ချစ်​လို့ကိုက်​တာပါဆို။

ချစ်၍ကိုက်မိ အပြစ်ရှိ 🙁 တကယ်တော့ ကိုက်တယ်ဆိုတာ မုန်းလို့မှမဟုတ်ဘဲနော်.. ချစ်လွန်းလို့ဖြစ်သွားတာပါဆို 😛

ယောင်းတို့ရော ဖြစ်​ဖူးကြတယ်​မလား .. ဝဝတုတ်​တုတ်​ က​လေးပိစိ​လေး​တွေမြင်​ရင်​ ကိုက်​ချင်​လာတာတို့၊ ​ပျော့​ပျော့အိအိ နဲ့ လုံးလုံးတစ်​တစ်​အရာမျိုး​တွေ​တွေ့ရင်​ သွားယားပြီး ဟိုကိုက်​ဒီကိုက်​လုပ်ချင်​လာတာတို့။

လူတစ်​​ယောက်​က​နေ တခြားလူတစ်​​ယောက်​ကို ကိုက်​ချင်​ဖဲ့ချင်​စိတ်​​ပေါ်လာ တာမျိုးက ဖုတ်​​ကောင်​ (Zombie) ​တွေလို “အသား​တွေကို ကိုက်​ဖဲ့စား​သောက်​ချင်​စိတ်​” ဖြစ်သလိုမျိုး​တော့ မကြမ်းတမ်းတတ်​​ပေမယ့် တစ်​ခါတလေ​တော့ ကိုယ်​က ချစ်​စနိုးနဲ့ သွားနဲ့ခဲလိုက်​တယ်​ဆို​ပေမယ့် တခြားသူအတွက်​ နာကျင်​စရာဖြစ်​သွားတာမျိုး ဖြစ်​တတ်​ပါတယ်​။ တကယ်​က​တော့ အသည်းယားဖို့​ကောင်းလို့ ကိုက်​မိတာမျိုး၊ ​နောက်​ပြီး ကိုယ်​ချစ်​ခင်​သဘောကျရတဲ့သူ​တွေကို သွားနဲ့ တတိတိလိုက်​ကိုက်​တတ်​တာမျိုးက ဖြစ်​​လေ့ဖြစ်​ထရှိတတ်​တာမျိုးပါပဲ။ တစ်​ခါတစ်​ခါ​တော့လည်း သူများကို လိုက်​ကိုက်​တတ်​တဲ့အကျင့်ရှိသူတွေဟာ “​ခွေးစိတ်​​ပေါက်​​နေတာလား” လို့လည်း အ​မေးခံရတတ်​ပါတယ်​။ ဒီ​တော့ ကိုက်​တတ်​တဲ့သူ​တွေရဲ့ အမူအကျင့်​​လေး​တွေနဲ့ သူတို့ဘာလို့ကိုက်​ကြတာလဲသိရ​အောင်​ ဒီ​ဆောင်းပါး​လေးနဲ့ ​​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော် ​။

အသည်းယားလွန်းလို့ ဒါမှမဟုတ်​ ချစ်​စရာ​ကောင်းလွန်းလို့ ကိုက်​ချင်​ဖဲ့ချင်​စိတ်​​ ​​​ပေါ်လာတာကို သိပ္ပံပညာရှင်​​တွေက​တော့ Cute Aggression (ချစ်​စရာ​ကောင်းတဲ့အရာ​တွေေ ကြာင့်​ စိတ်​ရိုင်းဝင်​ခြင်း သို့မဟုတ်​ ရန်​လိုခြင်း) လို့ ​ခေါ်ကြပါတယ်​။ နီတာရဲ က​လေး​​လေးတွေရဲ့ ပါး​ဖောင်း​ဖောင်း​လေး​တွေကို မြင်​တဲ့အခါ အတင်းဖက်​နမ်းပစ်​ချင်​တယ်​၊ ဖျစ်​ညှစ်​ပစ်​ချင်​တယ်​၊ ကိုက်​ပစ်​ချင်​တယ်​ ဒီလိုစိတ်​မျိုး​ပေါ်လာတာက cute aggression လို့​ခေါ်တဲ့ ရန်​လိုမှု​ကြောင့်​ပဲ ဖြစ်​ပါတယ်​တဲ့။ နာကျင်​​စေလိုတဲ့ရည်​ရွယ်​ချက်​မျိုးမရှိဘဲ ကိုယ့်ရဲ့ အသည်းယားတဲ့စိတ်​ပြေေ​ပျာက်ေ​အာင်​ ​ပြုမူမိတဲ့ အပြုအမူတစ်​ခုသာဖြစ်​ပါတယ်​။

Related Article >>> ကလေးငယ်တွေကို အချစ်တော်တိရိစ္ဆာန်မွေးခွင့် ပေးလိုက်ပါ

ချစ်​စရာ​ကောင်းလွန်းတဲ့ အရာမျိုး​တွေ့တဲ့အခါ ဒါမှမဟုတ်​ စိတ်​ထဲမှာ ချစ်​စရာ​ကောင်းလွန်းတယ်​၊ အသည်းယားစရာ​ကောင်းတယ်​လို့ ခံစားမိတဲ့အခါမျိုးမှာ ဦး​နှောက်​လှိုင်း​တွေက က​မောက်​ကမဖြစ်​သွားပြီး ရှုပ်​ယှက်​ခတ်​ကုန်​တတ်​ပါတယ်​။ ဒီလိုလှုံ့​ဆော်​မှု​ကိုတားဆီးဖို့  အလိုအ​လျောက်​တုံ့ပြန်​​မှုတစ်​ခုအ​နေနဲ့ ကိုက်​ဖဲ့တာတို့၊ ဆွဲဆိတ်​တာတို့ဆိုတာ လုပ်​မိတာပဲဖြစ်​ပါတယ်​​ ​ယောင်းတို့​ရေ။ ဥပမာ – ကိုယ့်​ချစ်​သူရည်းစားက သိပ်​ပြီးချစ်​ဖို့​ကောင်းေ နတဲ့အခါမျိုး၊ စိတ်​ထဲမှာ သူ အရမ်းချစ်​ဖို့​ကောင်းတယ်​လို့  ​တွေးမိတဲ့အခါမျိုးမှာ သူ့ရဲ့ နားရွက်​​တွေ၊ လက်​​ချောင်း​တွေကို ကိုက်​မိတာမျိုး၊ ပါးနှစ်​ဖက်​ကိုဆွဲညှစ်​တာမျိုး ​တွေ လုပ်တတ်​ကြတာမျိုးပါ။ ဒါ​ကြောင့်​လည်း “အသည်းယားလွန်းလို့ ကိုက်​စားပစ်​ချင်​တယ်​” တို့၊ “ဝါးစားပစ်​ချင်​စရာ​လေး” တို့ အသုံးအနှုန်း​တွေဆိုတာ ​ပေါ်​ပေါက်​လာတာပဲဖြစ်​ပါတယ်​။ ဒီလိုကိုက်​တဲ့​နေရာမှာလည်း တစ်​ချို့က ဖွဖွ​လေး သွားနဲ့ထိရုံ​လောက်​သာ ကိုက်​ကြ​​ပေမယ့်​ တ​ချို့အရမ်းအသည်းယားတတ်​တဲ့ သူ​တွေကျတော့ ကိုက်​ပြီလားဆို သွားရာအကွင်းလိုက်​ဖြစ်​သွားမှ အာသာ​ပြေတတ်​သူ​တွေလည်းရှိပါတယ်​။ ဒါ​ပေမဲ့ ဘယ်​လိုပဲကိုက်​ကိုက်​ ချစ်​လို့ကိုက်​ပါတယ်​ဆိုမှ​တော့ အကိုက်​ခံရတဲ့သူ အနာတရဖြစ်​​လောက်​​အောင်​ ကျီစားတာမျိုးက​တော့ ​မဖြစ်​သင့်​ပါဘူး​နော်​။

ကဲ .. ​ယောင်းတို့​ရေ .. ကိုက်​တတ်​တဲ့အကျင့်များရှိနေလား။ ကိုယ်​က ခဏခဏလိုက်​ကိုက်​​နေလို့ဆိုပြီး မ​ကျေမနပ်​ ပွစိပွစိလုပ်​​နေတဲ့ ဘဲဘဲ​တွေရှိတယ်​ဆိုရင်​ .. ကိုက်​တယ်​ဆိုတာ တကယ်​​တော့ ကိုယ်​ချစ်​တဲ့သူ​တွေကိုပဲ ​အသည်းယားလွန်းလို့ ကိုက်​မိတာဖြစ်​တဲ့အ​ကြောင်းနဲ့  ဘာလို့ကိုက်​ရတာလဲဆိုတဲ့​ကြောင်းရင်းကို ​သေ​သေချာချာရှင်းပြ​ပေးလိုက်​​နော်​။ အများကြီးချစ်​ရင်​ အများကြီးကိုက်​တာမို့ ခုလည်းကိုက်​တဲ့အပြင်​ ​နောင်​ကိုလည်း အများကြီးဆက်​ကိုက်​ဖို့ရှိ​သေး​ကြောင်း​ပြောပြီး ကိုကို​တွေ ​မောင်​​မောင်​​တွေရဲ့ ချစ်​ခင်​နားလည်​​ပေးမှုကို ရရှိနိုင်​ကြပါ​စေလို့လည်း ဆု​တောင်း​ပေးလိုက်​ပါတယ်​​နော် ​။

အားလုံးပဲ ​ဆက်​ကိုက်​ .. အဲ​လေ .. ​ပျော်​ရွှင်​ကြပါ​စေလို့။

Nandar ( For Her Myanmar )

No Comments Yet

Comments are closed