Knowledge

အိမ္ငွားေနမယ့္ ေယာင္းေလးေတြ မျဖစ္မေန ဖတ္သင့္တဲ့အခ်က္(၆)ခ်က္

  • အိမ္ငွားၿပီးမွစိတ္ညစ္စရာေတြမျဖစ္ရေအာင္ ဘာေတြႀကိဳစစ္ရမလဲ

အိမ္ငွားေနျပီးမွ စိတ္ညစ္ရတာေတြ၊ အိမ္ရွင္နဲ႔ အဆင္မေျပတာေတြစတဲ့ အခက္ခဲေတြကို ေယာင္းေလးတို႔ ၾကံဳေတြ႕ဖူးၾကတယ္ဆိုရင္ ျဖဴသန္႔ေျပာျပမယ့္ ဒီအခ်က္ေလးေတြကိုသတိထားၾကည့္ရေအာင္ေနာ္

မီးလိုင္း

ေဆာက္ထားတာၾကာတဲ့ အိိမ္ေတြ၊တိုက္ခန္းေတြက လွ်ပ္စစ္မီးႀကိဳးေတြေဆြးေနတတ္ပါတယ္။ မီးႀကိဳးေဆြးေနတာေတြက အခ်ိန္မေရြး မီးေဘးအႏၱရာယ္ရွိနိုင္တာမို႔လို႔ သတိထားၾကည့္သင့္ပါတယ္ ေယာင္းေရ။

ပတ္ဝန္းက်င္

ပတ္ဝန္းက်င္ကိုၾကည့္ဖို႔မေမ့ပါနဲ႔။ ပတ္ဝန္းက်င္မွာညစ္ပတ္တာေတြ၊အိမ္ေဘးမွာ ေညာင္ပင္ေတြကပ္ေနတာေတြ ကိုသတိထားၾကည့္ပါ။ အိမ္ငွားဖို႔ေသခ်ာၿပီဆိုရင္ အိမ္မငွားခင္ကတည္းက အိမ္ရွင္ကိုရွင္းလင္းေပးဖို႔ေတာင္းဆိုၿပီး ႀကိဳရွင္းထားသင့္ပါတယ္ ေယာင္းေရ။

Related Article >>>>>>စိတ္က်န္းမာေရးေဆး႐ံုထဲက အံ့ၾသဖြယ္အမ်ိဳးသမီး နယ္လီ ဘလိုင္း

အိမ္ရွင္ နဲ႔ စာခ်ဳပ္စာတမ္း 

အိမ္ရွင္က အေရးႀကီးဆံုးပဲေနာ္။ အိမ္ရွင္က ခဏပဲေတြ႔ရလို႔ အေရးမပါဘူး မထင္ပါနဲ႔ေနာ္။ အိမ္ရွင္က အေပါက္ဆိုးတာေတြ၊အိမ္မွာ ဘာမလုပ္ရဘူး ညာမလုပ္ရဘူး၊ အိမ္ခန္းခကို ခဏခဏတိုးေကာက္တာေတြဆို ကိုယ့္အတြက္ စိတ္အေနွာင့္အယွက္ေတာ္ေတာ္ ျဖစ္ရပါတယ္။ တစ္ခါတေလမ်ား အဲ့လို အိမ္ရွင္နဲ႔ နီးနီးကပ္ကပ္ေနရတယ္ဆိုရင္ေတာ့ ပိုဆိုးေလေရာ 😀

အဲဒီအတြက္ စာခ်ဳပ္ခ်ဳပ္တဲ့အခါ တစ္ခါတည္း သူလိုခ်င္တဲ့အခ်က္ ကိုယ္ေတာင္းဆိုခ်င္တာေတြကို တစ္ခါတည္း ယတိျပတ္ ခ်ဳပ္ဆိုထားတာ ေကာင္းပါတယ္။

Related Article>>>>>ဘယ္ရာသီခြင္ေတြက အားကစားလုပ္ရမွာ အပ်င္းဆုံးျဖစ္မလဲ

ခံစည္းရိုးနဲ႕ ျပတင္းေပါက္ေတြ

လံုးခ်င္းအိမ္ငွားမယ့္ေယာင္းေလးေတြဆိုရင္ ျခံစည္းရိုးကိုစစ္ၾကည့္ဖို႔လည္း မေမ့ပါနဲ႔ဦးေနာ္။ေယာင္းေလးတို႔ လံုျခံဳစြာေနနိုင္ဖို႔ ျခံစည္ရိုး ေကာင္းမေကာင္းအေရးၾကီးဆံုးပါပဲ။ တိုက္ခန္းငွားေနမယ့္ ေယာင္းေလးေတြဆိုရင္ေတာ့  အိမ္တံခါး ၊ျပတင္းေပါက္ေတြစစ္သင့္ပါတယ္ေနာ္။

ေခါင္မိုး

သက္တမ္းၾကာေနတဲ့အိိ္မ္ ေတြမွာေခါင္မိုးေတြက ပ်က္စီးေနတတ္ပါတယ္။ေႏြရာသီမွာေတာ့ ေခါင္မိုးေပါက္လည္း အေရးမႀကီးလွေပမဲ့ မိုးတြင္းဆိုရင္ေတာ့ လံုးဝေမ့ထားလို႔ မရဘူးေနာ္။အိမ္မငွားခင္ထဲက ေခါင္မိုးေကာင္းမေကာင္း၊ မ်က္နွာက်က္ေကာင္းမေကာင္း ကြ်မ္းက်င္တဲ့ သူေတြနဲ႔တိုင္ပင္ၾကည့္ပါ။ ငွားေနျပီးမွ သိတာဆိုရင္ ျပင္ဆင္စရိတ္ေတြက ပိုေစ်းႀကီးေနတတ္ပါတယ္ေနာ္။

အိမ္အတြင္းပိုင္း

အဓိကအေရးႀကီးဆံုးျဖစ္တဲ့အိမ္အတြင္းပိုင္းေတြကို ေသခ်ာစစ္ပါေနာ္။ ဧည့္ခန္းေတြ၊အိပ္ခန္းေတြ၊ မီးဖိုေခ်ာင္ေတြ၊ နံရံကေဆးသုတ္ထားတာက အစ စစ္ေဆးပါ။ေရတိုင္ကီေတြ၊ေရဆိုးေပါက္ေတြ ေကာင္းမေကာင္းစစ္ပါ။

Related Article>>>၂၀၁၉မွာ ေရပန္းအစားဆံုးျဖစ္လာမယ့္ ဖက္ရွင္Trend (၇) ခု

ဒီေလာက္ဆိုရင္ ေယာင္းေလးတို႔အိမ္ငွားရင္ သတိထားရမယ့္ အခ်က္ေလးေတြကို တီးေခါက္မိေလာက္ၿပီ ထင္ပါတယ္ေနာ္။ မသိေသးတဲ့သူေတြကိုလဲ ေဝမွွ်ေပးဖို႔ မေမ့ပါနဲ႕ေယာင္းေရ….

Phyu Thant (For Her Myanmar )

<<<Unicode>>>

အိမ်ငှားပြီးမှစိတ်ညစ်စရာတွေမဖြစ်ရအောင် ဘာတေကြိုစစ်ရမလဲ

အိမ်ငှားနေပြီးမှ စိတ်ညစ်ရတာတွေ၊ အိမ်ရှင်နဲ့ အဆင်မပြေတာတွေစတဲ့ အခက်ခဲတွေကို ယောင်းလေးတို့ ကြုံတွေ့ဖူးကြတယ်ဆိုရင် ဖြူသန့်ပြောပြမယ့် ဒီအချက်လေးတွေကိုသတိထားကြည့်ရအောင်နော်။

မီးလိုင်း

ဆောက်ထားတာကြာတဲ့ အိမ်တွေ၊တိုက်ခန်းတွေက လျှပ်စစ်မီးကြိုးတွေဆွေးနေတတ်ပါတယ်။ မီးကြိုးဆွေးနေတာတွေက အချိန်မရွေး မီးဘေးအန္တရယ်ရှိနိုင်တာမို့လို့ သတိထားကြည့်သင့်ပါတယ် ယောင်းရေ။

ပတ်ဝန်းကျင်

ပတ်ဝန်းကျင်ကိုကြည့်ဖို့မမေ့ပါနဲ့။ ပတ်ဝန်းကျင်မှာညစ်ပတ်တာတွေ၊အိမ်ဘေးမှာ ညောင်ပင်တွေကပ်နေတာတွေ ကိုသတိထားကြည့်ပါ။ အိမ်ငှားဖို့သေချာပြီဆိုရင် အိမ်မငှားခင်ထဲက အိမ်ရှင်ကိုရှင်းလင်းပေးဖို့တောင်းဆိုပြီး ကြိုရှင်းထားသင့်ပါတယ် ယောင်းရေ။

Related Article >>>>>>စိတ်ကျန်းမာရေးဆေးရုံထဲက အံ့သြဖွယ်အမျိုးသမီး နယ်လီ ဘလိုင်း

အိမ်ရှင် နဲ့ စာချုပ်စာတမ်း 

အိမ်ရှင်က အရေးကြီးဆုံးပဲနော်။ အိမ်ရှင်ကခဏပဲတွေ့ရလို့ အရေးမပါဘူး မထင်ပါနဲ့နော်။ အိမ်ရှင်က အပေါက်ဆိုးတာတွေ၊အိမ်မှာ ဘာမလုပ်ရဘူး ညာမလုပ်ရဘူး၊ အိမ်ခန်းခကို ခဏခဏတိုးကောက်တာတွေဆို ကိုယ့်အတွက် စိတ်အနှောင့်အယှက်တော်တော် ဖြစ်ရပါတယ်။ တစ်ခါတလေများ အဲ့လို အိမ်ရှင်နဲ့ နီးနီးကပ်ကပ်နေရတယ်ဆိုရင်တော့ ပိုဆိုးလေရော 😀

အဲဒီအတွက် စာချုပ်ချုပ်တဲ့အခါ တစ်ခါတည်း သူလိုချင်တဲ့အချက် ကိုယ်တောင်းဆိုချင်တာတွေကို တစ်ခါတည်း ယတိပြတ် ချုပ်ဆိုထားတာ ကောင်းပါတယ်။

Related Article>>>>>ဘယ်ရာသီခွင်တွေက အားကစားလုပ်ရမှာ အပျင်းဆုံးဖြစ်မလဲ

ခြံစည်းရိုးနဲ့ ပြတင်းပေါက်တွေ

လုံးချင်းအိမ်ငှားမယ့်ယောင်းလေးတွေဆိုရင် ခြံစည်းရိုးကိုစစ်ကြည့်ဖို့လည်း မမေ့ပါနဲ့ဦးနော်။ယောင်းလေးတို့ လုံခြုံစွာနေနိုင်ဖို့ ခြံစည်ရိုး ကောင်းမကောင်းအရေးကြီးဆုံးပါပဲ။ တိုက်ခန်းငှားနေမယ့် ယောင်းလေးတွေဆိုရင်တော့  အိမ်တံခါး ၊ပြတင်းပေါက်တွေစစ်သင့်ပါတယ်နော်။

ခေါင်မိုး

သက်တမ်းကြာနေတဲ့အိမ် တွေမှာခေါင်မိုးတွေက ပျက်စီးနေတတ်ပါတယ်။နွေရာသီမှာတော့ ခေါင်မိုးပေါက်လဲ အရေးမကြီးလှပေမဲ့ မိုးတွင်းဆိုရင်တော့ လုံးဝမေ့ထားလို့ မရဘူးနော်။အိမ်မငှားခင်ထဲက ခေါင်မိုးကောင်းမကောင်း၊ မျက်နှာကျက်ကောင်းမကောင်း ကျွမ်းကျင်တဲ့ သူတွေနဲ့တိုင်ပင်ကြည့်ပါ။ ငှားနေပြီးမှ သိတာဆိုရင် ပြင်ဆင်စရိတ်တွေက ပိုဈေးကြီးနေတတ်ပါတယ်နော်။

အိမ်အတွင်းပိုင်း

အဓိကအရေးကြီးဆုံးဖြစ်တဲ့အိမ်အတွင်းပိုင်းတွေကို သေချာစစ်ပါနော်။ဧည့်ခန်းတွေ၊အိပ်ခန်းတွေ၊ မီးဖိုချောင်တွေ၊ နံရံကဆေးသုတ်ထားတာက အစ စစ်ဆေးပါ။ရေတိုင်ကီတွေ၊ရေဆိုးပေါက်တွေ ကောင်းမကောင်းစစ်ပါ။

Related Article>>>၂၀၁၉မှာ ရေပန်းအစားဆုံးဖြစ်လာမယ့် ဖက်ရှင်Trend (၇) ခု

ဒီလောက်ဆိုရင် ယောင်းလေးတို့အိမ်ငှားရင် သတိထားရမယ့် အချက်လေးတွေကို တီးခေါက်မိလောက်ပြီ ထင်ပါတယ်နော်။ မသိသေးတဲ့သူတွေကိုလဲ ဝေမျှပေးဖို့ မမေ့ပါနဲ့ယောင်းရေ….

Phyu Thant (For Her Myanmar )

Phyu Thant
Phyu Thant
Foodနဲ႔ beauty နဲ့ပတ္သက္တာေလးေတြအဓိက စိတ္ဝင္စားေအာင္ေရးေပးပါ့မယ္ေနာ္။For Her Myanmar မွာ ေယာင္းေလးတို႔ မပ်င္းရေအာင္ေရးေပးပါ့မယ္။ 💕

Leave a Reply

Your email address will not be published. Required fields are marked *