Book Reviews

အြန္လိုင္းေပၚမွာ နာမည္ႀကီးေနတဲ့ ဖရာရီလမ္းခြဲကို ဖတ္ၾကည့္တဲ့အခါ….

ဘယ္လို အေတြးအျမင္ေတြမ်ား ရလာႏိုင္မွာလဲ? 

ဒီလေတြအတြင္းထြက္လာတဲ့ စာအုပ္ေတြထဲမွာ နာမည္ဆန္းဆန္းနဲ႔ စာအုပ္တစ္အုပ္လည္းပါပါတယ္။ စာအုပ္နာမည္က ဖာရာရီလမ္းခြဲ တဲ့။ ကဗ်ာဆန္ဆန္ေပးထားေပမဲ့ သူက ရသဝတၳဳစာအုပ္မ်ိဳးေတာ့မဟုတ္ပဲ စိတ္ခြန္အားျဖည့္စာေပအမ်ိဳးအစားျဖစ္ပါတယ္။

ဒီစာအုပ္ဟာ မူရင္းအဂၤလိပ္ဘာသာကေန ျမန္မာလို ျပန္ဆိုထားတဲ့ စာအုပ္ျဖစ္ပါတယ္။ မူရင္းစာအုပ္ကေတာ့ The monk who sold his Ferrari ဆိုတဲ့ စာအုပ္ျဖစ္ပါတယ္။ မူရင္းစာေရးဆရာက Robin Sharma ျဖစ္ၿပီး သူ႔ရဲ႕လက္ေတြ႕ဘဝကို အေျခခံေရးသားထားတဲ့ စာအုပ္ပါတဲ့ ေယာင္းတို႔ေရ…

ႏိုင္ငံတကာမွာလည္း ေအာင္ျမင္မႈရခဲ့တဲ့ ဒီစာအုပ္ကို စာေရးဆရာ မိုး႐ွင္းက ျမန္မာလုိ ျပန္ဆိုထားတာပါ။ ဒါေၾကာင့္ ဒီစာအုပ္ကို အက္္ဒ္မင္ဖတ္႐ႈၿပီး ေယာင္းတုိ႔အတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

ဖာရာရီလမ္းခြဲ ဆိုတဲ့ ဒီစာအုပ္မွာ အဓိကဇာတ္ေကာင္ေတြက ဂ်ဳလီယန္ဆုိတဲ့ ေအာင္ျမင္တဲ့ ေ႐ွ႕ေနတစ္ေယာက္နဲ႔ ဂၽြန္ဆုိတဲ့ လူငယ္ေ႐ွ႕ေနႏွစ္ဦးတုိ႔ေပါ့။ ဇာတ္လမ္းအဖြင့္မွာ ဂ်ဴလီယန္ဟာ တရားခြင္ထဲ ဗုန္းဗုန္းလဲသြားလုိ႔ အေရးေပၚေဆး႐ံုတင္လုိက္ရတာကေန စထားပါတယ္။ ဂ်ဴလီယန္ဟာ သူ႔တစ္ဘဝလံုး မေနမနားအလုပ္လုပ္ခဲ့သူ ျဖစ္ပါတယ္။ အလုပ္ၿပီးအလုပ္ ႀကိဳးစားရင္း အစားမမွန္၊ အအိပ္မမွန္ နဲ႔ အနားယူဖုိ႔ အခ်ိန္ေတာင္ မယူပါဘူး။

Related Article >>> လူငယ္ေတြရဲ႕ဘဝကိုေျပာင္းလဲေပးခဲ့တဲ့စာအုပ္ (၅)အုပ္

ဂ်ဴလီယန္ဟာ အသက္ငါးဆယ္ဝန္းက်င္ထက္မကေအာင္ အိုမင္းႏြမ္းနယ္ပံုေပါက္ေနၿပီး က်န္းမာေရးလည္း ယိုယြင္းလာတာမို႔ ဒီလို ေဆးရံုတင္လုိက္ရတာပါ။ ေဆး႐ံုမွာ အေရးေပၚအေျခအေနကေန လြတ္ေျမာက္လာတဲ့ေနာက္ ဂ်ဴလီယန္ဟာ လံုးဝေျပာင္းလဲသြားပါတယ္။ သူဟာ သူ႔ရဲ႕ေ႐ွ႕ေနအလုပ္ကို လံုးဝဆက္မလုပ္ေတာ့ပါဘူး။ သူတပည့္ ဂၽြန္အပါအဝင္ အလုပ္က ဘယ္သူ႔ကိုမွလည္း အေတြ႕မခံေတာ့ပါဘူး။

အဲဒီလိုနဲ႔ ဂ်ဴလီယန္ဟာ ေ႐ွ႕ေနေလာကကေန လံုးဝေပ်ာက္ကြယ္သြားခဲ့ပါတယ္။ ဒီလုိေပ်ာက္ကြယ္သြားၿပီး သံုးႏွစ္ေလာက္အၾကာမွာေတာ့ ဂၽြန္ဆီကို တစ္ညေနမွာ ဧည့္သည္တစ္ေယာက္လာေတြ႔ပါတယ္။ ငယ္႐ြယ္ဖ်တ္လတ္ပံုရတဲ့ ဧည့္သည္ဟာ ဂ်ဴလီယန္ဆိုတာသိလုိက္ရေတာ့ ဂၽြန္တစ္ေယာက္ အံ့ၾသမင္သက္သြားပါတယ္။

ေနာက္ဆံုးသူေတြ႔ခဲ့တဲ့ ဂ်ဴလီယန္ဟာ က်န္းမာေရးယိုယြင္းေနတဲ့ အဖိုးႀကီးတစ္ေယာက္ျဖစ္ပါတယ္။ အခုသူျမင္ေနရတဲ့ ဂ်ဴလီယန္ကေတာ့ ငယ္႐ြယ္သန္စြမ္းၿပီး စိတ္ခ်မ္းေျမ့ေပ်ာ္႐ႊင္ေနသူတစ္ေယာက္ပါ။ ဘယ္အရာေတြကမ်ား သူ႔ကိုေျပာင္းလဲေပးလိုက္တာလဲ ? …

The Monk who Sold His Ferrari မူရင္းစာအုပ္

ဒါေတြကို ဂ်ဴလီယန္က မျခြင္းမခ်န္ေျပာျပပါတယ္။ သူဟာ အိႏၵိယႏုိင္ငံကိုေရာက္႐ွိခဲ့ကာ ဟိမဝႏၱာ ေတာနက္ႀကီးထဲက သူေတာ္စင္ေတြနဲ႔ ဆံုေတြ႔ၿပီး သူတုိ႔ဆီက အေတြးအေခၚပညာရပ္ေတြကို ဆည္းပူးခဲ့ပါတယ္။ ဒီပညာရပ္ေတြကို ဆည္းပူးစဥ္က ေနာင္တစ္ခ်ိန္မွာ လူေတြဆီကိုျပန္သြားရင္း ျပန္လည္မွ်ေဝေပးဖုိ႔ ကတိေပးခဲ့ရပါတယ္။ ဒါေၾကာင့္ ဆည္းပူးလို႔ ၿပီးသြားတဲ့အခါမွာ သူဟာ သူ႔ကတိအတိုင္း သူ႔ေနရပ္ဆီျပန္လာခဲ့တာပါတဲ့။

သူေလ့လာခဲ့ရတဲ့အရာေတြကို ပထမဆံုးသူ႔တပည့္ ဂၽြန္ဆီ လာေရာက္မွ်ေဝတာပဲ ျဖစ္ပါတယ္။ ေတာနက္ထဲက သူေတာ္စင္ႀကီးေတြ ဂ်ဴလီယန္ကို သင္ေပးခဲ့တဲ့ အေတြးအေခၚေတြက ဘာေတြမ်ားလဲ၊ ဘယ္အရာေတြကမ်ား ဂ်ဴလီယန္ကို ေျပာင္းလဲေစခဲ့သလဲဆိုတာကိုေတာ့ မိုး႐ွင္းရဲ႕ ဖာရာရီလမ္းခြဲဆိုတဲ့ စာအုပ္ကိုဖတ္႐ွဳႏိုင္ပါတယ္ ေယာင္းေရ…

ဒီစာအုပ္ဖတ္ၿပီး ရလာတဲ့ အက္ဒ္မင္ရဲ႕ အေတြးအျမင္ေလးေတြကိုလည္း ေယာင္းတို႔ကို မွ်ေဝေပးခ်င္ပါေသးတယ္ေနာ္။ အရင္ဆံုးသေဘာက်မိတာက ဒီစာအုပ္ဟာ ေအာင္ျမင္ေရးသက္သက္မဟုတ္တဲ့အတြက္ပါပဲ။ ဒီဇာတ္လမ္းရဲ႕ အဓိကဇာတ္ေဆာင္ ဂ်ဴလီယန္ဟာ ေအာင္ျမင္ၿပီးသားသူတစ္ေယာက္ပါ။ ေအာင္ျမင္ေရးစာအုပ္သက္သက္ဆုိရင္ေတာ့ ဂ်ဴလီယန္ ဘာေၾကာင့္ ေအာင္ျမင္ခဲ့သလဲ၊ ဒီလုိေအာင္ျမင္ေအာင္ ဘယ္လုိအလုပ္လုပ္ခဲ့ရသလဲဆိုတာေတြ ေရး႐ံုနဲ႔တင္ၿပီးပါတယ္။

Related Article >>> ဘဝအတြက္ ခြန္အားေတြ ျပည့္လာေစဖို႔ ဖတ္ၾကည့္သင့္တဲ့ စာအုပ္ (၃)အုပ္

ဒါေပမဲ့ လုပ္ငန္းခြင္မွာေအာင္ျမင္ၿပီးသား ဂ်ဴလီယန္တစ္ေယာက္ ဗုန္းဗုန္းလဲသြားတဲ့အေျခအေနအထိေရာက္ခဲ့ပါတယ္။ သာမန္အားျဖင့္ လူတစ္ေယာက္ ေအာင္ျမင္ႂကြယ္ဝရင္ၿပီးၿပီေပါ့လုိ႔ ေတြးစရာ႐ွိပါတယ္။ တကယ္ေတာ့ ေအာင္ျမင္ႂကြယ္ဝ႐ံုနဲ႔လည္း ဘဝမွာ ေအာင္ျမင္ၿပီလို႔ မဆိုႏိုင္ေသးပါဘူး။

တျခားအေရးႀကီးတဲ့အရာေတြကို ေအာင္ျမင္မႈအတြက္ လ်စ္လ်ဳ႐ွဳခဲ့ရင္ တစ္ခ်ိန္မွာ ဆံုး႐ွံဳးရမွာပါပဲ။ လူတစ္ေယာက္ဟာ အၿမဲေအာင္ျမင္႐ံုမက ခ်မ္းေျမ့ေပ်ာ္႐ႊင္ေနဖို႔ က်န္းမာသန္စြမ္းေနဖို႔ပါ ႀကိဳးစားရမွာပါ။ ဒါေတြအားလံုး ရဖို႔ဆိုတာက ဘဝမွာ အရာရာဟန္ခ်က္ညီေနမွျဖစ္မွာပါ။ ဟန္ခ်က္ပ်က္သြားတာနဲ႔ တစ္ဖက္ေစာင္းနင္းေတြ ျဖစ္ကုန္ေတာ့မွာေပါ့ေနာ္။

ဆုိေတာ့ ဖာရာရီလမ္းခြဲဆုိတဲ့ စာအုပ္မွာေတာ့ေအာင္ျမင္ေရးတစ္ခုကိုသာ ဦးတည္တာ မဟုတ္ဘဲ ဘဝကို ဟန္ခ်က္ညီေအာင္ ဘယ္လိုထိန္းရမလဲဆိုတာနဲ႔ ေအာင္ျမင္ေပ်ာ္႐ႊင္က်န္းမာတဲ့ ဘဝကို ပိုင္ဆုိင္ဖုိ႔အတြက္ ဘာေတြလိုအပ္လဲဆိုတာ ယူတတ္ရင္ အမ်ားႀကီးရမွာပါ ေယာင္းတို႔ေရ…

ေအာင္ျမင္မႈအတြက္ ႀကိဳးစားေနတဲ့ ေယာင္းတုိ႔ေတြလည္း ေအာင္ျမင္မႈဆီကုိ ဦးတည္ရင္း အျခားတန္ဖိုး႐ွိတဲ့ အရာေတြကို လ်စ္လ်ဴမ႐ႈမိဖို႔ လိုအပ္တယ္ဆိုတာကို ဒီစာအုပ္အေၾကာင္းမွ်ေဝရင္းတစ္ပါတည္း အသိေပးလိုက္ပါရေစေနာ္။

တစ္လက္စတည္း ထပ္ေျပာျပခ်င္တာက အရင္တစ္ေခါက္က For Her Myanmar ကေန က်င္းပေပးခဲ့တဲ့ Three Books That Changed My Life လိုပဲ ကိုယ့္ဘဝကို ေျပာင္းလဲေပးခဲ့တဲ့၊ ကိုယ့္ဘဝကို ေျပာင္းလဲေပးမယ့္ စာအုပ္ေတြအေၾကာင္းကို လူငယ္ေတြ ေဆြးေႏြးလို႔ရႏုိင္မယ့္ အခမ္းအနား အစီအစဥ္ေလး ထပ္မံက်င္းပေပးသြားမယ္ဆုိတာပါ ေယာင္းတို႔ေရ…

Books That Can Change Your Life ဆိုတဲ့ ဒီပြဲမွာ ေယာင္းတုိ႔ကိုယ္တိုင္ ေျပာျပေပးခ်င္တဲ့စာအုပ္ေတြကို ေျပာျပေပးလို႔ရသလို အျခားမိတ္ေဆြေတြ မွ်ေဝေပးမယ့္ စာအုပ္ေတြ အေၾကာင္းလည္း သိရမွာပါ။ ပြဲကိုေတာ့ ဒီဇင္ဘာ ၂၂ ရက္၊ စေနေန႔မွာ က်င္းပသြားမွာ ျဖစ္ပါတယ္။ ဒီပြဲေလးကို စိတ္ဝင္စားလုိ႔ တက္ေရာက္ခ်င္တယ္ဆိုရင္ေတာ့ ဒီလင့္ခ္မွာ အေသးစိတ္အခ်က္အလက္ေတြ ေလ့လာၾကည့္လိုက္ပါေနာ္။

ေယာင္းတို႔နဲ႔ ဆံုခ်င္ပါေသးတယ္လို႔…

Sugar Cane (For Her Myanmar)

<<< Unicode >>>

ဘယ်လို အတွေးအမြင်တွေများ ရလာနိုင်မှာလဲ? 

ဒီလတွေအတွင်းထွက်လာတဲ့ စာအုပ်တွေထဲမှာ နာမည်ဆန်းဆန်းနဲ့ စာအုပ်တစ်အုပ်လည်းပါပါတယ်။ စာအုပ်နာမည်က ဖာရာရီလမ်းခွဲ တဲ့။ ကဗျာဆန်ဆန်ပေးထားပေမဲ့ သူက ရသဝတ္ထုစာအုပ်မျိုးတော့မဟုတ်ပဲ စိတ်ခွန်အားဖြည့်စာပေအမျိုးအစားဖြစ်ပါတယ်။

ဒီစာအုပ်ဟာ မူရင်းအင်္ဂလိပ်ဘာသာကနေ မြန်မာလို ပြန်ဆိုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ မူရင်းစာအုပ်ကတော့ The monk who sold his Ferrari ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ မူရင်းစာရေးဆရာက Robin Sharma ဖြစ်ပြီး သူ့ရဲ့လက်တွေ့ဘဝကို အခြေခံရေးသားထားတဲ့ စာအုပ်ပါတဲ့ ယောင်းတို့ရေ…

နိုင်ငံတကာမှာလည်း အောင်မြင်မှုရခဲ့တဲ့ ဒီစာအုပ်ကို စာရေးဆရာ မိုးရှင်းက မြန်မာလို ပြန်ဆိုထားတာပါ။ ဒါကြောင့် ဒီစာအုပ်ကို အက်ဒ်မင်ဖတ်ရှုပြီး ယောင်းတို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဖာရာရီလမ်းခွဲ ဆိုတဲ့ ဒီစာအုပ်မှာ အဓိကဇာတ်ကောင်တွေက ဂျုလီယန်ဆိုတဲ့ အောင်မြင်တဲ့ ရှေ့နေတစ်ယောက်နဲ့ ဂျွန်ဆိုတဲ့ လူငယ်ရှေ့နေနှစ်ဦးတို့ပေါ့။ ဇာတ်လမ်းအဖွင့်မှာ ဂျူလီယန်ဟာ တရားခွင်ထဲ ဗုန်းဗုန်းလဲသွားလို့ အရေးပေါ်ဆေးရုံတင်လိုက်ရတာကနေ စထားပါတယ်။ ဂျူလီယန်ဟာ သူ့တစ်ဘဝလုံး မနေမနားအလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ အလုပ်ပြီးအလုပ် ကြိုးစားရင်း အစားမမှန်၊ အအိပ်မမှန် နဲ့ အနားယူဖို့ အချိန်တောင် မယူပါဘူး။

Related Article >>> လူငယ်တွေရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့စာအုပ် (၅)အုပ်

ဂျူလီယန်ဟာ အသက်ငါးဆယ်ဝန်းကျင်ထက်မကအောင် အိုမင်းနွမ်းနယ်ပုံပေါက်နေပြီး ကျန်းမာရေးလည်း ယိုယွင်းလာတာမို့ ဒီလို ဆေးရုံတင်လိုက်ရတာပါ။ ဆေးရုံမှာ အရေးပေါ်အခြေအနေကနေ လွတ်မြောက်လာတဲ့နောက် ဂျူလီယန်ဟာ လုံးဝပြောင်းလဲသွားပါတယ်။ သူဟာ သူ့ရဲ့ရှေ့နေအလုပ်ကို လုံးဝဆက်မလုပ်တော့ပါဘူး။ သူတပည့် ဂျွန်အပါအဝင် အလုပ်က ဘယ်သူ့ကိုမှလည်း အတွေ့မခံတော့ပါဘူး။

အဲဒီလိုနဲ့ ဂျူလီယန်ဟာ ရှေ့နေလောကကနေ လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီလိုပျောက်ကွယ်သွားပြီး သုံးနှစ်လောက်အကြာမှာတော့ ဂျွန်ဆီကို တစ်ညနေမှာ ဧည့်သည်တစ်ယောက်လာတွေ့ပါတယ်။ ငယ်ရွယ်ဖျတ်လတ်ပုံရတဲ့ ဧည့်သည်ဟာ ဂျူလီယန်ဆိုတာသိလိုက်ရတော့ ဂျွန်တစ်ယောက် အံ့သြမင်သက်သွားပါတယ်။

နောက်ဆုံးသူတွေ့ခဲ့တဲ့ ဂျူလီယန်ဟာ ကျန်းမာရေးယိုယွင်းနေတဲ့ အဖိုးကြီးတစ်ယောက်ဖြစ်ပါတယ်။ အခုသူမြင်နေရတဲ့ ဂျူလီယန်ကတော့ ငယ်ရွယ်သန်စွမ်းပြီး စိတ်ချမ်းမြေ့ပျော်ရွှင်နေသူတစ်ယောက်ပါ။ ဘယ်အရာတွေကများ သူ့ကိုပြောင်းလဲပေးလိုက်တာလဲ ? …

The Monk who Sold His Ferrari မူရင်းစာအုပ်

ဒါတွေကို ဂျူလီယန်က မခြွင်းမချန်ပြောပြပါတယ်။ သူဟာ အိန္ဒိယနိုင်ငံကိုရောက်ရှိခဲ့ကာ ဟိမဝန္တာ တောနက်ကြီးထဲက သူတော်စင်တွေနဲ့ ဆုံတွေ့ပြီး သူတို့ဆီက အတွေးအခေါ်ပညာရပ်တွေကို ဆည်းပူးခဲ့ပါတယ်။ ဒီပညာရပ်တွေကို ဆည်းပူးစဉ်က နောင်တစ်ချိန်မှာ လူတွေဆီကိုပြန်သွားရင်း ပြန်လည်မျှဝေပေးဖို့ ကတိပေးခဲ့ရပါတယ်။ ဒါကြောင့် ဆည်းပူးလို့ ပြီးသွားတဲ့အခါမှာ သူဟာ သူ့ကတိအတိုင်း သူ့နေရပ်ဆီပြန်လာခဲ့တာပါတဲ့။

သူလေ့လာခဲ့ရတဲ့အရာတွေကို ပထမဆုံးသူ့တပည့် ဂျွန်ဆီ လာရောက်မျှဝေတာပဲ ဖြစ်ပါတယ်။ တောနက်ထဲက သူတော်စင်ကြီးတွေ ဂျူလီယန်ကို သင်ပေးခဲ့တဲ့ အတွေးအခေါ်တွေက ဘာတွေများလဲ၊ ဘယ်အရာတွေကများ ဂျူလီယန်ကို ပြောင်းလဲစေခဲ့သလဲဆိုတာကိုတော့ မိုးရှင်းရဲ့ ဖာရာရီလမ်းခွဲဆိုတဲ့ စာအုပ်ကိုဖတ်ရှုနိုင်ပါတယ် ယောင်းရေ…

ဒီစာအုပ်ဖတ်ပြီး ရလာတဲ့ အက်ဒ်မင်ရဲ့ အတွေးအမြင်လေးတွေကိုလည်း ယောင်းတို့ကို မျှဝေပေးချင်ပါသေးတယ်နော်။ အရင်ဆုံးသဘောကျမိတာက ဒီစာအုပ်ဟာ အောင်မြင်ရေးသက်သက်မဟုတ်တဲ့အတွက်ပါပဲ။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ဂျူလီယန်ဟာ အောင်မြင်ပြီးသားသူတစ်ယောက်ပါ။ အောင်မြင်ရေးစာအုပ်သက်သက်ဆိုရင်တော့ ဂျူလီယန် ဘာကြောင့် အောင်မြင်ခဲ့သလဲ၊ ဒီလိုအောင်မြင်အောင် ဘယ်လိုအလုပ်လုပ်ခဲ့ရသလဲဆိုတာတွေ ရေးရုံနဲ့တင်ပြီးပါတယ်။

Related Article >>> ဘဝအတွက် ခွန်အားတွေ ပြည့်လာစေဖို့ ဖတ်ကြည့်သင့်တဲ့ စာအုပ် (၃)အုပ်

ဒါပေမဲ့ လုပ်ငန်းခွင်မှာအောင်မြင်ပြီးသား ဂျူလီယန်တစ်ယောက် ဗုန်းဗုန်းလဲသွားတဲ့အခြေအနေအထိရောက်ခဲ့ပါတယ်။ သာမန်အားဖြင့် လူတစ်ယောက် အောင်မြင်ကြွယ်ဝရင်ပြီးပြီပေါ့လို့ တွေးစရာရှိပါတယ်။ တကယ်တော့ အောင်မြင်ကြွယ်ဝရုံနဲ့လည်း ဘဝမှာ အောင်မြင်ပြီလို့ မဆိုနိုင်သေးပါဘူး။

တခြားအရေးကြီးတဲ့အရာတွေကို အောင်မြင်မှုအတွက် လျစ်လျုရှုခဲ့ရင် တစ်ချိန်မှာ ဆုံးရှုံးရမှာပါပဲ။ လူတစ်ယောက်ဟာ အမြဲအောင်မြင်ရုံမက ချမ်းမြေ့ပျော်ရွှင်နေဖို့ ကျန်းမာသန်စွမ်းနေဖို့ပါ ကြိုးစားရမှာပါ။ ဒါတွေအားလုံး ရဖို့ဆိုတာက ဘဝမှာ အရာရာဟန်ချက်ညီနေမှဖြစ်မှာပါ။ ဟန်ချက်ပျက်သွားတာနဲ့ တစ်ဖက်စောင်းနင်းတွေ ဖြစ်ကုန်တော့မှာပေါ့နော်။

ဆိုတော့ ဖာရာရီလမ်းခွဲဆိုတဲ့ စာအုပ်မှာတော့အောင်မြင်ရေးတစ်ခုကိုသာ ဦးတည်တာ မဟုတ်ဘဲ ဘဝကို ဟန်ချက်ညီအောင် ဘယ်လိုထိန်းရမလဲဆိုတာနဲ့ အောင်မြင်ပျော်ရွှင်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ဖို့အတွက် ဘာတွေလိုအပ်လဲဆိုတာ လမ်းညွှန်ပေးသွားမှာပဲ ဖြစ်ပါတယ်။

အောင်မြင်မှုအတွက် ကြိုးစားနေတဲ့ ယောင်းတို့တွေလည်း အောင်မြင်မှုဆီကို ဦးတည်ရင်း အခြားတန်ဖိုးရှိတဲ့ အရာတွေကို လျစ်လျူမရှုမိဖို့ လိုအပ်တယ်ဆိုတာကို ဒီစာအုပ်အကြောင်းမျှဝေရင်းတစ်ပါတည်း အသိပေးလိုက်ပါရစေနော်။

တစ်လက်စတည်း ထပ်ပြောပြချင်တာက အရင်တစ်ခေါက်က For Her Myanmar ကနေ ကျင်းပပေးခဲ့တဲ့ Three Books That Changed My Life လိုပဲ ကိုယ့်ဘဝကို ပြောင်းလဲပေးခဲ့တဲ့၊ ကိုယ့်ဘဝကို ပြောင်းလဲပေးမယ့် စာအုပ်တွေအကြောင်းကို လူငယ်တွေ ဆွေးနွေးလို့ရနိုင်မယ့် အခမ်းအနား အစီအစဉ်လေး ထပ်မံကျင်းပပေးသွားမယ်ဆိုတာပါ ယောင်းတို့ရေ…

Books That Can Change Your Life ဆိုတဲ့ ဒီပွဲမှာ ယောင်းတို့ကိုယ်တိုင် ပြောပြပေးချင်တဲ့စာအုပ်တွေကို ပြောပြပေးလို့ရသလို အခြားမိတ်ဆွေတွေ မျှဝေပေးမယ့် စာအုပ်တွေ အကြောင်းလည်း သိရမှာပါ။ ပွဲကိုတော့ ဒီဇင်ဘာ ၂၂ ရက်၊ စနေနေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲလေးကို စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ ဒီလင့်ခ်မှာ အသေးစိတ်အချက်အလက်တွေ လေ့လာကြည့်လိုက်ပါနော်။

ယောင်းတို့နဲ့ ဆုံချင်ပါသေးတယ်လို့…

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *