Knowledge Relationship

“ျမင္ျမင္ခ်င္း အခ်စ္” ဆိုတာ ဘယ္ေတာ့မွ ရွိလာမွာ မဟုတ္တဲ့ Sapiosexual တို႔အေၾကာင္း

ရုပ္ရည္ေတြ ေဘာဒီေတာင့္တာေတြက ကိုယ့္ကို မဆြဲေဆာင္နိုင္ဘူး ျဖစ္ေနသလား ? ဒါဆို ဒီေဆာင္းပါးကို ဖတ္ၾကည့္ဖို႔ လုိေနပါၿပီ ။

Pensexual တို႔ Bisexual တို႔လို အသံုးအႏႈန္းမ်ိဳးတစ္ခုျဖစ္တဲ့ Sapiosexual ဆိုတာကို ၾကားဖူးၾကလားဟင္ ေယာင္းတို႔?? Sapiosexual ဆိုတာကေတာ့ လူတစ္ေယာက္ရဲ႕ ဉာဏ္ရည္ထက္ျမက္မႈကိုပဲ ေႂကြက်တတ္ၾကတဲ့သူေတြလို႔ပဲ လြယ္လြယ္ ေျပာၾကပါစို႔ရဲ႕…

ဆိုလိုတာက ေယာင္းရယ္… လူတစ္ေယာက္ကို ေယာင္းတို႔ၾကည့္လိုက္… ေယာင္းအတြက္ သူတို႔ မ်က္လံုးေလးေတြက ဆြဲေဆာင္မႈ ရွိေနတာလား၊ ဒါမွမဟုတ္ အျပံဳးေလးေတြကို ေႂကြရတာလား၊ ေႏြးေထြးတဲ့ အျပဳအမူေလးေတြကို ျမတ္ႏိုးတာလား… ဘာကိုပဲ သေဘာက်က် ကိုယ္သေဘာက်တဲ့ အရာေလးေတြကို တစိမ့္စိမ့္ၾကည့္ရင္း အခ်စ္စိတ္ေတြ တိုးလာတယ္ဟုတ္? Sapiosexual ေတြက်ေတာ့ တစ္ဖက္လူရဲ႕ ဉာဏ္ရည္ထက္ျမက္မႈေတြေၾကာင့္ ျမတ္ႏိုးမႈေတြ ပိုရပါတယ္တဲ့… ကဲ.. ဒါဆို ေယာင္းက Sapiosexual ျဖစ္ေနမလား ဘယ္လို သိႏုိင္မလဲ? မင္မင္တို႔  သိပၸံနည္းက်က် ေျပာၾကည့္ၾကရေအာင္…

၁။ ထားခဲ့သမွ် RS ေတြအားလံုးဟာ သူငယ္ခ်င္းဘဝကေန စတာခ်ည္းပါပဲ။

ျမင္ျမင္ခ်င္း ခ်စ္မိတယ္ဆိုတာ Sapiosexual ေတြမွာ မရွိပါဘူး။ ကိုယ္နဲ႔ ဝါသနာတူရာ၊ စိတ္ဝင္စားမႈခ်င္း တူရာ၊ အေတြးအေခၚခ်င္းတူရာ လူေတြနဲ႔သာ စကားေျပာျဖစ္ၿပီး ကိုယ့္အတြက္ သက္ေတာင့္သက္သာ အျဖစ္ဆံုးသူကိုသာ ခ်စ္သူအျဖစ္ ေရြးခ်ယ္ၾကသူေတြပါ။ အဲ့ေတာ့ အားနည္းခ်က္က ဘာျဖစ္လာလဲဆိုေတာ့ ဒီ Relationship မွာ စိတ္လႈပ္ရွားရင္ခုန္စရာ စပရိုက္စ္ေတြ၊ ရိုမႈေတြ နည္းတာပါပဲေနာ္…

Related Article >>> ေသအတူ ရွင္မကြာ ခ်စ္ျခင္းဆိုတာကို သက္ေသျပသြားခဲ့တဲ့ ဒုစရိုက္ လူသတ္စံုတြဲ

၂။ ခ်စ္ခြင့္ေတာင္းလာလို႔ စဥ္းစားမယ့္အခါ ထိပ္ဆံုးကစဥ္းစားမိတာ သူ႕ဉာဏ္ရည္ နဲ႔ အေတြးအေခၚ ဘယ္ေလာက္ရွိလဲဆိုတာပါပဲ။

စာေတာ္မွလို႔ ေျပာတာ မဟုတ္ဘူးေနာ္… ကိုယ္နဲ႔ ဘာသာစကားခ်င္း ညီသလားဆိုတာကို အရင္စဥ္းစားၾကတာပါ။ ကိုယ့္ထက္ မေတြးႏိုင္၊ မစဥ္းစားႏုိင္ေတာင္ ကိုယ္နဲ႔ အမီလိုက္ႏိုင္သူေတြကိုသာ သေဘာက်ၾကပါတယ္။ ဥပမာေျပာရရင္- ေငြရွိမရွိဆိုတာထက္ ေငြရွာႏုိင္တဲ့ အရည္အခ်င္း ရွိမရွိဆိုတာမ်ိဳးကို အရင္ၾကည့္ၾကသူေတြေပါ့..

၃။ လူတစ္ေယာက္ကို သေဘာက်ဖို႔ အေတာ္ခက္ခဲပါတယ္။

ဘာလို႔လဲ? Sapiosexual ေတြက လူတိုင္းကို သေဘာမက်ၾကပါဘူး။ သူတို႔ တကယ္ႀကီး အရမ္းသေဘာက်တဲ့သူဆိုတာ အေတာ္ေလး ရွားပါတယ္။ အဲ.. တကယ္လို႔မ်ား သေဘာက်လို႔ သူငယ္ခ်င္းျဖစ္သြားၾကၿပီဆိုရင္လည္း ေတာ္ေတာ္ႀကီး တြယ္တာတတ္တဲ့သူမ်ိဳးေတြပါ။ ၾကာေလ ၾကာေလ တြယ္တာေလ ဆိုတာမ်ိဳးေပါ့…

၄။ အထိအေတြ႕နဲ႔ ရုပ္ပိုင္းဆိုင္ရာ ဆြဲေဆာင္မႈေတြထက္ အျပန္အလွန္စကားေျပာရတာကို ပိုၿပီး သေဘာက်တတ္ပါတယ္။

အထိအေတြ႕မွာ မသာယာတဲ့သူဆိုတာ အေတာ္ရွားတယ္ဆိုရမွာပါ။ အဲ.. အလွမႀကိဳက္တဲ့သူေရာ ဘယ္သူရွိလဲ ေမးေလေနာ္… ကိုယ့္မ်က္စိေရွ႕ အလွတရားေလး ျမင္ေနရတာ မႀကိဳက္တဲ့သူ ရွိလားေျပာ… ဒါေပမဲ့ Sapiosexual ေတြအတြက္ေတာ့ ဒီအလွတရားေတြ အထိအေတြ႕ေတြဟာ ခဏတာပဲ ဆြဲေဆာင္ႏုိင္မွာပါ။ တကယ့္တကယ္ သူတို႔ကို ဆြဲေဆာင္ႏုိင္တာက သူတို႔အေတြးအေခၚ ဘယ္ေလာက္ေကာင္းလဲ၊ ဗဟုသုတ ဘယ္ေလာက္ရွိလဲဆိုတာပါပဲ။

Related Article >>> ရူးရူးမူးမူးခ်စ္ျခင္းဟာ ေရာဂါတစ္ခုလား?

၅။ ရူးမိုက္တဲ့ အျပဳအမူတစ္ခုေၾကာင့္ လမ္းခြဲရတဲ့ထိ ျဖစ္တတ္ၾကပါတယ္။

ဥပမာ – “ဟိုေကာင္က ခဏက ခ်စ္ကို ၾကည့္ေနလို႔ ကိုယ္ သြားထိုးလာတယ္”၊ “မင္းမွ ျပန္မခ်စ္ရင္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသလိုက္မွာ” ဆိုတာမ်ိဳးနဲ႔ Sapiosexual ေတြကို ရင္ခုန္ေအာင္လုပ္ႏုိင္မယ္ထင္ရင္ေတာ့ အလြဲႀကီး လြဲပါလိမ့္မယ္။ အဲ့လို ဉာဏ္မရွိတဲ့ အျပဳအမူေတြ၊ ရူးမိုက္တဲ့ အေျပာအဆိုေတြက ေဝးကြာဖို႔အတြက္ ေသာ့ခ်က္ႀကီးပါပဲ။ တစ္ခါေလာက္ လုပ္မိလိုက္တာနဲ႔ စိတ္ကုန္သြားဖို႔ ရာႏႈန္း ၈၀ ပါ။ ကိုယ့္ခံစားခ်က္ကို ကိုယ္သိေနၿပီး ဒါေတြကို ျဖတ္ထိုးဉာဏ္သံုး၊ သိမ္ေမြ႕တဲ့ နည္းလမ္းနဲ႔ ေဖာ္ျပတတ္တာကိုက Sapiosexual ေတြကို ေႂကြေအာင္လႈပ္ႏုိင္မယ့္ အကြက္ပါ။

ဒီအခ်က္ေတြနဲ႔ ကိုက္ညီေနမယ္ဆိုရင္ ေယာင္းဟာ ဉာဏ္ေကာင္းထက္ျမက္သူေတြကိုမွသာ သေဘာက်တဲ့ Sapiosexual ေတြပါပဲ။ ဘယ္ေလာက္ ေခ်ာေန၊လွေနပါေစ၊ ဘယ္ေလာက္ပဲ အထာက်ေနပါေစ၊ ဘယ္လိုအေျပာေကာင္းေနပါေစ၊ အဲဒီသူက မထက္ျမက္ဘူးဆိုရင္ တစ္စိုးတစ္စိမွ သေဘာမက်တတ္တဲ့ Sapiosexual ေတြအတြက္ လက္တြဲေဖာ္က အေတာ္ေလး ရွာရခက္ခဲႏုိင္တာမို႔ Single ျဖစ္ေနၾကတာလည္း မ်ားမွာပါ။ ဒါေပမဲ့ တြဲမိၿပီ၊ တကယ္ခ်စ္မိၿပီဆိုလည္း ၿမဲတတ္ၾကတာမို႔ သာယာတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ၾကရတာ မ်ားပါတယ္တဲ့ ေယာင္းတို႔ေရ..

ကဲ..ေယာင္းက Sapiosexual ဟုတ္ရဲ႕လား?

References : Ideapod ,Thought Catalog

Libra (For Her Myanmar)

ရုပ်ရည်တွေ ဘောဒီတောင့်တာတွေက ကိုယ့်ကို မဆွဲဆောင်နိုင်ဘူး ဖြစ်နေသလား ? ဒါဆို ဒီဆောင်းပါးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ ။

Pensexual တို့ Bisexual တို့လို အသုံးအနှုန်းမျိုးတစ်ခုဖြစ်တဲ့ Sapiosexual ဆိုတာကို ကြားဖူးကြလားဟင် ယောင်းတို့?? Sapiosexual ဆိုတာကတော့ လူတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကိုပဲ ကြွေကျတတ်ကြတဲ့သူတွေလို့ပဲ လွယ်လွယ် ပြောကြပါစို့ရဲ့…

ဆိုလိုတာက ယောင်းရယ်… လူတစ်ယောက်ကို ယောင်းတို့ကြည့်လိုက်… ယောင်းအတွက် သူတို့ မျက်လုံးလေးတွေက ဆွဲဆောင်မှု ရှိနေတာလား၊ ဒါမှမဟုတ် အပြုံးလေးတွေကို ကြွေရတာလား၊ နွေးထွေးတဲ့ အပြုအမူလေးတွေကို မြတ်နိုးတာလား… ဘာကိုပဲ သဘောကျကျ ကိုယ်သဘောကျတဲ့ အရာလေးတွေကို တစိမ့်စိမ့်ကြည့်ရင်း အချစ်စိတ်တွေ တိုးလာတယ်ဟုတ်? Sapiosexual တွေကျတော့ တစ်ဖက်လူရဲ့ ဉာဏ်ရည်ထက်မြက်မှုတွေကြောင့် မြတ်နိုးမှုတွေ ပိုရပါတယ်တဲ့… ကဲ.. ဒါဆို ယောင်းက Sapiosexual ဖြစ်နေမလား ဘယ်လို သိနိုင်မလဲ? မင်မင်တို့  သိပ္ပံနည်းကျကျ ပြောကြည့်ကြရအောင်…

၁။ ထားခဲ့သမျှ RS တွေအားလုံးဟာ သူငယ်ချင်းဘဝကနေ စတာချည်းပါပဲ။

မြင်မြင်ချင်း ချစ်မိတယ်ဆိုတာ Sapiosexual တွေမှာ မရှိပါဘူး။ ကိုယ်နဲ့ ဝါသနာတူရာ၊ စိတ်ဝင်စားမှုချင်း တူရာ၊ အတွေးအခေါ်ချင်းတူရာ လူတွေနဲ့သာ စကားပြောဖြစ်ပြီး ကိုယ့်အတွက် သက်တောင့်သက်သာ အဖြစ်ဆုံးသူကိုသာ ချစ်သူအဖြစ် ရွေးချယ်ကြသူတွေပါ။ အဲ့တော့ အားနည်းချက်က ဘာဖြစ်လာလဲဆိုတော့ ဒီ Relationship မှာ စိတ်လှုပ်ရှားရင်ခုန်စရာ စပရိုက်စ်တွေ၊ ရိုမှုတွေ နည်းတာပါပဲနော်..

Related Article >>> သေအတူ ရှင်မကွာ ချစ်ခြင်းဆိုတာကို သက်သေပြသွားခဲ့တဲ့ ဒုစရိုက် လူသတ်စုံတွဲ

၂။ ချစ်ခွင့်တောင်းလာလို့ စဉ်းစားမယ့်အခါ ထိပ်ဆုံးကစဉ်းစားမိတာ သူ့ဉာဏ်ရည် နဲ့ အတွေးအခေါ် ဘယ်လောက်ရှိလဲဆိုတာပါပဲ။

စာတော်မှလို့ ပြောတာ မဟုတ်ဘူးနော်… ကိုယ်နဲ့ ဘာသာစကားချင်း ညီသလားဆိုတာကို အရင်စဉ်းစားကြတာပါ။ ကိုယ့်ထက် မတွေးနိုင်၊ မစဉ်းစားနိုင်တောင် ကိုယ်နဲ့ အမီလိုက်နိုင်သူတွေကိုသာ သဘောကျကြပါတယ်။ ဥပမာပြောရရင်- ငွေရှိမရှိဆိုတာထက် ငွေရှာနိုင်တဲ့ အရည်အချင်း ရှိမရှိဆိုတာမျိုးကို အရင်ကြည့်ကြသူတွေပေါ့..

၃။ လူတစ်ယောက်ကို သဘောကျဖို့ အတော်ခက်ခဲပါတယ်။

ဘာလို့လဲ? Sapiosexual တွေက လူတိုင်းကို သဘောမကျကြပါဘူး။ သူတို့ တကယ်ကြီး အရမ်းသဘောကျတဲ့သူဆိုတာ အတော်လေး ရှားပါတယ်။ အဲ.. တကယ်လို့များ သဘောကျလို့ သူငယ်ချင်းဖြစ်သွားကြပြီဆိုရင်လည်း တော်တော်ကြီး တွယ်တာတတ်တဲ့သူမျိုးတွေပါ။ ကြာလေ ကြာလေ တွယ်တာလေ ဆိုတာမျိုးပေါ့…

၄။ အထိအတွေ့နဲ့ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေထက် အပြန်အလှန်စကားပြောရတာကို ပိုပြီး သဘောကျတတ်ပါတယ်။

အထိအတွေ့မှာ မသာယာတဲ့သူဆိုတာ အတော်ရှားတယ်ဆိုရမှာပါ။ အဲ.. အလှမကြိုက်တဲ့သူရော ဘယ်သူရှိလဲ မေးလေနော်… ကိုယ့်မျက်စိရှေ့ အလှတရားလေး မြင်နေရတာ မကြိုက်တဲ့သူ ရှိလားပြော… ဒါပေမဲ့ Sapiosexual တွေအတွက်တော့ ဒီအလှတရားတွေ အထိအတွေ့တွေဟာ ခဏတာပဲ ဆွဲဆောင်နိုင်မှာပါ။ တကယ့်တကယ် သူတို့ကို ဆွဲဆောင်နိုင်တာက သူတို့အတွေးအခေါ် ဘယ်လောက်ကောင်းလဲ၊ ဗဟုသုတ ဘယ်လောက်ရှိလဲဆိုတာပါပဲ။

၅။ ရူးမိုက်တဲ့ အပြုအမူတစ်ခုကြောင့် လမ်းခွဲရတဲ့ထိ ဖြစ်တတ်ကြပါတယ်။

ဥပမာ – “ဟိုကောင်က ခဏက ချစ်ကို ကြည့်နေလို့ ကိုယ် သွားထိုးလာတယ်”၊ “မင်းမှ ပြန်မချစ်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မှာ” ဆိုတာမျိုးနဲ့ Sapiosexual တွေကို ရင်ခုန်အောင်လုပ်နိုင်မယ်ထင်ရင်တော့ အလွဲကြီး လွဲပါလိမ့်မယ်။ အဲ့လို ဉာဏ်မရှိတဲ့ အပြုအမူတွေ၊ ရူးမိုက်တဲ့ အပြောအဆိုတွေက ဝေးကွာဖို့အတွက် သော့ချက်ကြီးပါပဲ။ တစ်ခါလောက် လုပ်မိလိုက်တာနဲ့ စိတ်ကုန်သွားဖို့ ရာနှုန်း ၈၀ ပါ။ ကိုယ့်ခံစားချက်ကို ကိုယ်သိနေပြီး ဒါတွေကို ဖြတ်ထိုးဉာဏ်သုံး၊ သိမ်မွေ့တဲ့ နည်းလမ်းနဲ့ ဖော်ပြတတ်တာကိုက Sapiosexual တွေကို ကြွေအောင်လှုပ်နိုင်မယ့် အကွက်ပါ။

ဒီအချက်တွေနဲ့ ကိုက်ညီနေမယ်ဆိုရင် ယောင်းဟာ ဉာဏ်ကောင်းထက်မြက်သူတွေကိုမှသာ သဘောကျတဲ့ Sapiosexual တွေပါပဲ။ ဘယ်လောက် ချောနေ၊လှနေပါစေ၊ ဘယ်လောက်ပဲ အထာကျနေပါစေ၊ ဘယ်လိုအပြောကောင်းနေပါစေ၊ အဲဒီသူက မထက်မြက်ဘူးဆိုရင် တစ်စိုးတစ်စိမှ သဘောမကျတတ်တဲ့ Sapiosexual တွေအတွက် လက်တွဲဖော်က အတော်လေး ရှာရခက်ခဲနိုင်တာမို့ Single ဖြစ်နေကြတာလည်း များမှာပါ။ ဒါပေမဲ့ တွဲမိပြီ၊ တကယ်ချစ်မိပြီဆိုလည်း မြဲတတ်ကြတာမို့ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ကြရတာ များပါတယ်တဲ့ ယောင်းတို့ရေ..

ကဲ..ယောင်းက Sapiosexual ဟုတ်ရဲ့လား?

References : Ideapod ,Thought Catalog

Libra (For Her Myanmar)

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*

Leave a Reply

Your email address will not be published. Required fields are marked *