွမ္းက လူေတြက ကန္႔ကြက္ခဲ့ၾကၿပီး ေရဟာနီကို ဝန္းရံေၾကာင္း လက္မွတ္ထိုးကာ သူ႔ကိုေသဒဏ္မေပးဖုိ႔ အီရန္အစိုးရကိုေတာင္းဆိုခဲ့ၾကပါတယ္။

ဒါေပမဲ့ တရား႐ံုးက သူ႔ကို ၂၀၁၄ ခုႏွစ္မွာ ႀကိဳးေပးသတ္ခဲ့ပါတယ္။ ေရဟာနီဟာ ၂၀၀၉ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အထိ ၆ ႏွစ္ၾကာ ေထာင္ထဲမွာ ေနခဲ့ရသလုိ မိသားစုနဲ႔လည္း ေတြ႔ခြင့္မရခဲ့ပါဘူး။ သူ႔ကို ႀကိဳးေပးခါနီး တစ္ရက္အလိုမွာ မိခင္ နဲ႔ ေတြ႕ဆံုခြင့္ေပးခဲ့တာပါ။

သူ႔အေမအတြက္ သူေရးသားခဲ့တဲ့ ေနာက္ဆံုးေသတမ္းစာကို ဖတ္႐ႈရသူတုိင္း စိတ္ထိခုိက္ခဲ့ရပါတယ္။ ေသတမ္းစာထဲက အခ်က္အခ်ိဳ႕က ဒီလုိပါ …

Related Article >>> မုဒိမ္းမႈေတြကို ျပင္းထန္စြာ စီရင္ဖို႔ ရက္ေပါင္းမ်ားစြာၾကာ အစာငတ္ခံဆႏၵျပခဲ့တဲ့ အာဂအမ်ိဳးသမီး

“ကၽြန္မ ခႏၶာကိုယ္ကို ဒီအတိုင္းေျမႀကီးထဲမွာ ေဆြးေျမ့သြားမွာ မလုိလားပါဘူး။ ကၽြန္မ ရဲ႕ မ်က္လံုး၊ အသည္းႏွလံုး၊ ေက်ာက္ကပ္ေတြကို လုိအပ္ေနသူအတြက္ လွဴဒါန္းခဲ့ပါတယ္။ ဒါဟာ သူတုိ႔အတြက္ ကၽြန္မေပးႏုိင္တဲ့ လက္ေဆာင္ပါ။ ကၽြန္မ ဘယ္သူဆိုတာ သူတုိ႔ကို မသိေစခ်င္သလုိ ဒီအတြက္လည္း ကၽြန္မ ဘာမွျပန္မလုိခ်င္ပါဘူး။

ကၽြန္မေျပာခဲ့သလို ၿမိဳ႕တစ္ေနရာမွာ ကၽြန္မအေလာင္းကို ပစ္ထားတာ မႀကံဳရေတာ့ဘူး။ ဒါေပမဲ့ ကၽြန္မအေလာင္းက ေထာင္တြင္း သုႆာန္မွာ ေျမျမွဳပ္ခံရေတာ့မယ္။ ကၽြန္မ ကံၾကမၼာကို ယိုးမယ္မဖြဲ႔ေတာ့ပါဘူး။ ေသဆံုးတယ္ဆုိတာ တကယ့္ အဆံုးသတ္မဟုတ္ဘူး ဆိုတာ အေမ ပိုနားလည္မွာပါ။”

အစၥလာမ္ဘာသာ အရ လူသားတစ္ေယာက္ဟာ ကိုယ္လက္အဂၤါျပည့္စံုစြာ ဘဝကူးရမွ ဘဝကူးေကာင္းတယ္လို႔ လက္ခံၾကတဲ့အတြက္ အစၥလာမ္ဘာသာဝင္ ေရဟာနီ ရဲ႕ စြန္႔လႊတ္တတ္တဲ့ စိတ္ထားက ပိုခ်ီးက်ဴးစရာ ျဖစ္လာရပါတယ္။ စိတ္ထားေကာင္းသလို၊ သတၱိ႐ွိတဲ့ ေရဟာနီ ကို ကမာၻႀကီးက အၿမဲသတိရေနမွာပါ။

ခ်ီးက်ဴးစရာေကာင္းတဲ့ သူ႔ရဲ႕ စိတ္ဓာတ္ႀကံ့ခုိင္မႈကို သေဘာက်တာေၾကာင့္ ေရဟာနီ ေဂ်ဘာရီ အေၾကာင္းကို ေယာင္းတုိ႔အတြက္ပါ မွ်ေဝေပးလုိက္ပါတယ္ေနာ္။

Sugar Cane (For Her Myanmar)

References : slatebbc , wikipedia

<<< Unicode >>>

အမျိုးသမီးတွေအတွက် မမျှတမှုတွေ ရှိနေဆဲဆိုတာ အသက်နဲ့လဲ ပြသခဲ့သူအမျိုးသမီး

ကြမ္မာငင်တဲ့ အဲဒီညမှာ သူ့ကို ကျွန်မ မသတ်ခဲ့ရင် သူက ကျွန်မကိုသတ်ပြီး ကျွန်မရဲ့ အလောင်းကို မြို့ရဲ့တစ်နေရာမှာ ပစ်ထားလိမ့်မယ်။ ပြီးရင် ကျွန်မအလောင်းကို အတည်ပြုဖို့ အမေ့ကို ခေါ်လိမ့်မယ်။ အလောင်းကို စစ်ဆေးပြီးရင်တော့ မုဒိန်းကျင့်ပြီး အသတ်ခံထားရတယ် ဆိုတဲ့ အဖြေထွက်လာလိမ့်မယ်။

 ဒါပေမဲ့ ကျွန်မကို မုဒိန်းကျင့်ပြီး သတ်ခဲ့တာ ဘယ်သူတွေလဲ ဆိုတာကတော့ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မမှာ သူတို့လို အာဏာ နဲ့ ငွေကြေးတွေမရှိဘူးလေ။ အမေ လည်း နှစ်နည်းနည်းလောက် ရှက်ရွံ့နာကျင်မှုတွေနဲ့ ရှင်သန်ရပြီး အဲဒီရှက်ရွံ့နာကျင်မှုတွေကြောင့် ဆုံးသွားရလိမ့်မယ်။

ဒီစကားတွေကို ပြောခဲ့တာက ရေဟာနီ ဂျေဘာရီဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ဒါဟာ သူ့အမေကို ပေးခဲ့တဲ့ သူရဲ့နောက်ဆုံးသေတမ်းစာထဲက ဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်မှာ လူသတ်မှုနဲ့ ကြိုးပေးသတ်ဖြတ်ခံခဲ့ရသူဖြစ်ပါတယ်။ သူ သတ်ဖြတ်ခဲ့သူကတော့ သူ့ကို မုဒိန်းကျင့်ဖို့ ကြိုးစားခဲ့သူ မော်တေဇာ ဆာဘာနီ ဖြစ်ပါတယ်။

ရေဟာနီ ဂျေဘာရီ ဟာ ဘွဲ့ရပညာတတ်အမျိုးသမီးဖြစ်ပြီး အီရန်နိုင်ငံမှာ Interior Designer အလုပ်ကို လုပ်ကိုင်သူဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက အသက် ၁၇ နှစ်အရွယ် ရေဟာနီ ဟာ မော်တေဇာ ဆိုတဲ့ လုပ်ငန်းရှင်တစ်ဦးနဲ့ ကော်ဖီဆိုင်တစ်ခုမှာ တွေ့ဆုံခဲ့ပါတယ်။ မော်တေဇာ က ရေဟာနီ ကို အလုပ်အပ်ဖို့ အကြောင်းပြချက်နဲ့ သူ့ရဲ့ ရုံးခန်းကို လာဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ရေဟာနီ သူ့ရုံးခန်းကို ရောက်လာချိန်မှာတော့ မော်တေဇာက မုဒိန်းကျင့်ဖို့ ကြိုးစားပါတော့တယ်။ ရေဟာနီက အသင့်ဆောင်ထားတဲ့ အိတ်ဆောင်ဓား နဲ့ မော်တေဇာ ကို ထိုးပြီး အခင်းဖြစ်နေရာက ထွက်ပြေးလာခဲ့ပါတယ်။

Related Article >>> သံမဏိ မိန်းမပျို သို့မဟုတ် လောကငရဲမှ လွတ်မြောက်လာသူ နာဒီယာ

ဒါပေမဲ့ ရဲတပ်ဖွဲ့က ရေဟာနီကို ဖမ်းဆီးကာ နှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့သလို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘဲ ဖမ်းချုပ်ထားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ သူ့ကို တရားရုံးက ကြိုးမိန့်ပေးခဲ့ပါတယ်။ မမျှတတဲ့ ဒီတရားစီရင်ရေးကို ကုလသမဂ္ဂ အပါအဝင် အခြားအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ ကမ္ဘာတစ်ဝှမ်းက လူတွေက ကန့်ကွက်ခဲ့ကြပြီး ရေဟာနီကို ဝန်းရံကြောင်း လက်မှတ်ထိုးကာ သူ့ကိုသေဒဏ်မပေးဖို့ အီရန်အစိုးရကိုတောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ တရားရုံးက သူ့ကို ၂၀၁၄ ခုနှစ်မှာ ကြိုးပေးသတ်ခဲ့ပါတယ်။ ရေဟာနီဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ၆ နှစ်ကြာ ထောင်ထဲမှာ နေခဲ့ရသလို မိသားစုနဲ့လည်း တွေ့ခွင့်မရခဲ့ပါဘူး။ သူ့ကို ကြိုးပေးခါနီး တစ်ရက်အလိုမှာ မိခင် နဲ့ တွေ့ဆုံခွင့်ပေးခဲ့တာပါ။

သူ့အမေအတွက် သူရေးသားခဲ့တဲ့ နောက်ဆုံးသေတမ်းစာကို ဖတ်ရှုရသူတိုင်း စိတ်ထိခိုက်ခဲ့ရပါတယ်။ သေတမ်းစာထဲက အချက်အချို့က ဒီလိုပါ …

Related Article >>> မုဒိမ်းမှုတွေကို ပြင်းထန်စွာ စီရင်ဖို့ ရက်ပေါင်းများစွာကြာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ အာဂအမျိုးသမီး

ရေဟာနီ ဂျေဘာရီ

“ကျွန်မ ခန္ဓာကိုယ်ကို ဒီအတိုင်းမြေကြီးထဲမှာ ဆွေးမြေ့သွားမှာ မလိုလားပါဘူး။ ကျွန်မ ရဲ့ မျက်လုံး၊ အသည်းနှလုံး၊ ကျောက်ကပ်တွေကို လိုအပ်နေသူအတွက် လှူဒါန်းခဲ့ပါတယ်။ ဒါဟာ သူတို့အတွက် ကျွန်မပေးနိုင်တဲ့ လက်ဆောင်ပါ။ ကျွန်မ ဘယ်သူဆိုတာ သူတို့ကို မသိစေချင်သလို ဒီအတွက်လည်း ကျွန်မ ဘာမှပြန်မလိုချင်ပါဘူး။

ကျွန်မပြောခဲ့သလို မြို့တစ်နေရာမှာ ကျွန်မအလောင်းကို ပစ်ထားတာ မကြုံရတော့ဘူး။ ဒါပေမဲ့ ကျွန်မအလောင်းက ထောင်တွင်း သုဿာန်မှာ မြေမြှုပ်ခံရတော့မယ်။ ကျွန်မ ကံကြမ္မာကို ယိုးမယ်မဖွဲ့တော့ပါဘူး။ သေဆုံးတယ်ဆိုတာ တကယ့် အဆုံးသတ်မဟုတ်ဘူး ဆိုတာ အမေ ပိုနားလည်မှာပါ။”

အစ္စလာမ်ဘာသာ အရ လူသားတစ်ယောက်ဟာ ကိုယ်လက်အင်္ဂါပြည့်စုံစွာ ဘဝကူးရမှ ဘဝကူးကောင်းတယ်လို့ လက်ခံကြတဲ့အတွက် အစ္စလာမ်ဘာသာဝင် ရေဟာနီ ရဲ့ စွန့်လွှတ်တတ်တဲ့ စိတ်ထားက ပိုချီးကျူးစရာ ဖြစ်လာရပါတယ်။ စိတ်ထားကောင်းသလို၊ သတ္တိရှိတဲ့ ရေဟာနီ ကို ကမ္ဘာကြီးက အမြဲသတိရနေမှာပါ။

ချီးကျူးစရာကောင်းတဲ့ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို သဘောကျတာကြောင့် ရေဟာနီ ဂျေဘာရီ အကြောင်းကို ယောင်းတို့အတွက်ပါ မျှဝေပေးလိုက်ပါတယ်နော်။

Sugar Cane (For Her Myanmar)

References : slatebbc , wikipedia

No Comments Yet

Comments are closed