သားသမီးကို ခ်ဳပ္ခ်ယ္ျခင္းေၾကာင့္ ျဖစ္လာႏိုင္တဲ့ အက်ိဳးဆက္မ်ား

စိုးရိမ္လို႔ ဆိုေပမဲ့ အရမ္းခ်ဳပ္ခ်ယ္မိတဲ့အခါမွာ… 

မိဘတိုင္း သားသမီးကို ခ်စ္ၾကမယ္ဆိုတာ ယံုမွားသံသယျဖစ္ဖြယ္ မရွိပါဘူး။ ဒါေပမဲ့ မွန္ကန္တဲ့ နည္းလမ္းနဲ႔ေတာ့ ခ်စ္ဖို႔ လိုပါတယ္။ မဟုတ္ရင္ ခ်စ္ရာ မေရာက္ဘဲ ႏွစ္ရာ ေရာက္သြားပါလိမ့္မယ္။ သားသမီးကို “ခ်စ္လြန္းလို႔ ” ဆိုၿပီး ေနရာတကာ ခ်ဳပ္ခ်ယ္တာ၊ အလြန္အကၽြံ အုပ္ထိန္းတာလည္း ခ်စ္ရာ မေရာက္ဘဲ ႏွစ္ရာေရာက္ေနတဲ့ အျပဳအမူေတြထဲက တစ္ခုပါ ေယာင္းတို႔ေရ… သားသမီးေတြကို အလြန္အကၽြံ ခ်ဳပ္ခ်ယ္၊အုပ္ထိန္းျခင္းေၾကာင့္ ျဖစ္လာႏိုင္တဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကေတာ့….

(၁) ကေလးကို စိတ္ပင္ပန္း မြန္းက်ပ္ေစတယ္။

ကေလးရဲ႕ ဆႏၵနဲ႔ ဝါသနာကို မေမးျမန္းဘဲ အတန္းထဲ ထိပ္ေရာက္ေစလိုတဲ့ ကိုယ့္ရဲ႕ အတၱတစ္ခုတည္းကို ၾကည့္ၿပီး ကေလးကို အတင္းတြန္းေနတဲ့ မိဘမ်ိဳးေတြရွိပါတယ္။ နားခ်ိန္ ေဆာ့ခ်ိန္ေလးေတာင္ မေပးဘဲ ကေလးကို က်ဴရွင္၊ဂိုက္၊ သင္တန္းေတြ တစ္ခုၿပီးတစ္ခု ပို႔ၿပီး ဖိအားေပးတဲ့ မိဘမ်ိဳးေပါ့။

ေလ့လာခ်က္ေတြအရ ဘာသာရပ္ဆိုင္ရာ သင္တန္း၊ က်ဴရွင္ေတြ အမ်ားႀကီး ပို႔ေပမဲ့ သူ႔မွာ စိတ္အားထက္သန္စြာ ေလ့လာလိုစိတ္(passion) သာ မရွိရင္ အဲဒီကေလးဟာ ပိုမေတာ္သြားပါဘူး။ ကေလးအတြက္ စိတ္ပိုင္းဆိုင္ရာ ပင္ပန္းမြန္းက်ပ္လာတာ နဲ႔ မိဘအေနနဲ႔ အေၾကာင္းမဲ့ ေငြအကုန္အက်မ်ားတာပဲ အဖတ္တင္ပါလိမ့္မယ္။

ဥပမာေပးရရင္ တေယာထိုး ကၽြမ္းက်င္သူ ျဖစ္လိုတဲ့ ကေလးကို သိပၸံဘာသာရပ္ေတြမွာ အမွတ္မ်ားဖို႔ ဖိအားမေပးသင့္တာမ်ိဳးေပါ့။

(၂) သဘာဝေလာကႀကီးကေန သင္ယူတတ္ေျမာက္ႏိုင္တဲ့ စြမ္းရည္ မရွိေတာ့ဘူး။

သားသမီးကို ေဘးေတြ႕မွာစိုးတာနဲ႔ပဲ အလြန္အကၽြံ ကာစီးတတ္တဲ့ (over-protective) မိဘေတြ ရွိပါတယ္။ ဒီလို မိဘေတြဟာ သားသမီးကို တစ္ခ်ိန္လံုး မ်က္စိေဒါက္ေထာက္ၾကည့္ေနတတ္ၿပီး သူတို႔မပါရင္ ဘယ္ေနရာ၊ ဘယ္ခရီးကိုမွ ေပးမသြားတတ္ၾကပါဘူး။ ေက်ာင္း၊ အိမ္၊ အလုပ္ ဒီ(၃)ေနရာသာ ေပးသြားၿပီး တျခားဘာမွ ေပးမလုပ္တတ္ၾကပါဘူး။

ၾကာလာရင္ ကေလးဟာ ေလာကႀကီးရဲ႕ “ကိုယ္ထူ ကိုယ္ထ စနစ္” (self-help system) ကို နားမလည္ႏိုင္ေတာ့ဘဲ မိဘကိုပဲ အရမ္းအားကိုးလာပါလိမ့္မယ္။ “ကိုယ္ျဖစ္ရင္ ကိုယ္ခံ”ရတဲ့ သဘာဝတရားႀကီးကေန ဘဝေနနည္းေတြကို မသင္ယူႏိုင္ေတာ့ပါဘူး။

Related Article >>> ကေလးကို ရိုက္ႏွက္ ဆံုးမျခင္းေၾကာင့္ ျဖစ္လာႏိုင္တဲ့ ဆိုးက်ိဳးမ်ား

(၃) လူမႈဆက္ဆံေရး အားနည္းလာပါလိမ့္မယ္။

ဟိုလည္း မသြားရ၊ ဒီလည္း မသြားရ တားျမစ္ေနတတ္တာမို႔ ကေလးမွာ လူေတြနဲ႔ လြတ္လြတ္လပ္လပ္ ေတြ႕ဆံုဆက္ဆံခ်ိန္ မရွိေတာ့ပါဘူး။ ဒါေၾကာင့္ ကေလးဟာ လူမႈဆက္ဆံေရး အားနည္းတာ၊ အေပါင္းအသင္းမိတ္ေဆြေတြ ရွာေဖြတတ္ၿပီး လူမႈကြန္ရက္ ခ်ဲ့ထြင္ႏိုင္စြမ္း မရွိေတာ့တာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။

လူေတြအေၾကာင္း နားလည္ၿပီး ဘဝမွာ လည္လည္ဝယ္ဝယ္ က်င္လည္ႏိုင္ဖို႔ဆို သားသမီးကို လူ႔အဖြဲ႕အစည္းထဲမွာ လြတ္လြတ္လပ္လပ္ သြားလာခြင့္၊ ေတြ႕ဆံုဆက္ဆံခြင့္ ေပးသင့္ပါတယ္ေနာ္။

(၄) တီထြင္ဖန္တီးႏိုင္စြမ္း မရွိေတာ့ပါဘူး။

ကေလးရဲ႕ ဦးေႏွာက္ဟာ အသစ္အဆန္းေတြကို တီထြင္စဥ္းစားႏိုင္ဖို႔ဆို မိဘေတြဟာ သားသမီးကို လြတ္လြတ္လပ္လပ္ ေတြးေခၚခြင့္၊ ဆံုးျဖတ္ခြင့္၊ ဆံုးျဖတ္ခ်က္အတိုင္း လုပ္ေဆာင္၊အေကာင္အထည္ေဖာ္ခြင့္ ေပးရပါမယ္။

ဒါေပမဲ့ ခ်ဳပ္ခ်ယ္လြန္းတဲ့ မိဘေတြဟာ ကေလးကို လမ္းမွားေရာက္မွာစိုးတယ္ဆိုတဲ့ အခ်က္တစ္ခ်က္တည္းနဲ႔ ကေလးကို လြတ္လြတ္လပ္လပ္ေတြးေခၚခြင့္ မေပးေတာ့ပါဘူး။ ကိုယ့္ရဲ႕ အေတြးအေခၚ အယူအဆေတြ၊ ကိုယ္ သေဘာက်တဲ့ ဆံုးျဖတ္ခ်က္ေတြနဲ႔ပဲ ကေလးကို လႊမ္းမိုးထားတဲ့အခါ ကေလးရဲ႕ ဦးေႏွာက္ဟာ ထိုးေဖာက္စဥ္းစားႏိုင္စြမ္း၊ တီထြင္ဖန္တီးႏိုင္စြမ္း နည္းပါးသြားပါလိမ့္မယ္။

ကေလးေတြဟာ သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ကေန ထြက္ေပၚလာတဲ့ ေကာင္းက်ိဳးေတြ၊ ဆိုးျပစ္ေတြကို သူတို႔ ကိုယ္တိုင္ သင္ယူသြားတတ္တာမို႔ ေယာင္းတို႔အေနနဲ႔ အရမ္းႀကီး စိတ္ပူတာမ်ိဳး မျဖစ္ေစခ်င္ပါဘူး။

(၅) အမွားေတြကို ေၾကာက္တတ္လာမယ္။

လူတိုင္းဟာ အမွားနဲ႔ မကင္းၾကသလို အမွားေတြဟာ အမွန္ေတြကို သင္ယူဖို႔ အေကာင္းဆံုးအရာပါ။ မွားဖူးတာ မ်ားေလ၊ မွန္တာေတြကို ပိုရွာေတြ႕လာေလပါပဲ။ ဒါေပမဲ့ အဆိုးျမင္တတ္တဲ့ မိဘေတြကေတာ့ သားသမီးကို အမွားလုပ္ခြင့္ မေပးဘဲ လုပ္ရပ္တိုင္းမွာ လိုက္လံခ်ဳပ္ခ်ယ္တတ္ၾကပါတယ္။ အမွားလုပ္မိတိုင္းလည္း ကေလးကို ဆိုးဆိုးရြားရြား ျပစ္တင္ေဝဖန္တတ္ၾကပါတယ္။

အက်ိဳးဆက္ကေတာ့ ကေလးဟာ အမွားေတြကို မလုပ္ရဲေတာ့တာေၾကာင့္ ၊ အမွားေတြကို ေၾကာက္လာတာေၾကာင့္ အမွန္ေတြနဲ႔ ေဝးကြာသြားပါလိမ့္မယ္။ ဘယ္ဟာ မွားလဲ မွန္လဲ သူကိုယ္တိုင္ စမ္းသပ္၊ ဆံုးျဖတ္တာမ်ိဳး မလုပ္ႏိုင္ေတာ့ပါဘူး။

ျဖစ္သင့္တာကေတာ့ “သားသမီးကို အမွား မလုပ္လာနဲ႔ေနာ္” လို႔ ဖိအားေပး ႀကိမ္းဝါးမယ့္အစား “မွားတာရွက္စရာ မဟုတ္ဘူး။ အမွားကို သိၿပီး အမွန္ကို သင္ယူတတ္ဖို႔ပဲ လိုတယ္ေနာ္” လို႔ ဆံုးမ သင့္တာပါ။

Related Article >>> ဘာေၾကာင့္မ်ား ကေလးေရွ႕မွာ မိဘႏွစ္ပါး ရန္မျဖစ္သင့္တာလဲ

(၆) စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ျဖစ္လာမယ္

ခ်ဳပ္ခ်ယ္လြန္းတဲ့ မိဘေတြနဲ႔ ေနရတဲ့အခါ ကေလးဟာ တျခားကေလးေတြေလာက္ မလြတ္လပ္၊ မေပ်ာ္ရႊင္ရတဲ့ သူ႔ဘဝကို ၾကည့္ၿပီး စိတ္ဓာတ္က်တာ၊ မိမိကိုယ္မိမိ ယံုၾကည္မႈ ေလ်ာ့နည္းတာေတြ ျဖစ္လာႏိုင္ပါတယ္။ သူတို႔ ျဖစ္ေစခ်င္တဲ့အတိုင္း မျဖစ္တဲ့အခါ ႀကိမ္းဝါး၊ ဖိအားေပးတတ္တဲ့ မိဘေတြေၾကာင့္ ကေလးမွာ မေပ်ာ္ရႊင္ေတာ့တာ၊ စိတ္ပူပန္လြန္တတ္တာလည္း ျဖစ္လာႏိုင္ပါတယ္။

သားသမီးရဲ႕ ဆႏၵ နဲ႔ ကိုယ္ေရးကိုယ္တာေတြကို အေလးမထားဘဲ ခ်ဳပ္ခ်ယ္ေနမယ္ဆိုရင္ ၾကာရင္ မိဘနဲ႔ ကေလးဟာ စိတ္ခ်င္း ေဝးကြာသြားပါလိမ့္မယ္။

ဒါေၾကာင့္ ခ်ဳပ္ခ်ယ္တာဟာ မိဘအတြက္ေရာ သားသမီးအတြက္ပါ မွန္ကန္တဲ့ နည္းလမ္းမဟုတ္ပါဘူး။ သားသမီးကို ဘယ္အရာမဆို လြတ္လပ္ခြင့္ေပးၿပီး ေတြးေခၚ၊ လုပ္ေဆာင္၊ သင္ယူေစတာသာ သင့္ေတာ္တဲ့ နည္းလမ္းျဖစ္ပါတယ္ေနာ္။

By

Mia (For Her Myanmar)

Reference links: Very Well Family Apacenter

<<< Unicode >>>

စိုးရိမ်လို့ ဆိုပေမဲ့ အရမ်းချုပ်ချယ်မိတဲ့အခါမှာ… 

မိဘတိုင်း သားသမီးကို ချစ်ကြမယ်ဆိုတာ ယုံမှားသံသယဖြစ်ဖွယ် မရှိပါဘူး။ ဒါပေမဲ့ မှန်ကန်တဲ့ နည်းလမ်းနဲ့တော့ ချစ်ဖို့ လိုပါတယ်။ မဟုတ်ရင် ချစ်ရာ မရောက်ဘဲ နှစ်ရာ ရောက်သွားပါလိမ့်မယ်။ သားသမီးကို “ချစ်လွန်းလို့ ” ဆိုပြီး နေရာတကာ ချုပ်ချယ်တာ၊ အလွန်အကျွံ အုပ်ထိန်းတာလည်း ချစ်ရာ မရောက်ဘဲ နှစ်ရာရောက်နေတဲ့ အပြုအမူတွေထဲက တစ်ခုပါ ယောင်းတို့ရေ… သားသမီးတွေကို အလွန်အကျွံ ချုပ်ချယ်၊အုပ်ထိန်းခြင်းကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့….

(၁) ကလေးကို စိတ်ပင်ပန်း မွန်းကျပ်စေတယ်။

ကလေးရဲ့ ဆန္ဒနဲ့ ဝါသနာကို မမေးမြန်းဘဲ အတန်းထဲ ထိပ်ရောက်စေလိုတဲ့ ကိုယ့်ရဲ့ အတ္တတစ်ခုတည်းကို ကြည့်ပြီး ကလေးကို အတင်းတွန်းနေတဲ့ မိဘမျိုးတွေရှိပါတယ်။ နားချိန် ဆော့ချိန်လေးတောင် မပေးဘဲ ကလေးကို ကျူရှင်၊ဂိုက်၊ သင်တန်းတွေ တစ်ခုပြီးတစ်ခု ပို့ပြီး ဖိအားပေးတဲ့ မိဘမျိုးပေါ့။

လေ့လာချက်တွေအရ ဘာသာရပ်ဆိုင်ရာ သင်တန်း၊ကျူရှင်တွေ အများကြီး ပို့ပေမဲ့ သူ့မှာ စိတ်အားထက်သန်စွာ လေ့လာလိုစိတ်(passion) သာ မရှိရင် အဲဒီကလေးဟာ ပိုမတော်သွားပါဘူး။ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမွန်းကျပ်လာတာ နဲ့ မိဘအနေနဲ့ အကြောင်းမဲ့ ငွေအကုန်အကျများတာပဲ အဖတ်တင်ပါလိမ့်မယ်။

ဥပမာပေးရရင် တယောထိုး ကျွမ်းကျင်သူ ဖြစ်လိုတဲ့ ကလေးကို သိပ္ပံဘာသာရပ်တွေမှာ အမှတ်များဖို့ ဖိအားမပေးသင့်တာမျိုးပေါ့။

(၂) သဘာဝလောကကြီးကနေ သင်ယူတတ်မြောက်နိုင်တဲ့ စွမ်းရည် မရှိတော့ဘူး။

သားသမီးကို ဘေးတွေ့မှာစိုးတာနဲ့ပဲ အလွန်အကျွံ ကာစီးတတ်တဲ့ (over-protective) မိဘတွေ ရှိပါတယ်။ ဒီလို မိဘတွေဟာ သားသမီးကို တစ်ချိန်လုံး မျက်စိဒေါက်ထောက်ကြည့်နေတတ်ပြီး သူတို့မပါရင် ဘယ်နေရာ၊ ဘယ်ခရီးကိုမှ ပေးမသွားတတ်ကြပါဘူး။ ကျောင်း၊ အိမ်၊ အလုပ် ဒီ(၃)နေရာသာ ပေးသွားပြီး တခြားဘာမှ ပေးမလုပ်တတ်ကြပါဘူး။

ကြာလာရင် ကလေးဟာ လောကကြီးရဲ့ “ကိုယ်ထူ ကိုယ်ထ စနစ်” (self-help system) ကို နားမလည်နိုင်တော့ဘဲ မိဘကိုပဲ အရမ်းအားကိုးလာပါလိမ့်မယ်။ “ကိုယ်ဖြစ်ရင် ကိုယ်ခံ”ရတဲ့ သဘာဝတရားကြီးကနေ ဘဝနေနည်းတွေကို မသင်ယူနိုင်တော့ပါဘူး။

Related Article >>> ကလေးကို ရိုက်နှက် ဆုံးမခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

(၃) လူမှုဆက်ဆံရေး အားနည်းလာပါလိမ့်မယ်။

ဟိုလည်း မသွားရ၊ ဒီလည်း မသွားရ တားမြစ်နေတတ်တာမို့ ကလေးမှာ လူတွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံဆက်ဆံချိန် မရှိတော့ပါဘူး။ ဒါကြောင့် ကလေးဟာ လူမှုဆက်ဆံရေး အားနည်းတာ၊ အပေါင်းအသင်းမိတ်ဆွေတွေ ရှာဖွေတတ်ပြီး လူမှုကွန်ရက် ချဲ့ထွင်နိုင်စွမ်း မရှိတော့တာမျိုး ဖြစ်လာနိုင်ပါတယ်။

လူတွေအကြောင်း နားလည်ပြီး ဘဝမှာ လည်လည်ဝယ်ဝယ် ကျင်လည်နိုင်ဖို့ဆို သားသမီးကို လူ့အဖွဲ့အစည်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်၊ တွေ့ဆုံဆက်ဆံခွင့် ပေးသင့်ပါတယ်နော်။

(၄) တီထွင်ဖန်တီးနိုင်စွမ်း မရှိတော့ပါဘူး။

ကလေးရဲ့ ဦးနှောက်ဟာ အသစ်အဆန်းတွေကို တီထွင်စဉ်းစားနိုင်ဖို့ဆို မိဘတွေဟာ သားသမီးကို လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်၊အကောင်အထည်ဖော်ခွင့် ပေးရပါမယ်။

ဒါပေမဲ့ ချုပ်ချယ်လွန်းတဲ့ မိဘတွေဟာ ကလေးကို လမ်းမှားရောက်မှာစိုးတယ်ဆိုတဲ့ အချက်တစ်ချက်တည်းနဲ့ ကလေးကို လွတ်လွတ်လပ်လပ်တွေးခေါ်ခွင့် မပေးတော့ပါဘူး။ ကိုယ့်ရဲ့ အတွေးအခေါ် အယူအဆတွေ၊ ကိုယ် သဘောကျတဲ့ ဆုံးဖြတ်ချက်တွေနဲ့ပဲ ကလေးကို လွှမ်းမိုးထားတဲ့အခါ ကလေးရဲ့ ဦးနှောက်ဟာ ထိုးဖောက်စဉ်းစားနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း နည်းပါးသွားပါလိမ့်မယ်။

ကလေးတွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်ကနေ ထွက်ပေါ်လာတဲ့ ကောင်းကျိုးတွေ၊ ဆိုးပြစ်တွေကို သူတို့ ကိုယ်တိုင် သင်ယူသွားတတ်တာမို့ ယောင်းတို့အနေနဲ့ အရမ်းကြီး စိတ်ပူတာမျိုး မဖြစ်စေချင်ပါဘူး။

(၅) အမှားတွေကို ကြောက်တတ်လာမယ်။

လူတိုင်းဟာ အမှားနဲ့ မကင်းကြသလို အမှားတွေဟာ အမှန်တွေကို သင်ယူဖို့ အကောင်းဆုံးအရာပါ။ မှားဖူးတာ များလေ၊ မှန်တာတွေကို ပိုရှာတွေ့လာလေပါပဲ။ ဒါပေမဲ့ အဆိုးမြင်တတ်တဲ့ မိဘတွေကတော့ သားသမီးကို အမှားလုပ်ခွင့် မပေးဘဲ လုပ်ရပ်တိုင်းမှာ လိုက်လံချုပ်ချယ်တတ်ကြပါတယ်။ အမှားလုပ်မိတိုင်းလည်း ကလေးကို ဆိုးဆိုးရွားရွား ပြစ်တင်ဝေဖန်တတ်ကြပါတယ်။

အကျိုးဆက်ကတော့ ကလေးဟာ အမှားတွေကို မလုပ်ရဲတော့တာကြောင့် ၊ အမှားတွေကို ကြောက်လာတာကြောင့် အမှန်တွေနဲ့ ဝေးကွာသွားပါလိမ့်မယ်။ ဘယ်ဟာ မှားလဲ မှန်လဲ သူကိုယ်တိုင် စမ်းသပ်၊ ဆုံးဖြတ်တာမျိုး မလုပ်နိုင်တော့ပါဘူး။

ဖြစ်သင့်တာကတော့ “သားသမီးကို အမှား မလုပ်လာနဲ့နော်” လို့ ဖိအားပေး ကြိမ်းဝါးမယ့်အစား “မှားတာရှက်စရာ မဟုတ်ဘူး။ အမှားကို သိပြီး အမှန်ကို သင်ယူတတ်ဖို့ပဲ လိုတယ်နော်” လို့ ဆုံးမ သင့်တာပါ။

Related Article >>> ဘာကြောင့်များ ကလေးရှေ့မှာ မိဘနှစ်ပါး ရန်မဖြစ်သင့်တာလဲ

(၆) စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာမယ်

ချုပ်ချယ်လွန်းတဲ့ မိဘတွေနဲ့ နေရတဲ့အခါ ကလေးဟာ တခြားကလေးတွေလောက် မလွတ်လပ်၊ မပျော်ရွှင်ရတဲ့ သူ့ဘဝကို ကြည့်ပြီး စိတ်ဓာတ်ကျတာ၊ မိမိကိုယ်မိမိ ယုံကြည်မှု လျော့နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ သူတို့ ဖြစ်စေချင်တဲ့အတိုင်း မဖြစ်တဲ့အခါ ကြိမ်းဝါး၊ ဖိအားပေးတတ်တဲ့ မိဘတွေကြောင့် ကလေးမှာ မပျော်ရွှင်တော့တာ၊ စိတ်ပူပန်လွန်တတ်တာလည်း ဖြစ်လာနိုင်ပါတယ်။

သားသမီးရဲ့ ဆန္ဒ နဲ့ ကိုယ်ရေးကိုယ်တာတွေကို အလေးမထားဘဲ ချုပ်ချယ်နေမယ်ဆိုရင် ကြာရင် မိဘနဲ့ ကလေးဟာ စိတ်ချင်း ဝေးကွာသွားပါလိမ့်မယ်။

ဒါကြောင့် ချုပ်ချယ်တာဟာ မိဘအတွက်ရော သားသမီးအတွက်ပါ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ သားသမီးကို ဘယ်အရာမဆို လွတ်လပ်ခွင့်ပေးပြီး တွေးခေါ်၊ လုပ်ဆောင်၊ သင်ယူစေတာသာ သင့်တော်တဲ့ နည်းလမ်းဖြစ်ပါတယ်နော်။

By

Mia (For Her Myanmar)

Reference links: Very Well Family Apacenter

No Comments Yet

Comments are closed