Knowledge

လူ႕အခြင့္အေရး ခ်ိဳးေဖာက္ခံေနရတဲ့ ကမာၻတစ္လႊားက ကေလးသတို႔သမီးမ်ား

အျပစ္ကင္းတဲ့ ဒီမိန္းကေလးငယ္ေလးဟာ ဘယ္လိုမ်ား အိမ္ေထာင္႐ွင္ဘဝနဲ႔ က်င္လည္ႏိုင္မလဲ?

ဆယ္ႏွစ္သမီးေလးတစ္ေယာက္ကို သူ႔အေမက သတို႔သမီးဝတ္စံု ဝတ္ဆင္ေပးၿပီး မိတ္ကပ္ျခယ္သေပးေနပါတယ္။ ေဘးနားမွာလည္း ေဆြမ်ိဳးေတြက ေပ်ာ္႐ႊင္စြာနဲ႔ ကူညီလုပ္ကိုင္ေပးလုိ႔ေပါ့။ ဒီျမင္ကြင္းကို ႐ုတ္တရက္ျမင္ရရင္ ေကာင္မေလးက ေက်ာင္းကပြဲမွာ သ႐ုပ္ေဆာင္ဖို႔အတြက္မ်ား ျပင္ဆင္ေပးေနသလားလုိ႔ ထင္ျမင္မိမွာပါ။

အမွန္မွာေတာ့ ဆယ္ႏွစ္အ႐ြယ္ဒီေကာင္မေလးဟာ အိမ္ေထာင္႐ွင္မဘဝကို ခံယူဖို႔အတြက္ တကယ့္ သတို႔သမီးေလးျဖစ္ေတာ့မွာပါ။ ဒီလုိအျဖစ္ေတြဟာ စိတ္ကူးယဥ္ဇာတ္လမ္းလည္း မဟုတ္သလို ကမာၻတစ္ဝွမ္းမွာ အခုထိႀကံဳေတြ႕ေနရဆဲပါ။

ကေလးသူငယ္လက္ထပ္မႈ (Child Marriage) လို႔ ေခၚဆိုၾကတဲ့ အသက္မျပည့္ခင္ လက္ထပ္မႈဆုိတာ အသက္ ဆယ့္႐ွစ္ႏွစ္ေအာက္ ဒါမွမဟုတ္ ဆယ္ႏွစ္ေအာက္ ကေလးငယ္ေတြ လက္ထပ္ၾကတာကို ေခၚဆုိၿပီး အသက္မျပည့္သူဟာ ေယာက်္ားေလးေရာ၊ မိန္းကေလးပါျဖစ္ႏုိင္ပါတယ္။

Related Article >>> တရုတ္အမ်ိဳးသမီးေတြ လုပ္ကိုင္ခြင့္မရခဲ့တဲ့ အလုပ္အကိုင္မ်ား

အီသီယိုပီးယား က ကေလးသူငယ္လက္ထပ္ပြဲတစ္ခု

ဒါေပမဲ့ အသက္မျပည့္ခင္ လက္ထပ္မႈေၾကာင့္ ျဖစ္လာတဲ့ ဆုိးရြားတဲ့ ရလဒ္ေတြကို အဓိကထိခုိက္ခံစားရတာက မိန္းကေလးေတြျဖစ္ပါတယ္။ ဆိုးရြားတဲ့ရလဒ္ေတြ ဆိုတာက ပညာသင္ၾကားခြင့္ဆံုး႐ံႈးတာ၊ အျခားအေျခခံ လူ႔အခြင့္အေရးေတြ ဆံုး႐ႈံးတာ၊ ကေလးမီးဖြားရင္း အသက္ဆံုး႐ံႈးႏုိင္တာ စတာေတြျဖစ္ပါတယ္။

ဒီလို အသက္မျပည့္ခင္ လက္ထပ္မႈေတြကို အမ်ားဆံုးက်င့္သံုးေနၾကတဲ့ ေဒသေတြက အာဖရိက တုိက္အတြင္းက ႏုိင္ငံေတြ၊ အိႏၵိယ၊ ပါကစၥတန္၊ ဘဂၤလားေဒ့႐ွ္ ႏုိင္ငံေတြနဲ႔ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံေတြ ျဖစ္ၾကၿပီး အျခားေဒသေတြမွာလည္း ႐ွိေနပါတယ္။ အံ့ၾသစရာက အေမရိကန္ နဲ႔ ဥေရာပလို ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ ေနရာေတြမွာေတာင္ ကေလးသူငယ္ လက္ထပ္မႈေတြ ႐ွိေနဆဲပါ။

ေနာ္ေဝးက ကေလးသတို႔သမီးငယ္ေလးတစ္ဦး

ကေလးငယ္ေတြကို အ႐ြယ္မတိုင္ခင္ လက္ထပ္ေပးရတဲ့ အေၾကာင္းရင္းေတြက ဓေလ့ထံုးတမ္းစဥ္လာေတြ၊ ဆင္းရဲမြဲေတမႈနဲ႔ ပညာနည္းပါးျခင္းေတြ၊ က်ား/မ တန္းတူညီမွ်မႈမရွိတာေတြေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။

ကေလးသူငယ္ လက္ထပ္မႈ ျဖစ္စဥ္ကို ပညာ႐ွင္ေတြ ေလ့လာမႈေတြ ျပဳလုပ္တဲ့အခါ စိတ္ဝင္စားစရာ အခ်က္ (၅)ခ်က္ကို ေတြ႔လာရပါတယ္။ အဲဒါေတြကေတာ့ …

ဘဂၤလားေဒ့႐ွ္ က ကေလးသတုိ႔သမီးငယ္ေလး

(၁) ႏွစ္စကၠန္႔တိုင္းမွာ ကမာၻ႔တစ္ေနရာက မိန္းကေလးငယ္တစ္ေယာက္ဟာ သတုိ႔သမီးျဖစ္ေနရပါတယ္။

(၂) ဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြရဲ႕ ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္မႈေတြထဲက ၉၀%ဟာ လက္ထပ္ထားၿပီးသား မိန္းကေလးေတြျဖစ္ပါတယ္။

(၃) တကယ္လုိ႔သာ ကေလးသူငယ္ လက္ထပ္မႈကို လံုးဝတားဆီးရပ္တန္႔လိုက္ႏိုင္မယ္ဆုိရင္ အမ်ိဳးသမီးငယ္ေတြ ပညာသင္ၾကားႏုိင္ခြင့္ကို ထက္ဝက္ေလာက္ ျမွင့္တင္လာႏိုင္မွာပါ။

Related Article >>> အိႏၵိယႏိုင္ငံမွာ အမ်ိဳးသမီးေတြကို ဘယ္လို ဆက္ဆံၾကလဲ?

နီေပါ ႏိုင္ငံက ကေလးသတို႔သမီးငယ္ေလး

(၄) ဆင္းရဲတဲ့ မိသားစုက မိန္းကေလးငယ္ေတြက အ႐ြယ္မတုိင္မီ လက္ထပ္ရႏိုင္ေျခ ပိုမ်ားပါတယ္။

(၅) ကေလးသူငယ္ လက္ထပ္မႈကို ဆယ့္ငါးႏွစ္အတြင္းမွာ တားဆီးရပ္တန္႔ႏိုင္ဖို႔ ႀကိဳးစားဖို႔ ႏိုင္ငံတကာက သေဘာတူညီထားၾကပါတယ္။

တကယ္ေတာ့ အသက္ဆယ့္႐ွစ္ႏွစ္ေအာက္မွာ လက္ထပ္ျခင္းဟာ ဆိုးရြားတဲ့ ရလဒ္ေတြကို ဦးတည္ႏိုင္ေစတာမုိ႔ တားဆီးသင့္တဲ့ ကိစၥျဖစ္ၿပီး ဆယ္ႏွစ္ဝန္းက်င္ မိန္းကေလးငယ္ေတြ သတို႔သမီးျဖစ္ရျခင္း ဆုိတာကေတာ့ လံုးဝကို လက္ခံစရာမ႐ွိတဲ့ ျဖစ္ရပ္ေတြပါ။ ဒါဟာ သူတို႔ရဲ႕ ကိုယ္ပိုင္အခြင့္အေရးကို ခ်ိဳးေဖာက္ရာလည္း ေရာက္ပါတယ္။

ဒီလို ဆိုးရြားတဲ့ ျဖစ္ရပ္ေတြကို ကမာၻေျမေပၚကေန အၿပီးတိုင္ဖယ္႐ွားႏိုင္ၾကပါေစလို႔ ေမွ်ာ္လင့္ရင္း…
Sugar Cane (For Her Myanmar)

References : girlsnotbrides , weforum

<<< Unicode >>>

အပြစ်ကင်းတဲ့ ဒီမိန်းကလေးငယ်လေးဟာ ဘယ်လိုများ အိမ်ထောင်ရှင်ဘဝနဲ့ ကျင်လည်နိုင်မလဲ?

ဆယ်နှစ်သမီးလေးတစ်ယောက်ကို သူ့အမေက သတို့သမီးဝတ်စုံ ဝတ်ဆင်ပေးပြီး မိတ်ကပ်ခြယ်သပေးနေပါတယ်။ ဘေးနားမှာလည်း ဆွေမျိုးတွေက ပျော်ရွှင်စွာနဲ့ ကူညီလုပ်ကိုင်ပေးလို့ပေါ့။ ဒီမြင်ကွင်းကို ရုတ်တရက်မြင်ရရင် ကောင်မလေးက ကျောင်းကပွဲမှာ သရုပ်ဆောင်ဖို့အတွက်များ ပြင်ဆင်ပေးနေသလားလို့ ထင်မြင်မိမှာပါ။

အမှန်မှာတော့ ဆယ်နှစ်အရွယ်ဒီကောင်မလေးဟာ အိမ်ထောင်ရှင်မဘဝကို ခံယူဖို့အတွက် တကယ့် သတို့သမီးလေးဖြစ်တော့မှာပါ။ ဒီလိုအဖြစ်တွေဟာ စိတ်ကူးယဉ်ဇာတ်လမ်းလည်း မဟုတ်သလို ကမ္ဘာတစ်ဝှမ်းမှာ အခုထိကြုံတွေ့နေရဆဲပါ။

ကလေးသူငယ်လက်ထပ်မှု (Child Marriage) လို့ ခေါ်ဆိုကြတဲ့ အသက်မပြည့်ခင် လက်ထပ်မှုဆိုတာ အသက် ဆယ့်ရှစ်နှစ်အောက် ဒါမှမဟုတ် ဆယ်နှစ်အောက် ကလေးငယ်တွေ လက်ထပ်ကြတာကို ခေါ်ဆိုပြီး အသက်မပြည့်သူဟာ ယောကျ်ားလေးရော၊ မိန်းကလေးပါဖြစ်နိုင်ပါတယ်။

Related Article >>> တရုတ်အမျိုးသမီးတွေ လုပ်ကိုင်ခွင့်မရခဲ့တဲ့ အလုပ်အကိုင်များ


အီသီယိုပီးယား က ကလေးသူငယ်လက်ထပ်ပွဲတစ်ခု

ဒါပေမဲ့ အသက်မပြည့်ခင် လက်ထပ်မှုကြောင့် ဖြစ်လာတဲ့ ဆိုးရွားတဲ့ ရလဒ်တွေကို အဓိကထိခိုက်ခံစားရတာက မိန်းကလေးတွေဖြစ်ပါတယ်။ ဆိုးရွားတဲ့ရလဒ်တွေ ဆိုတာက ပညာသင်ကြားခွင့်ဆုံးရှုံးတာ၊ အခြားအခြေခံ လူ့အခွင့်အရေးတွေ ဆုံးရှုံးတာ၊ ကလေးမီးဖွားရင်း အသက်ဆုံးရှုံးနိုင်တာ စတာတွေဖြစ်ပါတယ်။

ဒီလို အသက်မပြည့်ခင် လက်ထပ်မှုတွေကို အများဆုံးကျင့်သုံးနေကြတဲ့ ဒေသတွေက အာဖရိက တိုက်အတွင်းက နိုင်ငံတွေ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်ကြပြီး အခြားဒေသတွေမှာလည်း ရှိနေပါတယ်။ အံ့သြစရာက အမေရိကန် နဲ့ ဥရောပလို ဖွံ့ဖြိုးတိုးတက်နေတဲ့ နေရာတွေမှာတောင် ကလေးသူငယ် လက်ထပ်မှုတွေ ရှိနေဆဲပါ။


နော်ဝေးက ကလေးသတို့သမီးငယ်လေးတစ်ဦး

ကလေးငယ်တွေကို အရွယ်မတိုင်ခင် လက်ထပ်ပေးရတဲ့ အကြောင်းရင်းတွေက ဓလေ့ထုံးတမ်းစဉ်လာတွေ၊ ဆင်းရဲမွဲတေမှုနဲ့ ပညာနည်းပါးခြင်းတွေ၊ ကျား/မ တန်းတူညီမျှမှုမရှိတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ကလေးသူငယ် လက်ထပ်မှု ဖြစ်စဉ်ကို ပညာရှင်တွေ လေ့လာမှုတွေ ပြုလုပ်တဲ့အခါ စိတ်ဝင်စားစရာ အချက် (၅)ချက်ကို တွေ့လာရပါတယ်။ အဲဒါတွေကတော့ …


ဘင်္ဂလားဒေ့ရှ် က ကလေးသတို့သမီးငယ်လေး

(၁) နှစ်စက္ကန့်တိုင်းမှာ ကမ္ဘာ့တစ်နေရာက မိန်းကလေးငယ်တစ်ယောက်ဟာ သတို့သမီးဖြစ်နေရပါတယ်။

(၂) ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတွေထဲက ၉၀%ဟာ လက်ထပ်ထားပြီးသား မိန်းကလေးတွေဖြစ်ပါတယ်။

(၃) တကယ်လို့သာ ကလေးသူငယ် လက်ထပ်မှုကို လုံးဝတားဆီးရပ်တန့်လိုက်နိုင်မယ်ဆိုရင် အမျိုးသမီးငယ်တွေ ပညာသင်ကြားနိုင်ခွင့်ကို ထက်ဝက်လောက် မြှင့်တင်လာနိုင်မှာပါ။

Related Article >>> အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေကို ဘယ်လို ဆက်ဆံကြလဲ?

နီပေါ နိုင်ငံက ကလေးသတို့သမီးငယ်လေး

(၄) ဆင်းရဲတဲ့ မိသားစုက မိန်းကလေးငယ်တွေက အရွယ်မတိုင်မီ လက်ထပ်ရနိုင်ခြေ ပိုများပါတယ်။

(၅) ကလေးသူငယ် လက်ထပ်မှုကို ဆယ့်ငါးနှစ်အတွင်းမှာ တားဆီးရပ်တန့်နိုင်ဖို့ ကြိုးစားဖို့ နိုင်ငံတကာက သဘောတူညီထားကြပါတယ်။

တကယ်တော့ အသက်ဆယ့်ရှစ်နှစ်အောက်မှာ လက်ထပ်ခြင်းဟာ ဆိုးရွားတဲ့ ရလဒ်တွေကို ဦးတည်နိုင်စေတာမို့ တားဆီးသင့်တဲ့ ကိစ္စဖြစ်ပြီး ဆယ်နှစ်ဝန်းကျင် မိန်းကလေးငယ်တွေ သတို့သမီးဖြစ်ရခြင်း ဆိုတာကတော့ လုံးဝကို လက်ခံစရာမရှိတဲ့ ဖြစ်ရပ်တွေပါ။ ဒါဟာ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို ချိုးဖောက်ရာလည်း ရောက်ပါတယ်။

ဒီလို ဆိုးရွားတဲ့ ဖြစ်ရပ်တွေကို ကမ္ဘာမြေပေါ်ကနေ အပြီးတိုင်ဖယ်ရှားနိုင်ကြပါစေလို့ မျှော်လင့်ရင်း…

Sugar Cane (For Her Myanmar)

References : girlsnotbrides , weforum

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *