Knowledge

ကိုယ့္ကုိယ္ကိုယ္ရင္းႏွီးျမွဳပ္ႏွံႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္း(၆)ခ်က္

သာလြန္တဲ့ဘဝဆီ တက္လွမ္းႏိုင္ဖို႔ ရင္းႏွီးျမွဳပ္ႏွံမႈ ဆိုတာ မရွိမျဖစ္ပဲေပါ့ 😎

အသက္မႏုမရင့္ (၂၀)ေက်ာ္အပိုင္းအျခားေလးမွာ ကိုယ့္ဘဝနဲ႔ပတ္သက္ၿပီး ေခါင္းခဲစိတ္ပူဖူးၾကမွာပါ။ အထူးသျဖင့္ ကိုယ္ေလွ်ာက္ရမယ့္လမ္းေၾကာင္းကို ရွာမေတြ႔ေသးရင္ ကိုယ့္ကိုယ္ကိုယ္အားမရျဖစ္ၿပီး စိတ္ဓာတ္က် ဘာညာလည္း ျဖစ္လာတတ္ပါတယ္။ ဒါေၾကာင့္ အဲဒီလိုအခ်ိန္မ်ိဳးမွာ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္စိတ္ခ် စိတ္ေအးသြားေအာင္ အနာဂတ္အတြက္ ႀကိဳတင္ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ႏုိင္မယ့္ နည္းလမ္းေကာင္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

၁။ စာဖတ္ပါ။

ရင္းႏွီးျမွဳပ္ႏွံမႈေတြထဲမွာ ေငြထက္အေရးႀကီးတာက အသိပညာဗဟုသုတပါ။ ေအာင္ျမင္ေက်ာ္ၾကားတဲ့သူေတြကို ေလ့လာလိုက္ရင္ စာဖတ္ၾကတာမ်ားပါတယ္။ စာဆိုတဲ့ထဲမွာ ကာတြန္း၊ ဝတၳဳ၊ ကဗ်ာ၊ အင္တာနက္ေဆာင္းပါး အစံုပါတာေပါ့။ ပညာလိုအိုသည္မရွိဆိုသလို ေယာင္းအသက္အရြယ္ ဘယ္ေလာက္ပဲရွိေနပါေစ။ အခုကစၿပီးစာဖတ္မယ္လို႔ ဆံုးျဖတ္ခ်က္ခ်လိုက္ပါ။ ၂ႏွစ္အတြင္း ေယာင္းေျပာင္းလဲသြားတာကို ကိုယ္ေတြ႔ခံစားရမွာပါ။

Related Article >>> ညဘက္ေတြမွာ ဘာလို႔ ေခါင္း ခဏခဏ ကိုက္ရတာလဲ?

၂။ ေငြစုပါ။

တစ္ခ်ိန္လံုး ကပ္ေစးနည္းခိုင္းတာမ်ိဳးမဟုတ္ဘဲ ေငြကိုစိစိစစ္စစ္သံုးခိုင္းတာပါ။ ကိုယ္ရတဲ့ပိုက္ဆံေတြ ဘယ္လုိလုပ္ကုန္သြားမွန္းမသိတာမ်ိဳး လူတုိင္းျဖစ္ဖူးၾကပါတယ္။ ဒီလိုအေျခအေနမ်ိဳးမျဖစ္ဖို႔ဆိုရင္ စာရင္းဇယားေလးနဲ႔ တြက္ၿပီး သုံးသင့္ပါတယ္။ တတ္ႏုိင္သေလာက္ေခၽြတာသံုးပါ။ အနာဂတ္မွာ အေသးစားစီးပြားေရးေလးျဖစ္ျဖစ္ လုပ္ဖို႔ရည္မွန္းထားရင္ ဒီစုေငြေတြက ေယာင္းကိုေထာက္ပံ့ေပးမွာပါ။

၃။ ေလ့လာပါ။

အခုလိုအင္တာနက္ေခတ္မ်ိဳးမွာ ဘယ္ပညာမဆို ေလ့လာရလြယ္ကူပါတယ္။ ကိုယ္စိတ္ဝင္စားတဲ့နယ္ပယ္နဲ႔ပတ္သက္တဲ့ ေလ့လာစရာမွန္သမွ်ကို အြန္လိုင္းကေလ့လာပါ။ အမွန္တကယ္အသံုးခ်မယ္၊ စိတ္ဝင္စားတယ္ဆိုရင္လည္း အျပင္မွာသင္တန္းဖြင့္တဲ့အခါ တက္ေရာက္သင္ယူပါ။ ေလ့လာတာကို ဘယ္ေတာ့မွ မရပ္လိုက္ပါနဲ႔။

၄။ ကိုယ့္ကိုယ္ကိုယ္ဂရုစိုက္ပါ။

က်န္းမာေရးေကာင္းမွ အနာဂတ္ဆိုတာရွိတာပါ။ အဲဒီေတာ့ ကိုယ့္ကိုယ္ကိုယ္ စိတ္ဖိစီးမႈတြင္းထဲ တြန္းမပို႔ဘဲ အနားယူပါ။ အခ်ိန္တစ္ခုသတ္မွတ္ၿပီး အနားယူတာမ်ိဳး၊ ပိတ္ရက္ေတြမွာ အပန္းေျဖခရီးထြက္တာမ်ိဳး လုပ္ေပးပါ။ အသက္မရွိရင္ အနာဂတ္မရွိဘူးလို႔မွတ္ယူၿပီး ကိုယ့္က်န္းမာေရးကုိယ္ ဂရုစိုက္ေပးပါ။ စားခ်ိန္၊ အိပ္ခ်ိန္မွန္ပါေစ။ စိတ္ေရာကိုယ္ပါက်န္းမာဖို႔အတြက္ ေလ့က်င့္ခန္းလုပ္ပါ၊ တရားထုိင္ပါ။

Related Article >>> JENESYS (သို႔ မဟုတ္) ျမန္မာေက်ာင္းသားတိုင္း လက္မလႊတ္သင့္တဲ့ အခြင့္အေရး

၅။ အၾကံဉာဏ္ေတာင္းပါ။

ကိုယ္ေဇာက္ခ်လုပ္မယ့္နယ္ပယ္နဲ႔ ပတ္သက္ၿပီး ကိုယ့္ထက္အေတြ႔အၾကံဳအမ်ားႀကီးရွိတဲ့ သူေတြဆီက အၾကံဉာဏ္ေတာင္းပါ။ လိုအပ္တာရွိရင္ သူတုိ႔ဆီကေလ့လာပါ။ အဆင္ေျပရင္အလုပ္သင္သေဘာမ်ိဳး ဝင္လုပ္တာက ပိုအဆင္ေျပပါတယ္။

၆။ အခ်ိန္ပိုေလးမွာ ဝင္ေငြရွာပါ။

ရင္ႏွီးျမွဳပ္ႏွံမႈဆိုတာ ေငြမရွိရင္လည္း မျဖစ္ေသးဘူးေလ။ တကယ္လုိ႔ေယာင္းက အားလပ္ခ်ိန္အပိုေတြရွိတတ္ရင္ အဲဒီအခ်ိန္ေလးေတြထဲက ဝင္ေငြရွာပါ။ ကိုယ္ကစာေရးတာဝါသနာပါရင္ အလြတ္တမ္း ေဆာင္းပါးေရးတာမ်ိဳး၊ Handmade ဝါသနာပါရင္ ဟန္းမိတ္ပစၥည္းေလးေတြ လုပ္ေရာင္းတာမ်ိဳးလုပ္ၿပီး အပုိဝင္ေငြရွာစုပါ။

၇။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈတည္ေဆာက္ပါ။

ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈမရွိဘူးဆိုရင္ စိတ္ဓာတ္က တက္လုိက္က်လုိက္ ျဖစ္ေနမွာပါပဲ။ ႀကိဳးစားရင္ေအာင္ျမင္မွာပဲဆိုၿပီး ခိုင္ခိုင္မာမာယံုၾကည္ထားပါ။ လဲက်လို႔ျပန္မထဘူးဆိုရင္ ျပဳတ္က်ခဲ့တဲ့ လမ္းေဘးတစ္ေနရာမွာပဲ ထုိင္ေနရမွာပါ။

၈။ အေလာတႀကီး မလုပ္ပါနဲ႔။

အလ်င္စလိုျဖစ္ၿပီး ပ်ာယာခတ္ေနတာက ဘယ္သူ႔ကိုမွစမတ္မျဖစ္ေစပါဘူး။ အခ်ိန္ယူပါ။ ျဖည္းျဖည္းနဲ႔မွန္မွန္ေလွ်ာက္ရင္ လဲက်ဖို႔ခက္တယ္ဆိုတာ စိတ္ထဲမွာမွတ္ပါ။

ေယာင္းတို႔ေရ..တစ္ေန႔တစ္လံ ပုဂံဘယ္မေရြ႕ဆိုသလို စိတ္ဓာတ္မက်ဘဲ ျဖည္းျဖည္းနဲ႔မွန္မွန္ႀကိဳးစားပါ။ ဒါဆိုရင္ေတာ့ အခုထက္သာတဲ့ အေျခအေနတစ္ခုကို မလြဲမေသြ ရရွိႏိုင္မွာပါေနာ္…

Christina (For Her Myanmar)

<<<Unicode>>>

သာလွန်တဲ့ဘဝဆီ တက်လှမ်းနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှု ရှိထားသင့်ပါတယ်နော် 😎

အသက်မနုမရင့် (၂၀)ကျော်အပိုင်းအခြားလေးမှာ ကိုယ့်ဘဝနဲ့ပတ်သက်ပြီး ခေါင်းခဲစိတ်ပူဖူးကြမှာပါ။ အထူးသဖြင့် ကိုယ်လျှောက်ရမယ့်လမ်းကြောင်းကို ရှာမတွေ့သေးရင် ကိုယ့်ကိုယ်ကိုယ်အားမရဖြစ်ပြီး စိတ်ဓာတ်ကျ ဘာညာလည်း ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချ စိတ်အေးသွားအောင် အနာဂတ်အတွက် ကြိုတင်ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ စာဖတ်ပါ။

ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ငွေထက်အရေးကြီးတာက အသိပညာဗဟုသုတပါ။ အောင်မြင်ကျော်ကြားတဲ့သူတွေကို လေ့လာလိုက်ရင် စာဖတ်ကြတာများပါတယ်။ စာဆိုတဲ့ထဲမှာ ကာတွန်း၊ ဝတ္ထု၊ ကဗျာ၊ အင်တာနက်ဆောင်းပါး အစုံပါတာပေါ့။ ပညာလိုအိုသည်မရှိဆိုသလို ယောင်းအသက်အရွယ် ဘယ်လောက်ပဲရှိနေပါစေ။ အခုကစပြီးစာဖတ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါ။ ၂နှစ်အတွင်း ယောင်းပြောင်းလဲသွားတာကို ကိုယ်တွေ့ခံစားရမှာပါ။

Related Article >>> ညဘက်တွေမှာ ဘာလို့ ခေါင်း ခဏခဏ ကိုက်ရတာလဲ?

၂။ ငွေစုပါ။

တစ်ချိန်လုံး ကပ်စေးနည်းခိုင်းတာမျိုးမဟုတ်ဘဲ ငွေကိုစိစိစစ်စစ်သုံးခိုင်းတာပါ။ ကိုယ်ရတဲ့ပိုက်ဆံတွေ ဘယ်လိုလုပ်ကုန်သွားမှန်းမသိတာမျိုး လူတိုင်းဖြစ်ဖူးကြပါတယ်။ ဒီလိုအခြေအနေမျိုးမဖြစ်ဖို့ဆိုရင် စာရင်းဇယားလေးနဲ့ တွက်ပြီး သုံးသင့်ပါတယ်။ တတ်နိုင်သလောက်ချွေတာသုံးပါ။ အနာဂတ်မှာ အသေးစားစီးပွားရေးလေးဖြစ်ဖြစ် လုပ်ဖို့ရည်မှန်းထားရင် ဒီစုငွေတွေက ယောင်းကိုထောက်ပံ့ပေးမှာပါ။

၃။ လေ့လာပါ။

အခုလိုအင်တာနက်ခေတ်မျိုးမှာ ဘယ်ပညာမဆို လေ့လာရလွယ်ကူပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်နဲ့ပတ်သက်တဲ့ လေ့လာစရာမှန်သမျှကို အွန်လိုင်းကလေ့လာပါ။ အမှန်တကယ်အသုံးချမယ်၊ စိတ်ဝင်စားတယ်ဆိုရင်လည်း အပြင်မှာသင်တန်းဖွင့်တဲ့အခါ တက်ရောက်သင်ယူပါ။ လေ့လာတာကို ဘယ်တော့မှ မရပ်လိုက်ပါနဲ့။

၄။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။

ကျန်းမာရေးကောင်းမှ အနာဂတ်ဆိုတာရှိတာပါ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးမှုတွင်းထဲ တွန်းမပို့ဘဲ အနားယူပါ။ အချိန်တစ်ခုသတ်မှတ်ပြီး အနားယူတာမျိုး၊ ပိတ်ရက်တွေမှာ အပန်းဖြေခရီးထွက်တာမျိုး လုပ်ပေးပါ။ အသက်မရှိရင် အနာဂတ်မရှိဘူးလို့မှတ်ယူပြီး ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပေးပါ။ စားချိန်၊ အိပ်ချိန်မှန်ပါစေ။ စိတ်ရောကိုယ်ပါကျန်းမာဖို့အတွက် လေ့ကျင့်ခန်းလုပ်ပါ၊ တရားထိုင်ပါ။

Related Article >>> JENESYS (သို့ မဟုတ်) မြန်မာကျောင်းသားတိုင်း လက်မလွှတ်သင့်တဲ့ အခွင့်အရေး

၅။ အကြံဉာဏ်တောင်းပါ။

ကိုယ်ဇောက်ချလုပ်မယ့်နယ်ပယ်နဲ့ ပတ်သက်ပြီး ကိုယ့်ထက်အတွေ့အကြုံအများကြီးရှိတဲ့ သူတွေဆီက အကြံဉာဏ်တောင်းပါ။ လိုအပ်တာရှိရင် သူတို့ဆီကလေ့လာပါ။ အဆင်ပြေရင်အလုပ်သင်သဘောမျိုး ဝင်လုပ်တာက ပိုအဆင်ပြေပါတယ်။

၆။ အချိန်ပိုလေးမှာ ဝင်ငွေရှာပါ။

ရင်နှီးမြှုပ်နှံမှုဆိုတာ ငွေမရှိရင်လည်း မဖြစ်သေးဘူးလေ။ တကယ်လို့ယောင်းက အားလပ်ချိန်အပိုတွေရှိတတ်ရင် အဲဒီအချိန်လေးတွေထဲက ဝင်ငွေရှာပါ။ ကိုယ်ကစာရေးတာဝါသနာပါရင် အလွတ်တမ်း ဆောင်းပါးရေးတာမျိုး၊ Handmade ဝါသနာပါရင် ဟန်းမိတ်ပစ္စည်းလေးတွေ လုပ်ရောင်းတာမျိုးလုပ်ပြီး အပိုဝင်ငွေရှာစုပါ။

၇။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ပါ။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘူးဆိုရင် စိတ်ဓာတ်က တက်လိုက်ကျလိုက် ဖြစ်နေမှာပါပဲ။ ကြိုးစားရင်အောင်မြင်မှာပဲဆိုပြီး ခိုင်ခိုင်မာမာယုံကြည်ထားပါ။ လဲကျလို့ပြန်မထဘူးဆိုရင် ပြုတ်ကျခဲ့တဲ့ လမ်းဘေးတစ်နေရာမှာပဲ ထိုင်နေရမှာပါ။

၈။ အလောတကြီး မလုပ်ပါနဲ့။

အလျင်စလိုဖြစ်ပြီး ပျာယာခတ်နေတာက ဘယ်သူ့ကိုမှစမတ်မဖြစ်စေပါဘူး။ အချိန်ယူပါ။ ဖြည်းဖြည်းနဲ့မှန်မှန်လျှောက်ရင် လဲကျဖို့ခက်တယ်ဆိုတာ စိတ်ထဲမှာမှတ်ပါ။

ယောင်းတို့ရေ..တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ဆိုသလို စိတ်ဓာတ်မကျဘဲ ဖြည်းဖြည်းနဲ့မှန်မှန်ကြိုးစားပါ။ ဒါဆိုရင်တော့ အခုထက်သာတဲ့ အခြေအနေတစ်ခုကို မလွဲမသွေ ရရှိနိုင်မှာပါနော်…

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *