မေ့တတ်လွန်းသူများ မမေ့စေဖို့နည်းလမ်းကောင်း

ဟိုဟာလည်း မေ့ ဒီဟာလည်း မေ့ တတ်သူများ နောက်တစ်ခါမမေ့အောင် ဒီအချက်တွေကို လိုက်နာပါ။

ကျွန်မတို့ဟာ မေ့တတ်သူတွေပါ။နည်းနည်းမေ့တာနဲ့များများမေ့တာပဲ ကွာတာပါ။ဟုတ်တယ် ဟုတ်။ဆရာတစ်ယောက်က ပြောဖူးတယ်။ဖတ်ထားတယ် မေ့သွားတယ် ကျက်ထားတယ် မေ့သွားတယ် ဒါဆို ဒါဟာ ပုံမှန် ဦးနှောက်ပါတဲ့လေ။ သို့သော် မေ့တတ်လွန်လို့ ပြသနာပေါင်းသောင်းခြောက်ထောင် ကြုံနေရသူတွေလည်း ရှိပါတယ်။ဥပမာ ကျွန်မလိုပေါ့ ။မေ့တတ်တာကတော့ ထမင်းစားဖို့တောင်မေ့တတ်ပါသေးတယ်။ ကံကောင်းလို့ ဗိုက်ကပုံမှန်အချက်ပေးလို့။

ကဲ မေ့တတ်လွန်းသူ ကျွန်မအတွက် ဒီလိုအချက်လေးတွေ လိုက်နာကြည့်တော့ အတော်အဆင်ပြေတာကို တွေ့လာရတယ်။

(၁)အစားအသောက်မှန်ရပါ့မယ်။
အစားအသောက် စားတာကတော့ စားတာပဲ။စားသောက်နည်းမမှန်တာတွေကလည်း မှတ်ဉာဏ်မကောင်းစေတဲ့ထဲပါ ပါတယ်။မနက်စာကိုလည်း ပုံမှန်စားပေးတာဟာ ဦးနှောက်မှတ်ဉာဏ်ကို အကျိုးဖြစ်စေပါတယ်။မနက်စာကိုလည်းပုံမှန်စားသလို မှတ်ဉာဏ်အတွက် အထောက်အကူဖြစ်စေမဲ့ အနီရောင်အသားတွေ၊ကြက်၊ဘဲ နဲ့ ငါး တွေကို စားပေးသင့်တယ်။အမြန်စာ(အလွယ်အစားအစာ)တွေကိုတော့ တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။အမြန်အစားအစာတွေကလည်း မေ့တတ်သူတွေရှောင်သင့်ပါတယ်။

(၂)လုံလောက်စွာ အိပ်ရပါ့မယ်။
အိပ့်စက်ခြင်းဟာလည်း မှတ်ဉာဏ်အတွက် အရေးကြီးပါတယ်။လူတစ်ယောက်ဟာ တစ်နေ့တာ အိပ်စက်ချိန်ကို ၇နာရီကနေ ၈နာရီထိ အိပ်စက်ရပါမယ်။အဲ အိပ့်ချိန်ကို ဒိထက်ပိုအိပ်မယ် ဆိုရင်တော့ ကျန်းမာရေးအတွက်လည်းမကောင်းပြန်ပါဘုး။အိပ်ဖူးကြတယ်မလား ? ပိတ်ရက်တွေဆို နေ့လည် ဆယ်နာရီကျော်ထိ အသားကုန် အိပ်ပစ်တာတွေက ဦးနှောက်ကိုလည်းလေးလံစေသလို အချိန်ကိုလည်း ပုတ်စေတယ်။လိုတိုး ပိုလျော့ ပဲ အိပ်ကြရအောင်။

(၃)လေ့ကျင့်ခန်းတွေ လုပ်ပါ။
နေ့စဉ်လေ့ကျင့်ခန်း လုပ်တာတွေ ကလည်း ဦးနှောက်မှတ်ဉာဏ်ကို သွေးပြီးသားဖြစ်စေပါတယ်။လေ့ကျင့်ခန်းလုပ်တာကို ခန္ဓာကိုယ်အတွက်ပဲ ကောင်းတယ်လို့မထင်စေချင်ပါဘူး။အကောင်းဆုံး လေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်း ပါပဲ။

 

(၄)စာရွက်တွေထဲ ချရေးပါ။
ဒါကတော့ အကောင်းဆုံးလမ်းပဲ။ကိုယ့်ရဲ့ တစ်နေ့တာကော နောက်နေ့စာကော ချက်ချင်းလုပ်ရမဲ့ဟာတွေကော အကုန်လုံးကို ချရေးထားသင့်ပါတယ်။မှတ်စု စာအုပ်ဆောင်တာဖြစ်ဖြစ်။အခုခေတ်လို ကပ်စရာကော်ပါ တစ်ခါတည်းပါတဲ့တစ်ခါသုံး မှတ်စုစာရွက်လေးတွေကလည်း ပိုပြီးအဆင်ပြေတယ်။ကွန်ပြူတာသုံးနေသူဆို Desktopဘောင်မှာ စာရွက်တွေကပ်ထားလို့ရတယ်။အိမ်မှာဆို ရေခဲသေတ္တာတံခါးဖြစ်ဖြစ် ၊ ကိုယ့်ခေါင်းရင်း နံရံမှာဖြစ်ဖြစ် ကိုယ်လုပ်ရမဲ့ ကိုယ်မေ့တတ်တဲ့အရာလေးတွေကို ရေးမှတ် ကပ်ထားရင်လည်း အလွယ်တကူမြင်တော့ မှတ်မိလွယ်တယ်။ကိစ္စတစ်ခု ပြီးမြှောက်တိုင်းလည်း အလွယ်တကူ လွှင့်ပတ်လို့အဆင်တောင်ပြေပါသေးတယ်။

(၅)တက်ကြွစွာနေပါ။
ပျင်းတိ ပျင်းရွဲနေတာလည်း မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်။ခန္ဓာကိုယ်အတွက်လေ့ကျင့်ခန်းလုပ်သလို ဦးနှောက်ကိုလည်း ခိုင်းလုပ်ပါ။ဒါကြောင့် ပဟေဠိတွေ စကားဝှက်တွေနဲ့ဦးနှောက်ကိုခိုင်းပါ။ခုခေတ်လို Appတွေပေါတဲ့ခေတ်မှာ ပဟေဠိဂိမ်းလေးတွေနဲ့ ဦးနှောက်ကို အလုပ်ပေးပါ။ဂိမ်းကစားခြင်းကလည်း မှတ်ဉာဏ်အတွက် အထောက်အကူဖြစ်စေပါတယ်။ဒါကြောင့် ဂိမ်းတွေလည်း ကစားပေးပါနော်။

မေ့တတ်သူတွေကြောင့်တခြားသူကို ထိခိုက်စေပါတယ်။မေ့တတ်သူတွေလည်း ကိုယ့်ကိုယ်ကိုယ်စိတ်တိုရပါတယ်။မွေးရာပါ ရောဂါကြောင့်လည်း ဖြစ်တတ်သလို ဖုန်းတွေ အလွန်အကျွံသုံးလာတာ အင်တာနက်တွေသုံးကာ ဖုန်းကို လက်ကမချနိုင် အလွန်အကျွံသုံးစွဲတာကလည်း မှတ်ဉာဏ်ကို ထိခိုက်စေတာပါပဲ။ဗုဒ္ဓဘာသာနည်းအရ တရားထိုင်တာတွေကလည်း မေ့တတ်သူတွေအတွက် နည်းလမ်းကောင်းပါပဲ။စိတ်ငြိမ်တော့ သတိလည်းကပ်တယ်။သတိကပ်တော့ မေ့ဖို့ပျောက်ဖို့ အတွက် ခက်ခဲပါတယ်။

အပေါ်က နည်းလမ်းလေးတွေ လိုက်နာဖို့ မေ့တတ်သူတွေကို Mentionခေါ်လိုက်ရအောင် ယောင်း တို့ရေ။

Wai Zin (For Her Myanmar)

No Comments Yet

Comments are closed