ရံုးမွာ ဖုန္းအသံုးျပဳဖို႔အတြက္ ကိုယ္တိုင္ကန္႔သတ္ထားသင့္တဲ့ စည္းကမ္း(၇)ခု

ဖုန္းခ်ည္းပဲကိုင္ေနရင္ ဘယ္သူကၾကည္ျဖဴမွာလဲ  

လူတိုင္းနီးပါးဖုန္းကိုင္ႏိုင္တဲ့ေခတ္ႀကီးျဖစ္သလို လူမႈကြန္ရက္ေတြလည္း အေတာ္လည္းက်ယ္ျပန္႔လာၿပီဆုိေတာ့ ဖုန္းကိုလက္ထဲကမခ်ခ်င္ေလာက္ေအာင္ စြဲလမ္းတဲ့ေရာဂါေတြလည္း ထူေျပာလာၿပီေယာင္းေရ။ အိမ္မွာဆိုရင္ေတာ့ ဖုန္းပဲကုိင္ေနတာပဲဆိုတဲ့ အေမ့ရဲ႕ဆူသံေလာက္နဲ႔ ရပ္တန္႔သြားေပမဲ့ လုပ္ငန္းခြင္ထဲမွာေတာ့ ဆူရုံေလာက္နဲ႔ၿပီးမသြားဘဲ ေယာင္းတို႔လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ မ်က္မုန္းက်ိဳးမႈေတြနဲ႔ လုပ္ငန္းေႏွာင့္ေႏွးၾကန္႔ၾကာတာေတြအထိ ျဖစ္ႏိုင္ပါတယ္။ ဒီေတာ့ ေယာင္းတို႕ရုံးမွာဖုန္းအသုံးျပဳဖို႕အတြက္ ဒီလိုကန္႔သတ္ခ်က္ေလးေတြ ထားသင့္ပါတယ္ေနာ္။

(၁) အတတ္ႏိုင္ဆုံး ဖုန္းမသုံးျဖစ္ေအာင္ေနပါ။

ရံုးခ်ိန္အတြင္းမွာေတာ့ အလုပ္ကိုအာရံုစိုက္ၿပီး ေသခ်ာလုပ္သင့္ပါတယ္။ ဖုန္းမသံုးရ မေနနိုင္ရင္ေတာင္ ထမင္းစားနားခ်ိန္နဲ႔ တျခားအနားရတဲ့အခ်ိန္ေတြမွာပဲ သုံးသင့္ပါတယ္။ ဖုန္းျမင္ေနရလို႔ သံုးမိမွာစိုးရင္လည္း ဖုန္းကိုအံဆြဲထဲထည့္ထားတာမ်ိဳး၊ အိတ္ထဲမွာပဲ ထားခဲ့တာမ်ိဳးလုပ္ၿပီးေတာ့ ထိန္းခ်ဳပ္လို႔ရပါတယ္။

(၂)ဖုန္းသံ ပိတ္ထားဖို႔ မေမ့ပါနဲ႕။

ဖုန္းသံအက်ယ္ႀကီးျမည္လာတာက အလုပ္မွာအာရံုစိုက္ေနတဲ့သူေတြကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဖုန္းအသံကိုပိတ္ထားတာ ၊ အသံတိုးထားတာ ၊ vibrate လုပ္ထားတာေတြ လုပ္ထားေပးပါ။

Related Article;ေယာင္းက အလုပ္နဲ႔ဘဝ ညီမွ်တဲ့လူတစ္ေယာက္လား ?

(၃)အေရးႀကီးတဲ့ဖုန္းေတြကိုသာ ျပန္လည္ေျဖၾကားပါ။

ဝင္လာသမ်ွဖုန္းေတြကို ထိုင္ေျပာေနတာေတာ့မဟုတ္ေသးဘူးေလေနာ္။ အလုပ္ပတ္ဝန္းက်င္ကို ေႏွာင့္ယွက္ေနသလို ေယာင္းတို႔ရဲ့အထက္လူႀကီးလည္း ႀကိဳက္မယ္မထင္ပါဘူး။  အရမ္းအေရးႀကီးတဲ့ဖုန္းဝင္လာရင္လည္း အထက္လူႀကီးကိုအသိေပးၿပီး ေျပာတာအေကာင္းဆုံးပါပဲ။

(၄)ဖုန္းေျပာလို႔ရမယ့္ ကိုယ္ပိုင္ေနရာေလးကိုရွာထားပါ။

အလုပ္ေနရာမွာပဲ ဖုန္းနဲ႕အေၾကာင္းစုံေျပာေနဖို႕ မသင့္ေတာ္သလို ၊ ကိုယ္ေရးကိုယ္တာကိစၥလည္းရွိႏိုင္တာမို႕ လြတ္လြတ္လပ္လပ္ေျပာႏိုင္မယ့္ ေနရာမွာခဏေလာက္ သြားေျပာလိုက္တာ အေကာင္းဆုံးပါပဲ။

Related Article;အလုပ္နဲ႕ဘဝ အခ်ိဳးက်ေစဖို႔ မျဖစ္မေန လိုက္နာရမယ့္ စည္းကမ္းခ်က္(၃) ခ်က္

(၅)သန္႔စင္ခန္းထဲကို ဖုန္းမယူသြားပါနဲ႔။

သန္႔စင္ခန္းထဲဖုန္းယူသြားၿပီး အခ်ိန္ေတြဆြဲလို႕ ဖုန္းသုံးေနတတ္တာကလည္း တစ္ခါထက္ ပိုမလုပ္သင့္တဲ့အရာပါ။ ပထမတစ္ႀကိမ္ေလာက္မွာသာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္လို႔ ျဖည့္ေတြးေပးႏိုင္ေပမဲ့ (၂)ႀကိမ္ေလာက္ဆိုရင္ေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြ စိတ္ကြက္သြားမွာေသခ်ာပါတယ္။ သန္႔စင္ခန္းထဲက ပိုးမႊားေတြကလည္း ဖုန္းမွာကပ္ပါလာႏိုင္ေသးတယ္ဆိုေတာ့ အနားေပးတဲ့အခ်ိန္ဆိုရင္ေတာင္ ယူမသြားတာအေကာင္းဆုံးပါ။

(၆)အစည္းေဝးခန္းထဲကို ဖုန္းမယူသြားပါနဲ႔။

ဖုန္းကိုအစည္းအေဝးခန္းထဲ သယ္သြားတာက အခ်က္အလက္ေတြမွတ္ဖို႔ဆိုရင္ေတာင္ ဖုန္းကိုငုံ႔ၾကည့္ၿပီး စာေတြရိုက္ေနတာက အျပန္အလွန္ေဆြးေႏြးမႈကို ေႏွာင့္ေႏွးေစပါတယ္။ ဖုန္းနဲ႔စာမွတ္ေနရင္း မက္ေဆ့ဝင္လာခဲ့ရင္လည္း အေႏွာင့္အယွက္ျဖစ္ႏိုင္ေသးတာမို႔ မွတ္စရာရွိတာစာအုပ္နဲ႔မွတ္ၿပီး ဖုန္းမယူသြားတာအေကာင္းဆုံးပါပဲ။

(၇)Voice message ေတြကို စပီကာဖြင့္ၿပီး နားေထာင္တာေတြ မလုပ္ပါနဲ႔။

အသံဖိုင္ေတြကို နားၾကပ္မပါဘဲ အသံဖြင့္နားေထာင္တာက ေဘးပတ္ဝန္းက်င္ကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အေရးႀကီးလို႔ နားၾကပ္မပါရင္ေတာင္ အသံကိုေယာင္းတို႔ၾကားႏိုင္သေလာက္ပဲ တိုးတိုးေလးဖြင့္ၿပီး နားေထာင္ေပးပါ။

လုပ္ငန္းခြင္မွာ ပတ္ဝန္းက်င္ကိုအေနွာင့္အယွက္မျဖစ္ေအာင္ စည္းကမ္းနဲ႕ေနတတ္တာက လုပ္ေဖာ္ကိုင္ဖက္ေတြကို ေလးစားရာက်သလို အလုပ္ေအာင္ျမင္တိုးတက္ဖို႔အတြက္လည္း မ်ားစြာအေထာက္အကူျပဳႏိုင္ပါတယ္။  အဓိိကနဲ႔သာမညကို ခြဲျခားၿပီး လုပ္ငန္းခြင္တိုးတက္မႈကို ေရွးရႈႏိုင္ၾကပါေစေနာ္။

Phyu Thant(For Her Myanmar)

References : thebalancecareers , glassdoor

 

<<<Unicode>>>

ဖုန်းချည်းပဲကိုင်နေရင် ဘယ်သူကကြည်ဖြူမှာလဲ  

လူတိုင်းနီးပါးဖုန်းကိုင်နိုင်တဲ့ခေတ်ကြီးဖြစ်သလို လူမှုကွန်ရက်တွေလည်း အတော်လည်းကျယ်ပြန့်လာပြီဆိုတော့ ဖုန်းကိုလက်ထဲကမချချင်လောက်အောင် စွဲလမ်းတဲ့ရောဂါတွေလည်း ထူပြောလာပြီယောင်းရေ။ အိမ်မှာဆိုရင်တော့ ဖုန်းပဲကိုင်နေတာပဲဆိုတဲ့ အမေ့ရဲ့ဆူသံလောက်နဲ့ ရပ်တန့်သွားပေမဲ့ လုပ်ငန်းခွင်ထဲမှာတော့ ဆူရုံလောက်နဲ့ပြီးမသွားဘဲ ယောင်းတို့လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်မုန်းကျိုးမှုတွေနဲ့ လုပ်ငန်းနှောင့်နှေးကြန့်ကြာတာတွေအထိ ဖြစ်နိုင်ပါတယ်။ ဒီတော့ ယောင်းတို့ရုံးမှာဖုန်းအသုံးပြုဖို့အတွက် ဒီလိုကန့်သတ်ချက်လေးတွေ ထားသင့်ပါတယ်နော်။

(၁) အတတ်နိုင်ဆုံး ဖုန်းမသုံးဖြစ်အောင်နေပါ။

ရုံးချိန်အတွင်းမှာတော့ အလုပ်ကိုအာရုံစိုက်ပြီး သေချာလုပ်သင့်ပါတယ်။ ဖုန်းမသုံးရ မနေနိုင်ရင်တောင် ထမင်းစားနားချိန်နဲ့ တခြားအနားရတဲ့အချိန်တွေမှာပဲ သုံးသင့်ပါတယ်။ ဖုန်းမြင်နေရလို့ သုံးမိမှာစိုးရင်လည်း ဖုန်းကိုအံဆွဲထဲထည့်ထားတာမျိုး၊ အိတ်ထဲမှာပဲ ထားခဲ့တာမျိုးလုပ်ပြီးတော့ ထိန်းချုပ်လို့ရပါတယ်။

(၂)ဖုန်းသံ ပိတ်ထားဖို့ မမေ့ပါနဲ့။

ဖုန်းသံအကျယ်ကြီးမြည်လာတာက အလုပ်မှာအာရုံစိုက်နေတဲ့သူတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်းအသံကိုပိတ်ထားတာ ၊ အသံတိုးထားတာ ၊ vibrate လုပ်ထားတာတွေ လုပ်ထားပေးပါ။

Related Article;ယောင်းက အလုပ်နဲ့ဘဝ ညီမျှတဲ့လူတစ်ယောက်လား ?

(၃)အရေးကြီးတဲ့ဖုန်းတွေကိုသာ ပြန်လည်ဖြေကြားပါ။

ဝင်လာသမျှဖုန်းတွေကို ထိုင်ပြောနေတာတော့မဟုတ်သေးဘူးလေနော်။ အလုပ်ပတ်ဝန်းကျင်ကို နှောင့်ယှက်နေသလို ယောင်းတို့ရဲ့အထက်လူကြီးလည်း ကြိုက်မယ်မထင်ပါဘူး။  အရမ်းအရေးကြီးတဲ့ဖုန်းဝင်လာရင်လည်း အထက်လူကြီးကိုအသိပေးပြီး ပြောတာအကောင်းဆုံးပါပဲ။

(၄)ဖုန်းပြောလို့ရမယ့် ကိုယ်ပိုင်နေရာလေးကိုရှာထားပါ။

အလုပ်နေရာမှာပဲ ဖုန်းနဲ့အကြောင်းစုံပြောနေဖို့ မသင့်တော်သလို ၊ ကိုယ်ရေးကိုယ်တာကိစ္စလည်းရှိနိုင်တာမို့ လွတ်လွတ်လပ်လပ်ပြောနိုင်မယ့် နေရာမှာခဏလောက် သွားပြောလိုက်တာ အကောင်းဆုံးပါပဲ။

Related Article;အလုပ်နဲ့ဘဝ အချိုးကျစေဖို့ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက်(၃) ချက်

(၅)သန့်စင်ခန်းထဲကို ဖုန်းမယူသွားပါနဲ့။

သန့်စင်ခန်းထဲဖုန်းယူသွားပြီး အချိန်တွေဆွဲလို့ ဖုန်းသုံးနေတတ်တာကလည်း တစ်ခါထက် ပိုမလုပ်သင့်တဲ့အရာပါ။ ပထမတစ်ကြိမ်လောက်မှာသာ အကြောင်းအမျိုးမျိုးကြောင့်လို့ ဖြည့်တွေးပေးနိုင်ပေမဲ့ (၂)ကြိမ်လောက်ဆိုရင်တော့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကွက်သွားမှာသေချာပါတယ်။ သန့်စင်ခန်းထဲက ပိုးမွှားတွေကလည်း ဖုန်းမှာကပ်ပါလာနိုင်သေးတယ်ဆိုတော့ အနားပေးတဲ့အချိန်ဆိုရင်တောင် ယူမသွားတာအကောင်းဆုံးပါ။

(၆)အစည်းဝေးခန်းထဲကို ဖုန်းမယူသွားပါနဲ့။

ဖုန်းကိုအစည်းအဝေးခန်းထဲ သယ်သွားတာက အချက်အလက်တွေမှတ်ဖို့ဆိုရင်တောင် ဖုန်းကိုငုံ့ကြည့်ပြီး စာတွေရိုက်နေတာက အပြန်အလှန်ဆွေးနွေးမှုကို နှောင့်နှေးစေပါတယ်။ ဖုန်းနဲ့စာမှတ်နေရင်း မက်ဆေ့ဝင်လာခဲ့ရင်လည်း အနှောင့်အယှက်ဖြစ်နိုင်သေးတာမို့ မှတ်စရာရှိတာစာအုပ်နဲ့မှတ်ပြီး ဖုန်းမယူသွားတာအကောင်းဆုံးပါပဲ။

(၇)Voice message တွေကို စပီကာဖွင့်ပြီး နားထောင်တာတွေ မလုပ်ပါနဲ့။

အသံဖိုင်တွေကို နားကြပ်မပါဘဲ အသံဖွင့်နားထောင်တာက ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အရေးကြီးလို့ နားကြပ်မပါရင်တောင် အသံကိုယောင်းတို့ကြားနိုင်သလောက်ပဲ တိုးတိုးလေးဖွင့်ပြီး နားထောင်ပေးပါ။

လုပ်ငန်းခွင်မှာ ပတ်ဝန်းကျင်ကိုအနှောင့်အယှက်မဖြစ်အောင် စည်းကမ်းနဲ့နေတတ်တာက လုပ်ဖော်ကိုင်ဖက်တွေကို လေးစားရာကျသလို အလုပ်အောင်မြင်တိုးတက်ဖို့အတွက်လည်း များစွာအထောက်အကူပြုနိုင်ပါတယ်။  အဓိကနဲ့သာမညကို ခွဲခြားပြီး လုပ်ငန်းခွင်တိုးတက်မှုကို ရှေးရှုနိုင်ကြပါစေနော်။

Phyu Thant(For Her Myanmar)

References : thebalancecareers , glassdoor

No Comments Yet

Comments are closed