နာမည္ေက်ာ္စာေရးဆရာေတြရဲ႕ နာမည္တစ္လံုးဝတၳဳ (၃) ပုဒ္

နာမည္တစ္လံုးတည္းဆိုေတာ့ ဘာစာအုပ္ေတြမ်ားပါလိမ့္ ?

ေယာင္းတို႔ေရ … ဒီတစ္ပတ္ ပိတ္ရက္ ဘာေတြလုပ္ျဖစ္လဲ? အျပင္မွာ ေနကလည္းပူပူဆိုေတာ့ အိမ္မွာပဲ စာဖတ္ရင္းအနားယူလိုက္ၾကရင္ မေကာင္းဘူးလား ေယာင္းတို႔အတြက္ Stella ဥထားတဲ့ ထူးထူးဆန္းဆန္းစာအုပ္ေလး (၃) အုပ္ရွိတယ္။ ဘယ္လိုထူးဆန္းလဲဆိုေတာ့ ဒီစာအုပ္ (၃) အုပ္လံုးက နာမည္တစ္လံုးတည္းပဲပါတယ္ ေယာင္းရဲ႕။ စာအုပ္ေတြကေတာ့ …

မီ (ၾကည္ေအး)

မၾကာေသးခင္က ဝက္ဝက္ကြဲနာမည္ႀကီးသြားတဲ့ “မီ”။ မီ ရဲ႕ ကေလာင္ရွင္ကေတာ့ ဆရာမၾကည္ေအး။ ေပ်ာ့ေခြက်လာတဲ့ တြယ္ရာမဲ့ မီ။ ေလာကကိုရြဲ႕ေနတဲ့ သနားစရာ မီ။ ေဖ်ာ့ေတာ့တဲ့အလွပိုင္ရွင္ မီ။ ေယာက်ာ္းေတြကို ရူးေစတဲ့ မီ။ သတင္းႀကီးလွတဲ့ မီ နဲ႔ ဦးေသာ္ေဆြေတြ႔ၾကတဲ့အခါ ဦးေသာ္ေဆြေကာ အျခားပုရိသေတြလိုပဲ မီ့ဆီမွာ က်႐ံႈးသြားမွာလား ? မီ့မွာဘယ္လို နာက်ည္းခ်က္ေတြရွိေနလဲ ? မီနဲ႔ ပက္သက္ေနတဲ့ ေမာင္ကိုေလး၊ ၿမိဳ႕ပိုင္ဦးဘခ်စ္၊ သူေဌးဦးတင္ေမာင္၊ နာမည္ႀကီးလူမိုက္ေရႊဓားေျမာင္တို႔ၾကားမွာ ဘာအရႈပ္အရွင္းေတြ ေပၚလာဦးမလဲ ? ဆိုတာေတြကို ဆရာမၾကည္ေအးရဲ႕ “မီ” ဝတၳဳမွာ ဖတ္ရမွာျဖစ္ၿပီး မီ့ကို အျပင္ေလာကမွာပါ ရင္းႏွီးေနသလို ခံစားေစရမယ့္ ဝတၳဳတစ္ပုဒ္ပါ။

Related article >>> ဝတၳဳဖတ္ရင္း ကိုယ္တိုင္ဝင္ေရာက္ခံစားေနရသလို စီးေမ်ာသြားမယ့္ ရသစာအုပ္(၃)အုပ္

ေမ (ဒဂုန္တာရာ)

ဆရာႀကီးဒဂုန္တာရာရဲ႕ “ေမ” က မ်က္လံုးျပာျပာ ရုပ္ရည္သနားကမားနဲ႔ ဘိုဆန္ဆန္ မိန္းကေလးတစ္ေယာက္။ ေမက အထက္တန္းလႊာလူကံုထံအသိုင္းအဝိုင္းတြင္ ဝင္ဆံ့ခ်င္ေပမဲ့ ဝင္ဆံ့ေလာက္တဲ့ ပစၥည္းဥစၥာေငြေၾကးမရွိ။ ဒီေတာ့ သူ(မ)ရဲ႕ အလွနဲ႔ မာယာကို သံုးၿပီး သူ(မ)ခံုမင္တဲ့ အသိုင္းအဝိုင္းထဲဝင္ဖို႔ ႀကိဳးစားတဲ့အခါမွာ ဘယ္သူေတြက ေမ့ဘဝရဲ႕ တစ္စိတ္တစ္ေဒသအျဖစ္ပါဝင္လာမွာလဲ ? ဘဝရဲ႕ဇာတ္ခံုမွာ ေမတစ္ေယာက္ ဘယ္ေနရာကေန ကျပမွာလဲ ? ေငြမက္လြန္းတဲ့ေမ အမွားေတြနဲ႔ ႀကံဳေတြ႔ရမလဲ ဆိုတာေတြကို သင္ခန္းစာရဖြယ္ ဖတ္ရႈရမယ့္ ဝတၳဳတစ္ပုဒ္ျဖစ္ပါတယ္။

Related article >>> ၿမိဳ႕ျပလူေနမႈဘဝေတြကို ပံုေဖာ္ထားတဲ့ စာအုပ္ေလးႏွစ္အုပ္အေၾကာင္း

ၿမိဳင္ (ဗန္းေမာ္တင္ေအာင္)

ေရႊေတာင္ၾကားရပ္ကြက္အထက္တန္းလႊာအသိုင္းအဝိုင္းမွ ေပါက္ဖြားလာတဲ့ “ၿမိဳင္” ဆိုတဲ့မိန္းမပ်ိဳေလးဟာ ဆရာဗန္းေမာ္တင္ေအာင္ရဲ႕ ကေလာင္ထက္က ေပၚထြက္လာသူပါ။ ခင္ပြန္းမ်က္ႏွာတစ္ရြာထင္ၿပီး လိုက္ေျပးခဲ့တဲ့ ၿမိဳင္။ ေရႊဇြန္းကိုက္လာရတဲ့ အေျခအေနကေန အေျခခံလူတန္းစားဘဝေရာက္လာတဲ့အခါ ဆင္းရဲဒုကၡကို ခံႏိုင္ရည္မရွိတဲ့ ၿမိဳင္။ အခက္အခဲေတြက က်ရႈံးေစလား ပိုသန္မာလာေစလား ? သိခ်င္ရင္ေတာ့ ၿမိဳင္ ကို ဖတ္ပါ။ ၁၉၅၀ ခုႏွစ္ဝန္းက်င္က အသိုင္းအဝိုင္းကြာဟမႈေတြ၊ ႏိုင္ငံေရးအေျခအေနေတြ၊ ဆင္းရဲသားျပည္သူေတြရဲ႕ ရုန္းကန္ရတဲ့ ဘဝေတြကို မ်က္ဝါးထင္ထင္သရုပ္ေဖာ္ထားတာမို႔ ေယာင္းတို႔အႀကိဳက္ေတြ႔ေစမွာပါ။

Related article >>> လူငယ္ေတြရဲ႕ဘဝကိုေျပာင္းလဲေပးခဲ့တဲ့စာအုပ္ (၅)အုပ္

ကဲ … ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း ပိတ္ရက္မွာ ဖတ္စရာစာအုပ္ေကာင္းေလးေတြ တိုးလာၿပီထင္ပါတယ္။ Stella က စာအုပ္ေကာင္းေလးေတြပဲ စုေဆာင္းေပးထားတာမို႔ ဖတ္ျဖစ္ေအာင္ဖတ္ဦးေနာ္။ ဒါဆို ေနာက္တစ္ပတ္မွ စာအုပ္အသစ္ေလးေတြနဲ႔ ျပန္ေတြ႔ၾကမယ္။

Stella (For Her Myanmar)

<<< Unicode>>>

နာမည်တစ်လုံးတည်းဆိုတော့ ဘာစာအုပ်တွေများပါလိမ့် ?

ယောင်းတို့ရေ … ဒီတစ်ပတ် ပိတ်ရက် ဘာတွေလုပ်ဖြစ်လဲ? အပြင်မှာ နေကလည်းပူပူဆိုတော့ အိမ်မှာပဲ စာဖတ်ရင်းအနားယူလိုက်ကြရင် မကောင်းဘူးလား ယောင်းတို့အတွက် Stella ဥထားတဲ့ ထူးထူးဆန်းဆန်းစာအုပ်လေး (၃) အုပ်ရှိတယ်။ ဘယ်လိုထူးဆန်းလဲဆိုတော့ ဒီစာအုပ် (၃) အုပ်လုံးက နာမည်တစ်လုံးတည်းပဲပါတယ် ယောင်းရဲ့။ စာအုပ်တွေကတော့ …

မီ (ကြည်အေး)

မကြာသေးခင်က ဝက်ဝက်ကွဲနာမည်ကြီးသွားတဲ့ “မီ”။ မီ ရဲ့ ကလောင်ရှင်ကတော့ ဆရာမကြည်အေး။ ပျော့ခွေကျလာတဲ့ တွယ်ရာမဲ့ မီ။ လောကကိုရွဲ့နေတဲ့ သနားစရာ မီ။ ဖျော့တော့တဲ့အလှပိုင်ရှင် မီ။ ယောကျာ်းတွေကို ရူးစေတဲ့ မီ။ သတင်းကြီးလှတဲ့ မီ နဲ့ ဦးသော်ဆွေတွေ့ကြတဲ့အခါ ဦးသော်ဆွေကော အခြားပုရိသတွေလိုပဲ မီ့ဆီမှာ ကျရှုံးသွားမှာလား ? မီ့မှာဘယ်လို နာကျည်းချက်တွေရှိနေလဲ ? မီနဲ့ ပက်သက်နေတဲ့ မောင်ကိုလေး၊ မြို့ပိုင်ဦးဘချစ်၊ သူဌေးဦးတင်မောင်၊ နာမည်ကြီးလူမိုက်ရွှေဓားမြောင်တို့ကြားမှာ ဘာအရှုပ်အရှင်းတွေ ပေါ်လာဦးမလဲ ? ဆိုတာတွေကို ဆရာမကြည်အေးရဲ့ “မီ” ဝတ္ထုမှာ ဖတ်ရမှာဖြစ်ပြီး မီ့ကို အပြင်လောကမှာပါ ရင်းနှီးနေသလို ခံစားစေရမယ့် ဝတ္ထုတစ်ပုဒ်ပါ။

Related article >>> ဝတ္ထုဖတ်ရင်း ကိုယ်တိုင်ဝင်ရောက်ခံစားနေရသလို စီးမျောသွားမယ့် ရသစာအုပ်(၃)အုပ်

မေ (ဒဂုန်တာရာ)

ဆရာကြီးဒဂုန်တာရာရဲ့ “မေ” က မျက်လုံးပြာပြာ ရုပ်ရည်သနားကမားနဲ့ ဘိုဆန်ဆန် မိန်းကလေးတစ်ယောက်။ မေက အထက်တန်းလွှာလူကုံထံအသိုင်းအဝိုင်းတွင် ဝင်ဆံ့ချင်ပေမဲ့ ဝင်ဆံ့လောက်တဲ့ ပစ္စည်းဥစ္စာငွေကြေးမရှိ။ ဒီတော့ သူ(မ)ရဲ့ အလှနဲ့ မာယာကို သုံးပြီး သူ(မ)ခုံမင်တဲ့ အသိုင်းအဝိုင်းထဲဝင်ဖို့ ကြိုးစားတဲ့အခါမှာ ဘယ်သူတွေက မေ့ဘဝရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်လာမှာလဲ ? ဘဝရဲ့ဇာတ်ခုံမှာ မေတစ်ယောက် ဘယ်နေရာကနေ ကပြမှာလဲ ? ငွေမက်လွန်းတဲ့မေ အမှားတွေနဲ့ ကြုံတွေ့ရမလဲ ဆိုတာတွေကို သင်ခန်းစာရဖွယ် ဖတ်ရှုရမယ့် ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။

Related article >>> မြို့ပြလူနေမှုဘဝတွေကို ပုံဖော်ထားတဲ့ စာအုပ်လေးနှစ်အုပ်အကြောင်း

မြိုင် (ဗန်းမော်တင်အောင်)

ရွှေတောင်ကြားရပ်ကွက်အထက်တန်းလွှာအသိုင်းအဝိုင်းမှ ပေါက်ဖွားလာတဲ့ “မြိုင်” ဆိုတဲ့မိန်းမပျိုလေးဟာ ဆရာဗန်းမော်တင်အောင်ရဲ့ ကလောင်ထက်က ပေါ်ထွက်လာသူပါ။ ခင်ပွန်းမျက်နှာတစ်ရွာထင်ပြီး လိုက်ပြေးခဲ့တဲ့ မြိုင်။ ရွှေဇွန်းကိုက်လာရတဲ့ အခြေအနေကနေ အခြေခံလူတန်းစားဘဝရောက်လာတဲ့အခါ ဆင်းရဲဒုက္ခကို ခံနိုင်ရည်မရှိတဲ့ မြိုင်။ အခက်အခဲတွေက ကျရှုံးစေလား ပိုသန်မာလာစေလား ? သိချင်ရင်တော့ မြိုင် ကို ဖတ်ပါ။ ၁၉၅၀ ခုနှစ်ဝန်းကျင်က အသိုင်းအဝိုင်းကွာဟမှုတွေ၊ နိုင်ငံရေးအခြေအနေတွေ၊ ဆင်းရဲသားပြည်သူတွေရဲ့ ရုန်းကန်ရတဲ့ ဘဝတွေကို မျက်ဝါးထင်ထင်သရုပ်ဖော်ထားတာမို့ ယောင်းတို့အကြိုက်တွေ့စေမှာပါ။

Related article >>> လူငယ်တွေရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့စာအုပ် (၅)အုပ်

ကဲ … ဒီလောက်ဆိုရင် ယောင်းတို့လည်း ပိတ်ရက်မှာ ဖတ်စရာစာအုပ်ကောင်းလေးတွေ တိုးလာပြီထင်ပါတယ်။ Stella က စာအုပ်ကောင်းလေးတွေပဲ စုဆောင်းပေးထားတာမို့ ဖတ်ဖြစ်အောင်ဖတ်ဦးနော်။ ဒါဆို နောက်တစ်ပတ်မှ စာအုပ်အသစ်လေးတွေနဲ့ ပြန်တွေ့ကြမယ်။

Stella (For Her Myanmar)

No Comments Yet

Comments are closed