Knowledge

ျမန္မာႏိုင္ငံနဲ႔ မေ႐ွးမေႏွာင္းမွာ လြတ္လပ္ေရးရခဲ့ေသာႏိုင္ငံမ်ား

ျမန္မာျပည္နဲ႔ ညီေနာင္ႏိုင္ငံေတြလို႔ ဆိုရမလားပဲ

ဒီေန႔ဘာေန႔လဲ? (ပိတ္ရက္လို႔ မေျဖသင့္ :P) ဟုတ္ပါတယ္.. ဒီေန႔ဟာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံရဲ႕ ၇၁ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ပါ ေယာင္းတို႔ေရ ။ ျမန္မာႏိုင္ငံဟာ ၁၉၄၈ ခုႏွစ္ ဇန္နဝါရီလ ေလးရက္ေန႔မွာ လြပ္လပ္ေရးရခဲ့တယ္ ဆုိတာ ေယာင္းတို႔အားလံုးလည္း သိၿပီးသားပါေနာ္။

အက္ဒ္မင္က ေယာင္းတို႔ ဗဟုသုတ တိုးပြားရေလေအာင္ ေျပာျပေပးခ်င္တာက ျမန္မာျပည္နဲ႔ မေရွးမေႏွာင္း လြပ္လပ္ေရးရခဲ့တဲ့ ႏုိင္ငံေတြအေၾကာင္းပါပဲ။ အဲဒီႏုိင္ငံေတြကေတာ့

အိႏၵိယ

India

အိႏၵိယႏိုင္ငံဟာ ၁၉၄၇ ခုႏွစ္ ၾသဂုတ္လ ဆယ့္ငါးရက္မွာ လြတ္လပ္ေရး ရခဲ့တာျဖစ္ပါတယ္။ အိႏၵိယဟာ အဂၤလိပ္ေတြရဲ႕ ကိုလိုနီနယ္ေျမအျဖစ္ကေန လြတ္လပ္ေရး ရခဲ့တာပါ။

ပါကစၥတန္

 

Pakistan

ပါကစၥတန္ ႏို္င္ငံဟာလည္း အဂၤလန္ႏိုင္ငံရဲ႕ ကိုလိုနီနယ္ေျမအျဖစ္ကေန လြတ္လပ္ေရး ရခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ လြတ္လပ္ေရးေန႔ကေတာ့ ၁၉၄၇ ၾသဂုတ္လ ၁၄ ရက္ေန႔ ျဖစ္ပါတယ္။

ေတာင္၊ ေျမာက္ ကိုရီးယား

Korea

ကိုရီးယားႏုိင္ငံကေတာ့ ၁၉၄၅ ခုႏွစ္မွာ ဂ်ပန္ႏုိင္ငံရဲ႕ ကိုလိုနီနယ္ေျမအျဖစ္ကေန လြတ္လပ္ေရးရယူႏုိင္ခဲ့တာပဲ ျဖစ္ပါတယ္။ ကိုရီးယားႏိုင္ငံရဲ႕ လြတ္လပ္ေရးေန႔ကေတာ့ ၾသဂုတ္လ ၁၅ ရက္ေန႔ ျဖစ္ပါတယ္။

Related Article >>> ကမာၻ႕ပိတ္ရက္ အမ်ားဆံုးႏိုင္ငံမ်ား

ဗီယက္နမ္

Vietnam

ဂ်ပန္ နဲ႔ ျပင္သစ္ ႏုိင္ငံေတြရဲ႕ ကိုလိုနီနယ္ေျမအျဖစ္ကေန ဗီယက္နမ္ႏုိင္ငံဟာ ၁၉၄၅ ခုႏွစ္မွာ လြတ္လပ္ေရးရယူႏုိင္ခဲ့ပါတယ္။ ဗီယက္နမ္ ရဲ႕ လြတ္လပ္ေရးေန႔ကေတာ့ စက္တင္ဘာလ ၂ ရက္ေန႔ပါ။

သီရိလကၤာ

Sri Lanka

သီရိလကၤာႏုိင္ငံဟာ အဂၤလန္ႏိုင္ငံရဲ႕ ကိုလိုနီနယ္ေျမကေန ၁၉၄၈ ခုႏွစ္မွာ လြတ္ေျမာက္ႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ လြတ္လပ္ေရးေန႔ကေတာ့ ေဖေဖာ္ဝါရီလ (၄)ရက္ေန႔ျဖစ္ပါတယ္။

အင္ဒိုနီး႐ွား

Indonesia

အင္ဒိုနီး႐ွားႏိုင္ငံဟာ ၁၉၄၅ ခုႏွစ္ ၾသဂုတ္လ ၁၇ ရက္ေန႔မွာ နယ္သာလန္ ႏိုင္ငံရဲ႕ လက္ေအာက္ကေန လြတ္လပ္ေရးရခဲ့တာပဲျဖစ္ပါတယ္။

Related Article >>> အစားတစ္လိုင္းေယာင္းတို႔အတြက္ ႏိုင္ငံတကာက ကမာၻ​ေက်ာ္​ည​ေဈးႀကီးမ်ား

အစၥေရးႏုိင္ငံ

Israel

အစၥေရးႏိုင္ငံဟာ ၁၉၄၈ ခုႏွစ္ ေမလ ဆယ့္ေလးရက္ေန႔မွာ ပါလက္စတိုင္းႏုိင္ငံလက္ေအာက္ကေန လြတ္လပ္ေရးရခဲ့ပါတယ္။ သူ႔ရဲ႕ ႏွစ္စဥ္လြတ္လပ္ေရးေန႔ကိုေတာ့ ဟီဘ႐ူးျပကၡဒိန္အရက်င္းပတာျဖစ္ပါတယ္။

ေဂ်ာ္ဒန္

Jordan

ေဂ်ာ္ဒန္ ႏိုင္ငံဟာ အဂၤလန္ႏိုင္ငံရဲ႕ ကိုလိုနီနယ္ေျမအျဖစ္ကေန ေမလ ၂၅ ရက္ေန႔ ၁၉၄၆ ခုႏွစ္မွာ လြတ္လပ္ေရးရခဲ့တာပါ။

ဒီႏိုင္ငံေတြကေတာ့ ျမန္မာႏိုင္ငံနဲ႔ မေ႐ွးမေႏွာင္းမွာပဲ လြတ္လပ္ေရးရခဲ့တဲ့ ႏိုင္ငံေတြျဖစ္ပါတယ္။ အမိျမန္မာျပည္ႀကီးလည္း ထာဝရၿငိမ္းခ်မ္းသာယာပါေစလို႔ ဆုေတာင္းေပးရင္း …..

Sugar Cane (For Her Myanmar)

References – quoraen.wikipedia

<<< Unicode >>>

မြန်မာပြည်နဲ့ ညီနောင်နိုင်ငံတွေလို့ ဆိုရမလားပဲ

ဒီနေ့ဘာနေ့လဲ? (ပိတ်ရက်လို့ မဖြေသင့် :P) ဟုတ်ပါတယ်.. ဒီနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ ၇၁နှစ်မြောက် လွတ်လပ်ရေးနေ့ပါ ယောင်းတို့ရေ ။ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ လေးရက်နေ့မှာ လွပ်လပ်ရေးရခဲ့တယ် ဆိုတာ ယောင်းတို့အားလုံးလည်း သိပြီးသားပါနော်။

အက်ဒ်မင်က ယောင်းတို့ ဗဟုသုတ တိုးပွားရလေအောင် ပြောပြပေးချင်တာက မြန်မာပြည်နဲ့ မရှေးမနှောင်း လွပ်လပ်ရေးရခဲ့တဲ့ နိုင်ငံတွေအကြောင်းပါပဲ။ အဲဒီနိုင်ငံတွေကတော့

အိန္ဒိယ

အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ် သြဂုတ်လ ဆယ့်ငါးရက်မှာ လွတ်လပ်ရေး ရခဲ့တာဖြစ်ပါတယ်။ အိန္ဒိယဟာ အင်္ဂလိပ်တွေရဲ့ ကိုလိုနီနယ်မြေအဖြစ်ကနေ လွတ်လပ်ရေး ရခဲ့တာပါ။

ပါကစ္စတန်

ပါကစ္စတန် နိုင်ငံဟာလည်း အင်္ဂလန်နိုင်ငံရဲ့ ကိုလိုနီနယ်မြေအဖြစ်ကနေ လွတ်လပ်ရေး ရခဲ့တာဖြစ်ပြီး သူတို့ရဲ့ လွတ်လပ်ရေးနေ့ကတော့ ၁၉၄၇ သြဂုတ်လ ၁၄ ရက်နေ့ ဖြစ်ပါတယ်။

တောင်၊ မြောက် ကိုရီးယား

 

ကိုရီးယားနိုင်ငံကတော့ ၁၉၄၅ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ ကိုလိုနီနယ်မြေအဖြစ်ကနေ လွတ်လပ်ရေးရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ကတော့ သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်ပါတယ်။

Related Article >>> ကမ္ဘာ့ပိတ်ရက် အများဆုံးနိုင်ငံများ

ဗီယက်နမ်

ဂျပန် နဲ့ ပြင်သစ် နိုင်ငံတွေရဲ့ ကိုလိုနီနယ်မြေအဖြစ်ကနေ ဗီယက်နမ်နိုင်ငံဟာ ၁၉၄၅ ခုနှစ်မှာ လွတ်လပ်ရေးရယူနိုင်ခဲ့ပါတယ်။ ဗီယက်နမ် ရဲ့ လွတ်လပ်ရေးနေ့ကတော့ စက်တင်ဘာလ ၂ ရက်နေ့ပါ။

သီရိလင်္ကာ

သီရိလင်္ကာနိုင်ငံဟာ အင်္ဂလန်နိုင်ငံရဲ့ ကိုလိုနီနယ်မြေကနေ ၁၉၄၈ ခုနှစ်မှာ လွတ်မြောက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ လွတ်လပ်ရေးနေ့ကတော့ ဖေဖော်ဝါရီလ (၄)ရက်နေ့ဖြစ်ပါတယ်။

အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံဟာ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှာ နယ်သာလန် နိုင်ငံရဲ့ လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တာပဲဖြစ်ပါတယ်။

Related Article >>> အစားတစ်လိုင်းယောင်းတို့အတွက် နိုင်ငံတကာက ကမ္ဘာကျော်ညဈေးကြီးများ

အစ္စရေးနိုင်ငံ

အစ္စရေးနိုင်ငံဟာ ၁၉၄၈ ခုနှစ် မေလ ဆယ့်လေးရက်နေ့မှာ ပါလက်စတိုင်းနိုင်ငံလက်အောက်ကနေ လွတ်လပ်ရေးရခဲ့ပါတယ်။ သူ့ရဲ့ နှစ်စဉ်လွတ်လပ်ရေးနေ့ကိုတော့ ဟီဘရူးပြက္ခဒိန်အရကျင်းပတာဖြစ်ပါတယ်။

ဂျော်ဒန်

ဂျော်ဒန် နိုင်ငံဟာ အင်္ဂလန်နိုင်ငံရဲ့ ကိုလိုနီနယ်မြေအဖြစ်ကနေ မေလ ၂၅ ရက်နေ့ ၁၉၄၆ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တာပါ။

ဒီနိုင်ငံတွေကတော့ မြန်မာနိုင်ငံနဲ့ မရှေးမနှောင်းမှာပဲ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အမိမြန်မာပြည်ကြီးလည်း ထာဝရငြိမ်းချမ်းသာယာပါစေလို့ ဆုတောင်းပေးရင်း …..

Sugar Cane (For Her Myanmar)

References – quoraen.wikipedia

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *