Knowledge

ေဂၚဖီမႀကိဳက္လည္း ႀကိတ္မွိတ္စားသင့္တဲ့ အေၾကာင္းရင္း (၇ ) ခ်က္

မတတ္ႏိုင္ဘူးေလ.. ဒါေတြ ဒီလိုရွိတယ္ဆိုေတာ့လည္း စားရေတာ့တာေပါ့.. 

ေဂၚဖီက အသုပ္စံု ၊ ဟင္းခ်ိဳ ၊ သေဘၤာသီးေထာင္းနဲ႕ အခ်ဥ္ရည္တို႔ထဲမွာ မပါမျဖစ္ အရာပါ။ ဒါေပမဲ့ ေဂၚဖီေၾကာ္ဆိုရင္ေတာ့ ဟင္းမေကာင္းဘူးလို႔ ခုထိ ထင္ေနတုန္းပဲ 😀 😀 ။ ေဂၚဖီမွာ အျဖဴေရာင္၊ အနီေရာင္ ၊ ခရမ္းေရာင္နဲ႕ အစိမ္းေရာင္ဆိုၿပီး အေရာင္အမ်ိဳးမ်ိဳး အရြယ္အစား အမ်ိဳးမ်ိဳးရွိပါတယ္ ေယာင္းေရ။ ဒါဆို ေဂၚဖီမ်ားမ်ားစားေပးသင့္တဲ့ အေၾကာင္းရင္းေတြက ဘာေတြျဖစ္မလဲ။

၁။ ေရာင္ရမ္းမႈ ကင္းေဝးေစတယ္။

ေဂၚဖီမွာပါတဲ့ အန္သိုစိုင္ယာနင္ဓာတ္က ေရာင္ရမ္းနာက်င္ျခင္းကို ေလွ်ာ့ခ်ေပးၿပီး ဂလူတမင္းက ဖ်ားနာျခင္း ၊ ဓာတ္မတည့္ျခင္းနဲ႕ အဆစ္အျမစ္ နာက်င္ျခင္းေတြေၾကာင့္ ေရာင္ရမ္းျခင္း ျဖစ္တာေတြကို ကူညီေလွ်ာ့ခ်ေပးပါတယ္။

၂။ ကိုယ္ခံအားေကာင္းေစတယ္။

ေဂၚဖီမွာ  ဗီတာမင္ C ဓာတ္ ႂကြယ္ဝတာေၾကာင့္ ကိုယ္ခံအားကို လႈံ႕ေဆာ္ေပးပါတယ္။ အင္ဇိုင္းဓာတ္လည္း အျပည့္အဝ ပါဝင္တာေၾကာင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္။

၃။ အစာအိမ္အနာေတြကို ကုသေပးတယ္။

အစာအိမ္ ျပည္တည္နာအတြက္ဆိုရင္ ေဂၚဖီထုပ္က ေဆးဖက္ဝင္ပါတယ္။ ေဂၚဖီထဲမွာပါတဲ့ ဗီတာမင္ U က အစာအိမ္ကို ေကာင္းမြန္ေစၿပီး ျပည္တည္နာေတြကို သက္သာေစပါတယ္။ အစာအိမ္အနာ သက္သာခ်င္ရင္ေတာ့ ေဂၚဖီျပဳတ္ရည္က အေကာင္းဆံုး ျဖစ္ပါတယ္။

Related Article >>> ဘယ္ေတာ့မွ အစိမ္းမစားသင့္ေသာ အစားအစာ (၅ ) မ်ိဳး

၄။ ကင္ဆာကို ကာကြယ္ေပးပါတယ္။

ကင္ဆာဆန္႕က်င္တဲ့ ျဒပ္ေပါင္းအနည္းငယ္က ေဂၚဖီထုပ္ထဲမွာ ပါဝင္တဲ့အတြက္ ကင္ဆာက်ိတ္ေတြ ႀကီးထြားျခင္းကေန ဟန္႕တားေပးပါတယ္။ ေဂၚဖီမ်ားမ်ားစားတဲ့လူေတြက အူမႀကီး ကင္ဆာျဖစ္ပြားႏႈန္း အနည္းပါးဆံုး ျဖစ္ပါတယ္။

၅။ ဆဲလ္အေသေတြကို ဖယ္ရွားေပးတယ္။

ေဂၚဖီက အဆီျပန္ၿပီး ဝက္ၿခံထေနတဲ့ အေရျပားဆဲလ္ေတြကို ေသေစၿပီး ဆံသား ၊ အေရျပားနဲ႕ လက္သည္းေျခသည္းေတြအတြက္ လုိအပ္တဲ့ ပရိုတင္းဓာတ္ ေပးစြမ္းပါတယ္။

၆။ ကိုလက္စထေရာ က်ေစပါတယ္။

ေဂၚဖီမွာ ကိုလက္စထေရာက်ေစတဲ့ အက်ိဳးအာနိသင္ရွိပါတယ္။ ေဂၚဖီမွာပါတဲ့ အမွ်င္ဓာတ္က အစာေျခလမ္းေၾကာင္းထဲမွာရွိတဲ့ သည္းေျခအရည္နဲ႕ ေပါင္းစပ္ၿပီး သည္းေျခရည္ထုတ္ရ လြယ္ကူေစတာေၾကာင့္ ကိုလက္စထေရာ က်ေစပါတယ္။ ဒါေၾကာင့္လည္း ဝိတ္ခ်ခ်င္တဲ့ ေယာင္းေတြဆိုရင္ ေဂၚဖီအစိမ္း စားေပးသင့္ပါတယ္ေနာ္။

Related Article >>> ေရခဲေသတၱာထဲမွာ မထည့္ထားသင့္တဲ့ အစားအစာ (၇) မ်ိဳး

၇။ အရိုးက်န္းမာေရး ေကာင္းတယ္။

ေဂၚဖီမွာ ကယ္လ္ဆီယမ္ ၊ မဂၢနီဆီယမ္နဲ႕ ပိုတက္ဆီယမ္ဓာတ္ႂကြယ္ဝတာေၾကာင့္ အရိုးသန္မာဖို႕အတြက္ဆိုရင္ အံ့ဖြယ္ေဆးတစ္လက္ ျဖစ္ပါတယ္။ ဒီဓာတ္သံုးခုက အရိုးခိုင္မာတည္ၿမဲဖို႕ ေထာက္ကူေပးၿပီး အရိုးပါးျခင္း နဲ႔ အရိုးအက္ျခင္းေတြ ကင္းေဝးေစပါတယ္။

ဒီလိုအေၾကာင္းရင္းေတြ သိထားၿပီဆိုရင္ေတာ့ ဟြန္႕…ေဂၚဖီမ်ား …မႀကိဳက္ပါဘူးဆုိတဲ့ ေလသံေလး ေပ်ာက္သြားလိမ့္မယ္ ထင္ပါရဲ႕ေနာ္..

With love

Ei Mon (For Her Myanmar)

References : Live Love Fruit,Wikipedia

<<< Unicode >>>

မတတ်နိုင်ဘူးလေ.. ဒါတွေ ဒီလိုရှိတယ်ဆိုတော့လည်း စားရတော့တာပေါ့..

ဂေါ်ဖီက အသုပ်စုံ ၊ ဟင်းချို ၊ သင်္ဘောသီးထောင်းနဲ့ အချဉ်ရည်တို့ထဲမှာ မပါမဖြစ် အရာပါ။ ဒါပေမဲ့ ဂေါ်ဖီကြော်ဆိုရင်တော့ ဟင်းမကောင်းဘူးလို့ ခုထိ ထင်နေတုန်းပဲ 😀 😀 ။ ဂေါ်ဖီမှာ အဖြူရောင်၊ အနီရောင် ၊ ခရမ်းရောင်နဲ့ အစိမ်းရောင်ဆိုပြီး အရောင်အမျိုးမျိုး အရွယ်အစား အမျိုးမျိုးရှိပါတယ် ယောင်းရေ။ ဒါဆို ဂေါ်ဖီများများစားပေးသင့်တဲ့ အကြောင်းရင်းတွေက ဘာတွေဖြစ်မလဲ။

၁။ ရောင်ရမ်းမှု ကင်းဝေးစေတယ်။

ဂေါ်ဖီမှာပါတဲ့ အန်သိုစိုင်ယာနင်ဓာတ်က ရောင်ရမ်းနာကျင်ခြင်းကို လျှော့ချပေးပြီး ဂလူတမင်းက ဖျားနာခြင်း ၊ ဓာတ်မတည့်ခြင်းနဲ့ အဆစ်အမြစ် နာကျင်ခြင်းတွေကြောင့် ရောင်ရမ်းခြင်း ဖြစ်တာတွေကို ကူညီလျှော့ချပေးပါတယ်။

၂။ ကိုယ်ခံအားကောင်းစေတယ်။

ဂေါ်ဖီမှာ  ဗီတာမင် C ဓာတ် ကြွယ်ဝတာကြောင့် ကိုယ်ခံအားကို လှုံ့ဆော်ပေးပါတယ်။ အင်ဇိုင်းဓာတ်လည်း အပြည့်အဝ ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

Related Article >>> ဘယ်တော့မှ အစိမ်းမစားသင့်သော အစားအစာ (၅ ) မျိုး

၃။ အစာအိမ်အနာတွေကို ကုသပေးတယ်။

အစာအိမ် ပြည်တည်နာအတွက်ဆိုရင် ဂေါ်ဖီထုပ်က ဆေးဖက်ဝင်ပါတယ်။ ဂေါ်ဖီထဲမှာပါတဲ့ ဗီတာမင် U က အစာအိမ်ကို ကောင်းမွန်စေပြီး ပြည်တည်နာတွေကို သက်သာစေပါတယ်။ အစာအိမ်အနာ သက်သာချင်ရင်တော့ ဂေါ်ဖီပြုတ်ရည်က အကောင်းဆုံး ဖြစ်ပါတယ်။

၄။ ကင်ဆာကို ကာကွယ်ပေးပါတယ်။

ကင်ဆာဆန့်ကျင်တဲ့ ဒြပ်ပေါင်းအနည်းငယ်က ဂေါ်ဖီထုပ်ထဲမှာ ပါဝင်တဲ့အတွက် ကင်ဆာကျိတ်တွေ ကြီးထွားခြင်းကနေ ဟန့်တားပေးပါတယ်။ ဂေါ်ဖီများများစားတဲ့လူတွေက အူမကြီး ကင်ဆာဖြစ်ပွားနှုန်း အနည်းပါးဆုံး ဖြစ်ပါတယ်။

၅။ ဆဲလ်အသေတွေကို ဖယ်ရှားပေးတယ်။

ဂေါ်ဖီက အဆီပြန်ပြီး ဝက်ခြံထနေတဲ့ အရေပြားဆဲလ်တွေကို သေစေပြီး ဆံသား ၊ အရေပြားနဲ့ လက်သည်းခြေသည်းတွေအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ် ပေးစွမ်းပါတယ်။

Related Article >>> ရေခဲသေတ္တာထဲမှာ မထည့်ထားသင့်တဲ့ အစားအစာ (၇) မျိုး

၆။ ကိုလက်စထရော ကျစေပါတယ်။

ဂေါ်ဖီမှာ ကိုလက်စထရောကျစေတဲ့ အကျိုးအာနိသင်ရှိပါတယ်။ ဂေါ်ဖီမှာပါတဲ့ အမျှင်ဓာတ်က အစာခြေလမ်းကြောင်းထဲမှာရှိတဲ့ သည်းခြေအရည်နဲ့ ပေါင်းစပ်ပြီး သည်းခြေရည်ထုတ်ရ လွယ်ကူစေတာကြောင့် ကိုလက်စထရော ကျစေပါတယ်။ ဒါကြောင့်လည်း ဝိတ်ချချင်တဲ့ ယောင်းတွေဆိုရင် ဂေါ်ဖီအစိမ်း စားပေးသင့်ပါတယ်နော်။

၇။ အရိုးကျန်းမာရေး ကောင်းတယ်။

ဂေါ်ဖီမှာ ကယ်လ်ဆီယမ် ၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတာကြောင့် အရိုးသန်မာဖို့အတွက်ဆိုရင် အံ့ဖွယ်ဆေးတစ်လက် ဖြစ်ပါတယ်။ ဒီဓာတ်သုံးခုက အရိုးခိုင်မာတည်မြဲဖို့ ထောက်ကူပေးပြီး အရိုးပါးခြင်း နဲ့ အရိုးအက်ခြင်းတွေ ကင်းဝေးစေပါတယ်။

ဒီလိုအကြောင်းရင်းတွေ သိထားပြီဆိုရင်တော့ ဟွန့်…ဂေါ်ဖီများ …မကြိုက်ပါဘူးဆိုတဲ့ လေသံလေး ပျောက်သွားလိမ့်မယ် ထင်ပါရဲ့နော်..

With love

Ei Mon (For Her Myanmar)

References : Live Love Fruit,Wikipedia

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *