Book Reviews

မိခင္တုိ႔ရဲ႕ အားမာန္ကို ခံစားသိ႐ွိႏိုင္မယ့္ ဝတၳဳဇာတ္လမ္းေကာင္း “မွတစ္ပါး အျခားမ႐ွိၿပီ”

ေမေမကို ခ်စ္တဲ့ ေယာင္းတိုင္း ဖတ္သင့္တဲ့ စာအုပ္ေလး တစ္အုပ္.. 

မိန္းမသားေတြဟာ ေပ်ာ့ညံ့တယ္၊ အားႏြဲ႕တယ္၊ သတၱိမ႐ွိဘူး လုိ႔ အစဥ္အလာအရ ယူဆလက္ခံတတ္ၾကပါတယ္။ မိန္းမသားအမ်ားစုဟာလည္း အဲ့ဒီအယူအဆကေန ေသြဖယ္ဖို႔ မဝံ့ရဲၾကဘဲ အမ်ားသတ္မွတ္ထားတဲ့ ပံုစံအတိုင္း ေနလုိက္ၾကပါတယ္။

ဒါေပမဲ့ မိ္န္းမေတြ မေပ်ာ့ညံ့၊ အားမႏြဲ႕၊ မေၾကာက္တတ္ေတာ့ဘဲ သတၱိေတြေကာင္းလာ၊ ျပတ္သားလာ၊ အားမာန္ေတြ႐ွိလာတဲ့ အခ်ိန္တစ္ခ်ိန္ဟာ ရွိကို ရွိသလို ဘဝမွာလည္း ၾကံဳကို ၾကံဳလာရတတ္ပါတယ္။ အဲ့ဒီအခ်ိန္ကေတာ့ သားသမီးေတြ အတြက္ ရင္ဆုိင္ေျဖ႐ွင္းရမယ့္ အခ်ိန္ပါပဲ။

ဒီသေဘာ ကို ႏိုင္ငံေက်ာ္ စာေရးဆရာမႀကီး မိုးမိုး(အင္းလ်ား) က “မွတစ္ပါး အျခားမ႐ွိၿပီ” ဆုိတဲ့ ရသဝတၳဳ႐ွည္တစ္ပုဒ္ နဲ႔ ေဖာ္က်ဴးျပသခဲ့ပါတယ္။

သားသမီး (၅) ေယာက္ မိခင္ ေဒၚေအးျမ ဆုိတဲ့ အမ်ိဳးသမီးႀကီးဟာ မုဆိုးမဘဝ နဲ႔ ေလာကကို ရင္ဆုိင္ဖို႔ ေလာကဒဏ္နဲ႔ ႀကံဳရပါတယ္။ ငါးေယာက္ေသာ သားသမီးေတြ ဘဝ ကစဥ့္ကလ်ား မျဖစ္ေစဖို႔ အတြက္ ေဒၚေအးျမ ဟာ မိခင္တို႔ရဲ႕ အားမာန္နဲ႔ အစြမ္းကုန္ အားထုတ္ႀကိဳးပမ္း႐ွာပါတယ္။ မိသားစုစားဝတ္ေနေရးအတြက္ ပင္ပင္ပန္းပန္းအလုပ္လုပ္ၿပီးေတာ့ေပါ့..

သို႔ေပမဲ့ ကေလးေတြက မတူညီတဲ့ စ႐ိုက္ေတြ နဲ႔ မုိ႔ သူတို႔တစ္ေတြ ကို ထိ္န္းသိမ္းပဲ့ျပင္ရတဲ့ အလုပ္ကလည္း ခက္ခဲလွပါတယ္။

Photo Crd to Zayar ChanAung
ဓာတ္ပံု >> Zayar ChanAung (အက္ဒ္မင့္ စာအုပ္က ရွာမရေတာ့လို႔ပါ)

Related Article >>> မိခင္ေမတၱာကို ေသခ်ာခံစားရေစမယ့္ စာအုပ္ေလး (၂)အုပ္

အႀကီးဆံုးသားျဖစ္သူ မ်ိဳးထြန္း က အကိုႀကီးအဖရာ ဆိုသလို ေက်ာင္းထြက္လုိက္ၿပီး မိသားစု တာဝန္ကို တစ္ဖက္ကထမ္းဖို႔ ဆံုးျဖတ္လိုက္တဲ့အခါ ေဒၚေအးျမ စိတ္မေကာင္းျဖစ္ရပါတယ္။ အႀကီးေကာင္က လိမၼာေပမဲ့ ဒုတိယသားျဖစ္သူ ေအာင္စိုး ကေတာ့ ပညာေရးလည္း မျဖစ္ထြန္း၊ အလုပ္အကိုင္ကလည္း လက္ေၾကာမတင္း အရက္ေသာက္ေပေတဖို႔ပဲ စိတ္႐ွိသူမို႔ ေဒၚေအးျမ ရင္ပူရျပန္ပါတယ္။

တတိယ သမီး ခင္ႀကိဳင္ က ပညာပါရမီေလး မဆုိးသလို မိခင္ နဲ႔ အကိုႀကီး စကားကို အေလးထားသူျဖစ္ေပမဲ့ အပ်ိဳေဖာ္ဝင္လာတဲ့အေလ်ာက္ စိတ္ကစားခ်င္လာေတာ့ ေဒၚေအးျမ တစ္ေယာက္ သမီးျဖစ္သူ ပညာေရးတစ္ပိုင္းတစ္စ နဲ႔ ဆံုးခန္းတုိင္သြားမွာ မလိုလားတာေၾကာင့္ ေသာကတိုးရပါေတာ့တယ္။

ေလးေယာက္ေျမာက္သား ေအာင္တိုး တစ္ေယာက္ကေတာ့ ပညာေရးကို အားသန္သလို ဘြဲ႕ရပညာတတ္ျဖစ္ဖို႔ အားထုတ္ေနသူမုိ႔ ေဒၚေအးျမ ပီတိျဖစ္ရပါတယ္။ သမီးအငယ္ဆံုးေလး မိသက္ ကလည္း ကေလးသာသာမုိ႔ သူ႔အတြက္ အပူအပင္နည္းတယ္လုိ႔ ဆုိႏုိင္ပါတယ္။

အေဝးအရပ္မွာ ဝင္ေငြ႐ွာေနတဲ့ သားႀကီး၊ လက္ေၾကာမတင္းတဲ့ သားလတ္၊ ပညာလိုလားတဲ့ သားသမီး အငယ္ သံုးေယာက္ ဒီ သားသမီးေတြ အားလံုးကို မိခင္ ေဒၚေအးျမ ဟာ တစ္ေယာက္တစ္မ်ိဳး အခ်စ္မေလ်ာ့၊ ေမတၱာမေလ်ာ့ ႏိုင္။ ဒီ သားသမီး အားလံုး အဆင္ေျပဖို႔၊ စိတ္ခ်မ္းသာေပ်ာ္႐ႊင္ဖုိ႔ ကသာ ေဒၚေအးျမ ရဲ႕ ဘဝရည္မွန္းခ်က္။

ဒီ ရည္မွန္းခ်က္ ျဖစ္ေျမာက္ဖုိ႔ ပင္ပန္းရတာက တစ္ဖက္ သားသမီးေတြအတြက္ ရတက္ေပြရတာ တစ္ဖက္ နဲ႔ ေဒၚေအးျမ ရဲ႕ ဘဝ မေအးျမႏုိင္ခဲ့။ ဒါေပမဲ့ ေဒၚေအးျမ ၾကံဳရသမွ်ကို ခါးစည္းခံ၊ မာန္တင္းၿပီး ဆက္ေလွ်ာက္ဖို႔က သူ႕ရဲ႕ ဆံုးျဖတ္ခ်က္ပဲ မဟုတ္လား…

တကယ္ေတာ့ ေဒၚေအးျမ လုိ သားသမီးအတြက္ အားမာန္အျပည့္႐ွိေနတဲ့ မိခင္ေတြဟာ ဒီ ကမာၻေပၚမွာ မေရတြက္ႏုိင္။ ဟိုးေရွးေခတ္မွာလည္း ႐ွိသလို ခုလည္း ရွိေနဆဲျဖစ္ၿပီး ေနာက္လည္း ရွိလာဦးမွာပါပဲ။ ကမာၻေပၚမွာ လူမ်ိဳးေပါင္းစံု ဘာသာစကား နဲ႔ ယဥ္ေက်းမႈ အရပ္ေဒသေတြသာ ကြဲျပားေပမဲ့ သားသမီးေတြအတြက္ မိခင္ေတြရဲ႕ ရဲရင့္မႈကေတာ့ အတူတူပါပဲ။

Related Article >>> အေမမ်ားေန႔မွာ အေမ့ကို ဘယ္လိုလက္ေဆာင္မ်ိဳး ေပးသင့္လဲ?

ဒီလို မိခင္ေတြကို ကိုယ္စားျပဳလုိ႔ ေဒၚေအးျမ ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို ဆရာမ မိုးမိုး(အင္းလ်ား) က ကိုယ္စားျပဳပံုေဖာ္ၿပီး ဝတၳဳတစ္ပုဒ္အျဖစ္ ပီျပင္စြာ၊ ရသေျမာက္စြာ ေရးဖြဲ႕ထားတာမို႔ ဒီ ဝတၳဳ ဖတ္ရတဲ့ အခါ မိခင္တို႔ရဲ႕ ခ်စ္ျခင္းေမတၱာႀကီးမားပံုကို ေလးနက္စြာ ခံစားရမွာပါ။ ေရးသားတင္ျပပံု ပီျပင္လြန္းလုိ႔ ကိုယ္တုိင္က ေဒၚေအးျမ တို႔ ရဲ႕ မိသားစုဝင္ျဖစ္ေနသလို သူတုိ႔ ပူပင္ ရင္ ကိုယ္လည္း ပူပင္၊ သူတုိ႔ ေပ်ာ္႐ႊင္ရင္ ကိုယ္ပါ စိတ္ခ်မ္းသာ ရတဲ့ ရသေတြကို ခံစားႏိုင္မွာလည္း ျဖစ္ပါတယ္။

ဒီ ဇာတ္လမ္းဟာ တစ္ခ်ိန္က ျမန္မာလူထုေတြၾကားထဲမွာ ဝတၳဳဇာတ္လမ္းအျဖစ္ေရာ၊ ႐ုပ္႐ွင္ဇာတ္ကားအျဖစ္ပါ ေအာင္ျမင္ေက်ာ္ၾကားခဲ့ေပမဲ့ အခုအခ်ိန္မွာေတာ့ လူသိနည္းေနၿပီျဖစ္ပါတယ္။ မိခင္ေမတၱာကို ခံစားႏိုင္မယ့္ ဇာတ္လမ္းေကာင္းတစ္ပုဒ္မို႔ အေမမ်ားေန႔ကို ဂုဏ္ျပဳရင္း ဒီစာအုပ္ေလးကို ညႊန္းလုိက္ပါရေစ ေယာင္းေရ…

Sugar Cane (For Her Myanmar)

<<< Unicode >>>

မေမေကို ချစ်တဲ့ ယောင်းတိုင်း ဖတ်သင့်တဲ့ စာအုပ်လေး တစ်အုပ်.. 

မိန်းမသားတွေဟာ ပျော့ညံ့တယ်၊ အားနွဲ့တယ်၊ သတ္တိမရှိဘူး လို့ အစဉ်အလာအရ ယူဆလက်ခံတတ်ကြပါတယ်။ မိန်းမသားအများစုဟာလည်း အဲ့ဒီအယူအဆကနေ သွေဖယ်ဖို့ မဝံ့ရဲကြဘဲ အများသတ်မှတ်ထားတဲ့ ပုံစံအတိုင်း နေလိုက်ကြပါတယ်။

ဒါပေမဲ့ မိန်းမတွေ မပျော့ညံ့၊ အားမနွဲ့၊ မကြောက်တတ်တော့ဘဲ သတ္တိတွေကောင်းလာ၊ ပြတ်သားလာ၊ အားမာန်တွေရှိလာတဲ့ အချိန်တစ်ချိန်ဟာ ရှိကို ရှိသလို ဘဝမှာလည်း ကြုံကို ကြုံလာရတတ်ပါတယ်။ အဲ့ဒီအချိန်ကတော့ သားသမီးတွေ အတွက် ရင်ဆိုင်ဖြေရှင်းရမယ့် အချိန်ပါပဲ။

ဒီသဘော ကို နိုင်ငံကျော် စာရေးဆရာမကြီး မိုးမိုး(အင်းလျား) က “မှတစ်ပါး အခြားမရှိပြီ” ဆိုတဲ့ ရသဝတ္ထုရှည်တစ်ပုဒ် နဲ့ ဖော်ကျူးပြသခဲ့ပါတယ်။

သားသမီး (၅) ယောက် မိခင် ဒေါ်အေးမြ ဆိုတဲ့ အမျိုးသမီးကြီးဟာ မုဆိုးမဘဝ နဲ့ လောကကို ရင်ဆိုင်ဖို့ လောကဒဏ်နဲ့ ကြုံရပါတယ်။ ငါးယောက်သော သားသမီးတွေ ဘဝ ကစဉ့်ကလျား မဖြစ်စေဖို့ အတွက် ဒေါ်အေးမြ ဟာ မိခင်တို့ရဲ့ အားမာန်နဲ့ အစွမ်းကုန် အားထုတ်ကြိုးပမ်းရှာပါတယ်။ မိသားစုစားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးတော့ပေါ့..

သို့ပေမဲ့ ကလေးတွေက မတူညီတဲ့ စရိုက်တွေ နဲ့ မို့ သူတို့တစ်တွေ ကို ထိန်းသိမ်းပဲ့ပြင်ရတဲ့ အလုပ်ကလည်း ခက်ခဲလှပါတယ်။

Photo Crd to Zayar ChanAung
ဓာတ်ပုံ >> Zayar ChanAung (အက်ဒ်မင့် စာအုပ်က ရှာမရတော့လို့ပါ)

Related Article >>> မိခင်မေတ္တာကို သေချာခံစားရစေမယ့် စာအုပ်လေး (၂)အုပ်

အကြီးဆုံးသားဖြစ်သူ မျိုးထွန်း က အကိုကြီးအဖရာ ဆိုသလို ကျောင်းထွက်လိုက်ပြီး မိသားစု တာဝန်ကို တစ်ဖက်ကထမ်းဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ဒေါ်အေးမြ စိတ်မကောင်းဖြစ်ရပါတယ်။ အကြီးကောင်က လိမ္မာပေမဲ့ ဒုတိယသားဖြစ်သူ အောင်စိုး ကတော့ ပညာရေးလည်း မဖြစ်ထွန်း၊ အလုပ်အကိုင်ကလည်း လက်ကြောမတင်း အရက်သောက်ပေတေဖို့ပဲ စိတ်ရှိသူမို့ ဒေါ်အေးမြ ရင်ပူရပြန်ပါတယ်။

တတိယ သမီး ခင်ကြိုင် က ပညာပါရမီလေး မဆိုးသလို မိခင် နဲ့ အကိုကြီး စကားကို အလေးထားသူဖြစ်ပေမဲ့ အပျိုဖော်ဝင်လာတဲ့အလျောက် စိတ်ကစားချင်လာတော့ ဒေါ်အေးမြ တစ်ယောက် သမီးဖြစ်သူ ပညာရေးတစ်ပိုင်းတစ်စ နဲ့ ဆုံးခန်းတိုင်သွားမှာ မလိုလားတာကြောင့် သောကတိုးရပါတော့တယ်။

လေးယောက်မြောက်သား အောင်တိုး တစ်ယောက်ကတော့ ပညာရေးကို အားသန်သလို ဘွဲ့ရပညာတတ်ဖြစ်ဖို့ အားထုတ်နေသူမို့ ဒေါ်အေးမြ ပီတိဖြစ်ရပါတယ်။ သမီးအငယ်ဆုံးလေး မိသက် ကလည်း ကလေးသာသာမို့ သူ့အတွက် အပူအပင်နည်းတယ်လို့ ဆိုနိုင်ပါတယ်။

အဝေးအရပ်မှာ ဝင်ငွေရှာနေတဲ့ သားကြီး၊ လက်ကြောမတင်းတဲ့ သားလတ်၊ ပညာလိုလားတဲ့ သားသမီး အငယ် သုံးယောက် ဒီ သားသမီးတွေ အားလုံးကို မိခင် ဒေါ်အေးမြ ဟာ တစ်ယောက်တစ်မျိုး အချစ်မလျော့၊ မေတ္တာမလျော့ နိုင်။ ဒီ သားသမီး အားလုံး အဆင်ပြေဖို့၊ စိတ်ချမ်းသာပျော်ရွှင်ဖို့ ကသာ ဒေါ်အေးမြ ရဲ့ ဘဝရည်မှန်းချက်။

ဒီ ရည်မှန်းချက် ဖြစ်မြောက်ဖို့ ပင်ပန်းရတာက တစ်ဖက် သားသမီးတွေအတွက် ရတက်ပွေရတာ တစ်ဖက် နဲ့ ဒေါ်အေးမြ ရဲ့ ဘဝ မအေးမြနိုင်ခဲ့။ ဒါပေမဲ့ ဒေါ်အေးမြ ကြုံရသမျှကို ခါးစည်းခံ၊ မာန်တင်းပြီး ဆက်လျှောက်ဖို့က သူ့ရဲ့ ဆုံးဖြတ်ချက်ပဲ မဟုတ်လား…

တကယ်တော့ ဒေါ်အေးမြ လို သားသမီးအတွက် အားမာန်အပြည့်ရှိနေတဲ့ မိခင်တွေဟာ ဒီ ကမ္ဘာပေါ်မှာ မရေတွက်နိုင်။ ဟိုးရှေးခေတ်မှာလည်း ရှိသလို ခုလည်း ရှိနေဆဲဖြစ်ပြီး နောက်လည်း ရှိလာဦးမှာပါပဲ။ ကမ္ဘာပေါ်မှာ လူမျိုးပေါင်းစုံ ဘာသာစကား နဲ့ ယဉ်ကျေးမှု အရပ်ဒေသတွေသာ ကွဲပြားပေမဲ့ သားသမီးတွေအတွက် မိခင်တွေရဲ့ ရဲရင့်မှုကတော့ အတူတူပါပဲ။

Related Article >>> အမေများနေ့မှာ အမေ့ကို ဘယ်လိုလက်ဆောင်မျိုး ပေးသင့်လဲ?

ဒီလို မိခင်တွေကို ကိုယ်စားပြုလို့ ဒေါ်အေးမြ ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ဆရာမ မိုးမိုး(အင်းလျား) က ကိုယ်စားပြုပုံဖော်ပြီး ဝတ္ထုတစ်ပုဒ်အဖြစ် ပီပြင်စွာ၊ ရသမြောက်စွာ ရေးဖွဲ့ထားတာမို့ ဒီ ဝတ္ထု ဖတ်ရတဲ့ အခါ မိခင်တို့ရဲ့ ချစ်ခြင်းမေတ္တာကြီးမားပုံကို လေးနက်စွာ ခံစားရမှာပါ။ ရေးသားတင်ပြပုံ ပီပြင်လွန်းလို့ ကိုယ်တိုင်က ဒေါ်အေးမြ တို့ ရဲ့ မိသားစုဝင်ဖြစ်နေသလို သူတို့ ပူပင် ရင် ကိုယ်လည်း ပူပင်၊ သူတို့ ပျော်ရွှင်ရင် ကိုယ်ပါ စိတ်ချမ်းသာ ရတဲ့ ရသတွေကို ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။

ဒီ ဇာတ်လမ်းဟာ တစ်ချိန်က မြန်မာလူထုတွေကြားထဲမှာ ဝတ္ထုဇာတ်လမ်းအဖြစ်ရော၊ ရုပ်ရှင်ဇာတ်ကားအဖြစ်ပါ အောင်မြင်ကျော်ကြားခဲ့ပေမဲ့ အခုအချိန်မှာတော့ လူသိနည်းနေပြီဖြစ်ပါတယ်။ မိခင်မေတ္တာကို ခံစားနိုင်မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ အမေများနေ့ကို ဂုဏ်ပြုရင်း ဒီစာအုပ်လေးကို ညွှန်းလိုက်ပါရစေ ယောင်းရေ…

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *