Knowledge

တစ္ေခတ္တစ္ခါက စြယ္စံုရ ျမန္မာအႏုပညာ႐ွင္ ျမင့္ျမင့္

တစ္ခ်ိန္က ဒီလိုပညာ႐ွင္ေတြထြက္ေပၚခဲ့ဖူးပါတယ္

၂၀၁၈ ခုႏွစ္မွာ ကမာၻ႕အေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ ျမဂႏုိင္႐ုပ္႐ွင္ကို အမွတ္တရျပသတဲ့ ပြဲတစ္ခုမွာသြားေရာက္ၾကည့္႐ႈဖူးပါတယ္။ ၁၉၃၄ ခုႏွစ္က ႐ိုက္ကူးခဲ့တယ္ဆုိတဲ့ ဒီဇာတ္ကားကို ၾကည့္႐ွဳရခ်ိန္မွာ တစ္ခ်ိန္က ျမန္မာ့႐ုပ္႐ွင္ရဲ႕ အဆင့္အတန္းျမင့္မားမႈကို ခံစားမိခဲ့ပါတယ္။

ဒါတင္မက မင္းသား ခ်စ္ေဆြ၊ မင္းသမီးျမင့္ျမင့္ တို႔ရဲ႕ သ႐ုပ္ေဆာင္ အရည္အေသြးကိုလည္း ႏွစ္သက္ခဲ့မိပါတယ္။ မင္းသမီးျမင့္ျမင့္ဟာ တစ္ေခတ္တစ္ခါက လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့သလို စြယ္စံုရတယ္လုိ႔ဆုိႏိုင္ေအာင္ အရည္အခ်င္းလည္းျပည့္စံုသူမုိ႔ မသိမမီလုိက္တဲ့ သူ႔ရဲ႕အေၾကာင္းကို ေယာင္းတို႔လည္း သိ႐ွိႏုိင္ဖုိ႔ ေျပာျပလုိက္ပါရေစေနာ္။

Related Article >>> ေဒသတြင္း ယဥ္ေက်းမႈ အေမြအႏွစ္အျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ တစ္ေခတ္တစ္ခါက “ျမဂႏိုင္” ရုပ္ရွင္

ျမဂႏိုင္ဇာတ္ကားမွ မင္းသား ခ်စ္ေဆြ၊ မင္းသမီး ျမင့္ျမင့္

႐ုပ္႐ွင္မင္းသမီး ျမင့္ျမင့္ကို ေမာ္လၿမိဳင္ၿမိဳ႕မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ (ေမြးဖြားတဲ့ ခုႏွစ္ကိုအတိအက်မသိရေပမဲ့ ၁၉၂၀ ဝန္းက်င္လုိ႔ ခန္႔မွန္းမိပါတယ္) ျမင့္ျမင့္ဟာ အစ္မျဖစ္သူေတြ ႐ုပ္႐ွင္မင္းသမီးေ႐ြးခ်ယ္ပြဲကို သြားေရာက္ယွဥ္ၿပိဳင္ရာမွာ အေဖာ္လုိက္ပါသြားခဲ့ပါတယ္။

အဲဒီမွာ သူက ဝင္ေရာက္အေ႐ြးခံခဲ့ရင္း အစ္မေတြက အေ႐ြးခ်ယ္မခံရဘဲ သူ႔ကို မင္းသမီး အျဖစ္ေ႐ြးခ်ယ္လိုက္တယ္လုိ႔ သိရပါတယ္။ အဲဒီအခ်ိန္မွာ ျမင့္ျမင့္ဟာ အသက္ ၁၄ ႏွစ္သာ႐ွိပါေသးတယ္။

ျမင့္ျမင့္ဟာ မင္းသမီးအျဖစ္နဲ႔ ဖူး၊ စိမ္းေ႐ႊေ႐ႊ၊ ျမဂႏိုင္ စတဲ့ ဇာတ္လမ္းေတြမွာ မင္းသမီးအျဖစ္သ႐ုပ္ေဆာင္ခဲ့ရၿပီး နာမည္ႀကီးလာခဲ့ပါတယ္။ အထူးသျဖင့္ ျမဂႏုိင္ဇာတ္ကား နာမည္ႀကီးလာတဲ့ေနာက္ သူဟာလည္း ျမဂႏိုင္ျမင့္ျမင့္ ရယ္လုိ႔ နာမည္ေက်ာ္လာပါတယ္။

ျမင့္ျမင့္ကို စြယ္စံုရမင္းသမီးလုိ႔ ဆုိၾကတာက အၾကမ္းအရမ္း အႏုအယဥ္ ဘက္စံုကၽြမ္းက်င္သူျဖစ္လို႔ပါ။ သူဟာ ငယ္စဥ္ကတည္း စက္ဘီး (အဲဒီေခတ္အေခၚ ဘုိင္စကယ္) နဲ႔ ေမာ္လၿမိဳင္ကေန သထံု အထိ သြားလာေနတတ္သူလုိ႔ ဆုိပါတယ္။

႐ုပ္႐ွင္မင္းသမီးျဖစ္လာေတာ့လည္း တာေဝးေျပး၊ တန္းခုန္၊ ႀကိဳးခုန္၊ ျမင္းစီး စတဲ့ ပညာရပ္ေတြကို သင္ယူခဲ့ပါတယ္။ အဲဒီေခတ္က စတန္႔လုိ႔ေခၚတဲ့ စြန္႔စားခန္းမ်ားမ်ားပါတဲ့ ဇာတ္လမ္းေတြကို လူႀကိဳက္မ်ားတာမုိ႔ မင္းသားေတြတင္မက မင္းသမီးေတြပါ စတန္႔ေကာင္းမွ လူႀကိဳက္မ်ားတဲ့ေခတ္ပါ။ ဒါေၾကာင့္ စတန္႔ မင္းသား၊ မင္းသမီးေတြ အမ်ားအျပား ထြက္ေပၚခဲ့တာေပါ့…

Related Article >>> ေဟာလိဝုဒ္ အထိ ထိုးေဖာက္ႏိုင္ခဲ့တဲ့ ျမန္မာ့ရုပ္ရွင္မင္းသမီးတစ္လက္

ျမဂႏိုင္႐ုပ္႐ွင္က မငး္သမီးျမင့္ျမင့္

ျမင့္ျမင့္ဟာလည္း စတန္႔ပိုင္းမွာ အရမ္းထူးခၽြန္တာမိ်ဳး မဟုတ္ေတာင္ ျမင္းစီးရတဲ့အခန္းေတြဆို လူစားထိုးစရာမလိုဘဲ ကိုယ္တုိင္သ႐ုပ္ေဆာင္ႏိုင္ခဲ့တယ္လုိ႔ဆုိပါတယ္။ ဒီလို စြန္႔စားရတဲ့ေနရာေတြမွာ ကၽြမ္းက်င္ေပမဲ့ ဇာတ္ကားမ႐ုိက္တဲ့အခါမ်ိဳးမွာေတာ့ ေအးေအးေဆးေဆး ေနတတ္သူလုိ႔လည္း သိရပါတယ္။

သူဟာ မာန္မာနေၾကာင့္မဟုတ္ဘဲ ပင္ကိုယ္သဘာဝကိုက ႏူးည့ံသိမ္ေမြ႔ေအးေဆးသူျဖစ္တာေၾကာင့္လို႔ ဆိုပါတယ္။ ႐ုပ္႐ွင္႐ုိက္တဲ့အခါ သူ႔အခန္းမပါတဲ့အခ်ိန္မ်ိဳးဆို ဆြယ္တာထိုးေနတတ္သူ၊ ဆရာသမားစကားနားေထာင္တတ္သူ၊ လူခ်စ္လူခင္ေပါသူကေလး လို႔လည္း အသိအမွတ္ျပဳခဲ့ၾကပါေသးတယ္။

ျမင့္ျမင့္ဟာ ျမဂႏိုင္႐ုပ္႐ွင္ဇာတ္ကားနဲ႔ နာမည္ႀကီးမင္းသမီးျဖစ္ခဲ့ၿပီးေနာက္ နီလာေရာင္၊ ၾကယ္တာရာ၊ ျပဒါး႐ွင္၊ စိုးပါနဲ႔ေမ စတဲ့ဇာတ္ကားေတြကို ႐ုိက္ကူးေနရင္းမွာပဲ တိုက္ဖိြဳက္ေရာဂါနဲ႔ ရန္ကုန္ေဆး႐ံုႀကီးမွာ ႐ုတ္တရက္ ကြယ္လြန္ခဲ့တယ္လုိ႔ သိရပါတယ္။

ျမင့္ျမင့္ဟာကြယ္လြန္ခ်ိန္မွာ အသက္ ၁၇ ႏွစ္ သာ႐ွိပါေသးတယ္။ အဲဒီေခတ္ကာလမွာေတာ့ အ႐ြယ္ငယ္စဥ္၊ ေအာင္ျမင္ေနစဥ္မွာ မေမွ်ာ္လင့္ဘဲ ဆံုးပါးခဲ့ရတဲ့ ျမင့္ျမင့္ကို ပရိသတ္အမ်ားက ႏွေျမာဝမ္းနည္းခဲ့ၾကရတာေပါ့…

ဒါကေတာ့ တစ္ေခတ္တုန္းကနာမည္ႀကီးခဲ့တဲ့ မင္းသမီးျမင့္ျမင့္ရဲ႕အေၾကာင္းပါ။ လူေသသြားေပမဲ့ နာမည္မေသေသးတဲ့ မင္းသမီးျမင့္ျမင့္ကို ေလးစားသေဘာက်သလို သူ႔လုိ ထူးခၽြန္တဲ့သ႐ုပ္ေဆာင္မင္းသမီးေတြ ထပ္မံေပၚထြက္လာဖို႔ ေမွ်ာ္လင့္ရင္း…

Sugar Cane (For Her Myanmar)

References: စာေရးဆရာမ ေစာမံုညင္း၏ ျမန္မာအမ်ိဳးသမီး စာအုပ္

<<< Unicode >>>

တစ်ချိန်က ဒီလိုပညာရှင်တွေထွက်ပေါ်ခဲ့ဖူးပါတယ်

၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ မြဂနိုင်ရုပ်ရှင်ကို အမှတ်တရပြသတဲ့ ပွဲတစ်ခုမှာသွားရောက်ကြည့်ရှုဖူးပါတယ်။ ၁၉၃၄ ခုနှစ်က ရိုက်ကူးခဲ့တယ်ဆိုတဲ့ ဒီဇာတ်ကားကို ကြည့်ရှုရချိန်မှာ တစ်ချိန်က မြန်မာ့ရုပ်ရှင်ရဲ့ အဆင့်အတန်းမြင့်မားမှုကို ခံစားမိခဲ့ပါတယ်။

ဒါတင်မက မင်းသား ချစ်ဆွေ၊ မင်းသမီးမြင့်မြင့် တို့ရဲ့ သရုပ်ဆောင် အရည်အသွေးကိုလည်း နှစ်သက်ခဲ့မိပါတယ်။ မင်းသမီးမြင့်မြင့်ဟာ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို စွယ်စုံရတယ်လို့ဆိုနိုင်အောင် အရည်အချင်းလည်းပြည့်စုံသူမို့ မသိမမီလိုက်တဲ့ သူ့ရဲ့အကြောင်းကို ယောင်းတို့လည်း သိရှိနိုင်ဖို့ ပြောပြလိုက်ပါရစေနော်။

Related Article >>> ဒေသတွင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ တစ်ခေတ်တစ်ခါက “မြဂနိုင်” ရုပ်ရှင်


မြဂနိုင်ဇာတ်ကားမှ မင်းသား ချစ်ဆွေ၊ မင်းသမီး မြင့်မြင့်

ရုပ်ရှင်မင်းသမီး မြင့်မြင့်ကို မော်လမြိုင်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ (မွေးဖွားတဲ့ ခုနှစ်ကိုအတိအကျမသိရပေမဲ့ ၁၉၂၀ ဝန်းကျင်လို့ ခန့်မှန်းမိပါတယ်) မြင့်မြင့်ဟာ အစ်မဖြစ်သူတွေ ရုပ်ရှင်မင်းသမီးရွေးချယ်ပွဲကို သွားရောက်ယှဉ်ပြိုင်ရာမှာ အဖော်လိုက်ပါသွားခဲ့ပါတယ်။

အဲဒီမှာ သူက ဝင်ရောက်အရွေးခံခဲ့ရင်း အစ်မကတွေက အရွေးချယ်မခံရဘဲ သူ့ကို မင်းသမီး အဖြစ်ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ မြင့်မြင့်ဟာ အသက် ၁၄ နှစ်သာရှိပါသေးတယ်။

မြင့်မြင့်ဟာ မင်းသမီးအဖြစ်နဲ့ ဖူး၊ စိမ်းရွှေရွှေ၊ မြဂနိုင် စတဲ့ ဇာတ်လမ်းတွေမှာ မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့ရပြီး နာမည်ကြီးလာခဲ့ပါတယ်။ အထူးသဖြင့် မြဂနိုင်ဇာတ်ကား နာမည်ကြီးလာတဲ့နောက် သူဟာလည်း မြဂနိုင်မြင့်မြင့် ရယ်လို့ နာမည်ကျော်လာပါတယ်။

မြင့်မြင့်ကို စွယ်စုံရမင်းသမီးလို့ ဆိုကြတာက အကြမ်းအရမ်း အနုအယဉ် ဘက်စုံကျွမ်းကျင်သူဖြစ်လို့ပါ။ သူဟာ ငယ်စဉ်ကတည်း စက်ဘီး (အဲဒီခေတ်အခေါ် ဘိုင်စကယ်) နဲ့ မော်လမြိုင်ကနေ သထုံ အထိ သွားလာနေတတ်သူလို့ ဆိုပါတယ်။

ရုပ်ရှင်မင်းသမီးဖြစ်လာတော့လည်း တာဝေးပြေး၊ တန်းခုန်၊ ကြိုးခုန်၊ မြင်းစီး စတဲ့ ပညာရပ်တွေကို သင်ယူခဲ့ပါတယ်။ အဲဒီခေတ်က စတန့်လို့ခေါ်တဲ့ စွန့်စားခန်းများများပါတဲ့ ဇာတ်လမ်းတွေကို လူကြိုက်များတာမို့ မင်းသားတွေတင်မက မင်းသမီးတွေပါ စတန့်ကောင်းမှ လူကြိုက်များတဲ့ခေတ်ပါ။ ဒါကြောင့် စတန့် မင်းသား၊ မင်းသမီးတွေ အများအပြား ထွက်ပေါ်ခဲ့တာပေါ့…

Related Article >>> ဟောလိဝုဒ် အထိ ထိုးဖောက်နိုင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်မင်းသမီးတစ်လက်

မြဂနိုင်ရုပ်ရှင်က မင်းသမီးမြင့်မြင့်

မြင့်မြင့်ဟာလည်း စတန့်ပိုင်းမှာ အရမ်းထူးချွန်တာမျိုး မဟုတ်တောင် မြင်းစီးရတဲ့အခန်းတွေဆို လူစားထိုးစရာမလိုဘဲ ကိုယ်တိုင်သရုပ်ဆောင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလို စွန့်စားရတဲ့နေရာတွေမှာ ကျွမ်းကျင်ပေမဲ့ ဇာတ်ကားမရိုက်တဲ့အခါမျိုးမှာတော့ အေးအေးဆေးဆေး နေတတ်သူလို့လည်း သိရပါတယ်။

သူဟာ မာန်မာနကြောင့်မဟုတ်ဘဲ ပင်ကိုယ်သဘာဝကိုက နူးညံ့သိမ်မွေ့အေးဆေးသူဖြစ်တာကြောင့်လို့ ဆိုပါတယ်။ ရုပ်ရှင်ရိုက်တဲ့အခါ သူ့အခန်းမပါတဲ့အချိန်မျိုးဆို ဆွယ်တာထိုးနေတတ်သူ၊ ဆရာသမားစကားနားထောင်တတ်သူ၊ လူချစ်လူခင်ပေါသူကလေး လို့လည်း အသိအမှတ်ပြုခဲ့ကြပါသေးတယ်။

မြင့်မြင့်ဟာ မြဂနိုင်ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပြီးနောက် နီလာရောင်၊ ကြယ်တာရာ၊ ပြဒါးရှင်၊ စိုးပါနဲ့မေ စတဲ့ဇာတ်ကားတွေကို ရိုက်ကူးနေရင်းမှာပဲ တိုက်ဖွိုက်ရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ရုတ်တရက် ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

မြင့်မြင့်ဟာကွယ်လွန်ချိန်မှာ အသက် ၁၇ နှစ် သာရှိပါသေးတယ်။ အဲဒီခေတ်ကာလမှာတော့ အရွယ်ငယ်စဉ်၊ အောင်မြင်နေစဉ်မှာ မမျှော်လင့်ဘဲ ဆုံးပါးခဲ့ရတဲ့ မြင့်မြင့်ကို ပရိသတ်အများက နှမြောဝမ်းနည်းခဲ့ကြရတာပေါ့…

ဒါကတော့ တစ်ခေတ်တုန်းကနာမည်ကြီးခဲ့တဲ့ မင်းသမီးမြင့်မြင့်ရဲ့အကြောင်းပါ။ လူသေသွားပေမဲ့ နာမည်မသေသေးတဲ့ မင်းသမီးမြင့်မြင့်ကို လေးစားသဘောကျသလို သူ့လို ထူးချွန်တဲ့သရုပ်ဆောင်မင်းသမီးတွေ ထပ်မံပေါ်ထွက်လာဖို့ မျှော်လင့်ရင်း…

Sugar Cane (For Her Myanmar)

References: စာရေးဆရာမ စောမုံညင်း၏ မြန်မာအမျိုးသမီး စာအုပ်

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *