Knowledge

တရုတ်ရိုးရာ သတ်သတ်လွတ်စားပွဲတော် (သို့) ရှင်ဥပဂုတ်ပူဇော်ပွဲကြီး

ပွဲစစချင်းညကတည်းက ခမ်းနားချက်ပဲ…

တရုတ်အကြောင်းတွေရေးရင် တခြားလူကိုပြေးမကြည့်ပါနဲ့။ အက်မင်တရုတ်မ နှင်းပါပဲနော်။ အင်မတန်ရှုပ်ထွေးပွေလီပြီး ပွဲများတဲ့လူမျိုးဖြစ်တဲ့အလျှောက် ဒီလမှာလည်း ရှင်ဥပဂုတ်လို့ခေါ်တဲ့ တရုတ်သတ်သတ်လွတ်စားပွဲတော် ရှိပါတယ်။ (မြန်မာမှာလည်း ရှင်ဥပဂုတ္တဆိုတဲ့ ပွဲတော်ရှိတယ်။ နှင်းတို့တရုတ်နဲ့ပုံစံချင်းတူပေမဲ့ နှင်းတို့ကတော့ ရှင်ဥပဂုတ်လို့ပဲခေါ်ပါတယ်။) ဘာပွဲလဲ? ဘာတွေလုပ်ပြီး ဘယ်လိုအကျိုးတွေဖြစ်လဲဆိုတာကိုတော့ ဆက်ကြည့်ကြည့်ရအောင်လေ။

ဒါနတ်မင်းကြီးကိုးပါးပါ

တရုတ်ရှင်ဥပဂုတ်ပွဲက နတ်မင်းကြီးကိုးပါး (The Nine Emperor God – 九皇大帝) ကိုရည်စူးပြီး ကျင်းပတဲ့ပွဲတော်ဖြစ်ပါတယ်။ နှစ်စဉ် တရုတ်ပြက္ခဒိန်ရဲ့ ကိုးလမြောက် (အင်္ဂလိပ်လိုဆိုရင်တော့ ၁၀ လပိုင်းပေါ့။) လဦးပိုင်းတွေမှာ ကိုးရက်တိုင်တိုင်ကျင်းပလေ့ရှိပါတယ်။ အများသောအားဖြင့် Fujian and Guangdong (လက်ရှည်နဲ့လက်တိုလူမျိုးတွေ) ကအထူးအလေးထားပူဇော်လေ့ရှိပြီး ကျန်းမာရေးနဲ့ စီးပွားရေးကို အရမ်းအကျိုးပေးတယ်လို့လည်း အဆိုရှိပါတယ်။ ချင်နဲ့ ဟန်မင်းဆက်လက်ထက် (လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက) ကျင်းပခဲ့တာဖြစ်ပြီး စစ်ဖြစ်ပြီးကာလနောက်ပိုင်းမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား စတဲ့နိုင်ငံတွေမှာလည်း ကျယ်ကျယ်ပျံ့ပျံ့ကျင်းပလာကြပါတယ်။

စားပွဲအခင်းအကျင်းကို ရိုက်လာတာ 😛

Related Article >>> တရုတ်အမျိုးသမီးတွေ လုပ်ကိုင်ခွင့်မရခဲ့တဲ့ အလုပ်အကိုင်များ

ဆိုတော့ကား မနေ့ညက အဲဒီပွဲရှိတယ်ဆိုတော့ နှင်းလည်းစပ်စပ်စုစုနဲ့လိုက်သွားကြည့်လိုက်တယ်လေ။ (ပွဲအစအဆုံးကို မြင်ရတာတော့ အမြတ်ပေါ့ :P) သူကအဓိက အဲဒီဘုံကျောင်းရဲ့အောက်စားပွဲထိပ်မှာ ထားထားတဲ့ အမွှေးနံ့သာအိုးက အရေးအကြီးဆုံးပဲ။ (အဲဒီအိုးကို ပြာအိုးလို့လည်း ခေါ်ပါတယ်တဲ့။) စားပွဲပေါ်မှာလည်း အသီးအနှံ၊ ယိုကိုးမျိုး၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ရွှေစက္ကူ၊ ငွေစက္ကူ စသည်ဖြင့် ခင်းကျင်းထားပါတယ်။ ဘုံကျောင်းအပေါ်မှာတော့ လိပ်ပေါင်မုန့်ပန်းရောင်လေးတွေ (ငယ်ငယ်တုန်းက ပန်းရောင်လေးနဲ့ လိပ်အရုပ်လုပ်ထားတာဆိုတော့ အရမ်းကြိုက်တာ အသက်ကြီးလာတဲ့အချိန်စားတော့ zzzzz)၊ လိပ်သော့ချိတ်သေးသေးလေး၊ ရှင်ဥပဂုတ်ဆွဲကြိုးနဲ့ အမွှေးတိုင်ငွေ့တစ်ထောင်းထောင်းနဲ့ မွှန်ထူနေပါလိမ့်မယ်။ (နှင်းကတော့ ခဏလေးပဲဝင်ပြီး ပြန်ထွက်လာတာ။ မျက်ရည်တွေပါဝဲတက်လာလို့လေ။)

ဓာ့ပုံရိုက်နေပါတယ်ဆိုမှ ဟိုပိတ်ဒီပိတ်တွေကလည်း တစ်မျိုး

ဘုံကျောင်းမှာ အမွှေးတိုင်ထွန်းပြီး ပြန်ဆင်းလာတော့ ၁၁ ခွဲကျော်ပေါ့။ ဟိုကြည့်ဒီကြည့်နဲ့ ဝေဖန်လေကန်ရင်း ၁၂ နာရီထိုးတဲ့အခါ တရုတ်ဘုန်းတော်ကြီးနဲ့ ဘုံကျောင်းလူကြီးတွေက ဆင်းလာပြီး ရွတ်ဖတ်ရင်း နတ်မင်းကြီးကိုးပါးကို ပင့်ဖိတ်ပါတယ်။ (ဒီနတ်မင်းကြီးတွေကလည်း အချေဗျား၊ အကယ်၍လမ်းထဲမှာ နာရေး စသည်ဖြင့် အမင်္ဂလာတစ်ခုခု ရှိနေရင် လေကြီးမိုးကြီးတွေကျ သန့်ရှင်းအောင်လုပ်ပြီးမှ ကြွလာတာတဲ့။) စာချတဲ့အခါမှာလည်း သူပျော်တယ်ဆိုရင် ချက်ချင်းအကောင်းကျပေမဲ့ သူမပျော်တဲ့အခါမှာတော့ ပေါက်ကရတွေ ကျကျနေတတ်ပါတယ်။ မနေ့ညကတော့ ကံကောင်းစွာနဲ့ချက်ချင်း အကောင်းကျသွားရော။ ကျကျချင်း နဂါးကလည်း ထမြူးပြီး အားလုံးကုန်းကန်တော့ကြတာလေ။ (နှင်းတောင်အူလည်လည်နဲ့ မတ်တပ် :P) ပြီးတော့ အဲဒီပြာအိုးကို ဘုံကျောင်းရဲ့အနောက်ဘက်အခန်းထဲ သွားထည့်ပြီး ကိုးရက်တိုင်တိုင် အဲဒီအခန်းထဲကို ဘယ်သူမှမဝင်ရပါဘူးတဲ့။ ကိုးရက်ပြည့်တဲ့အခါမှ ပြန်ထုတ်ပြီး ပြာအိုးကိုင်ဖို့ မဲပေါက်တဲ့လူကြီးတွေက ဦးဆောင်ပြီး ရေလယ်ခေါင်မှာသွားမျှောရပါတယ်။

ပြာအိုးရှို့ပြီး နတ်ကိုပင့်နေကြပြီ
ဘုံကျောင်းအပေါ်ကို ဓာတ်ပုံရိုက်မရလို့ ပြာအိုးကို သယ်ကြပြီလေ
ကံကောင်းတယ် တစ်ယောက်တစ်ဇွန်းသွားထည့်ဆိုလို့ 😛

Related Article >>> တရုတ်မင်္ဂလာဆောင်သွားရင် ဘာတွေဝတ်သင့်လဲ? ဘာတွေရှောင်သင့်လဲ?

ဒီကိုးရက်အတွင်းမှာ ကိုယ့်ရဲ့စီးပွားရေး၊ကျန်းမာရေး စသည်ဖြင့် လိုရာဆုတစ်ခုကိုတောင်းပြီး သားသတ်လွတ်စား အဓိဠာန်ရင် ဆုတောင်းတွေပြည့်ပါတယ်တဲ့။ အကယ်၍ သားသတ်လွတ်စားနေတဲ့အချိန် အသားခိုးစားရင်တော့ မခံမရပ်နိုင်အောင်ဗိုက်နာပြီး ဝမ်းသွားတတ်တဲ့ အယူလည်းရှိတယ်လို့ ဆိုကြပါသေးတယ်။ (နှင်းငယ်ငယ်တုန်းက စားဖူးတယ် တကယ်ဖြစ်တာ :P) ဘာပဲပြောပြော ကိုယ့်ရိုးရာနဲ့ကိုယ်ဆိုတော့လည်း ယုံကြည်ချက်လေးတစ်ခုပေါ့လေ။ အမျိုးတွေတစ်စုတည်းတွေ့ရတော့ ပျော်ဖို့လည်း ကောင်းပါတယ်။ နောက်ဆုံးပြာအိုးမျှောတဲ့နေ့ကျရင်လည်း ထပ်သွားစပ်စုပြီး အခါအခွင့်ကြုံရင် ထပ်တင်ဆက်ပါဦးမယ်လို့….။

Hnin Ei Oo (For Her Myanmar)

References : taoist-sorcery, nine-emperorgods

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *