Food Knowledge

အမႈိက္အိတ္ထဲကို မလႊတ္ပစ္သင့္တဲ့ အစားအစာ အစိတ္အပိုင္း ၇ မ်ိဳး

လႊတ္ပစ္မိေနတာေတြကမွ တကယ့္ ဗီတာမင္ေတြ

>>> Zawgyi >>>

အမႈိက္အိတ္ထဲကို မလႊတ္ပစ္ရတဲ့ အစားအစာအစိတ္အပိုင္း ဆိုေတာ့ ဘာမ်ားျဖစ္မလဲ ေယာင္းတို႕ သိခ်င္ၾကတယ္ဟုတ္။ အိမြန္တို႕ေတြက လိေမၼာ္သီးစားၿပီးရင္ လိေမၼာ္ခြံကို လႊတ္ပစ္တယ္ ၊ ၾကက္သြန္နီႏႊာၿပီးရင္ အခြံကို လႊတ္ပစ္လိုက္တယ္။ ဒါေတြကအၿမဲတမ္း အေလ့အထလို ျဖစ္ေနျပီ။ ဆိုိေတာ့ကား အခ်ိန္မေႏွာင္းခင္ေလး သိသြားရေအာင္ ဘယ္လိုအစိတ္အပိုင္းေတြက အမႈိက္ဆိုၿပီး လႊတ္ပစ္လိုက္ဖို႕ မသင့္ေတာ္ဘူး ဆိုတာကို ေဝမွ်လိုက္ပါတယ္။

ငွက္ေပ်ာခြံ

ငွက္ေပ်ာသီးကို စားတဲ့အခါ အထဲက အသားကိုပဲစားၿပီး ႏူးညံ့တဲ့ငွက္ေပ်ာခြံကိုေတာ့ လႊင့္ပစ္လိုက္ၾကပါတယ္။ ဒါက မဟာအမွားပါပဲ။ ငွက္ေပ်ာသီးမွာက ေပ်ာ္ရႊင္မႈေဟာ္မႈန္း ဆီရိုတိုနင္ (serotonin) ကို တိုးျမွင့္ေပးၿပီး စိတ္ခံစားမႈနဲ႕ အာရံုေၾကာဆိုင္ရာ လႈပ္ရွားမႈေတြ ပံုမွန္ျဖစ္ေစတဲ့ ထရိုင္ပတိုဖန္ (tryptophan) ပါဝင္ပါတယ္။ ငွက္ေပ်ာသီး smoothies ထဲကို ငွက္ေပ်ာခြံအမွည့္ပါ ေရာေဖ်ာ္ေသာက္ေပးလို႔ရသလို ငွက္ေပ်ာမုန္႔ဖုတ္တဲ့အခါ အခြံပါထည့္ေပးလို႕ ရပါတယ္ ေယာင္းေရ။

Related article >>> ဆီးလမ္​း​ေၾကာင္​းမေကာင္းသူေတြ ဘယ္လိုအစားအစာမ်ဳိး ေရြးစားၾကမလဲ?

ဖရဲခြံနဲ႕ ဖရဲေစ့

ပူေနတဲ့ ရာသီမွာ ဖရဲသီးေလးမ်ား စားရမယ္ဆိုရင္ ရင္ကို ေအးခနဲ ျဖစ္သြားတာပဲ။ ဖရဲသီးအသား ရဲရဲေလးကို ေဖ်ာ္ရည္လုပ္ေသာက္ၿပီး ၿမိန္ေရရွက္ေရ ဒီတိုင္းစားၾကေပမဲ့ အခြံနဲ႔ အေစ့ကိုေတာ့ ဘယ္သူမွ အဖတ္မလုပ္ဘူးရယ္။ တကယ္ေတာ့ ဖရဲသီးအခြံ အစိမ္းေရာင္ေအာက္က အျဖဴေရာင္အတြင္းသားမွာ အမိုင္ႏိုအက္ဆစ္ စီထရူလိုင္း (citrulline) ပါဝင္လို႕ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစတဲ့အျပင္ ကိုယ္ခံအားကို ျမွင့္တင္ေပးပါတယ္။ ဖရဲသီးအေစ့ကေတာ့ မိန္းကေလးအမ်ားစု ႀကိဳက္တဲ့ ကြာစိေလွာ္ ျဖစ္သြားၿပီး အေပ်ာ္စားလို႔ ရတာေပါ့ ေယာင္းေရ။

နာနတ္သီး အူတိုင္

နာနတ္သီးစားတဲ့အခါ အူတိုင္ကို ေယာင္ၿပီး လႊင့္မပစ္လိုက္ပါနဲ႕ ေယာင္းေရ။ နာနတ္သီးအူတိုင္ထဲမွာ ဗီတာမင္နဲ႕ သတၱဳဓာတ္ေျမာက္ျမားစြာ ပါဝင္ပါတယ္။ နာနတ္သီးတစ္လံုးမွာက ပရိုတိန္းေခ်ဖ်က္ေပးတဲ့အင္ဇိုင္း (bromelain) ပါဝင္တဲ့အတြက္ ေရာင္ရမ္းမႈေတြကို သက္သာေစတဲ့ အစြမ္းရွိပါတယ္။ ေသြးခဲျခင္းကိုလည္း ကာကြယ္ တားဆီးေပးႏိုင္ပါတယ္။ နာနတ္သီးအူတိုင္ကို အတံုးေလးေတြ တံုးထားၿပီး ေရထဲထည့္ေသာက္လို႕ ရသလို နာနတ္သီး ထမင္းေၾကာ္ထဲမွာလည္း ထည့္ေၾကာ္စားလို႔ ရပါတယ္။

Related Article>>>အိမ္ရွင္မတို႔အတြက္ အလုပ္သက္သာေစမယ့္ ျဖတ္လမ္းနည္းမ်ား

ၾကက္သြန္နီအခြံ

ၾကက္သြန္နီအခြံကို လႊင့္ပစ္စရာ မလိုဘူးဆုိေတာ့ ဘယ္လိုမွ မယံုႏိုင္ ျဖစ္ေနၾကတယ္ဟုတ္။ ၾကက္သြန္နီအခြံထဲမွာ ကြာစီတင္ (quercetin) ျဒပ္ေပါင္းက မ်ားစြာပါဝင္ေနလို႔ ေရာင္ရမ္းမႈကို တုိက္ထုတ္ေပးၿပီး ေသြးေပါင္ခ်ိန္ ေလ်ာ့က်ေစပါတယ္။ စြပ္ျပဳတ္လုပ္ေသာက္တဲ့အခါ ၾကက္သြန္နီအသားေရာ အခြံပါ ေရာခ်က္ၿပီး စားခါနီးက်မွာ အခြံေတြကို ဖယ္ၿပီးစားေပးရင္ ေဆးဘက္ဝင္ပါသတဲ့ ေယာင္းေရ။

ကီဝီခြံ

ကီဝီသီးစားတဲ့အခါ မ်က္ႏွာအငယ္ရဆံုးက အခြံပါပဲ။ အထဲက အသားကို ဇြန္းနဲ႕ ခပ္စားၿပီး အခြံကိုေတာ့ ဒီတိုင္းလႊတ္ပစ္လိုက္ၾကပါတယ္။ တကယ္ေတာ့ ကီဝီခြံက လိေမၼာ္ခြံေတြလို ဗီတာမင္ C ဓာတ္ျမင့္မားစြာ ပါဝင္ပါတယ္။ အခြံက ၾကမ္းၾကမ္းေလး ျဖစ္ေနတာကို မႀကိဳက္ဘူး ဆိုရင္ေတာ့ ကီဝီသီးတစ္လံုးလံုးကို ထည့္ေဖ်ာ္ၿပီး smoothie လုပ္ေသာက္လို႔ ရပါတယ္ ေယာင္းေရ။

ပန္းေဂၚဖီရိုးတံ

ပန္းေဂၚဖီစားတဲ့အခါ အေပၚက ပြင့္ဖတ္လက္တံေလးေတြပဲ ျဖဳတ္ၿပီးစားၾကေပမဲ့ ေအာက္ကရိုးတံႀကီးကိုေတာ့ လႊတ္ပစ္ၾကပါတယ္။ တကယ္ေတာ့ ရိုးတံမွာ ေရာင္ရမ္းမႈေတြကို ေပ်ာက္ကင္းေစႏိုင္တဲ့ sulforaphane ျဒပ္ေပါင္း ပါဝင္ၿပီး ဆဲလ္ပ်က္စီးျခင္းနဲ႕ ေသြးေၾကာထဲမွာ အက်ိတ္လံုးျဖစ္ေပၚျခင္းေတြကို တားဆီးေပးပါတယ္။ ဒါေၾကာင့္ ေနာက္တစ္ခါ ပန္းေဂၚဖီ ေၾကာ္စားမယ္ဆိုရင္ ရိုးတံေလးပါ ထည့္ေၾကာ္ပါ ေယာင္းေရ။

Related article >>> ဘယ္ေတာ့မွ အစိမ္းမစားသင့္ေသာ အစားအစာ (၅ ) မ်ိဳး

နံနံပင္အျမစ္

နံနံပင္ကိုေတာ့ ႀကိဳက္တဲ့သူရွိသလို မုန္းၾကသူေတြလည္း ရွိပါတယ္။ ဒါေပမဲ့ နံနံပင္စားရတာ ၾကိဳက္တယ္ဆိုရင္ေတာ့ နံနံပင္အျမစ္ေတြကိုပါ ႀကိဳက္သင့္ပါတယ္ ေယာင္းေရ။ အျမစ္မွာက အရြက္ထက္ကို ပရိုတိန္းဓာတ္ ပိုမ်ားပါတယ္။ ပင္စည္မွာလည္း အာဟာရတန္ဖိုး တူတူရွိၿပီး ကင္ဆာကို တိုက္ဖ်က္ေပးသလို အေရျပားနဲ႔ မ်က္လံုးက်န္းမာေရးလည္း ေကာင္းမြန္ေစပါသတဲ့ ေယာင္းေရ။

ကဲ..အရင္တုန္းက မသိလို႕ ေယာင္မွားၿပီး လႊတ္ပစ္မိခဲ့မယ္ဆိုရင္ အခုေတာ့ တန္ဖိုးထားၿပီး အျမတ္တႏိုး စားသံုးလိုက္ေတာ့ေနာ္။

With love

Ei Mon (For Her Myanmar)

Ref :Reader’s Digest, foodnetwork

>> Unicode >>>

လွှတ်ပစ်မိနေတာတွေကမှ တကယ့် ဗီတာမင်တွေ 

အမှိုက်အိတ်ထဲကို မလွှတ်ပစ်ရတဲ့ အစားအစာအစိတ်အပိုင်း ဆိုတော့ ဘာများဖြစ်မလဲ ယောင်းတို့ သိချင်ကြတယ်ဟုတ်။ အိမွန်တို့တွေက လိမ္မော်သီးစားပြီးရင် လိမ္မော်ခွံကို လွှတ်ပစ်တယ် ၊ ကြက်သွန်နီနွှာပြီးရင် အခွံကို လွှတ်ပစ်လိုက်တယ်။ ဒါတွေကအမြဲတမ်း အလေ့အထလို ဖြစ်နေပြီ။ ဆိုတော့ကား အချိန်မနှောင်းခင်လေး သိသွားရအောင် ဘယ်လိုအစိတ်အပိုင်းတွေက အမှိုက်ဆိုပြီး လွှတ်ပစ်လိုက်ဖို့ မသင့်တော်ဘူး ဆိုတာကို ဝေမျှလိုက်ပါတယ်။

ငှက်ပျောခွံ

ငှက်ပျောသီးကို စားတဲ့အခါ အထဲက အသားကိုပဲစားပြီး နူးညံ့တဲ့ငှက်ပျောခွံကိုတော့ လွှင့်ပစ်လိုက်ကြပါတယ်။ ဒါက မဟာအမှားပါပဲ။ ငှက်ပျောသီးမှာက ပျော်ရွှင်မှုဟော်မှုန်း ဆီရိုတိုနင် (serotonin) ကို တိုးမြှင့်ပေးပြီး စိတ်ခံစားမှုနဲ့ အာရုံကြောဆိုင်ရာ လှုပ်ရှားမှုတွေ ပုံမှန်ဖြစ်စေတဲ့ ထရိုင်ပတိုဖန် (tryptophan) ပါဝင်ပါတယ်။ ငှက်ပျောသီး smoothies ထဲကို ငှက်ပျောခွံအမှည့်ပါ ရောဖျော်သောက်ပေးလို့ရသလို ငှက်ပျောမုန့်ဖုတ်တဲ့အခါ အခွံပါထည့်ပေးလို့ ရပါတယ် ယောင်းရေ။

Related article >>> ဆီးလမ်းကြောင်းမကောင်းသူတွေ ဘယ်လိုအစားအစာမျိုး ရွေးစားကြမလဲ?

ဖရဲခွံနဲ့ ဖရဲစေ့

ပူနေတဲ့ ရာသီမှာ ဖရဲသီးလေးများ စားရမယ်ဆိုရင် ရင်ကို အေးခနဲ ဖြစ်သွားတာပဲ။ ဖရဲသီးအသား ရဲရဲလေးကို ဖျော်ရည်လုပ်သောက်ပြီး မြိန်ရေရှက်ရေ ဒီတိုင်းစားကြပေမဲ့ အခွံနဲ့ အစေ့ကိုတော့ ဘယ်သူမှ အဖတ်မလုပ်ဘူးရယ်။ တကယ်တော့ ဖရဲသီးအခွံ အစိမ်းရောင်အောက်က အဖြူရောင်အတွင်းသားမှာ အမိုင်နိုအက်ဆစ် စီထရူလိုင်း (citrulline) ပါဝင်လို့ သွေးလည်ပတ်မှု ကောင်းမွန်စေတဲ့အပြင် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ ဖရဲသီးအစေ့ကတော့ မိန်းကလေးအများစု ကြိုက်တဲ့ ကွာစိလှော် ဖြစ်သွားပြီး အပျော်စားလို့ ရတာပေါ့ ယောင်းရေ။

နာနတ်သီး အူတိုင်

နာနတ်သီးစားတဲ့အခါ အူတိုင်ကို ယောင်ပြီး လွှင့်မပစ်လိုက်ပါနဲ့ ယောင်းရေ။ နာနတ်သီးအူတိုင်ထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်မြောက်မြားစွာ ပါဝင်ပါတယ်။ နာနတ်သီးတစ်လုံးမှာက ပရိုတိန်းချေဖျက်ပေးတဲ့အင်ဇိုင်း (bromelain) ပါဝင်တဲ့အတွက် ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ အစွမ်းရှိပါတယ်။ သွေးခဲခြင်းကိုလည်း ကာကွယ် တားဆီးပေးနိုင်ပါတယ်။ နာနတ်သီးအူတိုင်ကို အတုံးလေးတွေ တုံးထားပြီး ရေထဲထည့်သောက်လို့ ရသလို နာနတ်သီး ထမင်းကြော်ထဲမှာလည်း ထည့်ကြော်စားလို့ ရပါတယ်။

Related Article>>>အိမ်ရှင်မတို့အတွက် အလုပ်သက်သာစေမယ့် ဖြတ်လမ်းနည်းများ

ကြက်သွန်နီအခွံ

ကြက်သွန်နီအခွံကို လွှင့်ပစ်စရာ မလိုဘူးဆိုတော့ ဘယ်လိုမှ မယုံနိုင် ဖြစ်နေကြတယ်ဟုတ်။ ကြက်သွန်နီအခွံထဲမှာ ကွာစီတင် (quercetin) ဒြပ်ပေါင်းက များစွာပါဝင်နေလို့ ရောင်ရမ်းမှုကို တိုက်ထုတ်ပေးပြီး သွေးပေါင်ချိန် လျော့ကျစေပါတယ်။ စွပ်ပြုတ်လုပ်သောက်တဲ့အခါ ကြက်သွန်နီအသားရော အခွံပါ ရောချက်ပြီး စားခါနီးကျမှာ အခွံတွေကို ဖယ်ပြီးစားပေးရင် ဆေးဘက်ဝင်ပါသတဲ့ ယောင်းရေ။

ကီဝီခွံ

ကီဝီသီးစားတဲ့အခါ မျက်နှာအငယ်ရဆုံးက အခွံပါပဲ။ အထဲက အသားကို ဇွန်းနဲ့ ခပ်စားပြီး အခွံကိုတော့ ဒီတိုင်းလွှတ်ပစ်လိုက်ကြပါတယ်။ တကယ်တော့ ကီဝီခွံက လိမ္မော်ခွံတွေလို ဗီတာမင် C ဓာတ်မြင့်မားစွာ ပါဝင်ပါတယ်။ အခွံက ကြမ်းကြမ်းလေး ဖြစ်နေတာကို မကြိုက်ဘူး ဆိုရင်တော့ ကီဝီသီးတစ်လုံးလုံးကို ထည့်ဖျော်ပြီး smoothie လုပ်သောက်လို့ ရပါတယ် ယောင်းရေ။

ပန်းဂေါ်ဖီရိုးတံ

ပန်းဂေါ်ဖီစားတဲ့အခါ အပေါ်က ပွင့်ဖတ်လက်တံလေးတွေပဲ ဖြုတ်ပြီးစားကြပေမဲ့ အောက်ကရိုးတံကြီးကိုတော့ လွှတ်ပစ်ကြပါတယ်။ တကယ်တော့ ရိုးတံမှာ ရောင်ရမ်းမှုတွေကို ပျောက်ကင်းစေနိုင်တဲ့ sulforaphane ဒြပ်ပေါင်း ပါဝင်ပြီး ဆဲလ်ပျက်စီးခြင်းနဲ့ သွေးကြောထဲမှာ အကျိတ်လုံးဖြစ်ပေါ်ခြင်းတွေကို တားဆီးပေးပါတယ်။ ဒါကြောင့် နောက်တစ်ခါ ပန်းဂေါ်ဖီ ကြော်စားမယ်ဆိုရင် ရိုးတံလေးပါ ထည့်ကြော်ပါ ယောင်းရေ။

Related article >>> ဘယ်တော့မှ အစိမ်းမစားသင့်သော အစားအစာ (၅ ) မျိုး

နံနံပင်အမြစ်

နံနံပင်ကိုတော့ ကြိုက်တဲ့သူရှိသလို မုန်းကြသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ နံနံပင်စားရတာ ကြိုက်တယ်ဆိုရင်တော့ နံနံပင်အမြစ်တွေကိုပါ ကြိုက်သင့်ပါတယ် ယောင်းရေ။ အမြစ်မှာက အရွက်ထက်ကို ပရိုတိန်းဓာတ် ပိုများပါတယ်။ ပင်စည်မှာလည်း အာဟာရတန်ဖိုး တူတူရှိပြီး ကင်ဆာကို တိုက်ဖျက်ပေးသလို အရေပြားနဲ့ မျက်လုံးကျန်းမာရေးလည်း ကောင်းမွန်စေပါသတဲ့ ယောင်းရေ။

ကဲ..အရင်တုန်းက မသိလို့ ယောင်မှားပြီး လွှတ်ပစ်မိခဲ့မယ်ဆိုရင် အခုတော့ တန်ဖိုးထားပြီး အမြတ်တနိုး စားသုံးလိုက်တော့နော်။

With love

Ei Mon (For Her Myanmar)

Ref :Reader’s Digest, foodnetwork

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *