Health Knowledge

မွတ္ဉာဏ္နဲ႔ အာရုံစူးစိုက္မႈကို အေထာက္အကူျပဳတဲ့ အစားအစာ (၇) မ်ိဳး

မွတ္ႏိုင္စြမ္းအားက အစားေလးနဲ႔ထပ္ျဖည့္လိုက္မွ ျပည့္စုံသြားတာမ်ိဳး 😜

ေယာင္းတို႔ေရ … ေန႔စဥ္ဘဝမွာ အစားအေသာက္ကလည္း အေရးႀကီးတဲ့အခန္းက႑ကေန ပါေနတယ္ဆိုတာ ေျပာေနစရာေတာင္မလိုပါဘူး။ အျပင္စာေတြ သြားရည္စာေတြ စားတာလည္း စားေပါ့ေလ။ ဒါေပမဲ့ က်န္းမာေရးကိုအေထာက္အကူျပဳတဲ့ အစားအစာေတြစားေပးဖို႔ကိုလည္း ေမ့ထားလို႔မရပါဘူး။ ဒီေတာ့ stella ကေနအလုပ္လုပ္ရင္ အာရုံစိုက္ဖို႔ခက္ၿပီး အိမ္ေရွ႕မွာတုန္းက စဥ္းစားထားတာကို အိမ္ေနာက္ေဖးေလာက္ေရာက္ရင္ ေမ့တတ္သူေတြ မျဖစ္မေနစားရမယ့္ က်န္းမာေရးအေထာက္အကူျပဳ အစားအစာေတြအေၾကာင္း ေဝမွ်ေပးခ်င္ပါတယ္။

(၁) ဘလူးဘယ္ရီ

ေလ့လာခ်က္ေတြအရေတာ့ ဘလူးဘယ္ရီထဲမွာပါတဲ့ antioxidant ဓာတ္ေတြက ဦးေႏွာက္ထဲက ေအာက္ဆီဂ်င္နဲ႔ေသြးလည္ပတ္မႈကို လႈံ႕ေဆာ္ေပးၿပီး စိတ္ကိုၾကည္လင္ေစတာေၾကာင့္ မွတ္ဉာဏ္နဲ႔ အာရုံစူးစိုက္မႈကို ငါးနာရီအထက္ၾကာေအာင္ ျမွင့္တင္ေပးပါတယ္။ ကင္ဆာ၊ ႏွလံုးေရာဂါနဲ႔ အတိတ္ေမ့ေရာဂါေတြကိုလည္း ဘလူးဘယ္ရီက ကာကြယ္ေပးႏိုင္ပါေသးတယ္။

Related article >>> အရြယ္တင္ႏုပ်ိဳေစတဲ့ ေကာ္လဂ်င္ဓာတ္ကို ျမွင့္တင္ေပးမယ့္ အစားအစာ (၅) မ်ိဳး

(၂) လက္ဖက္စိမ္း

လက္ဖက္စိမ္းမွာ ကာဖင္းဓာတ္နဲ႔ l’theanine ဓာတ္ေတြပါဝင္ပါတယ္။ ကာဖင္းဓာတ္ကေတာ့ ေကာ္ဖီမွာပါတဲ့ စိတ္ကိုလန္းဆန္းေစတဲ့ဓာတ္ပါ။ ဒါဆို l’theanine ဆိုတာကေကာ ? L’theanine ကေတာ့ ကာဖင္းကို ျပန္ထိန္းေပးတဲ့ဓာတ္ပါ။ ကာဖင္းဓာတ္မ်ားတဲ့အခါ မ်က္စိေၾကာင္ၿပီး အိပ္မေပ်ာ္တာေတြျဖစ္ႏိုင္တဲ့အတြက္ l’theanine က ျပန္ထိန္းေပးတဲ့အခါမွာ ႏွစ္ခုေပါင္းၿပီး အလုပ္ေတြကို ျမန္ျမန္နဲ႔တိတိက်က်လုပ္ႏိုင္ေစပါတယ္။

(၃) ေထာပတ္သီး

ေထာပတ္သီးေတြမွာပါတဲ့ဓာတ္ေတြက ေသြးလည္ပတ္မႈကို အားေကာင္းေစတာမို႔ ဦးေႏွာက္ဆဲလ္ေတြကို ပိုအလုပ္လုပ္ေစဖို႔ အားေပးပါတယ္။ အမွ်င္ဓာတ္ေတြလည္း ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ဆာေလာင္မႈကိုထိန္းေပးႏိုင္လို႔ ဝိတ္တက္မွာလည္း စိတ္မပူရေတာ့ဘူးေပါ့။

Related article >>> က်န္းမာေရးနဲ႔ညီၫြတ္ေစတဲ့ အစားအစာ (Healthy meal) အေၾကာင္းတစ္ေစ့တေစာင္း

(၄) အစိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြ

ဟင္းသီးဟင္းရြက္ေတြက က်န္းမာေရးအတြက္ ေကာင္းတယ္ဆိုတာေတာ့ ေယာင္းတို႔သိၿပီးသားျဖစ္မွာပါ။ ဒါဆိုမွတ္ဉာဏ္ကိုေကာ ဘယ္လိုအေထာက္အကူျပဳလဲ ? ဟင္းသီးဟင္းရြက္ေတြမွာပါတဲ့ ဗီတာမင္ဘီက မွတ္ဉာဏ္နဲ႔ အာရုံစူးစိုက္မႈကို တိုးေစတယ္လို႔ ေလ့လာခ်က္ေတြက သက္သာျပထားၿပီးပါၿပီ။ ျခံဳေျပာရရင္ေတာ့ ဦးေႏွာက္က်န္းမာေရးနဲ႔ စြမ္းအားကို တိုးေစတာပါပဲ။

(၅) ငါး

Omega-3 fatty acids ဆိုတာ ငါးမွာပဲပါတာပါ။ မွတ္ဉာဏ္နဲ႔ စိတ္စြမ္းေဆာင္မႈကို အေထာက္အကူေပးတဲ့ေနရာမွာ ထိပ္ဆံုးကေပါ့။ ဒီဓာတ္အားနည္းေနတဲ့သူေတြက ေမ့တတ္တာေတြ၊ စိတ္ဓာတ္က်တာေတြ၊ စိတ္အေျပာင္းအလဲ ျမန္တာေတြျဖစ္ႏိုင္ပါတယ္။

Related article >>> ေယာင္းတို့ေတြ အံ့ၾသသြားရမယ့္ Omega-3 ရဲ႕အက်ိဳးေက်းဇူး (၆) ခ်က္

(၆) Dark Chocolate

သၾကားေတြ ႏို႔ေတြမပါတဲ့ ေခ်ာကလက္စစ္စစ္က ေယာင္းကို အာရုံစူးစိုက္ႏိုင္ေအာင္ ကူညီေပးမွာပါ။ ေခ်ာကလက္မွာပါတဲ့ မက္ဂနီဆီယမ္က စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးၿပီး ေပ်ာ္ရႊင္ျခင္းေဟာ္မုန္းေလးေတြျဖစ္တဲ့ endorphins နဲ႔ serotonin ေတြကိုလည္း ျမွင့္တင္ေပးတာေၾကာင့္ စိတ္ၾကည္လင္ေပ်ာ္ရႊင္ေစတာေပါ့။ ေပ်ာ္ခ်င္ေဇာနဲ႔ အမ်ားႀကီးေတာ့ မစားနဲ႔ေပါ့ေနာ္။ တန္ေဆးလြန္ေဘးတဲ့ …

(၇) အေစ့အဆံေတြ

အေစ့အဆံေတြဟာ ဗီတာမင္ဘီ၊ ဗီတာမင္အီး၊ မက္ဂနီဆီယမ္ေတြ ႂကြယ္ဝစြာပါဝင္တဲ့ ဘဏ္တိုက္ႀကီးေတြပါ။ Amino acid လည္းပါတာေၾကာင့္ အာရုံစိုက္အားပိုေကာင္းေစၿပီး တစ္ေန႔ကို တစ္ေအာင္စေလာက္ေတာ့ စားေပးသင့္ပါတယ္။

Related article >>> ေယာင္းရဲ႕ က်န္းမာေရးနဲ႔ အလွအပအတြက္ ဗီတာမင္ အီးက ေပးစြမ္းႏိုင္တဲ့ ေကာင္းက်ိဳး (၄)သြယ္

ကဲ … ဒီေလာက္ဆို ေမ့တတ္တဲ့ ေယာင္းေတြလည္း မွတ္ဉာဏ္အားေကာင္းေအာင္ ဘာေတြစားရမလဲဆိုတာ သိၾကၿပီေပါ့ေနာ္။ Junk food လို႔ေခၚတဲ့ သြားရည္စာေတြကို အျပတ္မျဖတ္ႏိုင္ဘူးဆိုရင္ေတာင္ တစ္ပတ္ကိုတစ္ခါေလာက္ပဲ စားၿပီး က်န္တဲ့ရက္ေတြမွာ က်န္းမာေရးနဲ႔ ညီညြတ္တဲ့အစားအစာေတြကို စားေပးပါ။ က်န္းမာလွပတဲ့ဘဝကို ပိုင္ဆိုင္ႏိုင္ၾကပါေစ …

Stella (For Her Myanmar)

Ref : www.healthline.com, alifeofproductivity.com

<<<Unicode>>>

 

မှတ်နိုင်စွမ်းအားက အစားလေးနဲ့ထပ်ဖြည့်လိုက်မှ ပြည့်စုံသွားတာမျိုး 😜

ယောင်းတို့ရေ … နေ့စဉ်ဘဝမှာ အစားအသောက်ကလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါနေတယ်ဆိုတာ ပြောနေစရာတောင်မလိုပါဘူး။ အပြင်စာတွေ သွားရည်စာတွေ စားတာလည်း စားပေါ့လေ။ ဒါပေမဲ့ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အစားအစာတွေစားပေးဖို့ကိုလည်း မေ့ထားလို့မရပါဘူး။ ဒီတော့ stella ကနေအလုပ်လုပ်ရင် အာရုံစိုက်ဖို့ခက်ပြီး အိမ်ရှေ့မှာတုန်းက စဉ်းစားထားတာကို အိမ်နောက်ဖေးလောက်ရောက်ရင် မေ့တတ်သူတွေ မဖြစ်မနေစားရမယ့် ကျန်းမာရေးအထောက်အကူပြု အစားအစာတွေအကြောင်း ဝေမျှပေးချင်ပါတယ်။

(၁) ဘလူးဘယ်ရီ

လေ့လာချက်တွေအရတော့ ဘလူးဘယ်ရီထဲမှာပါတဲ့ antioxidant ဓာတ်တွေက ဦးနှောက်ထဲက အောက်ဆီဂျင်နဲ့သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးပြီး စိတ်ကိုကြည်လင်စေတာကြောင့် မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို ငါးနာရီအထက်ကြာအောင် မြှင့်တင်ပေးပါတယ်။ ကင်ဆာ၊ နှလုံးရောဂါနဲ့ အတိတ်မေ့ရောဂါတွေကိုလည်း ဘလူးဘယ်ရီက ကာကွယ်ပေးနိုင်ပါသေးတယ်။

Related article >>> အရွယ်တင်နုပျိုစေတဲ့ ကော်လဂျင်ဓာတ်ကို မြှင့်တင်ပေးမယ့် အစားအစာ (၅) မျိုး

(၂) လက်ဖက်စိမ်း

လက်ဖက်စိမ်းမှာ ကာဖင်းဓာတ်နဲ့ l’theanine ဓာတ်တွေပါဝင်ပါတယ်။ ကာဖင်းဓာတ်ကတော့ ကော်ဖီမှာပါတဲ့ စိတ်ကိုလန်းဆန်းစေတဲ့ဓာတ်ပါ။ ဒါဆို l’theanine ဆိုတာကကော ? L’theanine ကတော့ ကာဖင်းကို ပြန်ထိန်းပေးတဲ့ဓာတ်ပါ။ ကာဖင်းဓာတ်များတဲ့အခါ မျက်စိကြောင်ပြီး အိပ်မပျော်တာတွေဖြစ်နိုင်တဲ့အတွက် l’theanine က ပြန်ထိန်းပေးတဲ့အခါမှာ နှစ်ခုပေါင်းပြီး အလုပ်တွေကို မြန်မြန်နဲ့တိတိကျကျလုပ်နိုင်စေပါတယ်။

(၃) ထောပတ်သီး

ထောပတ်သီးတွေမှာပါတဲ့ဓာတ်တွေက သွေးလည်ပတ်မှုကို အားကောင်းစေတာမို့ ဦးနှောက်ဆဲလ်တွေကို ပိုအလုပ်လုပ်စေဖို့ အားပေးပါတယ်။ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ဆာလောင်မှုကိုထိန်းပေးနိုင်လို့ ဝိတ်တက်မှာလည်း စိတ်မပူရတော့ဘူးပေါ့။

Related article >>> ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစားအစာ (Healthy meal) အကြောင်းတစ်စေ့တစောင်း

(၄) အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ

ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာတော့ ယောင်းတို့သိပြီးသားဖြစ်မှာပါ။ ဒါဆိုမှတ်ဉာဏ်ကိုကော ဘယ်လိုအထောက်အကူပြုလဲ ? ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဗီတာမင်ဘီက မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို တိုးစေတယ်လို့ လေ့လာချက်တွေက သက်သာပြထားပြီးပါပြီ။ ခြုံပြောရရင်တော့ ဦးနှောက်ကျန်းမာရေးနဲ့ စွမ်းအားကို တိုးစေတာပါပဲ။

(၅) ငါး

Omega-3 fatty acids ဆိုတာ ငါးမှာပဲပါတာပါ။ မှတ်ဉာဏ်နဲ့ စိတ်စွမ်းဆောင်မှုကို အထောက်အကူပေးတဲ့နေရာမှာ ထိပ်ဆုံးကပေါ့။ ဒီဓာတ်အားနည်းနေတဲ့သူတွေက မေ့တတ်တာတွေ၊ စိတ်ဓာတ်ကျတာတွေ၊ စိတ်အပြောင်းအလဲ မြန်တာတွေဖြစ်နိုင်ပါတယ်။

Related article >>> ယောင်းတို့တွေ အံ့သြသွားရမယ့် Omega-3 ရဲ့အကျိုးကျေးဇူး (၆) ချက်

(၆) Dark Chocolate

သကြားတွေ နို့တွေမပါတဲ့ ချောကလက်စစ်စစ်က ယောင်းကို အာရုံစူးစိုက်နိုင်အောင် ကူညီပေးမှာပါ။ ချောကလက်မှာပါတဲ့ မက်ဂနီဆီယမ်က စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး ပျော်ရွှင်ခြင်းဟော်မုန်းလေးတွေဖြစ်တဲ့ endorphins နဲ့ serotonin တွေကိုလည်း မြှင့်တင်ပေးတာကြောင့် စိတ်ကြည်လင်ပျော်ရွှင်စေတာပေါ့။ ပျော်ချင်ဇောနဲ့ အများကြီးတော့ မစားနဲ့ပေါ့နော်။ တန်ဆေးလွန်ဘေးတဲ့ …

(၇) အစေ့အဆံတွေ

အစေ့အဆံတွေဟာ ဗီတာမင်ဘီ၊ ဗီတာမင်အီး၊ မက်ဂနီဆီယမ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ဘဏ်တိုက်ကြီးတွေပါ။ Amino acid လည်းပါတာကြောင့် အာရုံစိုက်အားပိုကောင်းစေပြီး တစ်နေ့ကို တစ်အောင်စလောက်တော့ စားပေးသင့်ပါတယ်။

Related article >>> ယောင်းရဲ့ ကျန်းမာရေးနဲ့ အလှအပအတွက် ဗီတာမင် အီးက ပေးစွမ်းနိုင်တဲ့ ကောင်းကျိုး (၄)သွယ်

ကဲ … ဒီလောက်ဆို မေ့တတ်တဲ့ ယောင်းတွေလည်း မှတ်ဉာဏ်အားကောင်းအောင် ဘာတွေစားရမလဲဆိုတာ သိကြပြီပေါ့နော်။ Junk food လို့ခေါ်တဲ့ သွားရည်စာတွေကို အပြတ်မဖြတ်နိုင်ဘူးဆိုရင်တောင် တစ်ပတ်ကိုတစ်ခါလောက်ပဲ စားပြီး ကျန်တဲ့ရက်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားပေးပါ။ ကျန်းမာလှပတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ …

Stella (For Her Myanmar)

Ref : www.healthline.com, alifeofproductivity.com

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *