Book Reviews

စာဖတ္တတ္ခါစ ကေလးေတြကို ေပးဖတ္သင့္တဲ့ စာအုပ္ေကာင္း (၃) အုပ္

ႏုနယ္တဲ့ဦးေႏွာက္ေလးေတြထဲ အေတြးအျမင္ေကာင္းေတြ ေရာက္ေစဖို႔

ေယာင္းတို႔ေရ … Stella တို႔ ငယ္ငယ္ကဆို အပန္းေျဖစရာဆိုလို႔ စာအုပ္ဆိုင္ေျပးၿပီး ကာတြန္းစာအုပ္ေတြ၊ ဝတၳဳစာအုပ္ေတြ ငွားဖတ္ရတာေလာက္ပဲ ရွိခဲ့တာေလ။ အခုေခတ္ကေလးေတြကေတာ့ ဖုန္းေတြ၊ tablet ေတြနဲ႔ ဂိမ္းမ်ိဳးစံုေဆာ့လို႔ရေနေတာ့ သူတို႔ေလးေတြဟာ ေက်ာင္းစာကလြဲၿပီး အျခားစာေပေတြနဲ႔ အထိအေတြ႔မရွိသေလာက္ျဖစ္ေနပါတယ္။ ဒီေတာ့ ေယာင္းရဲ႕သားသားမီးမီး ဒါမွမဟုတ္ ေမာင္ညီမေလးေတြ၊ တူတူမေလးေတြကို စာဖတ္ေစခ်င္တယ္၊ ဒါေပမဲ့ ဘယ္စာအုပ္ေတြ ေပးဖတ္ရမလဲမသိဘူးဆိုရင္ေတာ့ Stella ကေတာ့ ဒီစာအုပ္ေလးေတြကို ေပးဖတ္ေစခ်င္ပါတယ္။

(၁) သမီးဖတ္ဖို႔ ႏွလံုးသားရႈေမွ်ာ္ခင္းမ်ား – ေမာင္သာခ်ိဳ

ဆရာေမာင္သာခ်ိဳရဲ႕ “သမီးဖတ္ဖို႔” ဆိုတဲ့ေခါင္းစဥ္နဲ႔ စာစုေလးေတြကို စိတ္ကူးခ်ိဳခ်ိဳစာအုပ္တိုက္က တစ္ေပါင္းတစ္စည္းထဲထုတ္ေဝေပးထားတဲ့ စာအုပ္ေလးပါ။ ဒီစာအုပ္ေလးကို Stella အသက္ဆယ္ႏွစ္ေက်ာ္ေက်ာ္မွာ အေဖကလက္ေဆာင္ေပးလို႔ ဖတ္ျဖစ္ခဲ့ရာကေန ဒီေန႔ဒီအခ်ိန္ထိ ခဏခဏဖတ္ျဖစ္ေနတုန္းပါပဲ။ ဒီစာအုပ္ထဲမွာေတာ့ မေျပာဘဲသိရမယ့္ လူ႔က်င့္ဝတ္ေတြအေၾကာင္း ဆရာေမာင္သာခ်ိဳက သူ႔အေတြ႔အၾကံဳေလးေတြထည့္သြင္းၿပီး ေရးထားတာေၾကာင့္ ကေလးေတြအေနနဲ႔ နားလည္လြယ္ၿပီး အျပဳအမူေကာင္းေတြ၊ က်င့္ဝတ္ေတြနဲ႔ ကိုယ္ခ်င္းစာနာတတ္တဲ့စိတ္အေၾကာင္းေတြကို သင္ယူႏိုင္မွာပါ။ အဲ့ဒီေနာက္မွာလည္း “စိမ္္းလန္းေသာမိသားစုမ်ား” ဆိုတဲ့ စာအုပ္ေလး ဆက္လက္ထြက္ရွိထားပါေသးတယ္။

Related article >>> မတူညီတဲ့ လူ႔သဘာဝေတြကို လွလွပပျပသြားခဲ့တဲ့ စာအုပ္ေကာင္း (၂) အုပ္

(၂) တိုင္းရင္းသားရိုးရာပံုျပင္မ်ား – လူထုဦးလွ

လူထုဦးလွရဲ႕ စာအုပ္ေတြအေျမာက္အျမားရွိတဲ့ထဲကမွ “တိုင္းရင္းသားရိုးရာပံုျပင္မ်ား” စာအုပ္က ျမန္မာႏိုင္င္ငံက ေသြးခ်င္းတိုင္းရင္းသားေတြရဲ႕ လူေနမႈဘဝေတြ၊ အေတြးအျမင္ေတြကို တစ္ေထာင့္တစ္ေနရာကေန ျမင္ေတြ႔ႏိုင္တဲ့ ပံုျပင္စာအုပ္ေလးပါ။ Stella ဒီစာအုပ္မဖတ္ဖူးခင္က တခ်ိဳ႕တိုင္းရင္းသားေတြရဲ႕ နာမည္ကို  ၾကားေတာင္မၾကားဖူးခဲ့ပါဘူး။ ဗဟုသုတေတြ တစ္ပံုတစ္ပင္ေပးတဲ့ စာအုပ္ေလးမို႔ ကေလးေတြအတြက္ သင့္ေလ်ာ္တဲ့ စာအုပ္ေလးပါပဲ ေယာင္းေရ။

Related article >>> နာမည္ေက်ာ္စာေရးဆရာေတြရဲ႕ နာမည္တစ္လံုးဝတၳဳ (၃) ပုဒ္

(၃) ေမာင္ေခြးဖို႔ကဗ်ာမ်ား – မင္းသုဝဏ္

ငယ္ငယ္က ႏႈတ္ကမခ်ႏိုင္ေအာင္ ရြတ္ခဲ့ရတဲ့ “ဝါဆိုဝါေခါင္ေရေတြႀကီးလို႔ သေျပသီးမွည့္ေကာက္စို႔ကြယ္” ဆိုတဲ့ကဗ်ာေလးကို မွတ္မိၾကေသးလားဟင္ ? ဒီကဗ်ာေလးအပါအဝင္ ေယာင္းတို႔နဲ႔မစိမ္းတဲ့ ကေလးကဗ်ာေလးေတြကို ဆရာႀကီးမင္းသုဝဏ္ရဲ႕ “ေမာင္ေခြးဖို႔ကဗ်ာမ်ား” စာအုပ္မွာ ဖတ္ႏိုင္ပါၿပီ။ ကေလးေတြကို ဖတ္ျပရင္း ငယ္ဘဝကိုပါ ျပန္လြမ္းသြားေလာက္ပါတယ္။ ဆရာႀကီးရဲ႕ကဗ်ာေတြက ကေလးကဗ်ာေတြဆိုေပမဲ့ ျပန္ဖတ္လိုက္မိတိုင္းမွာ သင္ယူစရာတစ္ခုခုေတာ့ ရစၿမဲမို႔ ကေလးေရာ လူႀကီးပါ အခ်ိန္မေရြးဖတ္ႏိုင္တဲ့ စာအုပ္ေလးပါ။

Related article >>> ဝတၳဳဖတ္ရင္း ကိုယ္တိုင္ဝင္ေရာက္ခံစားေနရသလို စီးေမ်ာသြားမယ့္ ရသစာအုပ္(၃)အုပ္

ေယာင္းေရ … ေယာင္းတို႔အေနနဲ႔လည္း ေနာင္မ်ိဳးဆက္သစ္ေလးေတြကို အသိဉာဏ္တိုးပြားလာေစခ်င္မယ္လို႔ Stella ထင္တဲ့အတြက္ ဒီေဆာင္းပါးေလးကို ေရးလိုက္တာျဖစ္လို႔  ေယာင္းတို႔အတြက္ အက်ိဳးရွိမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ဒါဆို ေနာက္တစ္ပတ္မွ စာအုပ္အသစ္ေလးေတြနဲ႔ ျပန္လာခဲ့မယ္ေနာ္။

Stella (For Her Myanmar)

<<< Unicode >>>

နုနယ်တဲ့ဦးနှောက်လေးတွေထဲ အတွေးအမြင်ကောင်းတွေ ရောက်စေဖို့

ယောင်းတို့ရေ … Stella တို့ ငယ်ငယ်ကဆို အပန်းဖြေစရာဆိုလို့ စာအုပ်ဆိုင်ပြေးပြီး ကာတွန်းစာအုပ်တွေ၊ ဝတ္ထုစာအုပ်တွေ ငှားဖတ်ရတာလောက်ပဲ ရှိခဲ့တာလေ။ အခုခေတ်ကလေးတွေကတော့ ဖုန်းတွေ၊ tablet တွေနဲ့ ဂိမ်းမျိုးစုံဆော့လို့ရနေတော့ သူတို့လေးတွေဟာ ကျောင်းစာကလွဲပြီး အခြားစာပေတွေနဲ့ အထိအတွေ့မရှိသလောက်ဖြစ်နေပါတယ်။ ဒီတော့ ယောင်းရဲ့သားသားမီးမီး ဒါမှမဟုတ် မောင်ညီမလေးတွေ၊ တူတူမလေးတွေကို စာဖတ်စေချင်တယ်၊ ဒါပေမဲ့ ဘယ်စာအုပ်တွေ ပေးဖတ်ရမလဲမသိဘူးဆိုရင်တော့ Stella ကတော့ ဒီစာအုပ်လေးတွေကို ပေးဖတ်စေချင်ပါတယ်။

(၁) သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ – မောင်သာချို

ဆရာမောင်သာချိုရဲ့ “သမီးဖတ်ဖို့” ဆိုတဲ့ခေါင်းစဉ်နဲ့ စာစုလေးတွေကို စိတ်ကူးချိုချိုစာအုပ်တိုက်က တစ်ပေါင်းတစ်စည်းထဲထုတ်ဝေပေးထားတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်လေးကို Stella အသက်ဆယ်နှစ်ကျော်ကျော်မှာ အဖေကလက်ဆောင်ပေးလို့ ဖတ်ဖြစ်ခဲ့ရာကနေ ဒီနေ့ဒီအချိန်ထိ ခဏခဏဖတ်ဖြစ်နေတုန်းပါပဲ။ ဒီစာအုပ်ထဲမှာတော့ မပြောဘဲသိရမယ့် လူ့ကျင့်ဝတ်တွေအကြောင်း ဆရာမောင်သာချိုက သူ့အတွေ့အကြုံလေးတွေထည့်သွင်းပြီး ရေးထားတာကြောင့် ကလေးတွေအနေနဲ့ နားလည်လွယ်ပြီး အပြုအမူကောင်းတွေ၊ ကျင့်ဝတ်တွေနဲ့ ကိုယ်ချင်းစာနာတတ်တဲ့စိတ်အကြောင်းတွေကို သင်ယူနိုင်မှာပါ။ အဲ့ဒီနောက်မှာလည်း “စိမ်းလန်းသောမိသားစုများ” ဆိုတဲ့ စာအုပ်လေး ဆက်လက်ထွက်ရှိထားပါသေးတယ်။

Related article >>> မတူညီတဲ့ လူ့သဘာဝတွေကို လှလှပပပြသွားခဲ့တဲ့ စာအုပ်ကောင်း (၂) အုပ်

(၂) တိုင်းရင်းသားရိုးရာပုံပြင်များ – လူထုဦးလှ

လူထုဦးလှရဲ့ စာအုပ်တွေအမြောက်အမြားရှိတဲ့ထဲကမှ “တိုင်းရင်းသားရိုးရာပုံပြင်များ” စာအုပ်က မြန်မာနိုင်င်ငံက သွေးချင်းတိုင်းရင်းသားတွေရဲ့ လူနေမှုဘဝတွေ၊ အတွေးအမြင်တွေကို တစ်ထောင့်တစ်နေရာကနေ မြင်တွေ့နိုင်တဲ့ ပုံပြင်စာအုပ်လေးပါ။ Stella ဒီစာအုပ်မဖတ်ဖူးခင်က တချို့တိုင်းရင်းသားတွေရဲ့ နာမည်ကို  ကြားတောင်မကြားဖူးခဲ့ပါဘူး။ ဗဟုသုတတွေ တစ်ပုံတစ်ပင်ပေးတဲ့ စာအုပ်လေးမို့ ကလေးတွေအတွက် သင့်လျော်တဲ့ စာအုပ်လေးပါပဲ ယောင်းရေ။

Related article >>> နာမည်ကျော်စာရေးဆရာတွေရဲ့ နာမည်တစ်လုံးဝတ္ထု (၃) ပုဒ်

(၃) မောင်ခွေးဖို့ကဗျာများ – မင်းသုဝဏ်

ငယ်ငယ်က နှုတ်ကမချနိုင်အောင် ရွတ်ခဲ့ရတဲ့ “ဝါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်” ဆိုတဲ့ကဗျာလေးကို မှတ်မိကြသေးလားဟင် ? ဒီကဗျာလေးအပါအဝင် ယောင်းတို့နဲ့မစိမ်းတဲ့ ကလေးကဗျာလေးတွေကို ဆရာကြီးမင်းသုဝဏ်ရဲ့ “မောင်ခွေးဖို့ကဗျာများ” စာအုပ်မှာ ဖတ်နိုင်ပါပြီ။ ကလေးတွေကို ဖတ်ပြရင်း ငယ်ဘဝကိုပါ ပြန်လွမ်းသွားလောက်ပါတယ်။ ဆရာကြီးရဲ့ကဗျာတွေက ကလေးကဗျာတွေဆိုပေမဲ့ ပြန်ဖတ်လိုက်မိတိုင်းမှာ သင်ယူစရာတစ်ခုခုတော့ ရစမြဲမို့ ကလေးရော လူကြီးပါ အချိန်မရွေးဖတ်နိုင်တဲ့ စာအုပ်လေးပါ။

Related article >>> ဝတ္ထုဖတ်ရင်း ကိုယ်တိုင်ဝင်ရောက်ခံစားနေရသလို စီးမျောသွားမယ့် ရသစာအုပ်(၃)အုပ်

ယောင်းရေ … ယောင်းတို့အနေနဲ့လည်း နောင်မျိုးဆက်သစ်လေးတွေကို အသိဉာဏ်တိုးပွားလာစေချင်မယ်လို့ Stella ထင်တဲ့အတွက် ဒီဆောင်းပါးလေးကို ရေးလိုက်တာဖြစ်လို့  ယောင်းတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

ဒါဆို နောက်တစ်ပတ်မှ စာအုပ်အသစ်လေးတွေနဲ့ ပြန်လာခဲ့မယ်နော်။

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *