Wattpad မွ ခ်စ္စရာ အခန္းဆက္ ရိုမန္႔စ္ ဝတၳဳ (၅)အုပ္

ကိုယ္စြဲေနတာ အားမရလို႔ သူမ်ားကိုပါ စြဲေအာင္လုပ္တာ.. အက္ဒ္မင္ အက်င့္ပုတ္တယ္ေနာ္ 😛

Wattpad ဖတ္တဲ့ ေယာင္းေတြ ရွိၾကလားဟင္? Wattpad ဆိုတာကေတာ့့ စာေရးဝါသနာပါတဲ့သူေတြ ကေလာင္ေသြးတဲ့ ေနရာလို႔ ေျပာလို႔ရသလို စာဖတ္ဝါသနာပါတဲ့သူေတြအတြက္ ရတနာသိုက္လို႔လည္း ဆိုလို႔ရပါတယ္။ သူက Application ေလးတစ္ခုေပါ့ေနာ္… ဒီ App ထဲမွာ နာမည္ႀကီးလွခ်ည္ရဲ႕ဆိုတဲ့ အခန္းဆက္ ဝတၳဳေပါင္း မ်ားစြာ ရွိသလို ဝတၳဳတိုေတြလည္း အမ်ားႀကီးပါပဲ။ ဝတၳဳအမ်ိဳးအစားေတြလည္း အမ်ားႀကီးဆိုေတာ့ ကိုယ္ႀကိဳက္တဲ့ အမ်ိဳးအစားကို ေရြးဖတ္လို႔ ရပါတယ္။

အက္္ဒ္မင္ေတာ့ Xian Xia (တရုတ္က်င့္ႀကံျခင္းေလာက ဇာတ္လမ္းလို႔ ေခၚရမလားမသိ ဟီးဟီး ) ေတြ၊ BL (Boys’ Love – ေကာင္ေလးႏွစ္ေယာက္ၾကားက ဇာတ္လမ္း) ေလးေတြ ႀကိဳက္တတ္ေတာ့ Wattpad က အက္ဒ္မင့္အတြက္ ရတနာသိုက္ႀကီးပါပဲ။

တခ်ိဳ႕က်ေတာ့လည္း ကိုယ္ႀကိဳက္တဲ့ Idol ေတြကို ဇာတ္ေကာင္ထားၿပီး စိတ္ကူးယဥ္ ဇာတ္လမ္း ေရးဖြဲ႕တာမ်ိဳးလည္း ရွိပါတယ္။ ေနာက္ ကိုယ့္ဟာကိုယ္ စိတ္ႀကိဳက္ဝတၳဳေရးၾကသူေတြလည္း ရွိပါတယ္။ အခန္းဆက္ေတြေတာ့ မ်ားတာေပါ့ေနာ္… ကေလးဖတ္လို႔ရတဲ့ ဝတၳဳကစလို႔ လူႀကီးဖတ္ ဝတၳဳေတြထိ အမ်ားႀကီးပါပဲ။ ဆိုေတာ့ ကေလာင္ေသြးခ်င္တဲ့ ေယာင္းေယာင္းတို႔အတြက္ေရာ၊ အပ်င္းေျပ ဝတၳဳေတြ အမ်ားႀကီး ဖတ္ခ်င္တဲ ့ေယာင္းတို႔အတြက္ေရာ ဒီ app ေလးက အေတာ္အဆင္ေျပတယ္လို႔ ဆိုရမွာပါ။ App က ဒီလို ပံုေလးနဲ႔ေနာ္…

ဆိုရင္ App အေၾကာင္း သိသြားၿပီဆိုေတာ့ အက္ဒ္မင္ခုတေလာ အရမ္းသေဘာက်ေနတဲ့ ဝတၳဳေလးေတြကို ေျပာျပမယ္ေနာ္… ပံုမွန္ ရိုမန္႔စ္ ဝတၳဳေလးေတြေပါ့ေလ…

၁။ Final Boss is No Joke 

ဒီဝတၳဳရဲ႕ အဓိက ဇာတ္ေကာင္က မိန္းကေလးပါ။ (မင္းသားေတာ့ ပါတာေပါ့ေနာ္ 😀 ) နာမည္က ရွီရွန္းတဲ့… သူက စာေရးဆရာမပါ။ သူ ေသဆံုးၿပီးတဲ့ေနာက္မွာ သူ႕ဝိဉာဥ္က တျခားဝတၳဳေတြထဲေရာက္ၿပီး သူဝိဉာဥ္ဝင္ပူးလိုက္တဲ့ ဇာတ္ေကာင္ရဲ႕ ဆႏၵေတြ System ကေပးတဲ့ Hidden Quest ေတြ ျဖည့္ေပးရတဲ့ ဇာတ္လမ္းမ်ိဳးေပါ့.. ရွီရွန္းက မ်ားေသာအားျဖင့္ ဗီလိန္လုပ္တာမ်ားတယ္.. ဇာတ္လိုက္တို႔အတြဲကို လိုက္ေႏွာင့္.. သူ႕လာထိရင္ ဇာတ္လိုက္ေသာ ဘာေသာ နားမလည္ဘူး.. အကုန္အေသပဲ ဆိုတာမ်ိဳး… သူလည္း အေသခံရတယ္  သေဘာက်စရာေပ့ါေနာ္.. Arc တစ္ခုခ်င္းစီမွာ ဇာတ္လမ္းတစ္မ်ိဳးခ်င္းစီမို႔ အတိုေလးေတြမွ ဖတ္ခ်င္တာဆိုတဲ့သူေတြအတြက္လည္း ကြက္တိက်မွာပါ။ Arc တစ္ခုကို ပ်မ္းမွ် အပိုင္း (၂၀) ေလာက္ရွိတတ္ပါတယ္။

Related Article >>> ကလိမထိုးခဲ့ေသာ ဟာသအခ်စ္ဝတၳဳေလး (၂)အုပ္

၂။ Pick the Second Male Lead 


ဒါက်ေတာ့ ရွီရွန္းလိုပဲ System တစ္ခုနဲ႔ တစ္ခုကူးတာ… ဒီထဲက ဇာတ္ေကာင္ ေကာင္မေလး နာမည္ကိုေတာ့ မေျပာထားဘူး.. Arc တစ္ခုခ်င္းစီရဲ႕ အရံဇာတ္ေကာင္နာမည္ေတြနဲ႔ခ်ည္း ပံုေဖာ္သြားတာေပါ့… နာမည္အတိုင္းပါပဲ… ဒုတိယ ဇာတ္လိုက္မင္းသားရဲ႕ အခ်စ္ကို ရေအာင္ယူရတဲ့ ဇာတ္လမ္းမ်ိဳးေပါ့… မိန္းမမာယာေတြ မနည္းမေနာ ေတြ႕ရပါလိမ့္မယ္.. ၿပီးေတာ့ Arc တိုင္းကလည္း ေၾကကြဲစရာ အဆံုးသတ္မ်ိဳးေတြဆိုေတာ့ Happy Ending – ေပ်ာ္စရာ အဆံုးသတ္မွ ဖတ္ခ်င္တယ္ဆိုတဲ့ ေယာင္းတို႔ေတာ့ တစ္ပိုင္းေလာက္ နမူနာဖတ္ၾကည့္ေပါ့ေလ 😉

၃။ The Rebirth of the Malicious Empress

ႏုိင္ငံရဲ႕ စစ္အင္အားကို ကိုင္ထားတဲ့ စစ္သူႀကီးရဲ႕သမီး၊ ဒါေပမဲ့ ဝမ္းကြဲအစ္မေတြရဲ႕ စကားအတိုင္းေနတဲ့ ခပ္တံုးတံုး သမီးေပါ့… မထင္မွတ္ဘဲ ဘုရင့္သားကိုႀကိဳက္မိၿပီး အာဏာလုပြဲမွာ ဒီမင္းသားကို နန္းတင္ေပးခဲ့ၿပီး သူကိုယ္တိုင္ ဧကရီ ျဖစ္ခဲ့ရင္းကေန ေနာက္ဆံုး သူ႕အိမ္ေတာ္က မိသားစုေတြ အကုန္လံုးကို သတ္၊ သူ႕ကိုပါ ကိုယ့္ကိုယ္ကိုယ္ သတ္ေသဖို႔ ဖိအားေပးခံရရင္း သူ႕အသက္နဲ႔ရင္းၿပီး ခ်စ္ရတဲ့ ဘုရင္ကို စိတ္နာ၊ ေနာက္ေက်ာကို ဓားနဲ႔ထိုးခဲ့ၾကတဲ့ အစ္မ ဝမ္းကြဲေတြကို နာက်ည္းၿပီး ေသဆံုးသြားခဲ့တဲ့ မိန္းကေလး… ေသဆံုးသြားၿပီးကာမွ ကံၾကမၼာအလွည့္အေျပာင္းနဲ႔ ဒီျဖစ္ရပ္ေတြ မျဖစ္ေသးခင္ အခ်ိန္ေလးမွာ ျပန္ဝင္စားမိတဲ့အခါ သူဘယ္လို လက္စားေခ်မလဲ၊ သူ႕ကံၾကမၼာကို ဘယ္လိုေျပာင္းလဲမလဲဆိုတာေလးပါ.. ပလန္ခ်တာေလးေတြက အေတာ္စိတ္ဝင္စားစရာ ေကာင္းတယ္။ 

၄။ Doomed to be Cannon Fodder


ဒါက်ေတာ့ ဝတၳဳဖတ္ေနရင္း တန္းလန္းကေန ဖတ္ေနတဲ့ ဝတၳဳထဲ ေရာက္သြားၿပီး ကိုယ္က ဗီလိန္ျဖစ္ေနလို႔ မေသေအာင္ ႀကိဳးစားရတဲ့ ေကာင္မေလး.. ကြကိုယ္ မေသေအာင္ ႀကိဳးစားရင္း ဇာတ္လိုက္မင္းသမီးကို ႀကိဳက္ရမယ့္ ဇာတ္ေကာင္ေတြ ဇာတ္လိုက္နဲ႔ ဒုတိယမင္းသား၊ ေနာက္ တျခား ဝတၳဳထဲမွာ ခဏေလးပဲ ပါတဲ့ ဇာတ္ေကာင္ေတြကပါ သူ႕ကို အတည္ႀကိဳက္လာတဲ့အခါ… အယ္လယ္.. ဒါမ်ိဳးေပါ့.. ဆိုးေတာ့ မဆိုးပါဘူးရယ္.. (သိပ္မႀကိဳက္ေပမဲ့လည္း ခ်စ္ဖုိ႔ေကာင္းတဲ့ ဇာတ္လမ္းေလးမို႔)

Related Article >>> ကမာၻေက်ာ္ နာမည္ႀကီး ဟယ္ရီေပၚတာ ရုပ္ရွင္ေတြက မူရင္းဝတၳဳေတြနဲ႔ ဘာကြာသြားလဲ?

၅။ Poison Genius Consort 

ဒါကက်ေတာ့ ဒီဘက္ေခတ္က အဆိပ္မွာ အရမ္းကၽြမ္းက်င္တဲ့ ဆရာဝန္မေလးက ဟိုဘက္ေခတ္ကို ေရာက္သြားတာေပါ့ေနာ္… သူ႕ဝိဉာဥ္ဝင္သြားတဲ့ ေကာင္မေလးရဲ႕ အိမ္က အေတာ္ဆံုးဆိုတဲ့ သမားေတာ္ႀကီးရဲ႕ အိမ္ေတာ္ေပမဲ့ သူကက်ေတာ့ ဘာမွမသိ၊ ဘာမွမတတ္ ၊ မ်က္ႏွာမွာ ရုပ္ဆိုးတဲ့ ဒဏ္ရာႀကီးနဲ႔ မိန္းကေလး.. ဆရာဝန္မေလး အဲဒီကို ေရာက္သြားတဲ့အခ်ိန္မွာ ရုပ္ဆိုးမေလးက မဂၤလာေဝါထဲ ေရာက္ေနၿပီ..

တကယ့္တကယ္ အဲဒီေကာင္မေလး မ်က္ႏွာက ဒဏ္ရာက အဆိပ္ေၾကာင့္ျဖစ္ေနတာမ်ိဳး.. ကုလို႔ ေပ်ာက္ႏိုင္တယ္ဆိုေပမဲ့ မူရင္း ခႏၶာကုိယ္ပိုင္ရွင္က ဘာေဆးပညာ၊ အဆိပ္ပညာမွ မတတ္ဘူးဆိုေတာ့ မကုခဲ့ဘူး ျဖစ္ေနတာ.. ခု ဝိဉာဥ္အသစ္ကက်ေတာ့ အဆိပ္ပညာမွာ ဆရာတစ္ဆူဆိုေတာ့ ေဝါထဲမွာတင္ ကုလိုက္တာ ေပ်ာက္သြားေရာ :3 ေနာက္ထပ္ သူေရွ႕ဆက္ရမယ့္ လမ္းမွာလည္း ရန္သူေပါင္း ေသာင္းေျခာက္ေထာင္ဆိုေတာ့ သူဘယ္လို ဆက္ၿပီး ရင္ဆိုင္မလဲ၊ သူ႕ရဲ႕ အဆိပ္ပညာက သူ႕အတြက္ အေထာက္အကူျဖစ္လာမလား၊ ကံဆိုးမႈေတြကို ရင္ဆိုင္ရမလား ဆိုတာေတာ့…. ဖတ္ၾကည့္ေပါ့ေနာ္ 😀 ဒီဝတၳဳဆို ဒရာမာပါ ထြက္ထားၿပီးသား.. “Legend of Yun Xi” ဆိုတဲ့ နာမည္နဲ႔ ရွာၾကည့္လုိ႔ ရပါတယ္လို႔…

ဒီဝတၳဳေတြကို အဂၤလိပ္လို ဖတ္ခ်င္တယ္ဆိုရင္ Wattpad မွာ ဒီနာမည္ေတြနဲ႔ ရွာၾကည့္လို႔ရသလို Google မွာလည္း ရိုက္ရွာလို႔ ရပါတယ္ေနာ္.. ျမန္မာလိုလည္း Wattpad မွာ Arc အလိုက္ ဘာသာျပန္ထားေပးတာေတြ ရွိပါတယ္။ Link ေပးဖို႔က်ေတာ့ Wattpad မွာ ျမန္မာလို ဘာသာျပန္ထားတာေတြက Arc အလိုက္ဆိုေတာ့ ေပးရခက္လို႔ပါ.. တခ်ိဳ႕ဆို အက္ဒ္မင္ေတာင္ ရွာမရဘူး ဟီးဟီး.. ျဖစ္ႏုိင္ရင္ေတာ့ အဂၤလိပ္လို ဖတ္ေစခ်င္တယ္ ေယာင္းတို႔ေရ… ကိုယ္စိတ္ဝင္စားတာကို ဖတ္ၾကည့္ရင္းနဲ႔ ဖတ္က်င့္ရသြားသလို အဂၤလိပ္စာလည္း ေကာင္းလာတာေပါ့ေနာ္..

ခု အက္ဒ္မင္ေျပာျပသြားတဲ့ ဝတၳဳေတြအကုန္လံုး Normal ေတြခ်ည္းပါပဲေနာ္.. တကယ္လို႔ BL ေလးေတြ ဖတ္ခ်င္တယ္ဆိုရင္ေ္တာ့ ကြန္မန္႔မွာ လာေတာင္းၾကပါလို႔.. ေနာက္ထပ္ေဆာင္းပါးတစ္ပုဒ္နဲ႔ ေျပာျပေပးပါ့မယ္လို႔စ္… မြခ်ိေနာ္..

အားလံုးကို ခ်စ္တဲ့

Libra (For Her Myanmar)

<<< Unicode >>>

ကိုယ်စွဲနေတာ အားမရလို့ သူများကိုပါ စွဲအောင်လုပ်တာ.. အက်ဒ်မင် အကျင့်ပုတ်တယ်နော် 😛

Wattpad ဖတ်တဲ့ ယောင်းတွေ ရှိကြလားဟင်? Wattpad ဆိုတာကတော့ စာရေးဝါသနာပါတဲ့သူတွေ ကလောင်သွေးတဲ့ နေရာလို့ ပြောလို့ရသလို စာဖတ်ဝါသနာပါတဲ့သူတွေအတွက် ရတနာသိုက်လို့လည်း ဆိုလို့ရပါတယ်။ သူက Application လေးတစ်ခုပေါ့နော်… ဒီ App ထဲမှာ နာမည်ကြီးလှချည်ရဲ့ဆိုတဲ့ အခန်းဆက် ဝတ္ထုပေါင်း များစွာ ရှိသလို ဝတ္ထုတိုတွေလည်း အများကြီးပါပဲ။ ဝတ္ထုအမျိုးအစားတွေလည်း အများကြီးဆိုတော့ ကိုယ်ကြိုက်တဲ့ အမျိုးအစားကို ရွေးဖတ်လို့ ရပါတယ်။

အက်ဒ်မင်တော့ Xian Xia (တရုတ်ကျင့်ကြံခြင်းလောက ဇာတ်လမ်းလို့ ခေါ်ရမလားမသိ ဟီးဟီး ) တွေ၊ BL (Boys’ Love – ကောင်လေးနှစ်ယောက်ကြားက ဇာတ်လမ်း) လေးတွေ ကြိုက်တတ်တော့ Wattpad က အက်ဒ်မင့်အတွက် ရတနာသိုက်ကြီးပါပဲ။

တချို့ကျတော့လည်း ကိုယ်ကြိုက်တဲ့ Idol တွေကို ဇာတ်ကောင်ထားပြီး စိတ်ကူးယဉ် ဇာတ်လမ်း ရေးဖွဲ့တာမျိုးလည်း ရှိပါတယ်။ နောက် ကိုယ့်ဟာကိုယ် စိတ်ကြိုက်ဝတ္ထုရေးကြသူတွေလည်း ရှိပါတယ်။ အခန်းဆက်တွေတော့ များတာပေါ့နော်… ကလေးဖတ်လို့ရတဲ့ ဝတ္ထုကစလို့ လူကြီးဖတ် ဝတ္ထုတွေထိ အများကြီးပါပဲ။ ဆိုတော့ ကလောင်သွေးချင်တဲ့ ယောင်းယောင်းတို့အတွက်ရော၊ အပျင်းပြေ ဝတ္ထုတွေ အများကြီး ဖတ်ချင်တဲ ့ယောင်းတို့အတွက်ရော ဒီ app လေးက အတော်အဆင်ပြေတယ်လို့ ဆိုရမှာပါ။ App က ဒီလို ပုံလေးနဲ့နော်…

ဆိုရင် App အကြောင်း သိသွားပြီဆိုတော့ အက်ဒ်မင်ခုတလော အရမ်းသဘောကျနေတဲ့ ဝတ္ထုလေးတွေကို ပြောပြမယ်နော်… ပုံမှန် ရိုမန့်စ် ဝတ္ထုလေးတွေပေါ့လေ…

၁။ Final Boss is No Joke 

ဒီဝတ္ထုရဲ့ အဓိက ဇာတ်ကောင်က မိန်းကလေးပါ။ (မင်းသားတော့ ပါတာပေါ့နော် 😀 ) နာမည်က ရှီရှန်းတဲ့… သူက စာရေးဆရာမပါ။ သူ သေဆုံးပြီးတဲ့နောက်မှာ သူ့ဝိဉာဉ်က တခြားဝတ္ထုတွေထဲရောက်ပြီး သူဝိဉာဉ်ဝင်ပူးလိုက်တဲ့ ဇာတ်ကောင်ရဲ့ ဆန္ဒတွေ System ကပေးတဲ့ Hidden Quest တွေ ဖြည့်ပေးရတဲ့ ဇာတ်လမ်းမျိုးပေါ့.. ရှီရှန်းက များသောအားဖြင့် ဗီလိန်လုပ်တာများတယ်.. ဇာတ်လိုက်တို့အတွဲကို လိုက်နှောင့်.. သူ့လာထိရင် ဇာတ်လိုက်သော ဘာသော နားမလည်ဘူး.. အကုန်အသေပဲ ဆိုတာမျိုး… သူလည်း အသေခံရတယ် 😀 သဘောကျစရာပေ့ါနော်.. Arc တစ်ခုချင်းစီမှာ ဇာတ်လမ်းတစ်မျိုးချင်းစီမို့ အတိုလေးတွေမှ ဖတ်ချင်တာဆိုတဲ့သူတွေအတွက်လည်း ကွက်တိကျမှာပါ။ Arc တစ်ခုကို ပျမ်းမျှ အပိုင်း (၂၀) လောက်ရှိတတ်ပါတယ်။

Related Article >>> ကလိမထိုးခဲ့သော ဟာသအချစ်ဝတ္ထုလေး (၂)အုပ်

၂။ Pick the Second Male Lead 


ဒါကျတော့ ရှီရှန်းလိုပဲ System တစ်ခုနဲ့ တစ်ခုကူးတာ… ဒီထဲက ဇာတ်ကောင် ကောင်မလေး နာမည်ကိုတော့ မပြောထားဘူး.. Arc တစ်ခုချင်းစီရဲ့ အရံဇာတ်ကောင်နာမည်တွေနဲ့ချည်း ပုံဖော်သွားတာပေါ့… နာမည်အတိုင်းပါပဲ… ဒုတိယ ဇာတ်လိုက်မင်းသားရဲ့ အချစ်ကို ရအောင်ယူရတဲ့ ဇာတ်လမ်းမျိုးပေါ့… မိန်းမမာယာတွေ မနည်းမနော တွေ့ရပါလိမ့်မယ်.. ပြီးတော့ Arc တိုင်းကလည်း ကြေကွဲစရာ အဆုံးသတ်မျိုးတွေဆိုတော့ Happy Ending – ပျော်စရာ အဆုံးသတ်မှ ဖတ်ချင်တယ်ဆိုတဲ့ ယောင်းတို့တော့ တစ်ပိုင်းလောက် နမူနာဖတ်ကြည့်ပေါ့လေ 😉

၃။ The Rebirth of the Malicious Empress

နိုင်ငံရဲ့ စစ်အင်အားကို ကိုင်ထားတဲ့ စစ်သူကြီးရဲ့သမီး၊ ဒါပေမဲ့ ဝမ်းကွဲအစ်မတွေရဲ့ စကားအတိုင်းနေတဲ့ ခပ်တုံးတုံး သမီးပေါ့… မထင်မှတ်ဘဲ ဘုရင့်သားကိုကြိုက်မိပြီး အာဏာလုပွဲမှာ ဒီမင်းသားကို နန်းတင်ပေးခဲ့ပြီး သူကိုယ်တိုင် ဧကရီ ဖြစ်ခဲ့ရင်းကနေ နောက်ဆုံး သူ့အိမ်တော်က မိသားစုတွေ အကုန်လုံးကို သတ်၊ သူ့ကိုပါ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဖိအားပေးခံရရင်း သူ့အသက်နဲ့ရင်းပြီး ချစ်ရတဲ့ ဘုရင်ကို စိတ်နာ၊ နောက်ကျောကို ဓားနဲ့ထိုးခဲ့ကြတဲ့ အစ်မ ဝမ်းကွဲတွေကို နာကျည်းပြီး သေဆုံးသွားခဲ့တဲ့ မိန်းကလေး… သေဆုံးသွားပြီးကာမှ ကံကြမ္မာအလှည့်အပြောင်းနဲ့ ဒီဖြစ်ရပ်တွေ မဖြစ်သေးခင် အချိန်လေးမှာ ပြန်ဝင်စားမိတဲ့အခါ သူဘယ်လို လက်စားချေမလဲ၊ သူ့ကံကြမ္မာကို ဘယ်လိုပြောင်းလဲမလဲဆိုတာလေးပါ.. ပလန်ချတာလေးတွေက အတော်စိတ်ဝင်စားစရာ ကောင်းတယ်။

၄။ Doomed to be Cannon Fodder


ဒါကျတော့ ဝတ္ထုဖတ်နေရင်း တန်းလန်းကနေ ဖတ်နေတဲ့ ဝတ္ထုထဲ ရောက်သွားပြီး ကိုယ်က ဗီလိန်ဖြစ်နေလို့ မသေအောင် ကြိုးစားရတဲ့ ကောင်မလေး.. ကွကိုယ် မသေအောင် ကြိုးစားရင်း ဇာတ်လိုက်မင်းသမီးကို ကြိုက်ရမယ့် ဇာတ်ကောင်တွေ ဇာတ်လိုက်နဲ့ ဒုတိယမင်းသား၊ နောက် တခြား ဝတ္ထုထဲမှာ ခဏလေးပဲ ပါတဲ့ ဇာတ်ကောင်တွေကပါ သူ့ကို အတည်ကြိုက်လာတဲ့အခါ… အယ်လယ်.. ဒါမျိုးပေါ့.. ဆိုးတော့ မဆိုးပါဘူးရယ်.. (သိပ်မကြိုက်ပေမဲ့လည်း ချစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းလေးမို့)

Related Article >>> ကမ္ဘာကျော် နာမည်ကြီး ဟယ်ရီပေါ်တာ ရုပ်ရှင်တွေက မူရင်းဝတ္ထုတွေနဲ့ ဘာကွာသွားလဲ?

၅။ Poison Genius Consort 

ဒါကကျတော့ ဒီဘက်ခေတ်က အဆိပ်မှာ အရမ်းကျွမ်းကျင်တဲ့ ဆရာဝန်မလေးက ဟိုဘက်ခေတ်ကို ရောက်သွားတာပေါ့နော်… သူ့ဝိဉာဉ်ဝင်သွားတဲ့ ကောင်မလေးရဲ့ အိမ်က အတော်ဆုံးဆိုတဲ့ သမားတော်ကြီးရဲ့ အိမ်တော်ပေမဲ့ သူကကျတော့ ဘာမှမသိ၊ ဘာမှမတတ် ၊ မျက်နှာမှာ ရုပ်ဆိုးတဲ့ ဒဏ်ရာကြီးနဲ့ မိန်းကလေး.. ဆရာဝန်မလေး အဲဒီကို ရောက်သွားတဲ့အချိန်မှာ ရုပ်ဆိုးမလေးက မင်္ဂလာဝေါထဲ ရောက်နေပြီ..

တကယ့်တကယ် အဲဒီကောင်မလေး မျက်နှာက ဒဏ်ရာက အဆိပ်ကြောင့်ဖြစ်နေတာမျိုး.. ကုလို့ ပျောက်နိုင်တယ်ဆိုပေမဲ့ မူရင်း ခန္ဓာကိုယ်ပိုင်ရှင်က ဘာဆေးပညာ၊ အဆိပ်ပညာမှ မတတ်ဘူးဆိုတော့ မကုခဲ့ဘူး ဖြစ်နေတာ.. ခု ဝိဉာဉ်အသစ်ကကျတော့ အဆိပ်ပညာမှာ ဆရာတစ်ဆူဆိုတော့ ဝေါထဲမှာတင် ကုလိုက်တာ ပျောက်သွားရော :3 နောက်ထပ် သူရှေ့ဆက်ရမယ့် လမ်းမှာလည်း ရန်သူပေါင်း သောင်းခြောက်ထောင်ဆိုတော့ သူဘယ်လို ဆက်ပြီး ရင်ဆိုင်မလဲ၊ သူ့ရဲ့ အဆိပ်ပညာက သူ့အတွက် အထောက်အကူဖြစ်လာမလား၊ ကံဆိုးမှုတွေကို ရင်ဆိုင်ရမလား ဆိုတာတော့…. ဖတ်ကြည့်ပေါ့နော် 😀 ဒီဝတ္ထုဆို ဒရာမာပါ ထွက်ထားပြီးသား.. “Legend of Yun Xi” ဆိုတဲ့ နာမည်နဲ့ ရှာကြည့်လို့ ရပါတယ်လို့…

ဒီဝတ္ထုတွေကို အင်္ဂလိပ်လို ဖတ်ချင်တယ်ဆိုရင် Wattpad မှာ ဒီနာမည်တွေနဲ့ ရှာကြည့်လို့ရသလို Google မှာလည်း ရိုက်ရှာလို့ ရပါတယ်နော်.. မြန်မာလိုလည်း Wattpad မှာ Arc အလိုက် ဘာသာပြန်ထားပေးတာတွေ ရှိပါတယ်။ Link ပေးဖို့ကျတော့ Wattpad မှာ မြန်မာလို ဘာသာပြန်ထားတာတွေက Arc အလိုက်ဆိုတော့ ပေးရခက်လို့ပါ.. တချို့ဆို အက်ဒ်မင်တောင် ရှာမရဘူး ဟီးဟီး.. ဖြစ်နိုင်ရင်တော့ အင်္ဂလိပ်လို ဖတ်စေချင်တယ် ယောင်းတို့ရေ… ကိုယ်စိတ်ဝင်စားတာကို ဖတ်ကြည့်ရင်းနဲ့ ဖတ်ကျင့်ရသွားသလို အင်္ဂလိပ်စာလည်း ကောင်းလာတာပေါ့နော်..

ခု အက်ဒ်မင်ပြောပြသွားတဲ့ ဝတ္ထုတွေအကုန်လုံး Normal တွေချည်းပါပဲနော်.. တကယ်လို့ BL လေးတွေ ဖတ်ချင်တယ်ဆိုရင်ေ်တာ့ ကွန်မန့်မှာ လာတောင်းကြပါလို့.. နောက်ထပ်ဆောင်းပါးတစ်ပုဒ်နဲ့ ပြောပြပေးပါ့မယ်လို့စ်… မွချိနော်..

အားလုံးကို ချစ်တဲ့

Libra (For Her Myanmar)

No Comments Yet

Comments are closed